Verdant Fashion & Design School

Verdant Fashion & Design School Fashion with Passion

Verdant မှာ သင်တန်းကိစ္စမေးမြန်းစုံးစမ်းကြသူများကို ကျေးဇူးတင် အားနာစွာဖြင့် အသိပေးအပ်ပါတယ်...လောလောဆယ် ရန်ကုန်သင်တန်းပိ...
13/01/2022

Verdant မှာ သင်တန်းကိစ္စမေးမြန်းစုံးစမ်းကြသူများကို ကျေးဇူးတင် အားနာစွာဖြင့် အသိပေးအပ်ပါတယ်...

လောလောဆယ် ရန်ကုန်သင်တန်းပိတ်ထားပြီး တီချယ် Yu Myat နယ်ပြန်ရင်း နယ်မှာ အင်တာနက်ပိတ်ခံထားရပါတယ်..
ဒီဇင်ဘာလအတွင်း လဝက်ခန့် တောထဲတွင် ညအိပ်စစ်ရှောင်နေခဲ့ရပြီး ယခုရက်ပိုင်းတွင်လည်း ဒေသတွင်းမတည်ငြိမ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်..
အင်တာနက်ပိတ်ခံထားရတာကြောင့် page မှာ စာပို့ထားကြသူများကို စာမပြန်နိုင်တာတွေရှိနေတာကြောင့် ဒီကနေပဲ အားလုံးကို အသိပေးအပ်ပါတယ်..

Verdant မှ သင်တန်းသား/သူများနှင့် ပြည်သူအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

(တီချယ့်ကိုယ်စား Adminက ပို့စ်တင်အသိပေးခြင်းပါ)

01/09/2021

(၇)ရက်သားသမီးများအားလုံး covid 19 ရောဂါဘေးမှ ကင်းဝေးကြပါစေ
******************
အနံ့ပျောက်ရခြင်း အကြောင်းရင်း....

ကျွန်တော်တို့ အနံ့ပျောက်တဲ့ ကိစ္စကို နည်းနည်းလေး သေချာနားလည်အောင် ပြောကြည့်ကြရအောင်...

အနံ့ပျောက်ရင်ကိုဗစ်ဖြစ်နေပြီလား ဆိုတော့
ဒီကာလအတောအတွင်းဆို အနံ့သိပ်မရတော့တာပဲ ဖြစ်ဖြစ်၊ နှာခေါင်းက အနံ့လုံးဝ ရှူမရတော့တာဆို ကိုဗစ်ဖြစ်ဖို့ 90%လောက် သေချာပါတယ်။
တခြား ထိပ်ကပ်နာတို့ နှာစေးနှာပိတ်တို့မှာ အနံ့မရတတ်ပေမယ့် နှာခေါင်းအရှင်းကြီးနဲ့ အနံ့ပျောက်နေရင် ကိုဗစ်ကူးစက်ခံထားရပြီလို့ ယူဆနိုင်ပါတယ်။

ဘယ်အချိန်အနံ့စပျောက်တာလည်း ဆိုတော့
သုတေသနအရ ကိုဗစ်ပိုး ကူးစက်ခံရပြီး ၃ -၄ရက်ဆို အနံ့ပျောက်ပါတယ်၊ ပိုးဝင်ဝင်ချင်း တစ်ရက်နှစ်ရက်အတွင်း ငွေ့ငွေ့ဖျားတတ်ပြီး နောက်ရက်တွေမှာ အနံ့ပျောက်သွားတာပါ။

