U Shan Gyi Vintage Shop

U Shan Gyi Vintage Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Shan Gyi Vintage Shop, Clothing (Brand), Yangon.

အမိုက်စား   Tee လေးတစ်ထည်ရမယ်Carhartt T shirtMade in Turkey💯%. Authentic စစ်စစ် 💯%Shoulder - 18Length - 28Condition-95/1...
29/07/2024

အမိုက်စား Tee လေးတစ်ထည်ရမယ်
Carhartt T shirt
Made in Turkey
💯%. Authentic စစ်စစ် 💯%

Shoulder - 18
Length - 28
Condition-95/100
💚🤍 အသစ်နီးပါးသန့်မယ် 🤍💚
Prices- Cb

 LEVIS 501 ( W 29-30 )Sky Blue ရှားပါးအရောင်လေး 😍😍Straight လေးကိုမှ   ခြွေဝ 7ကျော်ကျော်လေးနဲ့ 💙MADE IN  USA နဲ့ထွက်ပါတယ်...
22/06/2024


LEVIS 501 ( W 29-30 )
Sky Blue ရှားပါးအရောင်လေး 😍😍
Straight လေးကိုမှ ခြွေဝ 7ကျော်ကျော်လေးနဲ့ 💙

MADE IN USA နဲ့ထွက်ပါတယ် ❤️
100% အထည်စစ်စစ်လေးကို 💯💯💯
အသားတင်းတင်းလေးနဲ့ဆိုတော့
မိုက်နေရောဗျာ 😍💙

LEVIS 501
Made in USA 🇺🇲🇺🇲🇺🇲
BUTTON CODE 524
W 29 /30 (30 fit )
L 29
T 11ခွဲ
Hf 7ကျော်ကျော်
PRICE 💸💸20000 MMK
Skyblue ကာလာလေးမို့ ရှိတော့ရှိမယ် ရှားမယ်.....
ဆိုဒ်ထပ်တူကျတုန်းလေးယူထားကြနော် ချစ်ကိုတို့ 💙

Thrifty's world
09-699298963
09-949119298
YGN COD OK

  LEVIS 512 ( W29-30)အနက်စိုရွဲအမိုက်စား‌လေးတစ်ထည်လာပီ...😍😍Skinny Black ကို   ခြွေဝ 6လက်မခွဲလေးနဲ့အမိုက်လေး တစ်ထည်လာပီ.....
22/06/2024


LEVIS 512 ( W29-30)
အနက်စိုရွဲအမိုက်စား‌လေးတစ်ထည်လာပီ...😍😍
Skinny Black ကို ခြွေဝ 6လက်မခွဲလေးနဲ့
အမိုက်လေး တစ်ထည်လာပီ.....🖤🖤

MADE IN China Official နဲ့ထွက်ပါတယ် ❤️
100% အထည်စစ်စစ်လေးကို
ဆွဲသား 2%ဆိုတော့ ပေါ့ပေါ့ပါးပါး‌လေးနဲ့
မိုက်နေရောဗျာ 😍🖤

LEVIS 512
BUTTON CODE 4112
W 29 /30 (30 fit )
L 28ခွဲ
T 10
Hf 6.5
PRICE 💸💸18000 MMK

Thrifty's world
09-699298963
09-949119298
YGN COD OK

Vintage clothing အကြောင်း တစေ့တစောင်းVintage clothing Vintage Clothings ဆိုတာ  မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ န...
20/01/2024

Vintage clothing အကြောင်း တစေ့တစောင်း

Vintage clothing

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့

Bale ဆိုတာ English လို အစီးကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...

ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အိတ် ဖိနပ် ဦးထုပ် ခါးပတ် အမျိုးးအစား အစုံပါပါတယ်...

နိုင်ငံတကာမှာ Vintage Store တွေ Thrift Shop/Thrift Market တွေ အများကြီး ရှိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆို Weekend Thrift Market အကြီးကြီးဖြစ်တဲ့ ChauktuChauk ရှိပါတယ်...လူစည်ချက်ကတော့ မျက်စိလည်.... မူးတောင်သွားမယ်။
ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်မှာလည်း ဘေထုပ်ဒိုင်ဈေးကြီး Rong Khruea Market ရှိပါတယ်..
မြဝတီ-မဲဆောက်ဘက်မှာလည်း Vintage Stores တွေရှိပါတယ်..
Europe က နိုင်ငံတော်တော်များများမှာလည်း Thrift Store တွေ Vintage Clothings Shop တွေ ရှိပါတယ်... မြန်မာပြည်မှာလို လေဟာပြင်ဈေးတန်းတွေသာမက Ocean လို Super Market နဲ့ကို second hand, good quality တွေရောင်းတာနော်....အဲ့မှာဆိုရင် ကိုယ်လို Vintage ဝတ်ရတာ...ရှာရတာ ကြိုက်တဲ့ နိုင်ငံခြားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်ဈေးကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)

Vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...ဘယ်သူနဲ့မှကို မတူချင်တဲ့ သူတို့ စတိုင် Inspiration တွေက Vintage wears တွေမှာ ရှာတွေ့နိုင်လို့ပါပဲ..(တချို့တွေကို customize ဖြတ် ညှပ် ကပ် ပြန်ပြင်ပါတယ်)..... နာမည်ကြီး အဆိုတော် Taylor Swift , fashion မမ Kylie Janner , လူမည်းအဆိုတော် Chris Brown, Rihana, Justin Bieber အဆုံး Hollywood က ကြယ်ပွင့်တော်တော်များများကို vintage wears တွေနဲ့ ထသွားထလာတွေရော ပွဲတက်လာတာတွေရော တွေ့နိုင်ပါတယ်။
အဆိုတော် Macklemore တောင် Thrifting ဘေထုပ်နှိုက်တဲ့ အကြောင်း သီချင်းတောင် စပ်ဆိုထားသေးတယ်.... အဲသီချင်းများ နာမည်ကြီးချက်...song title ကိုက Thrift Shop... တော်တော်များများ သိပြီးကြမှာပါ.... မသိသေးရင် သူ့ရဲ့ Music Video ကို Download လုပ်ပြီး နားထောင်ကြည့်လိုက်ပါဦး...
ကိုယ်တွေက အဲ့သီချင်းပေါ်ခါစကဆို အဲ့သီချင်းဆိုပြီးတော့ကို ဘေထုပ်နှိုက်ခဲ့တာ...ကိုယ့်ကိုယ် ဘေဆရာကြီးပေါ့လေ....

ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ ဈေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

၂ အချက် ဈေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ ဈေးချုပ်ထည်ထက်တောင် ဈေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် Limited Edition ဈေး တွေကတော့ ချွင်းချက်ပေါ့ရှင် ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်ဈေးမတောင်းသလို ဝယ်သူကလည်း အဟောင်းဈေးဘဲ ပေးတာပါပဲ )

၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်ဈေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း ဈေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က ဈေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့.....အပေါက် အပြဲ အစွန်းအထင်းတွေပါတာ ရွေးလာမိတာ သိရင် ဂွမ်းပေါ့....
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်တပ်ခေါက်ပြန်လာရမှာ.... 🥹



Levi's Authentic ကြယ်သီးနဲ့ ဇစ် တွေ အကြောင်းThrifty's World ကနေပြန်လည်ဝေမျှပေးလိုက်ပါတယ်
10/01/2024

Levi's Authentic ကြယ်သီးနဲ့ ဇစ် တွေ အကြောင်း
Thrifty's World ကနေ
ပြန်လည်ဝေမျှပေးလိုက်ပါတယ်






Levi's Authentic အတွင်း label tags တွေ အကြောင်းThrifty's World ကနေပြန်လည်ဝေမျှပေးလိုက်ပါတယ်
04/01/2024

Levi's Authentic အတွင်း label tags တွေ အကြောင်း
Thrifty's World ကနေ
ပြန်လည်ဝေမျှပေးလိုက်ပါတယ်





Levi's အကြောင်းLevi's ဂျင်းဘောင်းဘီဟာ မြန်မာနိုင်ငံမှာ လူကြိုက်များပေမယ့် လီဗိုက်ဘောင်းဘီအကြောင်း သေချာသိတဲ့သူနည်းပါတယ်။...
04/01/2024

Levi's အကြောင်း

Levi's ဂျင်းဘောင်းဘီဟာ မြန်မာနိုင်ငံမှာ လူကြိုက်များပေမယ့် လီဗိုက်ဘောင်းဘီအကြောင်း သေချာသိတဲ့သူနည်းပါတယ်။
ဒါကြောင့်မို့ ကျနော်သိသလောက် Post တပိုစ့် ရေးဖြစ်တာပါ။

စကားဦးအနေ့နဲ့ ကြို တောင်းပန်ထားချင်တာကတော့...
ကျနော် အရမ်းသိနားလည်လို့ ရေးပေးနေတာမဟုတ်ပါဘူး…။
ကိုယ်သိခဲ့တဲ့ နားလည်ခဲ့တဲ့ ဂျင်းဘောင်းဘီယဉ်ကျေးမှုကို
ကျနော့်လို လီဗိုက်ချစ်တဲ့ ဘော်ဒါတွေကို ပြန်မျှဝေပေးတဲ့သဘောပါ…။ ကျနော့်ထက်ပိုသိ ပိုနားလည်တဲ့သူတွေလဲ အများကြီးမို့…ကျနော်ရေးတဲ့အထဲမှာ မှားနေတဲ့နေရာ လိုနေခဲ့တဲ့နေရာ
မပြည့်စုံခဲ့တာ ရှိရင် ထောက်ပြပေးကြပါလို့…

ကိုယ်တိုင် ဝတ်ဖူးပြီး ခံစားခဲ့ဖူးတဲ့ ဖီလင်ပေါ်မူတည်ပြီး
ရေးတာဖြစ်တဲ့အတွက်ကြောင့်မို့…..အပြည့်အစုံမဟုတ်သလို
အရေးအသားလဲ မညက်ဘူး၊ အမှားလဲ ပါကောင်းပါမယ်ပေါ့ဗျာ..။
ဒါပေမယ့် ကျနော်ရေးတာဖတ်ပြီး မသိသေးတဲ့သူတွေ ကိုယ်
ဘယ်လိုပုံစံ ဘယ်လိုဒီဇိုင်းဝတ်ချင်တယ်ဆိုတာ သိသွားပြီး
ရွေးချယ်ခွင့်ရသွားမယ် ဆိုရင်၊ ဝတ်နေကျပုံစံကနေ
တခြားပုံစံပြောင်းဝတ်ချင်တဲ့ဘော်ဒါတွေ အတွက်လဲ
ဘယ်လိုပုံစံ ပြောင်းပြီးဝတ်ရင် ပိုကောင်းလာမလဲ
ပိုသင့်တော်လာမလဲ လို့ စဉ်းစားတဲ့အခါ ဒီပို့စ်လေးက
အထောက်အကူဖြစ်စေမယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်

ဦးဆုံးစပြောရရင်တော့ လူကြိုက်များတဲ့ 501 အကြောင်းပေါ့

မြန်မာပြည်မှာ လူကြိုက်များတာ ကြယ်သီးတပ် 501 ပါ။
ခုရေးမှာကတော့ 501 ခြင်းတူပြီး ဘာလို့ ကွဲသွားတာလဲ..
ဘာတွေကွာတာလဲ ဆိုတာရဲ့ အဖြေလဲဖြစ်မှာပါ..။
နောက် CUT မတူတာနဲ့ ငါ့ဟာက အစစ် မင်းဟာက
အတုဆိုပြီး ငြင်းခုံကြတာလဲ ပြေလည်သွားမယ်ထင်ပါတယ်...။

ဟုတ်ကဲ့ 501 က အတုအများကြီးထွက်ပါတယ်...။
ဖြစ်သလိုထုတ်တဲ့ အတုနဲ့ အစစ်နီးပါးကောင်းတဲ့အတု
အထိရှိပါတယ်...။ 501 လို့ရေးပြီး ကြယ်သီးနဲ့မဟုတ်ဘဲ
ဇစ်နဲ့ ဖြစ်နေတဲ့ အတုကတော့ လုံးဝရုပ်ဆိုးတဲ့ အတုပေါ့ဗျာ... (501Z ဆိုတဲ့ကောင်ကမှ ဇစ်ပါတာပါ..)
တကယ့် Levi's ဘောင်းဘီအစစ်တွေမှာ ထုတ်တဲ့
ခုနှစ်နဲ့လ ပါပါတယ်..။ နောက် ကြယ်သီးအနောက်ဖက်မှာ
နံပါတ်ပါပြီး အဲ့နံပါတ်ကလဲ တံဆိပ်မှာပြန်ပါပါတယ်...။
တထည်ချင်းစီမှာ နံပါတ်ပါပါတယ်...။

နောက် ကုတ်နံပါတ်ပေါ်မူတည်ပြီး ဘယ်ဒေသ (Region) ကနေထုတ်သလဲဆိုတာ ခွဲလို့ရပါတယ်...။ အဓိကတော့ ဒေသ(၃)နေရာရှိပါတယ်... အသေးစိတ်ကတော့ စာရှည်မှာဆိုးလို့ နောက် အလျင်းသင့်ရင် ပြောပြပေးပါ့မယ်...။

လုံးဝခွဲမရအောင်တူတဲ့ အစစ်နဲ့အတု ဘယ်မှာကွာသလဲဆိုရင် အချိန် ကြာလာရင် ကွာသွားပါတယ်...။ အစစ်က ကြာလာလေ အသားအိလာလေ ပိုဝတ်လို့ကောင်းလာလေ ဖြစ်ပြီး အတုက ကြာလာလေ မဝတ်ချင်လေဖြစ်လာပါလိမ့်မယ်...။ ဒါပေမယ့် ကြာရှည်ခံအောင်ထိန်းသိန်းနည်းပေါ်လဲ မူတည်သေးတာပေါ့....။

