Clothing Brand Myanmar

Clothing Brand Myanmar လူသုံးကုန်ပစ္စည်းများ၊ အ‌စားအသောက်များရောင်းချသည်။

ကမ္ဘာသူကမ္ဘာသားအားလုံး ဘေးဘယာဝေးကွာပါစေ။ 🙏🙏🙏
26/09/2020

ကမ္ဘာသူကမ္ဘာသားအားလုံး ဘေးဘယာဝေးကွာပါစေ။ 🙏🙏🙏

06/08/2020

မဖဲဝါ ဇာတ်သိမ်းပိုင်း

ကျွန်တော်နဲ့အောင်ကျော်လည်း အိမ်ပေါ်ပြေးတက်ကြပြီး အိမ်တံခါးတွေ ပိတ်လိုက်ကြတယ်။ တဝုန်းဝုန်းနဲ့ပြေးသွားတဲ့ ခွေးနက်ကြီးနှစ်ကောင်နဲ့လူကြီးက ဒီတစ်ခါအနောက်ဘက် သင်္ချိုင်းဘက်ကို ပြေးထွက်သွားကြတယ်။

ခဏအကြာတော့ "ဒေါက်-ဒေါက်-ဒါက်"ဆိုပြီး အိမ်တံခါးခေါက်သံကြားရတယ်။

ကျွန်တော်နဲ့ အောင်ကျော် ဘုရားစင်အောက်ကို မတိုင်ပင်ထားပဲ ပြေးကပ်ထိုင်ဖြစ်သွားကြတယ်။ ကျွန်တော်လည်း ဘုရားစင်ပေါ်က ပရိတ်ရေပုလင်းကို အမြန်ထယူလိုက်တယ်။

"အောင်ကျော်ရေ အောင်ကျော် လူလေးရေ
အဘဖိုးထောင်ပါကွဲ့"

ဦးဖိုးထောင်ရဲ့အသံကြားမှ အောင်ကျော်နဲ့ကျွန်တော် သက်ပြင်းချနိုင်ပြီး တံခါးထဖွင့်ပေးတယ်။ ဦးဖိုးထောင်မောကြီးပန်းကြီး အိမ်ပေါ်ပြေးတက်လာတယ်။ တစ်ခုခု မသိုးမသန့်သလို စိတ်ကခံစားလာရတယ်။

အောင်ကျော်က
"ဦးဖိုးထောင် သင်္ချိုင်းမှာပြီးသွားပြီလား အားလုံးအဆင်ပြေခဲ့လား"

လို့မေးလိုက်တော့ ဦးဖိုးထောင် ပြန်မဖြေ။ ငူငူငိုင်ငိုင်ကြီးနဲ့ ကျွန်တော့်ဘေးကိုသူလှမ်းကြည့်တယ်။

ကျွန်တော့်ဘေးမှာ ချထားတဲ့ ပရိတ်ရေဗူးကို ရေထင်ပြီးမော့ချလိုက်ပြီးချိန်မှာတော့

"အား ပူတယ် ပူတယ် မင်းတို့တွေငါ့ကို လုပ်ကြံထားကြတယ်ပေါ့ ဟုတ်လား အေးငါမင်းတို့ကို သတ်ပစ်မယ်" ဆိုပြီး ပြေးခုန်အုပ်တယ်။

တစ်ချိန်ထဲမှာပဲ သိုင်းပြောင်းပြန်သင်ထားတဲ့ အောင်ကျော်က ဦးဖိုးထောင်ရဲ့ ရင်၀ကို ပိတ်ကန်ချလိုက်တယ်။ ရင်၀ကိုအကန်ခံထားရတဲ့ အရှိန်ကြောင့် ကြမ်းပြင်မှာ မှောက်နေချိန် ကျွန်တော်နဲ့ အောင်ကျော်လည်း အိမ်၀ကိုဆင်းပြေးကြတယ်။ အိမ်ပေါ်က အသံနက်ကြီးနဲ့

"မင်းတို့တွေ လွတ်အောင်ပြေးကြ မိလို့ကတော့ အသေပဲလို့လှမ်းပြောတယ်။ “

ကျွန်တော်နဲ့ အောင်ကျော်နှစ်ယောက်သား သင်္ချိုင်းဘက်လည်းမပြေးရဲတာနဲ့ ရွာထိပ်က ဆရာလေးတို့ဆေးခန်းဘက်ကိုပြေးလာခဲ့ကြတယ်။ ဆရာလေးဆေးခန်းကိုရောက်တော့