ဘာလို့အနံ့ပျောက်တာလည်း ဆိုတော့
ပိုးကူးစက် ဝင်ရောက်လာရင် နှာခေါင်းထဲမှာ အရင်အခြချတာပါ၊ နှာခေါင်းတွင်း နံရံကဆဲလ်တွေမှာ ပိုးအခွံအပေါ်က လက်တံအချွန်spikeလေးတွေနဲ့ ဂန္ဓဝင်ဆန်ဆန် ချိတ်ဆက်နိုင်တဲ့ ACE2လို့ခေါ်သည့် လက်ခံခွက်လေးတွေ ရှိပါတယ်။ ပိုးကို ရှူမိလို့ ဝင်လာတာနဲ့ အဲဒီACE2တွေနဲ့ ချိတ်ပြီး နှာခေါင်းနံရံတွင်းကို ဝင်ရောက်ပါတယ်။ ရောက်တာနဲ့ ပိုးက ကြိုးစားပြီး မျိုးပွားပါတယ်၊ အဲဒီအချိန် ခန္ဒာကိုယ်က သတိပေးတဲ့ အနေနဲ့ ငွေ့ငွေ့ဖျားပြတာပါ၊ တကိုယ်လုံးခုခံအား အစုအဝေးကို တပ်ကူခေါ်တဲ့ သဘောပါ။ အဲတော့ သွေးဆဲလ်အဖြူ တပ်ကူတွေက အချက်ပေးတာသိရတာနဲ့ ချက်ချင်းဆိုသလို နှာခေါင်းသွေးကြောတွေထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ပိုးဝင်နေတဲ့ နှာခေါင်းအတွင်းပိုင်းမှာ တိုက်ပွဲစဖြစ်တယ်၊ အဲဒီအချိန်ဆို နှာမွှန်တာလိုလို နှာစေးချင်တာလိုလို ဖြစ်တတ်ပေမယ့် အများစုက သတိမထားမိလောက်ပါဘူး။

လာတိုက်တဲ့ထဲ ကိုယ့်ဖက်က မင်းသားက CD8 T cellsတွေပါ၊ Cytotoxic ခေါ် ဆဲလ်killerသွေးဖြူဥတွေက covidပိုးဝင်နေတဲ့ နေရာတွေကို ရှာတိုက်ပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်တယ်ပဲ ပြောရမှာပေါ့။ ခက်တာက ကိုဗစ်ဆိုတာ အရမ်းသေးတဲ့ virus, မျိုးပွားပြီးရင် အကောင်ရာထောင်ချီ ဆဲလ်တစ်လုံးတစ်လုံးကနေ ဖောက်ထွက်ပြန့်ပွားတာ။ အဲတော့ ဒီပိုးတွေ မထွက်နိုင်ခင် မပြန့်နိုင်ခင် ပိုးရှိနေတဲ့ နှာခေါင်းတွင်း ဆဲလ်တွေကို ကိုယ့်ဖက်က Killer T cellက ဖိုက်တာဆန်ဆန်ပဲ အကုန်လိုက်ဖောက်ပစ်လိုက်တယ်။ ဗိုင်းရပ်စ်ပိုး ဖောက်မထွက်နိုင် မပြေးနိုင်ခင် လက်ဦးမှု ရယူတဲ့သဘောနဲ့ပေါ့။

အပေါ်က ပြောနေတာတွေက ပိုးဝင်ပြီး ၂ ရက် ၃ရက်အတွင်း ဖြစ်ပျက်နေတာတွေပါ။ ဒီလိုနဲ့ နှာခေါင်းတွင်း လိုက်ဖောက်ခံရတာတွေများတော့ Olfactoryလို့ ခေါ်သည့် အနံ့ခံအာရုံbudတွေရှိသည့် နေရာတွေပါ မကျန် အကုန်ရှင်းသွားတာ ပိုးရှိနေရင် စိတ်ချရအောင်လို့ပေါ့။အဲ့တော့ ၄ရက်မြောက်လောက်မှာ နှာခေါင်းတွင်းတိုက်ပွဲလည်း ပြီးရော ကိုယ်လည်း အနံ့လုံးဝပျောက်ပြီး ကျန်ခဲ့တာ။ ခဏ ခဏ ကြားဖူးမှာပါ ဘုရားစူး ဆရာရယ် ဘာမှ မဖြစ်ဘူး အကောင်းကြီး အနံ့တစ်ခုပဲ ပျောက်နေတာ ဆိုတဲ့ အချိန်ပါပဲ။