501 ကိုမှ အမျိုးမျိုးထပ်ခွဲထားပါသေးတယ်...
CUT ထဲမှာ အကြမ်းအားဖြင့် ဒီလိုခွဲထားပါတယ်...။
501 Original
501 Shrink-to-Fit
501 CT
501 Short
501 Students

501 Original
ဒီကောင်ကတော့ အော်ရယ်ဂျီနယ်ဆိုတဲ့အတိုင်း ပုံမှန်ပါပဲ....။ ကိုယ်ဘာကြိုက်မှန်းမသိရင် ဒါပဲ၀ယ် မမှားဘူး...

501 Shrink-to-Fit
ဒီကောင်က ရေလျှော်ပြီးရင် နည်းနည်းပြန်ကျုံ့တဲ့ကောင်ပါ...။
ကိုယ်ဝတ်နေကျဆိုဒ်ကနေ တဆိုဒ်ကြီးတာဝယ်ပြီး ဝတ်ရင်
အကောင်းဆုံးပါ..။ ဆိုဒ်ကွက်တိဝယ်ပြီး ရေချပြီးတဲ့ အခါ
ကျပ်နေတတ်ပါတယ်...။ တခုကောင်းတာက သူက အချိုးအစား
သိပ်မမှန်တဲ့ခြေထောက်တွေ အတွက် ပိုအဆင်ပြေတယ်...။
ဆိုလိုတာက ခြေသလုံးတုတ်တဲ့သူ.. ပေါင်လုံးတုတ်တဲ့သူတွေ
အတွက်ဆို ပုံကျသွားတတ်ပါတယ်..။ Shrink-to-Fit ဖြစ်လို့ပါ။ တချို့က ခါးရိုးရှည်တယ်.. တချို့က ခြေတံရှည်တယ်..
အဲ့လိုကွဲပြားတဲ့ သူတွေကြောင့်ပါ...။

နောက် ရေလျှော်တာနဲ့ အဝတ်အပူပေးတာ အပေါ်လဲ
မူတည်ပါတယ်...။ အနောက်နိုင်ငံတွေဖက်မှာ အဝတ်လျှော်တာ ပိုးသေအောင်လို့ ရေပူနဲ့လျှော်ကြပါတယ်...။
နောက် နေလှမ်းအခြောက်မခံဘဲ အခြောက်စက်ထဲထည့်ပြီး
အပူပေးခြောက်အောင်လုပ်ကြပါတယ်...။ အဲ့ကျရင် ပိုပြီး ကျုံ့တာမြန်ပါတယ်...။ မြန်မာပြည်မှာကျ ရေအေးနဲ့ပဲလျှော်ပြီး နေလှန်းအခြောက်ခံတာမို့ မြန်မြန်မကျုံ့သွားပါဘူး...။ နောက် ဖြစ်နိုင်ရင် ဂျင်းဘောင်းဘီတွေကို မီးပူမထိုးပါနဲ့.....။ မီးပူထိုးလိုက်ရင် အသားပျော့အောင် အတွင်းဖက်မှာ ဖျန်းထားတဲ့ ပျော့ဆေး..(ဖယောင်းသားပါဝင်တဲ့ပျော့ဆေး) က အပူကြောင့် ကြာလာတော့ ဆေးကုန်သွားတတ်ပါတယ်....။ ဂျင်းကိုမီးပူထိုးပြီး ဝတ်ခါစမှာ တောင့်တောင့်ကြီးဖြစ်နေတာ ဒါကြောင့်ပါ....။

501 Shrink-to-Fit ကို ပထမဆုံးရေချတာက ပညာသားပါပါတယ်..။ရေခွက်ထဲဒီတိုင်း ရေစိမ်ပြီး ရေချလိုက်ရင် ကိုယ်လိုချင်သလို မဖြစ်လာပါဘူး...။ သူ့ကိုပထမတရေ ရေချနည်းက...ဝတ်နဲ့သူက ဝတ်ထားပြီး ရေစိမ်ကန်ထဲ စိမ်..ဒါမှမဟုတ် ၁၅ မိနစ် ၂၀မိနစ်လောက် ဘောင်းဘီဝတ်ထားပြီးရေချိုးရတာပါ။
ဝတ်ထားပြီး ရေစိမ်ချိုးတာတော့ အကောင်းဆုံးပေါ့...။ မြန်မာပြည်မှာတော့ အိမ်တိုင်းရေစိမ်ကန်မရှိတော့ ဝတ်ချိုးပြီး ကိုယ်လိုချင်တဲ့ပုံသွင်းတဲ့သဘောပေါ့...။

ဘောင်းဘီက ပထမ ၅မိနစ်လောက်က မသိသာပေမယ့် တဖြည်းဖြည်းကြာလာတာနဲ့အမျှ ဘောင်းဘီက အသားနဲ့ ကပ်လာတာ သိသာလာပါတယ်...။ ၁၅ မိနစ်လောက် (မိနစ်၂၀လောက်ဆိုပိုကောင်းပါတယ်) ကျော်သွားရင်တော့... ပြန်ချွတ်ပြီး ရေညစ်ပြီး လှမ်းထားလိုက်လို့ရပါပြီ...။ ခြောက်သွားတဲ့အခါ ပြန်ဝတ်ကြည့်ရင် ပထမဆုံးဝတ်သလို ပွယောင်းယောင်းမဟုတ်တော့ဘဲ ကိုယ်နဲ့ တိုင်းချူပ်ထားသလားထင်ရလောက်အောင် ဖစ်ဆိုဒ်ဖြစ်နေပါလိမ့်မယ်...။ ရေအကြာကြီးချိုးမိလို့ နှာစေးချောင်းဆိုးဖြစ်ရင်တော့ ကျနော် အပြစ်မဟုတ်ဘူးနော်...။

501 CT
CT stand for CUSTOMISED AND TAPERED
ကာစတန်မိတ် ပုံစံဖြစ်တာကြောင့် ပုံပိုကျပါတယ်..။ ကိုယ်ဝတ်နေကျဆိုဒ်ကို ၁ဆင့် အတိုးအလျှော့လုပ်ပြီးဝတ်လို့ရပါတယ်..။ ပုံမှန် ၃၃ ဝတ်တဲ့သူက CT မှာ ၃၂၊၃၃၊၃၄သုံးမျိုးဝတ်လို့ရပါတယ်...။ ၃၂ ဆို နည်းနည်းကျပ်ပေမယ့် ပုံကျတာကြောင့် ကြိုက်ကြပါတယ်...။ ၃၄ ကျတော့ နည်းနည်းပွယောင်းယောင်းဖြစ်ပေမယ့် လှုပ်ရှားရပိုပေါ့ပါးပြီး ပိုသက်တောင့်သက်သာဖြစ်ပါတယ်တဲ့...။ ထုံးစံအတိုင်းပဲ ကာစတန်မိုက်လုပ်ထားတယ်ဆိုတော့ စျေးလဲပိုကြီးပါတယ်...။ ချုပ်သားနည်းနည်းကွာပါတယ်...။ ခါးအပေါ်မတက်သွားဘူး...။

