10/11/2026
အရမ်းလူပါးဝကြတာနော်..
Preorder/ Prepaid မယူ အိမ်ရောက်ငွေချေလုပ်ပေးတယ်..
Royal ရတဲ့မြို့အကုန် COD ပဲ..
Preorder ရောက်ရင် ပြီးစလွယ်မပို့ဖူး လက်ခံလို့အဆင်ပြေလား ဖုန်းဆက်ပြီးမှ ပို့ပါဆိုမှ ပို့တယ်..
မယူဖြစ်တော့ဖူးဆိုလည်း လက်ခံပေးပြီး ဆိုင်ပေါ်တင်ရောင်းပေးသေးတယ်..
အခုဟာက.. ဖုန်းဆက်တယ် ပုံပြခိုင်းတယ်ကာဗာကို.. ထုတ်နေရက်ကြီးနဲ့ တကူးတကကို ရိုက်ပြပေးသေးတယ်.. ပို့ပါပြောလို့ပို့ပေးတယ်..
အခု ဘယ်လိုလုပ်သွားလဲသာကြည့်တော့!!!
အရမ်းလွန်တာနော်… အမြဲပြောဖြစ်တယ် cancel ချင်ရင် ဖုန်းဆက်ရင်ပြောပေးပါ… နယ်တွေအထိပို့ခိုင်းပြီးရင် မလုပ်ကြပါနဲ့ ပြန်လာရင် အိတ်တွေက သုံးမရတော့ဖူး.. တခါတလေ ကာဗာပျက်စီးလာတယ်လမ်းမှာ.. စာရင်းတွေ deliနဲ့ပြန်လုပ်ရတယ်.. အဲ့ပစ္စည်း return လာဖို့ ၁ ပတ်လောက်ပြန်စောင့်ရတယ်..
ဘာလုပ်ကြတာလဲနော်..
စိတ်ကြိုက်ကိုင်ကြည့်ပြီးဝယ်ချင်ရင် အပြင်မှာကြည့်ဝယ်ကြပါ။ online ကမမှာပါနဲ့။ cover အပျော့အမာကိစ္စကအစ detail post တွေမှာ ရေးထားပြီးသားပါ
နယ်ကအစ COD လုပ်ပေးထားတယ်လေ။ cancel ရင်တောင် လုပ်ပေးတဲ့သူပါ…
အားလုံးအဆင်ပြေအောင်လုပ်ပေးရက်နဲ့ ကိုယ်ချင်းစာတရားလေး ထားကြပါလားးးး