အနံ့ပြန်ရအောင်ဘာလုပ်ကြမလည်း ဆိုတော့
ချက်ချင်းအနံ့ပြန်ရအောင် ပွင့်ပွင့်လင်းလင်းပြောရရင် ဘာမှ ပြန်လုပ်လို့မရပါဘူး၊ အနံ့အာရုံကို လက်ခံတဲ့ နှာခေါင်းနံရံက ဆဲလ်တွေ ပေါက်သွားတာလေ၊ တချို့ တောသားတွေ ရှယ်နေသလို ဘာဆေးသုံးသုံး ချက်ချင်းလက်ငင်း ပျောက်သွားတဲ့ အနံ့အာရုံက ပြန်မရပါဘူး၊ အဓိကကတော့ နှာခေါင်းတွင်း ဆဲလ်တွေ ပြန်ပြီး မြန်မြန်ဆန်ဆန် တည်ဆောက်ပြီး အာရုံပြန်ခံနိုင်အောင် လိုအပ်တဲ့ Zincဓါတ်တို့ တချို့သက်စောင့် vitaminဓါတ်တွေ ကိုယ်တွင်းမှာ ဖြည့်ထားမယ်၊ နှာခေါင်းတွင်း battleဖြစ်သွားတဲ့ နေရာတွေကို ဆဲလ်အသေတွေ သန့်ရှင်းသွားအောင် Physio Saline ဆလိုင်းအရည် သို့မဟုတ် ဆားရည်နွေးနွေးနဲ့ တစ်ရက် နှစ်ကြိမ်လောက် ဆေးပေးနိုင်ရင် ပိုကောင်းပါတယ်။

(ဒီနေရာမှာ တစ်ချက်ထည့်ပြောချင်တာက Azithromycinလို ပိုးသတ်ဆေးက နှာခေါင်းထဲရောက်နေတဲ့ ကိုဗစ်ပိုးကို လုံးဝလုံးဝ မသတ်ပါဘူး၊ တခြား Amoxcilတို့ဘာတို့ကလည်း လုံးဝလုံးဝ ကိုဗစ်ကိုမသတ်ပါဘူး၊ သူတို့က Bacteriaလို့ခေါ်တဲ့ တခြားမျိုးမတူတဲ့ ပိုးတွေက နှာခေါင်းတွင်း အဆုတ်အတွင်းမှာ ကိုဗစ်ကြောင့် ပျက်စီးချိန် အခွင့်အရေးယူပြီး ဝင်လာမှ ကုသဖို့ အသုံးပြုရတာပါ၊ အနံ့ပျောက်တာလောက်နဲ့ အဲဒီဆေးတွေ သောက်မယ့်အစား ရေပဲရှူလိုက်ပါ ပိုကောင်းပါတယ်)

ဘယ်တော့လောက်အနံ့ပြန်ရမှာလည်း ဆိုတော့
လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်တွင်း repair mechanismလို့ခေါ်သည့် ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ဆောင်မှုက ကျန်းမာရေးကောင်းမွန်မှု ဘယ်လောက်ရှိလည်း၊ ပိုးက်ု အပြီးတိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားအခြေအနေနဲ့ လိုအပ်သည့် ကိုယ်တွင်း ဓါတ်တွေပေါ် မူတည်တာပါ။ ပျမ်းမျှအားဖြင့် ၁ပတ် ၁၀ရက်ဆို အနံ့ပြန်ရပါတယ်၊ အလွန်ကြာမှ တစ်လပါ၊ ဒီထက် ပိုကြာနေရင်တော့ မိသားစုဆရာဝန် သို့ နားနှာခေါင်းလည်ချောင်း အထူးကုတစ်ယောက်နဲ့ တိုင်ပင်အကူအညီတောင်းကြည့်ပါ။

တချို့အနံ့ပြန်ရခါစမှ Parosmiaလို့ခေါ်သည့် မနှစ်မြိုဖွယ်အပုပ်နံ့ အမှိုက်နံ့လိုလိုတွေ ရတတ်ပါတယ်။ နှာခေါင်းတွင်း အသစ်ပြန်တည်ဆောက်ထားတဲ့ အနံ့ခံဆဲလ်တွေက ဦးနှောက်နဲ့ အာရုံလမ်းကြောင်း ချိတ်ဆက်နေတုန်းမလို့ပါ။ သင်ကြိုက်တဲ့ coffeeတစ်ခွက်ကတောင် အမှိုက်နံ့လိုလိုကြီး ရနေတတ်ပါတယ်။ သိပ်မကြာပါဘူး၊ ပုံမှန် ပြန်လည် အနံ့အာရုံ ရရှိလာမှာပါ။ စိတ်ဓါတ်မကျပဲ အအိပ်အစား ပုံမှန်လုပ်ပြီး ရေချိုးချိန် နှာခေါင်းတွင်း ဆေးကြောပေးခြင်းဖြင့် စောင့်ကြည့်ပါ။