501 Short
ဒါကတော့ အတိုပါ...။ နွေရာသီလို ရာသီဥတု..... အထူးသဖြင့် မြန်မာပြည်လို ရာသီဥတုမျိုးမှာ ကိုက်ညီပါတယ်...။

501 Students
ဒီကောင်ပုံကတော့ Original နဲ့ အပေါ်ပိုင်းမှာ ကြယ်သီးက ၃ လုံး (ဆိုဒ်တော်တော်ကြီးမှ ၄လုံးပဲ)ပါလို့ ဘောင်းဘီဂွက ပိုတိုပါတယ်...။ အဲ့ဒါကြောင့် ခါးဆိုဒ် ၃၀ အောက်ပိန်ပိန်ပါးပါး အရွယ်လေးတွေ ဝတ်ရင် ပိုလှ ပိုစတိုင်ကျလို့ 501 Students လို့ ခေါ်တာပါ...။ ခါး၃၀ အထက်လူတွေက လူကြီးပိုင်းဖြစ်လာလို့ ခါးတုတ်လာသလို ဂွ တိုတဲ့အခါ တခါတလေ နေရခက်ပါတယ်...။ ဟာသအနေနဲ့ပြောရရင် (ဥညပ်ပြီး အသက်ရှူကျပ်တယ်ပေါ့ဗျာ)...... အပေါ်ပိုင်းက ဂွတိုသလို အောက်ဆုံးနေရာမှာမှ ရှူးပြီး ခြေထောက်အိုးအပေါက်ကျဉ်းသွားတာပါ...။ ဘောင်းဘီကို ကန်ထရီးဒေါက်ထဲ ထည့်စီးချင်တဲ့သူတွေအတွက် သင့်တော်ပေမယ့်...။ အပြင်ထုတ်ဝတ်တဲ့သူတွေအတွက်တော့ ဝတ်လို့မရဘူးပေါ့ဗျာ...။ နောက် ဘောင်းဘီကိုအောက်မှာခေါက်ဝတ်တဲ့သူတွေ အတွက်အဆင်မပြေဘူး...။အဲ့ဒါကြောင့် အဲ့ကောင်ဝတ်မယ်ဆို အရှည် ကွက်တိကောင်ပဲ ဝယ်သင့်ပါတယ်... ပိုရှည်တာဝယ်မိရင် အောက်ခြေမှာ ဂျင်းသားပုံကျနေပြီးကြည့်ရတာနည်းနည်းဆိုးပါတယ်...။ တချို့က ခြေသလုံးဖော်ချင်လို့ သေချာကို တိုတာဝယ်တာတော့ရှိတယ် (အမျိုးသမီးတွေအများစုပေါ့ဗျာ)။
နောက်တချက်က ခြေထောက်ပြားကြီးတဲ့ အာရှသားတွေ အတွက်တော့ ဝတ်ရနည်းနည်းခက်တယ်.. အောက်ခြေကျဉ်းလို့ ခြေသလုံးတုတ်တဲ့သူတွေကို နည်းနည်းရုပ်ဆိုးစေတယ်...။ နောက်ပိုင်း ဆိုင်တိုင်းမှာမတင်တော့ဘူး....။ SOHO ဆိုဟို တို့၊ BROADWAY ဘရော့ဝေး တို့ဖက်က ဆိုင်တွေမှာပဲ ရောင်းတော့တယ်...။
ကျနော်ကိုယ်ပိုင်အမြင်နဲ့ဆို မကြိုက်ဘူး...။ သေချာရွေးမဝယ်ဘဲ ဝယ်မိပြီး ဝတ်လိုက်ရင် ဘေးက ချုပ်ရိုးက အတွင်းဖက်ကိုလိမ်သွားလို့ (အောက်ခြေကို ကျဉ်းထားတော့ ချုပ်ရိုးက သေချာမချုပ်တတ်တဲ့သူဆို လိမ်သွားတယ်)...။ စျေးက ရိုးရိုးကောင်ထက် ၅ကျပ်လောက်သက်သာတယ်...။

အပေါ်က ထဲမှာမပါတဲ့ 501 တမျိုးက 501 Boyfriend Jean ဖြစ်ပါတယ်...

ကောင်မလေးတွေက သူတို့ချစ်သူရည်စားနဲ့ ချစ်ပွဲဝင်ပြီးတဲ့အခါ ယောက်ျားလေးက အိပ်ပျော်နေတုန်း ကောင်မလေးက အဲ့ယောက်ျားလေးရဲ့ဂျင်းဘောင်းဘီကို ယူဝတ်တာကနေ စလို့ အဲ့နာမည်တွင်တာပါ....။ ကောင်မလေးတွေအတွက်ပဲ ထုတ်တာပါ.။ ကောင်မလေးဝတ်ဆိုတော့ တင်နေရာမှာ နည်းနည်းပိုကြီးထားပြီး အလက်စတစ်သားနည်းနည်းပိုထည့်ထားလို့.. တင်တွေ တင်းတင်းရင်းရင်းနဲ့ ထင်းသွားပါတယ်... တခြားထူးခြားချက်ကတော့ ကျနော်မဝတ်ဖူးလို့ မသိဘူးဗျ....။

နောက် ၅၀၁ ထဲမှာပဲထပ်ခွဲတာ စတိုင် နဲ့ အရောင်ပါ.. ကျောက်ခဲလျှော် တို့.. ရေစိုတို့...ဒူးပြဲတို့.. ခြစ်ရာတို့.. ကြောင်ခြစ်တို့.. အနားဖွာတို့ (ကိုယ့်ဟာကိုယ်နားလည်သလိုပေးထားတဲ့ မြန်မာနာမည်တွေပေါ့ဗျာ) ဆိုပြီး စတိုင်ကွာပါသေးတယ်...။ အဲ့ဒါတွေလဲ နောက် အလျှင်းသင့်ရင် ပြောပြပေးပါမယ်...။

