Phyu Fashion Shop

Phyu Fashion Shop clothing

ဖတ်ရတာ တန်ဖိုးရှိလို့ ပါ 😇အနီးဆုံး လူကပဲ ကိုယ်ကို ဒုက္ခပေးနိင်တာပါ.အဲဒီနေ့ကပေါ့..ပဲခူး ရိုးမတောင်ခြေ ဖဒိုမြို့မှာနေတဲ့ က...
19/03/2023

ဖတ်ရတာ တန်ဖိုးရှိလို့ ပါ 😇

အနီးဆုံး လူကပဲ ကိုယ်ကို ဒုက္ခပေးနိင်တာပါ.

အဲဒီနေ့ကပေါ့..ပဲခူး ရိုးမတောင်ခြေ
ဖဒိုမြို့မှာနေတဲ့ ကျွန်တော့်ကိုရန်ကုန်မှာနေတဲ့ မိတ်ဆွေတစ်ယောက်ကပျားရည်စစ်စစ်
တစ်ပုလင်းလောက် လိုချင်တယ်ဆိုပြီး
လူကြုံ မှာတယ်။

အမှန်တော့ ဖဒိုမှာလည်း ပျားရည်စစ်စစ်
ရှားပါတယ်
သစ်ခုတ်၊ဝါးခုတ်ရင်း
အမဲလိုက်တဲ့ လူတချို့ဆီကမှ
ရံဖန်ရံခါ ပျားရည်စစ်စစ် ရတတ်တာမို့
တောင်ပေါ်က ကရင်လူမျိုး
အသိတစ်ယောက်ဆီ ပျားရည်သွားမှာ ရတာပေါ့။

အခန့်သင့်တယ်ပြောရမလား မသိ
အဲဒီလူဆီမှာ မနေ့ကမှ ဖွတ်လာတဲ့
ပျားရည်ပုလင်းတစ်ချို့ ရလိုက်တယ်။

ဂျီတစ်ကောင်နောက်လိုက်ရင်း
ပျားအုံအသေးတစ်အုံတွေ့လို့ မီးခိုးမှိုင်းတိုက်ပြီး
ပျားရည်ဖွတ်ခဲ့ကြောင်း သူကပြောပြတယ်။

''ဝမ်းသာလိုက်တာဗျာ..
မြို့ကလူတွေက တောကနေ ပျားရည်မှာတိုင်း
အစစ်ရမယ် ထင်တတ်ကြတယ်..
ကျွန်တော့်မှာ တာဝန်ကြီးသဗျာ..
အတီးတို့ဆီကရမှ ပေးမယ်ဆိုပြီးတွေးထားတာ
ခုတော့ ရေကန်အသင့် ကြာအသင့်ပဲ..''

ပျားရည်ဝယ်ပြီး အိမ်ပြန်မယ်အလုပ်မှာ
အချိန်အခါမဟုတ် မိုးရွာချတာနဲ့
မုဆိုးကြီးအိမ်မှာပဲ မိုးခိုရင်း ဝင်ထိုင်ရတာပေါ့။

ဂျီသားမီးဖုတ်နေတဲ့ သူက တောအရက်လေး
သောက်သွားပါလားလို့ ဧည့်ခံတာနဲ့
ကျွန်တော်လည်း
ဘုရားလည်းဖူးရင်း လိပ်ဥတူးဆိုသလို
တစ်ခွက်တစ်ဖလား ဝင်မော့တယ်။

အရက်လေးသောက် ၊ ဂျီသားလေး မြုံ့ရင်း
တောအကြောင်း တောင်အကြောင်း
သူ့ အတွေ့အကြုံတွေအကြောင်း
စကားပြောကြရာက ပျားဖွတ်တဲ့ဆီ
စကားစ ရောက်သွားတယ်။

''အတီးရေ...
ကျွန်တော် လွန်ခဲ့တစ်လလောက်က
အသိတစ်ယောက်အိမ်ကို သွားလည်တုန်း
သူတို့သရက်ပင်အောက်မှာ ပျားတုတ်ခံရတာ
ထွက်ပြေးလည်း မလွတ်ဘူးဗျာ..
သုံးလေးချက် အတုတ်ခံလိုက်ရတာ
အီစလံဝေ သွားတာပဲ..
အတီးတို့ ပျားဖွတ်တဲ့အခါ ပျားအုံကို
မီးခိုးမှိုင်းတိုက်တော့
ပျားတွေ ထွက်မတုတ်ဘူးလားဗျ..''

