Mt.Victoria Chin Traditional Fabrics

Mt.Victoria Chin Traditional Fabrics ဝယ်ယူသူစိတ်ချမ်းမြေ့စေရန် ရည်ရွယ်လ

ချင်းလူမျိုးနှင့် ပုပ္ပါးတောင်၏ဆက်နွယ်နေမှုများ (အပိုင်း ၁)ပုပ္ပါးတောင်၏အမည်ဖြစ်သော "ပုပ္ပါး"ဆိုသည့်ဝေါဟာရသည် ချင်းဘာသာစကာြး...
19/01/2017

ချင်းလူမျိုးနှင့် ပုပ္ပါးတောင်၏ဆက်နွယ်နေမှုများ
(အပိုင်း ၁)

ပုပ္ပါးတောင်၏အမည်ဖြစ်သော "ပုပ္ပါး"ဆိုသည့်ဝေါဟာရသည် ချင်းဘာသာစကားဖြင့်
ပုပ္ပါး = Pupa(ဘိုးဘွား)
ပုပ္ပါးတောင် = Pupa M'htung(ဘိုးဘွားတောင် သို့ ဘိုးဘွားများအခြေချနေထိုင်ခဲ့သည့်တောင်) ဟု အဓိပ္ပါယ် ရပါသည်။
"ပုပ္ပါး"ဆိုသည့်ဝေါဟာရကို ပုဗ္ဗ(အရှေ့အရပ်)ဆိုသောပါဠိစကားမှဆင်းသက်လာသည်(ပုဂံ၏အရှေ့အရပ်ဟုဆိုလိုဟန်ရှိသည်) ၊ ပုပ္ပ (ပန်း) ဆိုသောပါဠိစကားဟု ဆင်းသက်လာသည်ဟု ယူဆကြသော်လည်း "ချင်းလူမျိုး"တို့မှ "ဘိုးဘွားတောင်"ဟု ယနေ့အထိ ရိုးရာသီချင်းများတွင် ပြန်လည်တမ်းတသီဆိုနေကြသေးသည်ကို တွေ့မြင်နေရပါသည် ။
မင်းတပ်-ကန်ပက်လက်နယ်ရှိ ချင်းလူမျိုးအများစုမှာလည်း ဘိုးဘွားများသီဆိုလေ့ရှိသော ပုပ္ပါးလွမ်းချင်းများနှင့် အကျွမ်းတဝင်ရှိကြမည်ဟု ယူဆပါသည်။ ပုပ္ပါးအကြောင်းစိတ်ဝင်စားမှုမြင့်တက်လာသည့်အလျောက် ဖတ်ဖူးသမျှစာများထဲမှ ပုပ္ပါးတောင်နှင့် ချင်းလူမျိုးတို့၏ ဆက်နွယ်မှုအချို့ကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ရပါသည် ။

ထို့ထက်တိကျမှုရှိသော သမိုင်းအထောက်အထားများသိရှိကြပါက ပြန်လည်မျှဝေပေးကြပါခများ !!
*********
သုံးမည်ရပုပ္ပါးတောင်
၁။ ပုဗ္ဗတောင်
၂။ ပုပ္ပတောင်
၃။ပါးပုတ်တောင်

၃။ပါးပုတ်တောင်ဟု ခေါ်ဆိုရခြင်းအကြောင်းကား တောလည်သွားသောမြန်မာလူမျိုး ၃-၄ယောက်တွင် တစ်ယောက်၏ပါးကို ချင်းလူမျိုးတစ်ယောက်က ပုတ်လိုက်သောကြောင့် ပါးပုတ်တောင်ဟုခေါ်တွင်၍ ကာလရှည်လျားလာသဖြင့် ပုပ္ပါးတောင်ဟုခေါ်တွင်ကြောင်းပြောဆိုကြသည်။
ပါးပုတ်ခံရသောအကြောင်းမှာ မြန်မာလူမျိုး ၃-၄ယောက်တို့သည် ချင်းလူမျိုးတစ်ယောက်၏အိုးကို ငှားရမ်းသုံးစွဲရာ အက်ကွဲသွားသောအခါ အိုးကိုကောင်းသောဘက်မှ မီးပူအောင်ကင်၍ ချင်းလက်သို့ပြန်ပေးလိုက်ရာ လှမ်းယူလိုက်သည်နှင့်တပြိုင်နက် အလွန်ပူသောကြောင့် ချင်းမှလွှတ်ချလိုက်ရာ အိုးကွဲသွားလေတော့သည် ။ထိုအခါ ချင်းနှင့်မြန်မာအငြင်းပွားကာ မြန်မာ၏ပါးကို ချင်းကပုတ်လိုက်သောကြောင့် ပါးပုတ်တောင်ဟု ခေါ်ဆိုကြသည်ဟုဆိုရိုးရှိသည် ။
(အရှင်ကဝိန္ဒ - ပုပ္ပါးတောင်တော်သမိုင်း)