အရောင်မှာ အရောင်စုံရှိပါတယ်...။ ဘောင်းဘီမချုပ်ခင်မှာ ဆေးဆိုးထားတဲ့ အရောင်နဲ့... ဘောင်းဘီချုပ်ပြီးမှေ ဆေးဆိုးတဲ့ အရောင်ဆိုပြီးကွဲပါတယ် (ခါးက တံဆိပ်မှာ အသားရောင်မဟုတ်ဘူးဆိုရင် ချုပ်ပြီးမှ ဆေးဆိုးတယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်)။ ဆေးဆိုးတဲ့ အရောင်ရယ် ဘယ်လိုဆိုးတယ်ဆိုတာပေါ်မူတည်ပြီးတော့ ရေလျှော်ရင် အရောင် ကျွတ်တာရယ် ရေလျှော်ရင် အရောင်မကျွတ်တာရယ်ဆိုပြီး ရှိပါသေးတယ်...။ နောက် အလင်းထဲမှာ တစ်ရောင် အလင်းရောင်မကောင်းတဲ့နေရာမှာ တစ်ရောင်ဖြစ်တဲ့ အရောင်တွေလဲရှိပါတယ်...။

အများဆုံးဝတ်ကြတဲ့ အရောင်က အပြာပါ.... ရိုးရိုးအပြာက ပထမဖြစ်ပြီး မိုးပြာက ဒုတိယပါ...။ နက်ပြာ(အနက်ဖက်သန်းတဲ့အရောင်) က တတိယပါ...။ နောက်မှ အနက်တို့ အစိမ်းပုတ်တို့ ဝတ်ကြပါတယ်...။ အဖြူလဲ ဝတ်ကြပါတယ်...။ မြန်မာပြည်မှာကျ အဖြူက အပေမခံဘူးဆိုပြီး သိပ်မဝတ်ကြပါဘူး..။ ဒါပေမယ့် အဖြူက ဝတ်တဲ့သူက သေချာဝတ်တတ်ရင် တော်တော်ကြည့်ကောင်းပါတယ်...

မြန်မာပြည်ဖက်မှာတော့ အနီကိုယောက်ျားလေးတွေ ဝတ်ကြပေမယ့် ဒီဖက်မှာတော့ ယောက်ျားလေး အနီဝတ်တာ မတွေ့ဖူးပါ...။

ဒါကတော့ 501 ထဲက အကြမ်းဖျင်းခွဲပြထားတာပါ...။ 501 ကိုမှ အမြင့် တွေ အနိမ့်တွေရှိပါသေးတယ်...။

501### လို့လဲခေါ် RED Line လို့လဲခေါ် BIG E လို့လဲခေါ်တဲ့ ကောင်တွေလဲရှိပြီး တစ်ထည်ထဲကို ဒေါ်လာ၂၀၀ ဝန်းကျင်ကနေစပါတယ်...။ (ချုပ်ရိုးအတွင်းသားထဲမှာ အနီရောင်းလိုင်းလေးပါလို့ Red Line လို့ခေါ်တာပါ..၊ Big E လို့ခေါ်တာကတော့... တင်ပါးအိပ်ကပ်မှာ ချုပ်ထားတဲ့ အနီရောင် အမှတ်တံဆိပ်လေးမှာ E နေရာမှာ အကြီးဖြစ်နေလို့ပါ)။ နောက် အလျင်းသင့်ရင် ကျနော့်ဆီရှိတဲ့ ဘောင်းဘီပုံတွေတင်ပေးပါ့မယ်...။

နောက် ပုံပိုကျတဲ့ Made & Crafted တွေလဲရှိပါသေးတယ်။ အဲ့ကောင်တွေလဲ ၁၅၀ လောက်ကနေစပါတယ်...။ နောက် အင်ဝျင်နီယာဂျင်းတွေ လက်သမားဂျင်းတွေဆိုပြီးလဲ ရှိပါသေးတယ်...။ ဒါတွေကတော့ အကြမ်းဖျင်းပါ...။

လူတိုင်းသိတဲ့ နာမည်ကျော် 501 ကတော့ ကြယ်သီးတပ်နဲ့ အဓိကထုတ်တာပေါ့။ ဇစ်နဲ့ထုတ်တဲ့ 501 လဲရှိပါတယ်။ ဒါပေမယ့် အဲ့ကောင်က ဆလက်ရှင်ဖြစ်လို့ စျေးလဲကြီးသလို ရှားလဲရှားပါတယ်…။
ခါးက တံဆိပ်မှာလဲ 501Z ဆိုပြီး ပါပါတယ်…။ အဲ့ဒါကြောင့် ရိုးရိုး 501 ကို ဇစ်နဲ့ တွေ့တယ်ဆိုရင် တော်တော်ညံ့တဲ့ အတုလို့ သေချာပေါက် ပြောလို့ရနိုင်တယ်လို့ အပေါ်မှာပြောခဲ့တာပါ…။ အတုလုပ်တဲ့သူတွေ ဇစ်နဲ့ အတုလုပ်ရင် 501 ဆိုတဲ့ နံပါတ်အနောက်မှာ Z လေးတော့ ထည့်ပြီး ပိပိရိရိတုသင့်တာပေါ့နော့…။

501 က ဘာလို့ ကြယ်သီးတပ်နဲ့ ဖြစ်နေတာလဲဆိုတဲ့ အဓိကအဖြေက နောက်ပိုင်း 501 လို့ နံပါတ်တပ်လိုက်တဲ့ ရှေးဦး ဂျင်း မူလအစထုတ်တုန်းက ဇစ် မပေါ်သေးလို့ပါ…။ လီဗိုက်ဂျင်းက 1873 မှာ စပေါ်ပြီး ဇစ်က 1893 မှ စပြီး ပေါ်တာမို့ပါ…။ ဇစ်ကို တကယ် လူတွေစသုံးဖြစ်တာ 1913၊ သေချာကျယ်ကျယ်ပြန့်ပြန့်ထုတ်တာ 1917 မှ စလို့ပါ..။ ဇစ်မပေါ်ခင်ကဆိုတော့ ကြယ်သီးပဲ ဖြစ်မယ်ဆိုပါတော့ဗျာ…။ ဘုကျပြီးမေးချင်ရင်တော့ တွယ်အပ်တော့ပေါ်နေပြီပေါ့ဗျာ.. ဒါပေမယ့် တပ်ရ ဖြုတ်ရမှ အဆင်မပြေတာ…၊ နောက် မတော်လို့ ချော်ပြီး မှားထိုးမိရင် မျိုးပါကန်းနိုင်တဲ့ အခြေအနေနဲ့ မတွေးဝံ့စရာ...။ အဲ့ဒါကြောင့် အင်္ကျီတွေမှာတော့ တွယ်အပ်ကိုသုံးကြပြီး ဘောင်းဘီတွေမှာ ကြယ်သီးကိုသာ သုံးကြပါတယ်…။ နောက်ပိုင်း ဇစ်တွေ တွင်ကျယ်လာပေမယ့် မူလလက်ဟောင်းကြယ်သီးနဲ့ကောင်ကို 501 မှာဆက်လက်အသုံးပြုရာကနေ ခုချိန်ထိ 501 က ကြယ်သီးတပ် အဖြစ်ရှိပြီး 501 ကြယ်သီးတပ်ဆိုပြီး တွဲသိကြတာပါ….။