" ဆရာလေးရေ ကယ်ပါဦး ဦးဖိုးထောင်ကို သရဲပူးပြီး ကျွန်တော်တို့ကို သတ်မယ်ဆိုပြီး ခုန်အုပ်တယ် ၊ အိမ်မှာအဖေတို့ အမေတို့ကလည်း မဖဲဝါကို ဖိတ်ဖို့ဆိုပြီး သင်္ချိုင်းဘက်ကိုသွားကြတယ်။ ကယ်ပါဦး ဆရာလေးရယ်"

လို့အောင်ကျော် မောကြီး ပန်းကြီးပြောပြတော့ ဆရာလေးလည်း ဆေးအိတ်ကို ကောက်ဆွဲပြီး ကျွန်တော်တို့နဲ့အတူတူ အိမ်ကိုပြန်လိုက်လာခဲ့တယ်။ အိမ်နားရောက်တော့ အိမ်ရှေ့မှာ လူတွေအုံခဲနေကြတယ်။ လူအုပ်ကြားထဲ ညနေက အဘွားကြီးကိုတွေ့လိုက်တယ်။ အဘွားကြီး ပါးစပ်ကနေပြီး

"ဟဲ့ဖုတ်ကောင် နင်အခုချက်ချင်းဆင်းခဲ့စမ်း ၊ နင့်ကိုယ်နင် ဘာထင်နေလဲ။ နင်တော်တော် မာယာများတာပဲ။ လာခဲ့စမ်း”

လို့ အော်ပြောလိုက်တဲ့ အသံနက်ကြီးကို ကျယ်လောင်စွာကြားရတယ်။

"ဒါ နင်နဲ့မဆိုင်ဘူး နင့်လမ်းနင်သွားစမ်း သင်္ချိုင်းစောင့်မ နင့်သင်္ချိုင်းမှာသာ နင်ဆရာသွားလုပ် ဒီမှာလာမလုပ်နဲ့စမ်း"

လို့ပြန်ပြောသံကြီးဟာ စူးစူးဝါးဝါးနဲ့ကြောက်လန့်ဖွယ်ရာကြီးကြားရပြီးနောက်ပိုင်း တစ်ချိန်ထဲမှာပဲ
မဖဲဝါ ဝင်ထားတဲ့အဖွားကြီးက

"အေး ဒီလောက်တောင်ဖြစ်တာ ငါတက်လာခဲ့မယ်"လို့ပြောပြီး ပြေးအတက် ဝုန်းဆိုပြီး အရှိန်ပြင်းစွာ နောက်ပြန်ပြုတ်ကျလာတယ်။

"ဟား ဟား ဟား ဟား ဟား ဟား ဟား နင်က နင့်သင်္ချိုင်းပဲ ပိုင်တာပါ။ နင်ဒီအိမ်ပေါ်တော့ တတ်လို့မရပါဘူး။ အေးငါတို့ ဖုတ်ကောင်တွေနဲ့ နင်တို့ သရဲတွေ ပါဝါကွာတယ်ဆိုတာသိပြီလား"

ဆိုပြီး အိမ်အပေါ်ထပ်က အသံနက်ကြီးနဲ့ပြန်ပြောသံကြီး ဆိုးဆိုးရွားရွားထပ်ကြားရတယ်။

မဖဲဝါ၀င်နေတဲ့ အဘွားကြီးလည်း ဒေါသအရမ်းထွက်ပြီး ရွာသားတစ်ယောက်လက်မှာကိုင်ထားတဲ့ ကြက်ဖအရှင်ကြီးကို ကိုက်စားပြီး

"နင် သတ္တိရှိရှိ ဆင်းရဲ ဆင်းလာကြည့် နင်ဘာလဲ ငါဘာလဲ သိစေရမယ်"

