Lady Smart Fashion & Design School

Lady Smart Fashion & Design School ချပ်ကပ်တဲ့ Pattern နဲ့
Designer ပီပီ မချုပ်တတ်ရင်
ငွေပြန်အမ်းဖို့အထိ အာမခံတဲ့သင်တန်း

မိုးလေဝသရဲ့ သတိပေးနိူးဆော်ချက်
02/10/2024

မိုးလေဝသရဲ့ သတိပေးနိူးဆော်ချက်

02/06/2024

အမြန်ဆုံး ပြန်ရှာတွေ့ပါစေ။

သမီးလေးဆေးရုံအရေးတက်ဖို့အိန္ဒိယအရေးပေါ်သွားရမှာ ပါတ်စပို့ (၃)ခု ရန်ကုန်မှာ ကျပျောက်သွားလို့ကောက်ရသူ ဆုငွေ (၁၀) သိန်းဆုကြေးပေးပါမည်

ရန်ကုန်မှာ ကျပျောက်သွားတာပါ

ညီမတို့ မိသားစု (၃) ယောက် ပါတ်စပို့ ပျောက်သွားလို့ပါ

Passport စာအုပ် ၃ အုပ်က

၁။ ကိုမိုးနိုင်

၂။ မမြပုလဲရွှေ

၃။ မခိုင်မြဲသဒ္ဒါစံ

ညီမတို့က india ကို ကလေးနှလုံးအပေါက်ကို ခွဲစိတ်ရဆောင် ဆေးကုသွားဖို့ အရေးတကြီးသွားရမှာမို့ပါရှင့်

လေယာဥ်လက်မှတ်တွေကလဲ ၇ ရက်နေ့ ဖြတ်ထားပါပီ သွားခါနီးမှာမှ အဲ့လိုဖြစ်သွားလို့ အကို့ဆီမှာ အကူအညီတောင်းပါရစေရှင့်

ကလေးကလဲ ဆေးကုသမှုကနောက်ကျလို့ မရတော့လို့ပါရှင့် passport တွေကလဲ အပျောက်လျောက်ဆိုရင် ၆ လထိကြီး ကြာအုံးမှာမို့ အဲ့ချိန်ထိ မစောင့်နိုင်တော့လို့ပါရှင့် ညီမတို့ အရမ်းဒုက္ခဆရာက်နေလို့ ကူညီပါအုံးနော် အကို post လေးတင်ပေးပါအုံးနော်

ပါတ်စ်ပို့ (၃)ခု ပြန်လာပေးသူ ဆုငွေ (၁၀) သိန်း

May Myo Myat Thu
09 250502144
09 402655142
09 790129308

အထူးသတိပေးချက်---------------------------------အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွ...
06/04/2024

အထူးသတိပေးချက်
---------------------------------

အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလုံးခုန်မြန်။ ရေသောက်လည်း တံတွေးတွေ မထွက် အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျင် ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များလာတယ်လို့ ကြားရတယ်။

ညဘက်ပိုင်းမှာ နေမပူပေမဲ့ ပူအိုက်ပြီး အသားတွေ ပူလာ ၊ ချွေးမထွက်ပဲ ရေဆာ ရေငတ် မူးဝေ ခြေလက်ထုံကျင် နှလုံးခုန် မမှန်တာတွေဟာ အပူရှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။ Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေပါတယ်။ ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ထင်ပြီး ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။

အခုလို ရာသီမှာ အိမ်တိုင်းမှာ ဓာတ်ဆားထုတ်တွေ ဆောင်ထားသင့်ပါတယ်။ ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား သောက်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

Credit

--------------------------------
အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း

©️
Fitness Coach By Myat Min - Venom

bkkချင်းမိုင်ချည်သား ကာလာလိုင်းဒါတွေပဲကျန်တော့တယ်နော်
24/03/2024

bkkချင်းမိုင်ချည်သား ကာလာလိုင်းဒါတွေပဲကျန်တော့တယ်နော်

bkk ချင်းမိုင် ချည်သား...အရောင်လုံးဝမကျွတ်သလိုရေလျှော်လည်းခံတဲ့ ထိုင်းချည်အစစ်...ပစ္စည်းက. ဝင်တာနည်းလို့အရောင်လေးတွေရွေး...
15/03/2024

bkk ချင်းမိုင် ချည်သား...

အရောင်လုံးဝမကျွတ်သလို
ရေလျှော်လည်းခံတဲ့ ထိုင်းချည်အစစ်...

ပစ္စည်းက. ဝင်တာနည်းလို့
အရောင်လေးတွေရွေးပြီး
မြန်မြန်လေး Order လေးတင်ပေးပါနော်....