501 မဟုတ်တဲ့ တခြားနံပါတ်တွေက ဇစ်နဲ့ ထုတ်တာများပါတယ်… (ကြယ်သီးနဲ့လဲထုတ်တာတွေရှိပါတယ်၊ နောက် ကျရင် ပြောပြပေးပါမယ်)
ခုဆက်ပြောမယ့် နံပါတ်တွေက ယောက်ျားလေးဝတ်နံပါတ်တွေ အကြောင်းပါ…။ (နံပါတ်ကိုကြည့်ပြီး ယောက်ျားဝတ် မိန်းမဝတ်ဆိုပြီး အကြမ်းဖျင်းခွဲလို့ရပါတယ်…) မိန်းကလေးတွေက ယောက်ျားဝတ်ကိုဝတ်တာ သိပ်မသိသာပေမယ့်… ယောက်ျားလေးက မိန်းကလေးဝတ် စွပ်မိရင် နည်းနည်းကြည့်ရဆိုးပါတယ်… (ကျနော်ကိုယ်တိုင် မှားဝယ်ဖူး ဝတ်ဖူးလို့ သိတဲ့ ကိုယ်တွေ့မို့ပါ…။)

ယောက်ျားလေးဝတ်ထဲက 500 စီးရီး ကိုပဲ ဒီတခေါက်ပြောပါ့မယ်… 300 ကျော်စီးရီးတွေကနေ 900 ကျော် စီးရီးထိ အစားစားရှိပြီး တချို့ နံပါတ်တွေဆို လူသိတော်တော်နည်းပါတယ်… ကျနော်ကိုယ်တိုင်လဲ တခြားစီးရီးတွေကို သေချာမသိဘူး ဆိုတာ ဝန်ခံပါတယ်..။ အဲ့ဒါကြောင့် သိတာတွေထဲကပဲ အရင်ပြောပြပါ့မယ်….

ယောက်ျားလေးဝတ်အတွက် ထုတ်တဲ့ နံပါတ်တွေက
501
505
510
511
513
514
517
527
541
550
559
560
569 ဆိုပြီး 500 စီးရီးထဲမှာ အကြမ်းဖျင်း မှတ်လို့ရပါတယ်…

မိန်းကလေးဝတ်တွေအတွက် နံပါတ်တွေက
501
505
512
515
518
524
529
535

အဲ့ထဲက 501 နဲ့ 505 ပဲ ကျားရော မရော ထွက်တာပါ။ ကျန်တာတော့ ကျားနံပါတ် မနံပါတ်ဆိုပြီး အမျိုးစားခွဲပြီးထုတ်ပါတယ်...။

501 ထဲမှာ Boyfriend Jean ဆိုပြီး မိန်းကလေးဝတ်ထွက်ပြီး .. 505 ကတော့ ယောက်ျားလေးနဲ့ ပုံစံတူ နံပါတ်တူ မိန်းကလေးထဲ ထွက်တာပါ…။ မိန်းကလေးဝတ် 505 က ဂွနောက်ခြမ်းကို ပိုကြီးပေးထားပါတယ်.. ဆိုလိုတာက အပေါ်ဆုံးကြယ်သီးကနေ ဂွ နေရာထိကို အရှေ့ခြမ်းမှာ ၁၀လက်မနီးပါး ရှိပေမယ့် အနောက်ဖက်ခြမ်းမှာ ၁၅ လက်မ ထိ ရှည်ထားပေးတာပါ…။ အဲ့ဒါကြောင့် ဝတ်တဲ့အခါ အမျိုးသမီးတွေအတွက် တင်ပါးကို အပေါ်ဆွဲတင်ပေးသလိုဖြစ်ပြီး ဝတ်တဲ့သူရော ကြည့်တဲ့သူကောအတွက် အချိုးပြေတာပါ…။ အမျိုးသမီးဝတ်တွေ စီးရီးတော်တော်များများက အဲ့လို ချုပ်ထားတာပါ...။

ယောက်ျားလေး ဂျင်းနံပါတ်တွေ အကြောင်းပဲ သိပြီး သိတာကိုပဲ အခြေခံပြီးပြောမှာမို့… မိန်းကလေးဂျင်းတွေ အကြောင်းတော့ ထပ်မပြောတော့ပါ။

ကဲ လာပြီ........

501 …….. အပေါ်မှာ အသေးစိတ် ပြောခဲ့ပြီးပါပြီ…။
အကြမ်းဖျင်းကတော့ ကြယ်သီးတပ်
ခေတ်ဟောင်းကြပ် (Classic Fit)….ခြေတံအဖြောင့်… (Students ကတော့ အောက် နည်းနည်းရှူးသွားတယ်ဆိုပါတော့)

505 --------- ပုံမှန်ကြပ် (Regular Fit) ခြေတံအဖြောင့်… ဇစ်နဲ့
501 ထက် ဂွ မသိမသာ နည်းနည်းလေး ပိုရှည်တယ်၊ ဇစ်တပ် ဖြစ်တာကလွဲလို့ ကျန်တာ အားလုံးနီးပါး တူတယ် ခြေထောက်အိုးအကျယ်က 501 ထက် နည်းနည်းလေး ပိုကျယ်တယ်…။ ကန်ထရီးဘုကို အရှည်စီးမှ သိသာတာပါ… မဟုတ်ရင် သိတောင် မသိဘူး…။

510 ………………. ပိန်သွယ်ကြပ် (Slim Fit) ပါ။ Skinny ဂျင်း လို့ လူသိများပါတယ်… မျက်စိထဲမြင်အောင်ပြောရရင် အမျိုးသမီးတွေ အေရိုးဗစ်ကစားတဲ့ ဘောင်းဘီရှည်လိုမျိုး အသားကပ်ပါ..။ ပိန်ပိန်ပါးပါး ကောင်လေးတွေ ဝတ်ကြတာ များပါတယ်။ ခေတ်သစ် ရော့စတားတွေ အဝတ်များပါတယ်…။ မျက်လုံးမှာ လိုင်နာဆိုး.. နားမှာ နားကွင်းပေါက်ဖောက်.. တီရှပ် အနက်ရောင်နဲ့ အောက်က ဒီဂျင်းကိုဝတ် နောက် ဖိနပ်က အောစတားဖြစ်ဖြစ် VAN ဖြစ်ဖြစ်ဝတ်တာ လူငယ်တွေကြားက ခေတ်သစ် ဖက်ရှင် ပေါ့…။ နောက် ပန့်ဒီဇိုင်းလူငယ်တွေ လဲဝတ်ကြတာပေါ့....။ ဘောင်းဘီတစ်ထည်လုံး အကပ်ဖြစ်လို့ ခြေထောက်သွယ်မှ ပေါင်တံရှည်မှ ပိုကြည့်ကောင်းတာပါ…။ မြန်မာပြည်က နောက်ပိုင်းလူငယ်လေးတွေ အဲ့လိုဝတ်လာကြပါတယ်..။ 510 ကို ဝတ်လား တခြား ဘရန်းတွေ ဝတ်လားတော့ သေချာမကြည့်မိဘူး…။ ကျနော့်လိုဘူဒါးကြီး အရွယ်တွေကတော့ ကြိုက်ကြမယ်မထင်…။ ကျနော်ကိုယ်တိုင်လဲ တထည် ဝယ်ဖူးဝတ်ဖူးပြီး လုံးဝမကြိုက်လို့ လိုချင်သူကို ပြန်ပေးလိုက်ပါတယ်…။ အသားကပ်သားဖြစ်လို့ အသားပျော့တယ်… Spandexသား များများပါလို့ အကြမ်းတော့ သိပ်မခံဘူး…။ ကြမ်းရင် ပြဲသွားပါတယ်.. (ဘောင်းဘီပြောတာနော်)… ရေအပူကြီးနဲ့ လျှော်လို့မရ… ဂျင်းဘောင်းဘီရဲ့ သက်တမ်းလဲ ပုံမှန်ဘောင်းဘီတွေထက် ပိုတိုပါတယ်…။ ဒါပေမယ့် ခေတ်ရေစီးကြောင်းဆိုတော့…ဝတ်ကြပါတယ်….။

