11/06/2026
အနုပညာမြောက်တဲ့ ဖန်တီးမှုတွေနဲ့ ပုံဖော်ခဲ့ရတဲ့ ကိုရဲလေးတို့စုံတွဲရဲ့ မင်္ဂလာဝတ်စုံပုံရိပ်များ 🤍
မင်္ဂလာစင်မြင့်ထက်မှာ တစ်ယောက်ကိုတစ်ယောက် ကြင်နာတရားအပြည့်နဲ့ ကြည့်နေတဲ့ သူတို့နှစ်ဦးရဲ့ အကြည့်တွေက ... Sandy Linn Naing - Touched by Heart ရဲ့ ဝတ်စုံဖန်တီးမှုတွေကို ပိုပြီး အသက်ဝင် တောက်ပစေခဲ့ပါတယ်။✨
"ဝတ်စုံတစ်ခုကို ချုပ်လုပ်တာထက် ပိုင်ရှင်ဖြစ်သူရဲ့ နှလုံးသားအထိ ထိတွေ့ခံစားရမယ့် အမှတ်တရကို ဖန်တီးပေးတာ" ဆိုတဲ့ ကျွန်မတို့ရဲ့ ဆောင်ပုဒ်အတိုင်း ... သူတို့နှစ်ဦးရဲ့ ဘဝတစ်သက်တာ အလှဆုံးနေ့ရက်မှာ အကောင်းဆုံး ပံ့ပိုးပေးခွင့်ရလို့ ဂုဏ်ယူပီတိဖြစ်ရပါတယ်။ 🥰
ချစ်ရတဲ့ ကိုရဲလေးနဲ့ မင်္ဂလာစုံတွဲလေး ... ထာဝရအလှဆုံး အချစ်တွေနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Sandy Linn Naing - Touched by Heart မှ နွေးထွေးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🌹🤍