Ready to wear ထုတ်တဲ့ အမြင့်လိုင်းသမားတွေရဲ့
အကြိုက်ဆုံး Favourite လေးမလို့
✖ ခြစ်ထားတာလေးတွေက ကုန်သွားပါပီနော်

09458136323 ကို ဖုန်းနဲ့ဖြစ်ဖြစ် Viber ကနေဖြစ်ဖြစ်
ဆက်သွယ်မှာယူနိုင်ပါပီရှင့်

ချင်းမိုင်ပိတ်သားလေးတွေရပါပီနော်
14/03/2024

ချင်းမိုင်ပိတ်သားလေးတွေရပါပီနော်

Summer vibeအတွက်....လူကြိုက်အများဆုံးBkk ချင်းမိုင်အနံကြီးတွေရပါမည်ရှင့်....တကိုက်ချင်းစျေး  - (5---)အများစျေး          ...
14/03/2024

Summer vibeအတွက်....လူကြိုက်အများဆုံး
Bkk ချင်းမိုင်အနံကြီးတွေရပါမည်ရှင့်....

တကိုက်ချင်းစျေး - (5---)
အများစျေး -(4---)

Bkk ချင်းမိုင်ချည်ဆိုအလုယက်ဝယ်ရတဲ့အထိ ရောင်းတန်းရှိပါတယ်...

အနံလွန်မလို့ စိတ်ကြိုက်ချုပ်လို့ရပါတယ်...
ပိတ်အရည်သွေးကတော့ အထူးမညွှန်းတော့ဘူးနော်....

ရန်ကုန်မြို့ Royal Expressရောက်တဲ့မြို့နယ်တွေအားလုံး အိမ်အရောက်ငွေချေရပါတယ်ရှင့်...

Bankingကနေငွေချေလို့လည်းရပါတယ်...
09-458136323သို့ဆက်သွယ်မှာယူနိူင်ပါတယ်ရှင့်

အမေရိကားကို ပို့ဖို့ အပ်ထည်တွေချုပ်ရတာနဲ့တင်လက်မလည်ဖြစ် 🥴ဝါကျွတ်ပြီးပြန်တော့ ပွဲထိုင်တွေက ထပ်ဝင်လာ...ချုပ်ကူတဲ့ ညီမလေးကလ...
26/11/2023

အမေရိကားကို ပို့ဖို့ အပ်ထည်တွေချုပ်ရတာနဲ့တင်လက်မလည်ဖြစ် 🥴

ဝါကျွတ်ပြီးပြန်တော့ ပွဲထိုင်တွေက ထပ်ဝင်လာ...
ချုပ်ကူတဲ့ ညီမလေးကလည်း မိသားစုကိစ္စနဲ့ နယ်ပြန်

ဘယ်လိုတွေတောင် အလုပ်က ဖြစ်လွန်းရတာလဲကွယ်
အတူလက်တွဲချုပ်ပေးမယ့် လူလေးများ သင်္ကန်းကျွန်းမှာ မရှိကြဘူးလား
(အထည်ထွက်တဲ့နှုန်းနဲ့ ပေးမယ်လေ)

မင်္ဂလာပါ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာ   မိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါကြောင်း မေတ္တာပို့သရပါတယ် ပြုဖူးသေ...
29/10/2023

မင်္ဂလာပါ
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာ မိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါကြောင်း မေတ္တာပို့သရပါတယ်
ပြုဖူးသောကုသိုလ်တရားများ တိုးပွားကာ အကုသိုလ်ဖြစ်ကြောင်းတရားများ လျော့ပါး ဖယ်ရှားနိုင်ပါစေ
မိမိတို့ လိုချင်တဲ့ပန်းတိုင်အမြန်ဆုံးရောက်နိုင်ကြစေဖို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ် ...

ညှပ်ပီးသား အထည်များတွဲရန်..လူလိုပါတယိရှင့်....အထည်များအားသပ်ရပ်စွာချုပ်နိူင်ပါက Bonusပါပိုရပါမည်။တရက် (6000)ပေးပါမည်။ဘေး...
26/07/2023

ညှပ်ပီးသား အထည်များတွဲရန်..

လူလိုပါတယိရှင့်....

အထည်များအားသပ်ရပ်စွာချုပ်နိူင်ပါက Bonusပါပိုရပါမည်။

တရက် (6000)ပေးပါမည်။

ဘေးကနေ သင်ပေးပါမည်။

ကျွမ်းကျင်ပါက.အထည်စားနဲ့ပေးပါမည်။

ဆက်သွယ်ရန်-09-458136323သို့ဆက်သွယ်ပေးပါရှင့်။

 #အခြေခံစက်နက်းမှစပီးသင်ယူသူ သင်တန်းသူလက်ရာလေးပါ.. #သင်တန်းကာလလေးအတွင်း အပ်ထည်ချုပ်ထည်လေးနဲ့အရမ်းကြိုးစားသူလေး #တဦးခြင်...
23/06/2023

#အခြေခံစက်နက်းမှစပီးသင်ယူသူ သင်တန်းသူလက်ရာလေးပါ..

#သင်တန်းကာလလေးအတွင်း အပ်ထည်ချုပ်ထည်လေးနဲ့အရမ်းကြိုးစားသူလေး

#တဦးခြင်းအတတ်သင်စနစ်ပါ။
by One
Kay (Thaton)

Address

16. 83202, 96. 192818
Yangon
11071,11072

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 18:00

Telephone

+959458136323

Alerts

Be the first to know and let us send you an email when Lady Smart Fashion & Design School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lady Smart Fashion & Design School:

Share