တချို့ အနံ့ပျောက်တာနဲ့အတူ နှာခေါင်းအတွင်းရေမွန်းသလိုခံစားရတယ်လို့ ပြောလာတာတွေ ရှိပါတယ်။ စစ်တမ်းတွေအရ ဒီလိုဖြစ်တဲ့သူတွေရဲ့ အများစုမှာ Sinusလို့ ခေါ်သည့် မျက်နှာအတွင်း နှာခေါင်းပတ်လည်နဲ့ နဖူးအောက်မှာ ရှိသည့် လေအိတ်လေးတွေ ရောင်နေတာ၊ နှာရည်တွေ ပိတ်နေတာမျိုးဆို အဲဒီရေမွန်းသလို ခံစားရတတ်ပါတယ်။ Sinusitis ခေါ် ထိပ်ကပ်နာ ရှိသူတွေမှာ ပိုတွေ့ရပါတယ်။ ကုလို့ရပါတယ်၊ အလွယ်ဆုံးကတော့ Saline ဆားရည်နဲ့ ဆေးပြီး အရောင်ကျဆေး၊ နှာရည်တားဆေး anti histamineလို ဆေးတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးပါ။

အနံ့ပျောက်တဲ့ကိစ္စနဲ့ပတ်သက်တဲ့သိစရာတွေ

-ပိုးကူးစက်ခံရသူ အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်၊
-ပိုးကူးစက်သူရဲ့ 35% to 68%လောက်ထိ အနံ့ပျောက်တတ်ပါတယ်၊
-ဝူဟန်စာတန်းတွေအရ ပိုးကူးစက်ခံရသူ တရုတ်လူမျိုးတွေရဲ့ 5%မှာပဲ အနံ့ပျောက်ပါတယ်၊ ရောဂါပြင်းထန်မှုလည်း နည်းပါတယ် သူတို့တွေမှာ၊ လူမျိုးစုGene သို့ ethnicityကြည့်တဲ့ virusဆိုရင် သုတေသနအရ မမှားပါဘူး
-အနံ့ပျောက်တာဟာ အဆိုးထဲက အကောင်းလို့ ပြောလို့ရပါတယ်။ အနံ့ပျောက်တဲ့လူနာတော်တော်များများရဲ့ ကိုဗစ်က မပြင်းထန်ပါဘူး၊ နည်းနည်းဖျားမယ်၊ အနံ့ပျောက်မယ်၊ ချောင်းတောင် ဆိုးတယ်ဆိုရုံလောက်ပါပဲ
-အနံ့ပျောက်တဲ့သူတွေက ကိုဗစ်ကြောင့် အသက်ဆုံးရှုံးနိုင်ချေ `၅´ဆ ပိုလျော့ပါတယ်၊ အနံ့မပျောက်ပဲ ကိုဗစ်ကြောင့် ဖျားနာသူတွေထက်၊ အကြောင်းရင်းက နှာခေါင်းတွင်းမှာပဲ ပိုးတော်တော်များများ အပြီးသတ်နိုင်လိုက်လို့ပါ၊ အဆုတ်ထဲကို ပိုးအနည်းကျင်းရောက်သော်လည်း ပိုးကောင်ရေ သိန်းသန်းချီမှ ကိုဗစ်က ဒုက္ခပေးနိုင်တာ မလို့ ကိုယ်တွင်းခြေကုတ်ယူချိန် နှာခေါင်းထဲမှာ ရှင်းလိုက်တာ ပိုစိတ်ချရတာပါ။
-အနံ့ပျောက်တာနဲ့အတူ ဖျားတာတွေ၊ အသက်ရှူကြပ်တာတွေ၊ အောက်စီဂျင်ကျတာတွေ ဖြစ်လာရင်တော့ လိုအပ်သည့် ကုသမှုခံယူဖို့ လိုအပ်လာပါပြီ။

#နောက်ဆုံးပြောချင်တာက အနံ့စပျောက်ပြီးဆို အခုမှ ကိုဗစ်ကူးတယ်၊ ပိုးစဝင်တယ် မထင်ပါနဲ့၊ သူရောက်နေတာ ၄ ၅ရက်ရှိပြီလို့ မှတ်ယူနိုင်ပါတယ်၊ ကိုယ်ကနေ သူများကိုလည်း ကူးနိုင်သေးသည့်အတွက် Home Q ခေါ် အိမ်တွင်းသီခြားနေခြင်းကို အနည်းဆုံး အနံ့ပျောက်ချိန်မှ စပြီး ၁၀ရက်နေပေးပါ၊ မိမိကိုယ်ကျန်းမာအောင် ထိန်းသိမ်းစောင့်ရှောက်ရင်း မိမိချစ်တဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ထပ်မကူးစက်အောင်နေခြင်းဖြင့် ကျနော်တို့ အားလုံးလက်တွဲပြီး ဒီကပ်ကို အမြစ်ဖြတ် ကျော်လွှားနိုင်ကြမှာပါ။

အားလုံးပဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
အနံ့တွေလည်း အမြန်ဆုံး ပြန်ရပါစေ ဆုတောင်းရင်း

Dr. Hadee Maung (20.7.2021)

Photo: Nasal Wash Guide from CDC
နှာခေါင်းဆေးပုံပါ ခေါင်းကို အောက်အနည်းငယ် ငုံပြီး
Saline ဆားရည် သို့ ရေအနည်းငယ်ကို ရှူသွင်းပြီး
ပြန်မှုတ်ထုတ်ခြင်းကို နှာခေါင်းတစ်ဖက်ချင်းစီ လုပ်ပါရန်
ပြီးလျှင် Tissue သို့ ပုဝါဖြင့် သေချာပြန်သုတ်ပါရန်
တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ် ပြုလုပ်နိုင်ပါသည်...

Hdee Maung

7 ရက်နေ့ကနေ ဒီနေ့ထိ တစ်ရက်မနား တိုက်နေရဆဲ...ဆက်လည်းတိုက်နေရအုံးမယ်...
12/02/2021

7 ရက်နေ့ကနေ ဒီနေ့ထိ တစ်ရက်မနား တိုက်နေရဆဲ...
ဆက်လည်းတိုက်နေရအုံးမယ်...

ရင်ခံ Corset Online Class (YouTube) တက်ရောက်ဖို့ ကံထူးတဲ့သူ (၅)ယောက်ပါ ရှင်👏👏👏Page ရဲ့ Messenger ကို Gmail လေးတွေပို့ပေး...
11/11/2020

ရင်ခံ Corset Online Class (YouTube) တက်ရောက်ဖို့ ကံထူးတဲ့သူ (၅)ယောက်ပါ ရှင်👏👏👏
Page ရဲ့ Messenger ကို Gmail လေးတွေ
ပို့ပေးကြပါနော် ...
ပါဝင် ကံစမ်းပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်❤❤❤

❤❤❤ မဲပေးပြီး​ကြ ပြီလား ❤❤❤နိုင်ငံသားတာဝန်ကျေပွန်တဲ့သူလေးတွေကိုဂုဏ်ပြုတဲ့အနေနဲ့👏👏👏ရင်ခံ Corset online class(YouTube) သင်...
08/11/2020

❤❤❤ မဲပေးပြီး​ကြ ပြီလား ❤❤❤
နိုင်ငံသားတာဝန်ကျေပွန်တဲ့သူလေးတွေကို
ဂုဏ်ပြုတဲ့အနေနဲ့👏👏👏
ရင်ခံ Corset online class(YouTube) သင်တန်းလေး
အခမဲ့ တက်ရောက်ခွင့် ကံစမ်းမဲ ဖောက်ပေးပါမယ်
စည်ကမ်းချက်​တွေ အများကြီး မလိုပါဘူးနော်
^_^ Comment မှာ လက်သန်းပုံလေးတွေ မန့်ပေးရုံပါပဲနော် !!!

***ကံထူးသူ (5) ယောက်ထိ ရွေးပေးမယ်နော်***

YouTube Link များ ဖြစ်တဲ့အတွက် Gmail ရှိပြီးသားသူပဲ အဆင်ပြေပါမယ်ရှင်

ကံထူးသူလေးတွေကို 10.11.20 နေ့မှာ ကြေငြာပေးပါမယ်ရှင်

Basic online class📍📍📍📍📍📍အထည်တိုင်းကို ပိုင်နိုင်​​​​သေသပ်စွာချုပ်လုပ်နိုင်စေဖို့ အခြေခံကောင်းတွေကို စနစ်တကျ သင်ယူလိုသူမျ...
16/09/2020

Basic online class
📍📍📍📍📍📍
အထည်တိုင်းကို ပိုင်နိုင်​​​​သေသပ်စွာချုပ်လုပ်နိုင်စေဖို့ အခြေခံကောင်းတွေကို စနစ်တကျ သင်ယူလိုသူများအတွက်...