ဆိုပြီး အဘွားကြီးက သင်္ချိုင်းဘက်ကိုပြန်ပြေးထွက်သွားတယ် ။ အသက်တော်တော်ကြီးနေတဲ့ အဘွားကြီးက လူငယ်လေးတစ်ယောက်လို့ပြေးထွက်သွားတာကြည့်ပြီး အားလုံး အံ့ဩကုန်ကြတယ်။ ရွာသူကြီးက လေးဖိုးသိန်းတို့လူကြီး တချို့ကို အဲ့အဘွားကြီးနောက် လိုက်ထိန်းဖို့ပြောပေမဲ့လည်း ဘယ်သူ့မှမလိုက်ရဲကြပဲ ရပ်ကြည့်နေကြတယ်။ အနောက်ဘက်မြက်တောထဲက ဝုန်းဝုန်းဝုန်းဆိုပြီး အသံကြီးကိုကြားရပြီး ရွာသားတွေအားလုံးနောက်ဆုတ်ကုန်ကြတယ် ။ ခွေးနက်ကြီးနှစ်ကောင်နဲ့ ပြေးလာတော့ တချို့ရွာသားတွေ ထွက်ပြေးကြတယ်။ ခွေးနက်ကြီးနှစ်ကောင်က အိမ်ကိုပတ်ပတ်လည်းပြေးပြီး ဆွဲဆွဲငင်ငင်ကြီး အူတော့ အိမ်ပေါ်က ဝုန်းခနဲ တံခါးကြီးပွင့်သွားပြီး ဦးဖိုးထောင်ဆင်းပြေးလာတယ်။

အချိန်ခဏလေးအတွင်းမှာပဲ မဖဲဝါ၀င်နေတဲ့ အဘွားကြီးပြန်ရောက်လာတယ်။အဘွားကြီးဟာ ဦးဖိုးထောင်ရဲ့ဂုတ်ကိုကိုင်ပြီး ဆွဲဆောင့်လိုက်တဲ့အချိန်မှာတော့ ပုတ်ပွနေတဲ့ ဦးဖိုးထောင်ရဲ့ခန္ဓာကိုယ်ကြီး။ အရိုးအပြိုင်းပြိုင်းထနေပြီး သွားကြီးတွေတောင်ငေါထွက်နေတယ်။

ခဏအကြာမှာတော့ ဦးဖိုးထောင်ကြီးရဲ့ ခန္ဓာကိုယ်ထဲက ပိုးဟပ်တွေ လောက်တွေ ကြွက်တွေထွက်လာတယ်။ မြန်ဆန်လွန်းတဲ့ အဖြစ်ပျက်ကိုမျက်စိတစ်မှိတ်အတွင်း မြင်လိုက်ရတာကြောင့် အားလုံးပဲ တအံတဩဖြစ်သွားကြတယ်။

မဖဲဝါ၀င်နေတဲ့ အဘွားကြီးက ရွာသူကြီးဘက်လှည့်ပြီး "ဒီရွာမှာ ဖိုးထောင်သေသွားတာ တော်တော်ကြာနေပြီ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတည်းက ချောင်းဘက်မှာ အမူးလွန်ပြီး ပြုတ်ကျပြီး သေသွားခဲ့တာ။ အဲ့အချိန်မှာ ငတ်ပြတ်နေတဲ့ ဖုတ်ကောင် ဖုတ်တောင် သွေးစုတ်ဖုတ်ကောင်ဆိုတာ နင်တို့ဘယ်သိမလဲ ၊သူက နေ့တိုင်း ညောင်းတယ် ညာတယ်ဆိုပြီးသူ့မိန်းမရော သူ့သားသမီးတွေကိုရော ခေါ်ခေါ်နှိပ်ခိုင်းရင်း သွေးတွေစုပ်နေတာ။ ကလေးတွေမျက်နှာလည်း အကုန်ဖြူဖတ်နေရောဆိုတာ နင်တို့တွေ သတိမထားမိကြဘူး မဟုတ်လား။သူကတော့ ၀က်တွေနွားတွေသတ်ပြီး နည်းနည်းရောင်းသလိုနဲ့ သူပဲစားသောက်နေတာ။

မနေ့က နင်တို့တစ်ရွာလုံး ဘုန်းကြီးကျောင်းရောက်နေချိန် သူကအိမ်တိုင်းပတ်မွှေထားတာ။လှစိန်ကို ၀င်ပူးတာလည်း အဲ့ဖုတ်ကောင်ပဲ အဲ့နေ့ကတည်းက အဲ့ကောင်ပတ်မွှေနေတာ။ သူ့လုပ်ရပ်တွေကို သိနေတဲ့ သူ့ ခြံထဲက က္ကုကိုလ်ပင်က တစ္ဆေတွေကိုနေစရာပျောက်အောင်လုပ်ပြီး ရွာထဲ၀င်လာကြအောင် အဲ့အပင်ကိုခုတ်ရောင်းခဲ့တာ။ အဲ့က နေစရာမရှိတော့တဲ့ တစ္ဆေတွေကငါ့ကို တိုင်ကြကတည်းက လပြည့်ညကို ငါစောင့်နေတာပဲ။ ငါနဲ့ချိတ်ဆက်ဖို့လူ ငါရှာမတွေ့ခဲ့လို့ မနေ့ညကသူကံကောင်းသွားတာ ။