ကျွန်တော်က မေးလိုက်တော့ သူက ရယ်ပြီး
''ပုဆိုးခြုံလိုက်ရင် လုံတာပဲလေ..''လို့
ခပ်နောက်နောက် ပြန်ဖြေတယ်။

ပြီးတော့မှ အရက်ကို တစ်ငုံသောက်
ပျစ်ခနဲ တံတွေးကိုထွေးလိုက်ပြီး
ဂျီသားတစ်ဖက်ကို ကောက်ဝါးလိုက်ရင်းမှ
သူက စကားဆက်ပြောတယ်။

''တကယ်ပဲ ပုဆိုးခြုံပြီး ပျားဖွတ်တာကွ..
ပ်ားသဘာဝကို ငါ့တူက မသိလို့..
သူတို့ ပ်ားအုံကို လူက လာထိတဲ့အခါ
ပျားတွေက ထွက်ပြီး အရင် စူးစမ်းတယ်..
အဲဒီအခါ လူက ကြောက်လို့ ထွက်ပြေးရော..
အဲဒါမှ ရန်သူဆိုတာ ကျိန်းသေလို့
အဲဒီလူကို ပိုမဲပြီးလိုက်တုတ်တာ..

မင်းစိတ် ရဲဖို့ပဲလိုတယ်..
သစ်ပင်အောက်တည့်တည့်ကို
ပုဆိုးခြုံလေးခြုံပြီး အသာလေးကပ်သွား..
ပြီးရင် အရေးအကြီးဆုံးက
ခန္ဓာကိုယ်ကို သစ်ပင်နဲ့ထိနေပစေ..
ဒါဆိုရင် ပျားတွေက အဲဒီလူကို
ရန်သူလို့မထင်တော့ဘူးကွ..
သူတို့တည်မှီရာ သစ်ပင်က သစ်ကိုင်း
တစ်ခုလို့ပဲ ထင်သွားတတ်ကြတယ်။

ပျားတွေဟာ
မီးခိုးမှိုင်းကြောင့် အဝေးမှာ ရန်သူလိုက်ရှာ
နေတုန်း အနီးဆုံးမှာရှိနေတဲ့ ငါက
အေးအေးဆေးဆေး ပျားဖွတ်တော့တာပဲ..
သူတို့ကို ဖြိုချတဲ့ ရန်သူဟာ
သူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့
သူတို့နဲ့ တစ်သားထဲ သစ်ပင်လို့ထင်နေတဲ့
ပုဆိုးခြုံထဲကလူလို့ မထင်ကြရှာဘူး..
ဟဲဟဲဟဲ...''

''....အို.....'''

ခဏအကြာမှာ မိုးစဲသွားပြီဖြစ်လို့
ကျွန်တော်လည်း သူ့ကို
နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တယ်။

''သူတို့ကို ဖြိုချတဲ့ ရန်သူဟာ
သူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့ ၊
သူတို့နဲ့ တစ်သားထဲ သစ်ပင်လို့ထင်နေတဲ့
ပုဆိုးခြုံထဲက လူလို့မထင်ကြရှာဘူး..''ဆိုတဲ့
စကားသံကို နားထဲမှာ ပြန်ကြားနေရင်း
ရင်ထဲမှာအတွေးတွေ အုံ့အုံ့ပျံ့ပျံ့
ဝင်လာတယ်။

လိုချင်တာ တစ်ခုခုရှိလို့ ကိုယ့်အနားကို
မိတ်ဆွေအရေခြုံပြီး ကပ်လာကြတဲ့
လူတစ်ချို့အကြောင်း..။

အိုး...သိပ်ဖော်ရွေတာပဲ..
ကိုယ့်ကို သိပ်ပြီး နားလည်မှုရှိတာပဲ..
ကိုယ့်အပေါ် သိပ်ပြီး ဂရုစိုက်ပြတာပဲ..
သူတို့လောက်ကောင်းတဲ့သူ
ကမ္ဘာပေါ်မှာ မရှိတော့သလို
ဟန်ဆောင်ကောင်းတဲ့ ပျားဖွတ်သမားလို
လူတွေ လူတွေ..။

နှစ်ကိုယ့်တစ်စိတ်လိုမျိုး ကိုယ်အစစအရာရာ
ယုံကြည်သွားခါမှ သူတို့လိုချင်တာရဖို့
မီးခိုးမှိုင်းတိုက်ပြီး ကိုယ့်ကို
ပျက်ဆီးရာ ပျက်ဆီးကြောင်း ကြံကြပါလေရော..