511 ……………………….. ဒီကောင်ကလဲ ပိန်သွယ်ကြပ် (Slim Fit) အမျိုးအစားပါပဲ။ 510 လိုတော့ အသားကပ် (Skinny) ဖြစ်တဲ့ထိတော့ မကပ်ဘူး… 501 တို့ 505 တို့ထက် ဂျင်းအသား နည်းနည်းပိုပါးသွားပြီး ဝတ်ရတာ ပိုပေါ့ပါးပါတယ်… တရားလွန်ဝနေတဲ့သူ ဆိုဒ်မတော်တာကြီးတွေကို ဝတ်ထားတဲ့သူတွေကလွဲလို့ တော်ရုံလူတွေ ဝတ်ရတာ အဆင်ပြေပါတယ်…။ စလင်းဖစ်ဆိုတဲ့ အတိုင်း ပေါင်နေရာမှာ ပွယောင်းယောင်းမဖြစ်ပါဘူး…။ အဲ့ဒါကြောင့်လဲ နောက်ပိုင်းနာမည်ကြီးလာတာပါ…။

513 ……………………….. ဒီကောင်ကလဲ ပိန်သွယ်ကြပ် (Slim Fit) အမျိုးအစားပါပဲ။ 511 နဲ့ အပေါ်ပိုင်း အကုန်လုံးနီးပါးတူပြီး အောက်ပိုင်းကျမှ ခြေထောက်အိုး ၁ လက်မလောက် နည်းနည်းပွသွားတာပါ….။ 511 ကို ခြေထောက်အိုး နည်းနည်းပွတာ ဝတ်ချင်တဲ့သူ ခြေသလုံးနည်းနည်း ပိုတုတ်သူတွေအတွက် အဆင်ပြေပါတယ်…။ ဒါပေမယ့် 517 တို့ 527 တို့လို သိသိသာသာကြီး ပွသွားတာလဲမဟုတ်တော့ ဟိုမရောက်ဒီမရောက်ဖြစ်နေလို့ ကျနော်တော့ 511 ကိုပဲ ပိုကြိုက်ပါတယ်…။

514 ----------------------- ဒီကောင်ကတော့ ပုံမှန်ကြပ် (Regular Fit) ဖြစ်ပြီး 505 ကို ပြန်ပြင်ထားတဲ့ကောင်ပါ…။ ဂွကို ပိုတိုထားပြီး ပေါင်နေရာကို နည်းနည်းသိမ်လိုက်တာကြောင့် ပေါင်နေရာကြွက်သားအကြီးကြီးမရှိတဲ့ လူတွေ ပေါင်ရင်းမတုတ်တဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်…။ ခြေထောက်အိုးနေရာတော့ 505 နဲ့တူတူပါပဲ…။ ဒီကောင်ကိုလဲ လူဝတ်များကြတယ်….။ 505 ထက် ချည်သားပိုပါးပါတယ်…။ လူကြိုက်ကြပါတယ်…။

517 ------------------- ဒီကောင်ကတော့ 511 513 တို့လို ပိန်သွယ်ကြပ်အမျိုးအစားပါ… မတူတာက ခြေထောက်နေရာမှာ သိသိသာသာပွထားတာပါ…။ Boot cut ဖြစ်လို့… ကောင်းဘွိုင်ကန်ထရီးဘု စီးတဲ့သူတွေအတွက် ထုတ်တယ်လို့တောင် ပြောလို့ရပါတယ်…။ ဒါပေမယ့် ဘုရဲ့ အနောက်မှာ ဆူးသွားလေးတပ်ထားရင်တော့ ဒီကောင်မဝတ်သင့်ပါဘူး…။ အဲ့ဆူးသွားဝိုင်းက ဘောင်းဘီကိုညိပြီး ပြဲတတ်လို့ပါ…။ ရိုးရိုးဘုပဲဆိုရင် အဆင်ပိုပြေပြီး ပိုကြည့်ကောင်းပါတယ်…။ 501 တို့ 505 တို့ကျ အဝကျယ်တဲ့ BOOT ဝတ်ပြီးရင် ဘောင်းဘီခြေထောက်အိုးက သိသိသာသာပိုမကျယ်လို့ မြင်းပေါ်တက်လိုက် ပြန်ဆင်းလိုက်လုပ်တဲ့အခါ ဘောင်းဘီက BOOT အပေါ်တက်သွားပြီး ပြန်မကျလာပါဘူး…။ နည်းနည်းပြန်ဆွဲချပေးရပါတယ်..။ 517 တို့ 527 တို့ကျ ချောင်ချောင်ချိချိဖြစ်လို့ ပိုအဆင်ပြေပါတယ်…။ အဲ့ဒါကြောင့်လဲ ဒီအမျိုးအစား ခြေထောက်အိုးကြီးတဲ့ကောင်တွေကို BOOT CUT လို့ ခေါ်တာပါ….။

527 -------------------- ဒီကောင်က 517 နဲ့ တော်တော်ဆင်ပါတယ်…. မတူတာက ဒီကောင်က ပို Thigh ဖြစ်တာပါပဲ….ခြေထောက်အိုးဆိုဒ်ကတော့ 517 နဲ့တူတူလောက်ပါပဲ…။ 527 တော့ မြန်မာပြည်မှာ ရောင်းတဲ့သူရှိသလို ဝတ်ကြတာလဲရှိပါတယ်…။ 527 သမားတွေ 517 လဲ စမ်းဝတ်ကြည့်လို့ရပါတယ်လို့…။