ငါ့ကိုအခုချိတ်ဆက်ထားတဲ့ နတ်၀င်သည်က ညနေကတည်းက ဒါကိုသိလို့သူ့အိမ်ပေါ်ကဆင်းချိန် သူ့အိမ်ကိုစည်းတားခဲ့တာ။ သူ့ကိုအမိဖမ်းဖို့ ဒါကိုဒီကောင်က ဒီဘက်အိမ်ထဲ၀င်ပုန်းနေတယ်။ ဒီကောင် ဒဏ်ရာရထားလို့သာလွယ်လွယ်နဲ့ဖမ်းလို့ရတာ။ ငါထွက်တော့မယ် နင်တို့ကတိပေးထားတဲ့အတိုင်းသာ ငါ့အတွက် ကြက်နဲ့အရက်တွေ နောက်ရက်လာပို့ထားပေးကြတော့" လို့ပြောပြီး အဘွားကြီးမြေကြီးပေါ် လဲကျသွားတယ်။

ရွာသားတချို့လည်း အဘွားကြီးနားပြေးပြီး လှုပ်နှိုးကြ ယက်ခပ်ပေးကြ အော်ခေါ်ကြပေမဲ့ သတိပြန်မလည်လာတော့ပါ။ ဆရာလေးလည်း အဘွားကြီးရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်ပြီး ခဏအကြာမှာတော့ အဘွားကြီး အသက်မရှိတော့ကြောင်း ပြောပြတယ်။

လပြည့်ကျော်တစ်ရက်နေ့မှာပဲ ဦးဖိုးထောင်ရော အမည်မသိနတ်၀င်သည်အဘွားကြီးပါ ကွယ်လွန်သွားခဲ့တယ်။
နောက်ရက်မှာတော့ ရွာသူကြီးရဲ့ အမိန့်အရ ချက်ချင်းသဂြိုလ်လိုက်ကြတယ်။ ကျွန်တော်လည်း ဆက်မနေရဲတော့တာကြောင့် ရန်ကုန်ကိုပြန်ခဲ့တယ်။ ရန်ကုန်အပြန် ကားပေါ်မှာ မမြင်ရတဲ့နာမ်လောကရဲ့ ဖြစ်ရပ်ဆန်းတွေကိုတော့ မေ့ပစ်လိုက်ဖို့ကြိုးစားရင်း.............။



#မဖဲဝါ

05/08/2020

မဖဲဝါ အပိုင်း (၄)

ခွေးမဲမဲကြီး နှစ်ကောင်ရဲ့ အနောက်က အရပ် ( ၁၀ )ပေနီးပါးလောက်ရှိတဲ့ လူကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ ကျွန်တော် တော်တော်လေးထိတ်လန့်သွားသလို လေးဖိုးသိန်းတို့မိသားစု သုံးယောက်လုံးလည်း အထိတ်တလန့်တွေဖြစ်ကုန်ကြတယ်။ကျွန်တော်တို့ တွေ့မြင်နေရတဲ့ မြင်ကွင်းဟာ ထင်ယောင်ထင်မှား မဟုတ်ဘူးဆိုတာ သူတို့မျက်နှာတွေကြည့်တာနဲ့ သိနိုင်နေပြီ။ ရွာထဲက အူနေကြ ခွေးတစ်အုပ်က ပြေးဟောင်ကြတယ်။ ခွေးမဲကြီးတွေ နားတော့မကပ်ရဲကြဘူး။

အချိန်ခဏအတွင်းမှာလည်း ခွေးမဲကြီး နှစ်ကောင်ရော အဲ့ဒီလူကြီးရော လယ်ကွင်းတွေဘက် ပြေးထွက်သွားရင်း ပျောက်ကွယ်သွားပါတော့တယ်။
ဘေးအိမ်က လူတွေအော်သံကြားတော့ ရွာထဲက လူတော်တော်များများရောက်လာကြတယ်။ တချို့တွေလည်း လယ်ကွင်းထဲပြေးဆင်းသွားတဲ့ ခွေးမဲကြီးနှစ်ကောင်နဲ့လူကောင်ကြီးကြီး တစ်ယောက်ကို မြင်လိုက်ကြရတယ်လို့ ပြောကြတယ်။ တစ်ရွာလုံးလည်း တော်တော်လေး ကြောက်လန့် နေကြပါတယ်။ ရွာသားအားလုံးပဲ ခြံစည်းရိုးပြိုသွားတဲ့ ဘေးအိမ်မှာ စုဝေးကြရင်း တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတာ ဆူညံနေချိန် ရွာသူကြီး ရောက်လာတယ်။

