KHIN Online Shop

KHIN Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KHIN Online Shop, Sanchaung, Yangon.

'' လမ်း ''လျှောက်လည်းလျှောက်ခဲ့ဖူးတယ်။မှောက်လည်းမှောက်ခဲ့ဖူးတယ်။ပျောက်လည်းပျောက်ခဲ့ဖူးတယ်။ခဏခဏပေါ့…လျှောက်လိုက်…ပျောက်လိ...
07/05/2024

'' လမ်း ''

လျှောက်လည်းလျှောက်ခဲ့ဖူးတယ်။
မှောက်လည်းမှောက်ခဲ့ဖူးတယ်။
ပျောက်လည်းပျောက်ခဲ့ဖူးတယ်။

ခဏခဏပေါ့…

လျှောက်လိုက်…
ပျောက်လိုက်…
မှောက်လိုက်နဲ့လေ။

ဒါပေမဲ့…
ဆက်လျှောက်နေရတာပဲ။

မှောက်လည်းခေါက်ခနဲပြန်ထရတာပဲ။
ပျောက်လည်းဖျောက်ခနဲပြန်ပေါ်
လာအောင်ကြိုးစားရှာဖွေရတာပဲ။

ဘာလို့လဲ?
ဘာကြောင့်လဲ?

ကိုယ့်ကိုယ်ပြန်မေးတိုင်းအဖြေတစ်ခု
ပဲရတယ်။
ရွေးချယ်ခွင့်မရှိတဲ့ဘဝမှာ
ရှင်သန်နေရလို့…

ကျရာဇာတ်ရုပ်ကိုလက်ခံပြီး
သဘာဝကျကျသရုပ်ဆောင်နေရလို့…

ရှောင်ပြေးခွင့်မရှိဘူး။
နောက်လှည့်ခွင့်မရှိဘူး။
ပယ်ဖျက်ခွင့်မရှိဘူး။
ဒါပေမဲ့…
ပြုပြင်ခွင့်ရှိတယ်။

အကောင်းဆုံးပုံဖော်ခွင့်ရှိတယ်။
ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ
ရှိနေတဲ့အတွက်…
အရာအားလုံးကိုယ်ပဲဖန်တီး
လို့ရတယ်။

ဖြစ်တယ်…
ပျက်တယ်…
လောကဓံတရားကြီးအောက်
ခဏခဏမှောက်လဲခဲ့ရလည်း
မမှုတဲ့ဇွဲတွေနဲ့ဆက်လျှောက်မယ်။

လိုချင်စိတ်တွေလျော့ချပစ်မယ်။
မဖြစ်နိုင်တာတွေကိုစိတ်ကူးယဉ်
နေတာရပ်တန့်ပစ်ရမယ်။

မပေးချင်မှန်းသိရက်နဲ့
အတင်းလိုချင်တာတွေ…

မရနိုင်တာတွေကို
မျှော်လင့်ရင်းအချိန်ဖြုန်းနေတာ
တွေကို တတ်နိုင်သမျှ
လျော့ချပစ်ရမယ်။

တချို့တချို ့သောအရာတွေက
ကိုယ်ပြုပြင်ပေးလို့မရမှန်း
သိနားလည်ရမယ်။

တခ်ျို ့အရာတွေကအချိန်အကြာကြီး
ဖက်တွယ်ထားလို့မရနိူင်ဘူး
ဆိုတာသဘောပေါက်ထားရမှာ
ဖြစ်သလို…

တချို ့သောသံယောဇဉ်ကြိုးတွေ
ကလည်းဆုပ်ကိုင်ထားလေလေ
နာကျင်လေလေဆိုတာ ကြိုသိ
ထားရမယ်။

ခွင့်လွှတ်သင့်ရင်
ခွင့်လွှတ်။
စွန့်လွှတ်သင့်ရင်
စွန့်လွှတ်။

ဒါမှကိုယ့်ဘဝလေးချောမွတ်မယ်
ဆိုတာနှလုံးသွင်းထားရမယ်။
ဘဝ…တဲ့
နာကျင်စရာတွေများလေလေ…
နေသားကျလာလေလေ…

ငိုရတဲ့ရက်တွေများလာလေလေ…
မာကျောစွာနေတတ်လာလေလေ…

ပျော့ညံ့မှုတွေနဲ့…
နေတတ်လေလေ…
ကျရှုံးလေလေ…

အကြောတင်းတင်း
နေထိုင်တတ်လေလေ…
နာကျင်မှုတွေ…
ပူလောင်မှုတွေနဲ့ဝေးလေလေဆိုတာ
ကိုပေါ့။