ကိုယ့်မှာတော့ ရန်သူကို
ဟိုး..... အဝေးမှာလိုက်ရှာလို့..
ပုဆိုးခြုံထဲကပျားဖွတ်သမားကို ကိုယ့်အပင်က
သစ်ကိုင်း ထင်နေတဲ့ ပျားလို
အနီးမှာရှိနေတဲ့လူကို မိတ်ဆွေရင်းလို့
ထင်မိနေဆဲ..ယုံကြည်နေဆဲ..

လိုချင်တာ ရသွားတဲ့အချိန်(သို့မဟုတ်)
ကိုယ်လည်း ပျက်စီးနိမ့်ကျသွားတဲ့
အခါကျတော့ သူတို့လို လူမျိုးတွေဟာ
ကိုယ့်ကို ရှိတယ်တောင် မထင်..
လှည့်တောင် မကြည့်..
လမ်းတွေ့ရင်တောင် မမြင်ယောင်ဆောင်
ရှောင်ဖယ်သွားတတ်ကြတဲ့
ပျားဖွတ်သမားလို မိတ်ဆွေအရေခြုံထားတဲ့
လူတချို့ အကြောင်းတွေးမိပြီး
မချိပြုံး ပြုံးမိတယ်။
......................။

ရက်အနည်းငယ်အကြာမှာတော့ လမ်းကြုံတာနဲ့
ပျားရည်ပုလင်းလေးကို သေသေချာချာ
ထုတ်ပိုးပြီး ရန်ကုန်ကိုယူလာခဲ့ပါတယ်
မှာထားတဲ့မိတ်ဆွေကို ပျားရည်ပေးတော့
သူက ကျေးဇူးတင်ကြောင်း
အထပ်ထပ်ပြောရှာတယ်။

''အဖေ့အတွက် ဆေးဖော်ဖို့ လိုနေတာဗျာ..
ကျေးဇူးနော် ကိုစိုးထိုက်ရေ..''

ပျားရည်ပုလင်းလေးကို ဗီရိုထဲ
သိမ်းဆည်းပြီးနောက် အဲဒီမိတ်ဆွေက
ကျွန်တော့်ကိုစကားဆက်ပြောတယ်။

''အဖေ့ကိုပျားရည်နဲ့ဆေးဖော်တာ
မပြောရဲဘူးဗျ..
ပျားရည်ဆိုတာ အသိုက်အမြုံပျက်ပြီးမှ
ရလာတာမို့ မသုံးချင်ဘူးတဲ့လေ..
ဘယ်တတ်နိုင်မလဲဗျာ..
စိတ်တော့မကောင်းဘူးပေါ့.
ပျားတွေခမျာလည်း အဖိုးတန်ပျားရည်ကြောင့်
အသိုက်အမြုံပျက်ရရှာတာ သဘာဝပဲလေ..''

''ဗျာ...''

အမှတ်မထင် ပြောလိုက်တဲ့
မိတ်ဆွေရဲ့ စကားအဆုံးမှာ ကျွန်တော့်စိတ်ထဲ အတွေးတွေ ထပ်ဝင်လာပါလေရော။

အောင်မြင်မှု ဆိုတဲ့ ပျားရည်တွေ၊
ကျော်ကြားမှု ဆိုတဲ့ ပျားရည်တွေ၊
ရာထူးအာဏာဆိုတဲ့ ပျားရည်တွေ၊
ချမ်းသာမှု ဆိုတဲ့ ပျားရည်တွေ..
ဘဝတစ်လျှောက်လုံး
ကိုယ်ကြိုးစား ပမ်းစား တည်ဆောက်ထားတဲ့
သိပ်ချိုမြိန်ပါတဲ့ဆိုတဲ့ အဲဒီအရာတွေက
တစ်ခါတစ်လေမှာလည်း ကိုယ့်ကိုပြန်ပြီး
ဒုက္ခပေးနိုင်ပါလား..။

ကိုယ့်ကိုဖြိုချမယ့် သူတွေကို
လက်ယပ်ခေါ်နေတဲ့ ပျားရည်လို
ဂုဏ်ပကာသနတွေ ဖြစ်နေနိုင်ပါလား..။