ရွာသူကြီးက

“ဘယ်လိုဖြစ်တာလဲ ဖိုးထောင်”

ဖိုးထောင်ဆိုတာ ဘေးအိမ်က ဉီးလေးကြီးနာမည်ပါ။ ရွာလူကြီးမေးခွန်းကြောင့် တငူငူ တငိုင်တငိုင်ဖြစ်နေတဲ့ ဦးဖိုးထောင်တစ်ယောက် အော်ကြီးဟစ်ကျယ် ငိုတော့တာပါပဲ။ ဘေးကလူတွေလည်း ဦးဖိုးထောင်ငိုတော့ အားလုံးကြောင်ကုန်ကြတယ်။ လေးဖိုးသိန်းကနေပြီး "ကိုဖိုးထောင် မငိုနဲ့လေ၊ ဘာဖြစ်တာလဲ ပြောပြပါဦး" လို့ပြောတော့ ဦးဖိုးထောင်ငိုကြီးချက်မနဲ့ပြန်ပြောတယ်။

"အားလုံး ကျွန်တော့အပြစ်တွေပါဗျာ ၊ ကျွန်တော် မဆင်မခြင်လုပ်မိတာပါ။ လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်တော်တောင်ပိုင်းခြံထဲက ကုက္ကိုလ်ပင်ကြီးကို ၀ယ်တဲ့သူတွေရှိလို့ ခုတ်ပြီးရောင်းလိုက်မိတယ်ဗျာ။ အဲ့ကုက္ကိုလ်ပင်ကြီး ခုတ်လိုက်တဲ့နေ့ကစပြီး ကျွန်တော်ကိုအိမ်မက်တွေပေးကြတယ်။ခြောက်လန့်ကြတယ်ဗျာ။ မနေ့က မလှစိန်ကို၀င်ပူးတာလည်း အဲ့အပင်ကြီးကအစောင့်ပဲနေမယ်"

လို့ ဦးဖိုးထောင်ပြောတော့ ရွာသူကြီးက

"ဖိုးထောင် မင်းကွာ မဆင်မခြင်ခုတ်ရောင်းရတယ်လို့ကွာ။ ဒီအပင်ကြီးက ငါတို့ တစ်သက်မကတော့ဘူးကွ။ အခုတော့ အားလုံးရှုပ်ကုန်ပြီကွာ။"

"အဲ့အပင်ကြီးကတော်တော်ကြီးလား အောင်ကျော်"

လို့ ကျွန်တော်မေးလိုက်တော့၊ အောင်ကျော် ကျွန်တော့်ကို တိုးတိုးလေးပြန်ပြောပြတယ်။

အဲ့အပင်ကြီးက လူကြီးငါးယောက်လောက် လက်ဆန့်တန်းပြီးဖက်ရင်တောင် မဆန့်ဘူး၊ အပင်လုံးကြီးက အကြီးကြီး၊ငါတို့ငယ်ငယ်ကတည်းက ညဘက် ဖားရိုက်ထွက်တဲ့သူတွေ အဲ့အပင်ကြီးအောက်ရောက်ရင် ခြောက်ခံရတယ်လို့ပြောကြတယ်။ အရင်က ရွာမှာ နွားတွေ၀က်တွေ ပေါ်စားကြရင်လည်း အဲ့အပင်ကြီးအောက်မှာ ပေါ်ကြတာ။ဦးဖိုးထောင်က ပေါ်ပြီး ပြန်ရောင်းတာလေ။

ကျွန်တော် တော်တော်လေးတော့ အံဩမိတယ်၊ကြောက်စိတ်တွေလည်း ပိုပိုတိုးလာတယ်။ခုနကတွေ့လိုက်တဲ့ ခွေးမဲကြီးနှစ်ကောင်နဲ့ လူကြီးကိုလည်း ကြောက်လာမိတယ်။စိတ်ထဲမှာလည်း မသိုးမသန့်တွေဖြစ်လာတော့ မြို့ကိုပြန်ချင်လာမိတယ်။