သိအောင်ကြိုးစားပါ။
တတ်အောင်သင်ယူပါ။
နေတတ်အောင်နေပါ။

ဘဝဆိုတာ…
ကိုယ်တစ်ယောက်တည်းလျှောက်
ရတဲ့လမ်းတစ်ခုပါ။

ကံကောင်းရင်…
အဖော်ပါချင်ပါမယ်။
ကံဆိုးရင်
တစ်ယောက်တည်းဖြစ်မယ်။

ဒီထက်ပိုပြီးကံဆိုးရင်
ရလာတဲ့အဖော်ကြောင့်ခဏခဏ
လဲကျလိမ့်မယ်။

သူ့ကြောင့်ကိုယ်ပါပြိုလဲချင်
ပြိုလဲသွားနိူင်တယ်။
အဖော်လေးပါတော့…
အထီးမကျန်ဘူးဆိုပေမဲ့…

ကိုယ့်အဖော်ကမတော်သူဖြစ်နေခဲ့ရင်
မော်မကြွားရဘဲ
လမ်းချော်တိမ်းမှောက်ခရီးတစ်
ထောက်မှာပဲကိုယ့်ဘဝဇာတ်သိမ်း
သွားရလိမ့်မယ်။

ကိုယ့်အရည်ချင်းကိုယ်ယုံကြည်ပါ။
ကိုယ့်အတွေးအခေါ်ကိုယ်တန်ဖိုးထား
ပါ။
ကိုယ့်ကိုယ်ကိုယ်တော့အရမ်းအထင်
မကြီးမိစေနဲ့ပေါ့။

တခါ တေလ…
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲ
လာခြင်းကက်ိုယ့်စိတ်ကိုယ်ပြန်သတ်
လိုက်သလိုဖြစ်သွားတတ်တယ်။

လောကရဲ့တချို့သောအရာတွေက
ကိုယ်ပြုပြင်ပြောင်းလဲပေးတိုင်း
မရနိုင်ဘူးလေ။

စိတ်ဓာတ်ကျတိုင်း…
တစ်ခုသိထားရမှာက…

'' အစစ်မှန်ရဖို့
ရှာဖွေရတာမဟုတ်။
ကိုယ်ဖြောင့်မတ်စွာရှင်သန်နေသရွေ့
တစ်ချိန်ကိုယ်ပိုင်ဆိုင်ရမဲ့အရာ
ဆိုတာကိုပေါ့ ''

'' ကောင်းကင်ဆိုတာ
မော့ကြည့်ဖို့…
မြေကြီးဆိုတာ
ချနင်းဖို့…
ပုံစံမတူ
နေရာချင်းမတူပေမဲ့
လူတွေအတွက်လိုအပ်တာချင်း
တူတယ်။

ကောင်းကင်မရှိရင်မလုံခြုံဘူး။
မြေကြီးမရှိရင်မခိုင်မတ်နိုင်ဘူး။

'' ကောင်းကင်ဖြစ်ဖြစ်…
မြေကြီးဖြစ်ဖြစ်…
ကိုယ်ကလူတိုင်းအတွက်
တစ်ခုခုတော့အသုံးဝင်အောင်
ကြိုးစားရမယ်ဆိုတာပါပဲ ''

လေးစားစွာဖြင့် "

- ပန်းပျိုးလက် -


အရောင်းသမား ၃မျိုး အရောင်းသမားတွေထဲမှာ ပုံစံ၃မျိုးရှိလေ့ရှိပါတယ် ဒါတွေကတော့ (1) The Commodity Salesperson(2) The Price S...
08/02/2024

အရောင်းသမား ၃မျိုး

အရောင်းသမားတွေထဲမှာ ပုံစံ၃မျိုးရှိလေ့ရှိပါတယ် ဒါတွေကတော့

(1) The Commodity Salesperson
(2) The Price Salesperson
(3) The Solution Value Salespersonဆိုပြီးဖြစ်ပါတယ်။