အတွေးတွေ များနေစဉ်မှာပဲ
မိတ်ဆွေက ''ပျားရည်ဖိုး ဘယ်လောက်လဲ''
လို့ ကျွန်တော့်ကို မေးတယ်။

''အခကြေးငွေ မပေးပါနဲ့ဗျာ..
ဒီပျားရည်ပုလင်းလေးက
ကျွန်တော့်ကို အတွေးတွေအများကြီး
ပေးခဲ့တယ်..''လို့ သူ့ကိုပြောခဲ့ပါတယ်။

ကိုယ့်အနားကို ပုဆိုးခြုံပြီး ဝင်လာမယ့်
ပျားဖွတ်သမားလို
မိတ်ဆွေတုတွေ အကြောင်းရော..
အောင်မြင်မှု ကျော်ကြားမှု ချမ်းသာမှု
စတဲ့ ကိုယ်တည်ဆောက်ထားတဲ့
အရာတွေဟာလည်း
တစ်ခါတစ်လေမှာ ကိုယ့်ကို ဒုက္ခပေးနိုင်မယ့်
ပျားရည်တွေဖြစ်နိုင်တဲ့ အကြောင်းတွေရော
ဆင်ခြင်တွေးတောရင်း
အိမ်ကို ပြန်လာခဲ့ပါတော့တယ်။

Crd -ကိုစိုးထိုက်(ဖဒို)

Bkk Dressလှလှ​လေး​တွေ Promotionချ​ပေးတဲ့ ​စျေးနဲ့မို့ အမြန်လက်ဦးမှ ရမယ်​နော် # # # #💯😱
18/03/2023

Bkk Dressလှလှ​လေး​တွေ Promotionချ​ပေးတဲ့ ​စျေးနဲ့မို့ အမြန်လက်ဦးမှ ရမယ်​နော် # # # #💯😱

ကြိုးစားမှုတစ်ခု အရာထင်ဖို့ဆိုတာ အချိန်တစ်ခုတော့ယူရပါတယ်။ ကိုယ်ရပ်တည်တဲ့ နေရာတစ်ခုအပေါ်မှာ တစိုက်မတ်မတ်နဲ့ အနည်းဆုံး ၂နှ...
06/01/2023

ကြိုးစားမှုတစ်ခု အရာထင်ဖို့ဆိုတာ အချိန်တစ်ခုတော့ယူရပါတယ်။

ကိုယ်ရပ်တည်တဲ့ နေရာတစ်ခုအပေါ်မှာ တစိုက်မတ်မတ်နဲ့
အနည်းဆုံး ၂နှစ် ကနေ အများဆုံး ၁၀နှစ် ထိစိတ်ရှည်နိုင်ဖို့ ပြင်ဆင်ထားရပါတယ်။

ဘာသာစကားတစ်ခုတတ်ကျွမ်းဖို့ဆိုရင်လဲအနည်းဆုံး အချိန် ၂နှစ်ကနေ အများဆုံး ၅နှစ်လောက်ထိယူရတာပဲ။

နယ်ပယ်တစ်ခုမှာ professional ဖြစ်ဖို့ဆိုရင်လဲ အနည်းဆုံး ၅နှစ်ကနေ ၁၀နှစ်လိုအပ်တာပဲ။

စီးပွားရေးလုပ်ငန်းတစ်ခု အခြေခိုင်ခိုင်နဲ့အောင်မြင်လာဖို့ဆိုရင်လဲ ၂နှစ်ကနေ ၁၀စုနှစ်မကထိ လိုအပ်တာတွေဖြည့်ဆည်းရင်း လုပ်ကိုင်နေဖို့လိုအပ်တာပဲ။
လုပ်ငန်းတွေတော်တော်များများကိုစစ်တမ်းကောက်ကြည့်တဲ့အခါ စတင်တဲ့ အချိန် ပထမ၂နှစ်ကတော့ အရှုံး နဲ့အရင်းပဲ.. မြတ်ရင်တောင် အနည်းငယ်ပေါ့..
တကယ် ကြီးကြီးစားဖို့ အမြတ်အစွန်းတစ်ခု စထွက်တဲ့အချိန်က ၃နှစ်ကနေ ၅နှစ်ကြား မှာစတင်တာများပါတယ်...