✅ စနစ်တကျ ကိုယ်တိုင်းတိုင်းယူနည်း
✅ တိကျလှပတဲ့ Body frame အဆင့်ဆင့်ရေးဆွဲနည်း

✅ လက် pattern ရေးဆွဲနည်း
✅ ဒေါက်လက် pattern ဆွဲနည်း
✅ ခန္ဒာကိုယ်အချိုးအစားအလိုက် Body frame ပြင်ဆင်​ရေးဆွဲနည်းများ၊ ရေကူးဒေါက်၊ ထိုးဒေါက်နှင့် ပင်မဒေါက် အသုံးပြုပုံများ

✅ ရင်စေ့အမျိုးမျိုး၊ ရင်ဖုံးအမျိုးမျိုး
✅ ရင်အောက်ဖြတ်ဆက်၊ ရင်ကြားဖြတ်ဆက်၊ ပခုံးလျှော ဒီဇိုင်းများ

✅ ကုတ်ကော်လာ၊ ရှပ်ကော်လာ၊ စတစ်ကော်လာ၊ လည်ထောင်နှင့် ကမ္ဘောဇလည်ထောင်ဒီဇိုင်းများ

✅ အပါးသားပိတ်စဖြင့် blouse နှစ်ထပ်ချုပ်နည်းများ
✅ blouse အင်္ကျီများအတွက် ရင်ဘက်တွင် လျှာအခွဲ ပြုလုပ်နည်းများ
✅ ရယ်ဒီမိတ်စတိုင် နှစ်ထပ်ချုပ်ဂါဝန်တို့ပါဝင်မှာဖြစ်ပြီး
👌 အင်္ကျီအထည် (20) သင်ကြားမှာဖြစ်ပါတယ်👌

တထည်ချင်းစီအတွက် လိုက်ဖက်တဲ့ လက်ဒီဇိုင်းတမျိုးစီပါဝင်ပြီး... လက်ချုပ်လိုက်နည်းအမျိုးမျိုး၊ ကြယ်သီးအမျိုးမျိုးတပ်နည်း၊ ပုစဥ်းခေါင်းကြယ်သီးထိုးနည်း တပ်နည်း စသည့် အခြေခံတွေကိုလည်း အသေးစိတ် သင်ကြားပေးသွားမှာဖြစ်ပါတယ်...
(22.10.202 ရက်နေ့ သင်တန်းစပါမယ်) စက်နင်းတတ်ထားပြီးသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်...

သင်တန်းကြေး= တစ်သိန်းငါးသောင်းကျပ်
Verdant ကဖွင့်လှစ်ခဲ့တဲ့
ရင်ခံ/ကော့ဆက် online class တက်ရောက်ထားသူများ ၁သိန်း၃သောင်းကျပ်
မြန်မာပွဲတက်ဝတ်စုံ online class တက်ရောက်ထားဖူးသူများအတွက် သင်တန်းကြေး 1သိန်းကျပ်သာ...

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
09 780 84 3355
09 692 900 692 တို့သို့ ဆက်သွယ်နိုင်ပါတယ်ရှင်...

သင်တန်းကြေးသွင်းရန်
=================
Daw Yu Myat Soe
09 780 84 3355
KBZ Pay
CB Pay
----------------------------------------------

YouTube online ကနေ ရင်ခံ တက်တဲ့ညီမလေးရဲ့ ကြိုးစားမှုပါ👏👏👏ခုထိ အားမရသေးလို့ ထပ်ချုပ်ကြည့်နေတယ်တဲ့ 😍အခုလို ကြိုးစားပေးတဲ့အ...
09/09/2020

YouTube online ကနေ ရင်ခံ တက်တဲ့
ညီမလေးရဲ့ ကြိုးစားမှုပါ👏👏👏
ခုထိ အားမရသေးလို့ ထပ်ချုပ်ကြည့်နေတယ်တဲ့ 😍
အခုလို ကြိုးစားပေးတဲ့အတွက်
ကျေးဇူးပါ❤ ညီမရေ❤

မြန်မာပွဲတက်ဝတ်စုံ Online Class လေးပြီးခါနီးပါပြီ💚(၄)လလောက်ရိုက်ရမယ်လို့ ခန့်မှန်းခဲ့ပေမယ့်...အကြောင်းအမျိုးမျိုးကြောင့်...
07/09/2020