(1) The commodity salespersonဆိုတာမျိုးက သူရောင်းတဲ့အခါ စျေးမှာအာလူးတို့ ကြက်သွန်တို့ရောင်းသလို customer လာမေးတဲ့အခါ ဒီပစ္စည်းက ဘယ်လောက်ဆိုပြီးပဲရောင်းတဲ့ ပုံစံပါ customer ကို စိတ်လည်းမဝင်စားဘူး သူ့ပစ္စည်းရဲ့ အားသာချက်USP တွေကိုလည်း customerသိနားလည်အောင် တခြားပစ္စည်းတွေနဲ့ ဘယ်လိုကွာတယ်ဆိုတာမျိုပဲ မပြောပြပဲ ရိုးရိုးပဲ ဒီပစ္စည်းလေးက ဘယ်လောက်ဆိုပြီး ပြောရောင်းတာဖြစ်ပါတယ်။ဒီလိုအရောင်းသမားတွေကြတော့ ဖြစ်နိုင်တာ အခုမှ အရောင်းကို စလုပ်ဖူးတဲ့သူတွေဖြစ်စေ အရောင်းskillသေချာမရှိသေးတဲ့ ကာလမျိုးမှာဖြစ်လေ့ရှိပါတယ် ဒါမှမဟုတ်နောက် တကယ်တော်တဲ့အရောင်းသမားတစ်ယောက်ဟာ လုပ်ရတဲ့ workloadတွေများလို့ဖြစ်စေ စိတ်ဓာတ်ကျပြီး အလုပ်ကထွက်ချင်နေတဲ့အချိန်မျိုးမှာ သူရဲ့ အရောင်းqualityကျပြီး အခုလိုဖြစ်တက်ပါတယ်။

(2)The price salesperson ဆိုတဲ့ စျေးနှုန်းအရတခြား ပြိုင်ဘက်productတွေထက်နည်းမှာ ရောင်းတက်တဲ့ အရောင်းသမားဖြစ်ပါတယ် သူ့ပစ္စည်းကဘယ်လိုသက်သာတယ်ဆိုတာကို အားသာချက်အနေနဲ့ပိုပြီး ပြောပြပြီး ရောင်းတက်တဲ့ အရောင်းသမားဖြစ်ပါတယ် ဥပမာ မုန့်တစ်packကို 1320ksဖြစ်ပြီး တစ်pack 12ထုပ်ပါပြီးတစ်ထုပ်ကို 110ksပဲကျတာကြောင့် တခြားပြိုင်ဘက်productတွေက 130ksလောက်ကျတာကြောင့်ဒီဟာက ရောင်းရင်ပိုမြတ်တယ်ဆိုပြီး channel salesမှာ ပိုပြီး ပြန်ရောင်းမယ့်သူတွေကို financialအရ ပြောပြီးရောင်းကြလေ့ရှိပါတယ်။သူတို့ရဲ့အားနည်းချက်မှာ ပြိင်ဘက်ထက်စျေးပိုကြီးနေရင် ရောင်းရမှာစိတ်ထဲ စိတ်ဓာတ်တွေကျလာပြီး လူတွေဝယ်မှာမဟုတ်ဘူးလို့ ထင်မှတ်တက်တာတွေရှိပါတယ်။

(3)The Solution Value Salespersonဆိုတာကတော့ customerရဲ့ ပြသနာကို အဖြေပေတဲ့အနေနဲ့ရောင်းတဲ့သဘောမျိုးဖြစ်ပါတယ် ဥပမာ ကလေးတစ်ယောက်က ဂိတ်အမြင့်တွေဆော့ဖို့ computerလာဝယ်တဲ့အခါ အရောင်းသမားက ဘာအတွက်သုံးဖို့လဲကို သေချာမေးမြန်းမယ် ဘယ်လောက် graphic ရှိတဲ့gameတွေဆော့မယ်ကို လေ့လာလာပြီး ဒီgameတွေဆော့လို့အဆင့်ပြေမယ် computer modelကို ညွှန်ပြပြီးရောင်းချတာမျိုးဖြစ်ပါတယ် computerမှာ ဘယ်အစိတ်အပိုင်းတွေက ဘယ်လိုမြင့်လို့ ဘယ်လို gameတွေရမယ် ဘယ်ဟာတွေကတော့ မရဘူး စသဖြင့် ဝယ်သူရဲ့ problemကို solutionပေးတဲ့ ပုံစံတဲ့ရောင်းတာဖြစ်ပါတယ်။

ဒီ၃မျိုးဟာ ပစ္စည်း နဲ့ အရောင်းchannel အနေအထားအပေါ်မှုတည်ပြီး သူနေရာနဲ့သူရှိနိုင်ပါတယ်။

ဒီpostလေးက မိတ်ဆွေအတွက် အကျိုးရှိရင် ပြန်လည်မျှဝေပေးပါ ခင်ဗျာ့😀😀

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
မူရင်းဆရာကိုCredited

Address

Sanchaung
Yangon
123456

Telephone

+959676282127

Website

Alerts

Be the first to know and let us send you an email when KHIN Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KHIN Online Shop:

Share