အလုပ်တစ်ခုလုပ်တဲ့အခါ
ပညာတစ်ခုလေ့လာတဲ့အခါ
နယ်ပယ်တစ်ခုမှာ professional ဖြစ်လိုတဲ့အခါ
ဘယ်လောက်နှုန်းနဲ့ပဲသွားသွား အချိန်တစ်ခုဆိုတာတော့လိုပါတယ်။

ဒီအချိန်တစ်ခုကိုလျှောက်လှမ်းနေတဲ့အချိန် စိတ်ရှည်ရတယ် ။
Consistencyရှိရမယ်။ ဇွဲရှိရတယ်။ Self Discipline ရှိရမယ်။

တခါတလေ အရမ်းကြိုးစားနေမိမယ်..
တခါတလေ လဲ အရမ်းလက်လျော့လိုက်ချင်မိမယ်။
တခါတလေ ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်မယ်..
တခါတလေ တော့လဲ ငါရွေးချယ်ထားတဲ့လမ်းပဲဆိုပြီး အားတင်းပြီးဆက်လျှောက်မယ်။ ဒါတွေအားလုံးကိုအလှည့်ကျ နှစ်နဲ့ချီ သည်းခံပြီး ကျော်ဖြတ်နေရမယ့်အချိန်တစ်ခုပေးဆပ်ရပါတယ်။

ဒီအချိန်တစ်ခုလွန်မြောက်ပြီဆိုရင်တော့ ရေကြည်သောက်ချိန်တန်ပါပြီ။
ငွေ ၊ အောင်မြင်မှု ၊ ပျော်ရွှင်မှု ဒါတွေက ကိုယ့်နောက်ကို သူ့ဘာသူလိုက်လာမယ့်အချိန်ဖြစ်လာပါပြီ ။ ကိုယ်စိုက်ခဲ့တဲ့အပင်ရဲ့ အသီးအပွင့်တွေ ဒီဘ၀တစ်ခုမှာ ဒီအပင်မသေမချင်းခူးစားရုံပါပဲ။

စတင်ခဲ့တုန်းက အချိန်လောက် ဘယ်အရာမှ ကိုယ့်အတွက် အရမ်း မခက်ခဲတော့ဘူး။
မင်းလုပ်သမျှကလဲ ဆေးစက်ကျရာ အရုပ်ထင်တဲ့ အဆင့်တစ်ခုကိုရောက်လာတော့မှာပါ။

ဟိုးအရင််က Mentor ပြောဖူးတဲ့ စကားလေးတစ်ခုရှိတယ်။
" အရာရာတို့က အစပဲခက်တာ ၊
မင်းကအစမှာပဲအမြဲနေရင် မင်းဘ၀ရဲ့အရာရာက အမြဲခက်ခဲနေမှာပဲ။ "
အဲ့စကားကတကယ်မှန်တယ်။

အလုပ်တစ်ခုလုပ်ကြည့်တယ် အဆင်မပြေလို့ နောက်တစ်ခု နောက်တစ်ခု နောက်တစ်ခုပေါင်းများစွာ ပြောင်းလုပ်တဲ့သူနဲ့...
တစ်ခုဆိုတစ်ခု တစိုက်မတ်မတ် အချိန်တစ်ခုပေးပြီးလုပ်သွားတဲ့သူနဲ့
အချိန်တစ်ခုကြာရင်ခရီးပေါက်ပုံချင်းတူမှာမဟုတ်ပါဘူး။
အကျိုးခံစားခွင့်နဲ့ရလဒ်တွေလဲသေချာပေါက်ကွာခြားနေမှာပါ။

ပညာတစ်ခုလေ့လာတယ် မလွယ်လို့ နောက်တစ်ခုပြောင်းတယ်
စိတ်ဝင်စားမှုလျော့လာလို့ နောက်တစ်ခုပြောင်းတယ်...
ဘယ်အရာကိုမှ ပြီးဆုံးအောင်မလေ့လာဘူးဆိုရင် သိလားဆိုသိတယ်
ဘယ်လောက်သိလဲဆို သုံးစားလို့ရအောင်ထိ သိမနေဘူး။

သိုင်းကွက် ၁၀၀ ကို တစ်ခေါက်ဆီလေ့ကျင့်ထားတဲ့သူနဲ့
သိုင်းတစ်ကွက်ကို အခေါက်တစ်ရာ လေ့ကျင့်ထားတဲ့သူနဲ့
သိုင်းပြိုင်ချရင််ဒုတိယလူကနိုင်မှာပါ။

