01/10/2026
အဟမ်း အဟမ်း
မတွေ့တာ ကြာပြီနော်
အပျင်းလေးနည်းနည်းတစ်နေတာနဲ့ page လေးကို ပစ်ထားမိတယ်
ပြန်လာပြီနော် လူနဲ့ မလိုက်တဲ့ စကားကြီး စကားကျယ်တွေ ပြောပါတော့မယ်
ဒီနေ့ share ပေးမှာတော့ ရှမ်းခေါက်ဆွဲ ဆိုင်လေး တဆိုင် အကြောင်းပါ
တခါတလေမှာလေ ဘာဆိုင်ကြီး ညာဆိုင်ကြီး ဆိုတာထပ် အိမ်ရှေ့လေးတွေမှာ စျေးထဲမှာ လမ်းထိပ်မှာ ဖွင့်တဲ့ ဆိုင်သေးသေးလေးတွေက ပိုစားကောင်းနေတာလေးတွေ တွေ့ရတယ်နော် အခုဆိုင်လေးကလဲ အဲ့လိုပါပဲ
မြောက်ဒဂုံ သင်းဝင်လမ်းပေါ် ရွှေပုလ္လင် ရဲ့ ရှေ့တည့်တည့်မှာပါ မနက် ၇:၀၀ ကနေ ၁၂:၀၀လောက်ထိရတယ် တော်တော်လေးစားလ်ု့ အဆင်ပြေတယ် ထိုင်စရာလေးကလဲ သပ်သပ်ရပ်ရပ်လေး သန့်သန့်ရှင်းရှင်းလေး အမယ် အများကြီးတော့မရပေမယ့် ရတဲ့ ဟာလေးတွေကတော့ တော်တော် စားကောင်းတယ် ခရီးမဝေးရင် မြည်းစမ်းကြည့်ပါနော်
Rating : 9/10