မြန်မာပွဲတက်ဝတ်စုံ Online Class လေး
ပြီးခါနီးပါပြီ💚
(၄)လလောက်ရိုက်ရမယ်လို့ ခန့်မှန်းခဲ့ပေမယ့်...
အကြောင်းအမျိုးမျိုးကြောင့်
(၆)လ လောက် အချိန်ယူခဲ့ရပါတယ်...
Video နံပါတ်တွေ စာမျက်နှာနံပါတ်တွေအပြင်
Pattern သပ်သပ် ချုပ်နည်း သပ်သပ်နဲ့
အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးခဲ့ပါတယ်...
ဒီထပ်ပိုကောင်းအောင်လည်း
အကောင်းဆုံး ကြိုးစား ပြင်ဆင်နေပါတယ်
ယုံယုံကြည်ကြည်တက်ရောက်ခဲ့တဲ့
တစ်ယောက်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင်
Designer Myat Soe
Fashion & Design School
09401509509
09780843355
09692900692

 #ထိုင်းစင်တီမီတာ နဲ့သင်တဲ့ Basicတန်းအတွက် သင်ရိုးတွေပြောင်းပြီး စာအုပ်အသစ်ထုတ်လိုက်ပါတယ်...ထမီအမျိုးမျိုး စကပ်အမျိုးမျိ...
25/08/2020

#ထိုင်းစင်တီမီတာ နဲ့သင်တဲ့ Basicတန်းအတွက်
သင်ရိုးတွေပြောင်းပြီး စာအုပ်အသစ်ထုတ်လိုက်ပါတယ်...
ထမီအမျိုးမျိုး စကပ်အမျိုးမျိုး နဲ့
အင်္ကျီအမျိုးမျိုး အတွက် တထည်စီတိုင်းကို အပြင်မှာ pattern ဆိုဒ်ပြည့်နဲ့ မြင်​နေရသလို... တဆင့်ချင်း ဆွဲပေးထားတာဖြစ်လို့ မေ့သွားခဲ့ရင်တောင် စာအုပ်လှန်လိုက်ရုံပါပဲ 👌

သင်ရိုးစာအုပ်ထဲမှာပဲ သင်တန်းသူ/သားတွေအနေနဲ့ အသေးစိတ် note တွေ ထပ်မှတ်လို့ရအောင် ပုံတွေကို အသေးစိတ် ပြင်ဆင်ပေးထားတဲ့အပြင်...
စာအုပ်ကို ရေရှည်အသုံးပြုနိုင်စေဖို့ရည်ရွယ်ပြ်ီး ရေစိုခံမျက်နှာဖုံးလေးနဲ့ လုပ်ပေးထားပါတယ်...
Basic တန်းမှာ Level 1(4သိန်းကျပ်) နှင့် Level 2(4သိန်းကျပ်)ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်...
ခုမှစပြီး လေ့လာသင်ယူလိုသူတွေအနေနဲ့ Level 1 ကိုသင်ယူနိုင်တဲ့အပြင် (Level 1 + Level 2) နှစ်မျိုးပေါင်း သင်ယူပါက 1သိန်းကျပ် Discount ရရှိမှာဖြစ်ပါတယ်ရှင်...
အိမ်စာမပေးပဲ



အားလုံးကို သင်တန်းမှာပဲ အားလုံးအပြီးလုပ်ရတာမို့ မပြီးမှာ မချုပ်တတ်မှာလည်း စိုးရိမ်နေစရာ မရှိတော့ပါဘူးနော်....
သင်တန်းချိန် - တစ်ပတ်လျှင် သုံးရက် (9:30am - 4:00pm)
သို့မဟုတ် သင်တန်းချိန်ကို ညှိနှိုင်းပြီး တက်ရောက်နိုင်ပါတယ်...
အသေးစိတ်ကို
📲0978084 3355
📱09692 900 692 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်...
Fashion & Design School

မြန်မာပွဲတက်ဝတ်စုံတန်းမှာသင်တဲ့ ပုံတွေထဲက တစ်ပုံ 👌
19/08/2020

မြန်မာပွဲတက်ဝတ်စုံတန်းမှာသင်တဲ့ ပုံတွေထဲက တစ်ပုံ 👌

Address

No 6, Paw Taw Mu Pagoda Street, Thamine(2) Ward, Mayangone Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959401509509

Website

Alerts

Be the first to know and let us send you an email when Verdant Fashion & Design School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share