ဘယ်အရာမဆို လူတိုင်း စတင်နိုင်ပါတယ်။
လျှောက်နေတဲ့ချိန်မှာတော့ လူတစ်စုပြတ်ကျန်ခဲ့ပါပြီ။
အဆုံးမှာတော့ လူမကျန်သလောက်ပါပဲ။

အဲ့တာကြောင့်လဲ လူတိုင်းမရောက်နိုင်တဲ့နေရာမှာ
လူတိုင်းမရနိုင်တဲ့ဘ၀ကို တည်ဆောက်နိုင်ဖို့ဆိုတာဖြစ်လာပါတယ်။

လူတော်တော်များများမှာရှိတဲ့ သာမန်အရည်အချင်း၊ သာမန်ဇွဲ ၊သာမန်တွေးခေါ်ပုံလောက်နဲ့ဆိုရင် စျေးကွက်မှာ သာမန်ဆိုတာ ရွေးချယ်စရာသိပ်များလို့ သာမန်အတွက်ဆို နေရာသိပ်မပေးချင်ပါဘူး။

ကောင်းကောင်းအသက်ရှင်သန်ဖို့
ထမင်း၀၀စားဖို့
ငွေများများရှာဖို့
လိုချင်တဲ့ဘ၀မှာနေနိုင်ဖို့
တနေ့ကြီးကြီးစားနိုင်ဖို့ဆိုတာ
နယ်ပယ်တစ်ခုမှာ အချိန်တစ်ခုပေးပြီး Professional အဖြစ်ရပ်တည်ဖို့လိုပါတယ်။

တန်ဖိုးရှိတဲ့အရာတွေပိုင်ဆိုင်ချင်တယ်ဆိုရင်
သာမန်ဆိုတဲ့ ပေးဆပ်မှုလောက်နဲ့မရဘူးဆိုသလိုပါပဲ။

Ma Wyutyee
10:02PM
8 NOV 2k22

Crdကြိုက်လို့ပါ

🙏🙏🙏နှစ်သစ်ကူး ​လျှော့​စျေးများဝင်ယူကြပါ💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖
02/01/2023

🙏🙏🙏နှစ်သစ်ကူး ​လျှော့​စျေးများဝင်ယူကြပါ💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖

01/01/2023
💖Phyu Fashion💖 Shopတွင် ပစ္စည်း​စောင့်စရာမလို ပစ္စည်းအသင့်ရှိမို့  မှာယူပီး (2)ရက်အတွင်း အိမ်​ရောက်​ငွေ​ချေရနိုင်ပါပီရှင...
23/12/2022

💖Phyu Fashion💖 Shopတွင် ပစ္စည်း​စောင့်စရာမလို ပစ္စည်းအသင့်ရှိမို့ မှာယူပီး (2)ရက်အတွင်း အိမ်​ရောက်​ငွေ​ချေရနိုင်ပါပီရှင့်☺

နယ်မြို့များ ​ငွေလွှဲဝင်ပီ​(24)နာရီအတွင်း ကားဂိတ်တင်​ပေးပါတယ်ရှင့်

😱Yangon cash on deli😱

Order .cb

~ဆိုင်မှာလာကြည့်ချင်တဲ့သူ​တွေအတွက် လှိုင်သာယာမြို့ ​စျေး​လေးမှတ်တိုင် အောင်​စန္ဒာလမ်း ကျန်စစ်သား​စျေးရုံ​ရှေ့မျက်နှာချင်းဆိုင်မှာ လာ​ရောက်ဝယ်ယူနိုင်ပါပြီရှင့်

🛍🛍🛍ဝယ်ယူအား​ပေးမှု့အတွက်အထူး ​ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏

(BKK Dress Nuchy )🛍Price      19500ks🛍Colour    (3)🛍Size        90lb to 130lb💖Phyu Fashion💖 Shopတွင် ပစ္စည်း​စောင့်စရာမလ...
23/12/2022

(BKK Dress Nuchy )
🛍Price 19500ks
🛍Colour (3)
🛍Size 90lb to 130lb
💖Phyu Fashion💖 Shopတွင် ပစ္စည်း​စောင့်စရာမလို ပစ္စည်းအသင့်ရှိမို့ မှာယူပီး (2)ရက်အတွင်း အိမ်​ရောက်​ငွေ​ချေရနိုင်ပါပီရှင့်☺