541 ------------------------ ဒီကောင်က ဖရီးစတိုင်ပါ။ အားကစားဘောင်းဘီဝတ်ရသလို လွတ်လွတ်လပ်လပ်ရှိတယ်လို့ လီဗိုက်ကုမ္ပဏီက ပြောထားတာပဲ… ကျနော်ကတော့ အဲ့လို အားကစားလုပ်ဖို့ထိတော့ လွတ်လပ်ပေါ့ပါးတယ်လို့ မထင်ဘူး..။ ဒါပေမယ့် ဝတ်ရတာ တော်တော်အဆင်ပြေတာတော့ တကယ်ပါ။ သူက 501 တို့ 511 တို့ 514 တို့လို့ ခါးအောက်ရောက်တဲ့ကောင်မဟုတ်တော့ လူလတ်ပိုင်းတွေနဲ့ ပိုအဆင်ပြေသလားလို့..။ ခါးတော့ အောက်ထိမကျလို့ အတွင်းခံဖော်ဝတ်ချင်တဲ့သူတွေတော့ သိပ်မကြိုက်ချင်ဘူး.. ။ ဂွ အရမ်းမတိုထားလို့ ပစ္စည်းရှိလူတန်းစားတွေအတွက်တော့ ကောက်ညှင်းထုတ်ဖြစ်မနေကြဘူးပေါ့…. အောက်က ခြေထောက်အိုးအရွယ်က 501 နဲ့ မတိမ်းမရ်ိမ်းပါပဲ..။ ကျနော်ကတော့ ကြိုက်တယ်။

550 …………………….ဒီကောင်က RELAXED FIT အမျိုးအစားပါ…. ဘာမှ သိသိသာသာထူးခြားမှု မရှိဘူးလို့တောင်ဆိုရမယ်…။ လူကြီးပိုင်းတွေ ပိုဝတ်ကြတယ်…။ စျေးနည်းနည်းပိုပေါတယ်…။ ကျနော်တထည်ဝယ်ဝတ်ဖူးတယ်.. ငယ်တုန်းဝယ်လို့ထင်တယ်…မကြိုက်ဘူး…။ ခါးအောက် မကျဘူး… ခြေထောက်အိုးကလဲ 501 တို့ထက် နည်းနည်းလေးပိုကျယ်တယ်။

559 ………………………. ဒီကောင်က RELAXED FIT အမျိုးအစားပါပဲ….. အမှန်ပြောရရင် 559 ကို မဝတ်ဖူးလို့ ကျနော့်ဆီမှာ တစ်ထည်မှမရှိဘူး….။ အဲ့ဒါကြောင့် သူ့အတွက် ထူးထူးခြားခြားရေးစရာ ထွက်မလာဘူးဗျ။ ဝတ်ဖူးတဲ့သူတွေကတော့ မဆိုးဘူးပြောကြတာပဲ… လီဗိုက် ရောင်းတဲ့ ဆိုင်တိုင်းမှာလဲ တင်မရောင်းကြဘူး…။

560 ………………….. အမှန်ပြောရရင် ဒီကောင်လဲ ကျနော့်ဆီမရှိဘူး...။ အဲ့ဒါကြောင့် သေချာမသိဘူးဗျ... မဝတ်ဖူးတဲ့ဟာကိုလဲ ဘယ်လိုဘယ်ပုံကောင်းပါတယ်လို့ မရွှီးချင်ဘူး။ နောက်ခါ ဝယ်ပြီး ဝတ်ပြီးမှပဲ လာဖြည့်ရေးပေးမယ်...။

569……………………….ဒီကောင်က LOOSE FITအမျိုးအစားပါ…။ HIP HOP ဂျင်းလို့ ကျနော်ကတော့ နာမည်ပေးထားတယ်…။ ဟစ်ပေါ့အဆိုတော်တွေ ဝတ်ကြတဲ့ ပွပွနဲ့ ဂွကျကျ ပုံစံဖြစ်လို့..။ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်နိုင်တာမို့ တခြားအထွေအထူးပြောစရာမရှိဘူး ထင်ပါတယ်….။

ကျနော်ကတော့ ဘောင်းဘီဝယ်ရင် သေချာကြည့်ဝယ်တယ်ဗျ..။
ဘောင်းဘီအသား ကြည့်သလို ချူပ်ရိုးချုပ်သားကြည့်တယ်.... ချုပ်ကြောင်းဖြောင့်မဖြောင့် ကြည့်တယ်...။ အထည်တိုင်းက ဆင်တူလို့ထင်ရပေမယ့် သေချာကြည့်ရင် မတူဘူး... ဟိုးအရင်ကတည်းက ဘော်ဒါတွေမှာတာကိုဝယ်ပေးရင်လဲ ကိုယ်တိုင်ဝတ်ဖို့ ဝယ်သလိုကြည့်ပြီးမှ ဝယ်ပေးတာပါ...။ အဲ့ဒါကြောင့် အရင်တခေါက်
ဘော်ဒါတွေ မှာတာကို ဝယ်ပေးရတုန်းက ၁နာရီလောက် ကြာကြည့်ပြီးမှ ၆ ထည်ပဲရခဲ့တာပါ...။ လူအရမ်းများနေရင်လဲ သေချာရွေးလို့မရလို့ လူနည်းတဲ့အချိန်ပဲရွေးသွားတာပါ...။ ဒါတောင် အလင်းရောင် သိပ်အားမကောင်းလို့ စိတ်တိုင်းကျကြည့်ခွင့်မရခဲ့ဘူး...။

မြန်မာပြည်က ရောင်းတဲ့ဆိုင်တွေကတော့ ပုံမှန် 501 ကိုပဲ အများဆုံးရောင်းကြမယ်ထင်ပါတယ်...။ ဒီဖက်မှာတော့ 511 နဲ့ 514 အဝတ်များလာကြပါတယ်...။

စျေးတတ်နိုင်တဲ့သူတွေဆိုရင်တော့ Made & Crafted ကို
စမ်းပြီးဝတ်ဖို့ အကြံပေးချင်တယ်...။ အဲ့ကောင်ဝတ်ပြီးရင် တခြား
နံပါတ်ပါတဲ့ ဂျင်းတွေ 501 ကစလို့ ဘယ်ဟာမှ
မဝတ်ချင်တော့ဘူးဖြစ်သွားပါလိမ့်မယ်...။

ဒီပို့စ်ရေးဖို့ ကျနော့်ဆီရှိတဲ့ နံပါတ်မတူတဲ့ ဘောင်းဘီအဟောင်းတချို့ ကိုလဲ ပြန်ဝတ်ကြည့် မိတယ်...။ လီဗိုက်ဂျင်းကို မဝတ်တာတောင် နည်းနည်းကြာသွားပေမယ့် ခုပြန်ဝတ်တော့လဲ အရင်လိုပဲ ဝတ်လို့ကောင်းတုန်း ကြိုက်တုန်း စိတ်ထဲမှာ မတူညီတဲ့ခံစားချက်ကိုပေးတုန်းပါပဲ.......
's

Address

Yangon

Website

Alerts

Be the first to know and let us send you an email when U Shan Gyi Vintage Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share