*******
ကျင်းရေကုန်းပလ္လင်

တက်မနားပလ္လင်၏ အရှေ့ဘက်တစ်ခေါ်သာသာလောက်ဝေးသောနေရာတွင်ရှိသည် ။ကျင်းရေကုန်းခေါ်သည်ကား ရှေးအခါက ချင်းလူမျိုးတို့သည် ဤပုပ္ပါးအရပ်မှတိမ်းရှောင်၍ ဧရာဝတီမြစ်အနောက်ဘက်သို့ ထွက်ပြေးခါနီးတွင် သူတို့၏လူမျိုးဦးရေကို စုဆောင်းစစ်ဆေးရာဌာနဖြစ်သောကြောင့် ရှေးအခါက ချင်းရေကုန်းဟုခေါ်သည် ။
စာ-၂၉

ပုပ္ပါးနှင့်ချင်းလူမျိုး

ပုပ္ပါးတောင်ရှိချင်းလူမျိုးများသည် နရပတိစည်သူမင်းလက်ထက်တွင် ဧရာဝတီမြစ်အနောက်ဘက်ရှိ ချင်းတောင်များသို့ပြန်သွားကြသည်ဟုဆိုသည်
စာ-၉၉

မျက်မြင်နှင့်ခြားနားသော ပုဂံရာဇဝင်သမိုင်း

ချင်းများနေထိုင်ခဲ့ဖူးသောနေရာများကို တောင်ထိပ်၏အရှေ့ဘက်တွင်တစ်ဌာန အနောက်ဘက်တွင်တစ်ဌာန ၊ အနောက်မြောက်ခရီးခုနစ်မိုင်အကွာတွင် တစ်ဌာနဟု ခွဲခြား၍လည်းကောင်း ၊
တတိယမြောက်ဖြစ်သောချင်းရွာကို လင်းခြေထောက်ရွာဟုခေါ်သည်ဟူ၍လည်းကောင်း၊
အနော်ရထာမင်းသားမင်းဖြစ်ပြီးနောက် ပန်းခူးစေလွှတ်ခြင်းခံရသော ကုလားခြေလျင်သည် ပန်းဆက်သမား ဗျတ္တသည် အဆက်မပြတ်သွားလာရဖန်များသဖြင့် ပုပ္ပါးတောင်ရှိဘီလူးမနှင့် သင့်မြတ်၍ ရွှေဖျင်းညီနောင်သားငယ်တို့အားဖွားမြင်ကြောင်း ရာဇဝင်တိုင်းမှာ အထင်အရှားပါရှိသည် ။
ဉာဏ်အမြော်အမြင်နှင့် စဉ်းစားဆင်ခြင်သူတို့က ဘီလူးမနှင့်မဟုတ် ၊ ချင်းမနှင့်သာဖြစ်နိုင်သည်ဟူသောစကားမှာ ယုတ္တိတန်သကဲ့သို့ရှိသည်ဟူ၍ ပြောဆိုကြသည် (ပါးရဲထိုးထားခြင်းကို ဆိုလိုဟန်ရှိသည်)
စာ -၁၀၁
(အရှင်ကဝိန္ဒ - ပုပ္ပါးတောင်တော်သမိုင်း)

photo >CRD

Address

Yangon
345

Telephone

+959974100187

Website

Alerts

Be the first to know and let us send you an email when Mt.Victoria Chin Traditional Fabrics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share