နယ်မြို့များ ​ငွေလွှဲဝင်ပီ​(24)နာရီအတွင်း ကားဂိတ်တင်​ပေးပါတယ်ရှင့်

😱Yangon cash on deli😱

Order .cb

~ဆိုင်မှာလာကြည့်ချင်တဲ့သူ​တွေအတွက် လှိုင်သာယာမြို့ ​စျေး​လေးမှတ်တိုင် အောင်​စန္ဒာလမ်း ကျန်စစ်သား​စျေးရုံ​ရှေ့မျက်နှာချင်းဆိုင်မှာ လာ​ရောက်ဝယ်ယူနိုင်ပါပြီရှင့်

🛍🛍🛍ဝယ်ယူအား​ပေးမှု့အတွက်အထူး ​ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏

23/12/2022
(BKK Style pant )🛍Price      19000ks🛍Colour    (4)🛍Size        s,m,l,xl💖Phyu Fashion💖 Shopတွင် ပစ္စည်း​စောင့်စရာမလို ပစ္...
22/12/2022

(BKK Style pant )
🛍Price 19000ks
🛍Colour (4)
🛍Size s,m,l,xl
💖Phyu Fashion💖 Shopတွင် ပစ္စည်း​စောင့်စရာမလို ပစ္စည်းအသင့်ရှိမို့ မှာယူပီး (2)ရက်အတွင်း အိမ်​ရောက်​ငွေ​ချေရနိုင်ပါပီရှင့်☺

နယ်မြို့များ ​ငွေလွှဲဝင်ပီ​(24)နာရီအတွင်း ကားဂိတ်တင်​ပေးပါတယ်ရှင့်

😱Yangon cash on deli😱

Order .cb

~ဆိုင်မှာလာကြည့်ချင်တဲ့သူ​တွေအတွက် လှိုင်သာယာမြို့ ​စျေး​လေးမှတ်တိုင် အောင်​စန္ဒာလမ်း ကျန်စစ်သား​စျေးရုံ​ရှေ့မျက်နှာချင်းဆိုင်မှာ လာ​ရောက်ဝယ်ယူနိုင်ပါပြီရှင့်

🛍🛍🛍ဝယ်ယူအား​ပေးမှု့အတွက်အထူး ​ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏

(Chiffon Crop top&skirt)■Crop topမှာ ကြယ်သီးပါ■ Skirt မှာ  zipရယ် ခါး​​နောက်​မျှော့ကြိုးပါလို့ပိန်ပိန် ဝဝ ဝတ်ရအဆင်​ပြေ​စ...
22/12/2022

(Chiffon Crop top&skirt)
■Crop topမှာ ကြယ်သီးပါ
■ Skirt မှာ zipရယ် ခါး​​နောက်​မျှော့ကြိုးပါလို့ပိန်ပိန် ဝဝ ဝတ်ရအဆင်​ပြေ​စေမယ်
🛍Price -17500ks
🛍colour -(3)
🛍Size -90lb to 145lb
■Crop top ရင် 40ရှည်16
■Skirt ခါး34 ရှည်36
■Chiffon Grade A အသားမို့ အိတွဲ​လေး ​အောက်ခံထပ်အပြည့်ပါလို့ ဝတ်ရအဆင်​ပြေ​စေပါမယ်😱😱😱

💖Phyu Fashion💖 Shopတွင် ပစ္စည်း​စောင့်စရာမလို ပစ္စည်းအသင့်ရှိမို့ မှာယူပီး (2)ရက်အတွင်း အိမ်​ရောက်​ငွေ​ချေရနိုင်ပါပီရှင့်☺

နယ်မြို့များ ​ငွေလွှဲဝင်ပီ​(24)နာရီအတွင်း ကားဂိတ်တင်​ပေးပါတယ်ရှင့်

😱Yangon cash on deli😱

Order .cb

~ဆိုင်မှာလာကြည့်ချင်တဲ့သူ​တွေအတွက် လှိုင်သာယာမြို့ ​စျေး​လေးမှတ်တိုင် အောင်​စန္ဒာလမ်း ကျန်စစ်သား​စျေးရုံ​ရှေ့မျက်နှာချင်းဆိုင်မှာ လာ​ရောက်ဝယ်ယူနိုင်ပါပြီရှင့်

🛍🛍🛍ဝယ်ယူအား​ပေးမှု့အတွက်အထူး ​ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏

Address

Yangon

Telephone

+959446071265

Website

Alerts

Be the first to know and let us send you an email when Phyu Fashion Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyu Fashion Shop:

Share

Category