ခဏအကြာတော့ ရွာသူကြီးက မနက်ဖြန်သွားတောင်းပန်ဖို့ပြောတယ်။ရွာသားတစ်ယောက်က

"အပင်ကြီးမှ မရှိတော့တာ ဘယ်လိုတောင်းပန်မလည်း သူကြီးရယ်"

လို့ပြောတော့ သူကြီးလည်း တွေဝေသွားတယ်။

အဲ့အချိန်မှာပဲ ညက နတ်၀င်သည်နဲ့ချိတ်ဆက်ပေးမယ်ဆိုတဲ့ အဒေါ်ကြီးက ၀င်ပြောတယ်။

"မနက်ဖြန် ကျွန်မတို့ နန္ဒာဒေဝီထံအကူညီတောင်းဖို့ရှိတယ်၊ဟိုဘက်ရွာက နတ်၀င်သည်ကို မနက်ဖြန်ချိတ်ဆက်ပေးနိုင်မလားလို့သွားမေးလိုက်မယ် သူကြီး။"

"အေး မဖဲဝါ ၀င်မှ ပိုဆိုးကုန်မယ်၊ ပြီးတော့ မနက်ဖြန်ညက လပြည့်ကျော်တစ်ရက်နေ့နော်။ ငါတော့ တော်တော်လေးခေါင်းကိုက်လာပြီ။ မတော်လို့ တစ်ခုခုဖြစ်မှာ ငါစိတ်ပူနေရတယ်။ နင်တို့အဆင်ပြေမယ်ထင်ရင် ခေါ်မေးကြည့်ကြ ငါတို့ဘက်က ဘယ်လိုပြန်တောင်းပန်ရမလည်းပါသေချာမေးပေး၊ သူ၀င်လာရင် သင်္ချိုင်းဘက်ပြေးမှာ အဲ့နေရာမှာ ကြက်တွေလည်းနည်းနည်းတော့ထားထားပေးလိုက်ကြ။ တော်ကြာစားစရာမရှိ လူတွေအကုန်စားလိုက်ဦးမယ်။ ကဲ…… ညလည်းနက်လာပြီမို့ မင်းတို့လည်းကိုယ့်အိမ်ကိုပြန်အိပ်ကြတော့"

လို့ရွာသားတွေကို ပြောပြီး စကားဝိုင်းအဆုံးသတ်လိုက်ကြရင်း သူကြီးနဲ့အတူ ရွာသားတွေလည်း သူတို့အိမ်ကိုပြန်သွားကြတယ်။

ခဏအကြာတော့ လေးဖိုးသိန်းတို့နဲ့အရီးလှစိန်ကတော့ အိပ်ယာ၀င်သွားကြတယ်။ ကျွန်တော်နဲ့အောင်ကျော်ကတော့ မအိပ်ရဲသေးဘူး။ ခွေးအူသံ တစ်ချက်တစ်ချက် ဆွဲဆွဲငင်ငင်ကြားရရင် စောင်ကို ခေါင်းမူးခြုံလိုက်ပြီး ကွေးကွေးလေး ကြောက်လန့်နေမိတယ်။ မိုးမြန်မြန်လင်းပါစေလို့လည်း ဆုတောင်းနေမိတယ်။

မနက်ရောက်တော့ ဟိုဘက်ရွာက နတ်၀င်သည်စီ သွားဖို့လုပ်ကြတယ်။ ကျွန်တော်နဲ့ အောင်ကျော်ကတော့ အိမ်စောင့်နေခဲ့ရတယ်။နေ့လည်ထမင်းစားချိန်ကျတော့ လေးဖိုးသိန်းတို့ အရီးတို့ပြန်ရောက်လာကြတယ်။ နတ်၀င်သည်က မချိတ်ဆက်ပေးဘူးလို့ငြင်းဆိုတယ်တဲ့။ ဒါပေမဲ့ သေချာပေါက် ချိတ်ဆက်ပေးနိုင်မဲ့တစ်ယောက်ကို လမ်းညွှန်ပေးလို့ ဖိုးထောင်တို့တော့ ထပ်သွားခေါ်ကြတယ်။ ညနေလောက်မှပြန်ရောက်မယ်ထင်တယ်လို့လည်း လေးဖိုးသိန်းကပြောတယ်။

ညနေလောက်ရောက်တော့ ဦးဖိုးထောင်တို့နဲ့အတူ အဘွားကြီးတစ်ယောက်ပါလာတယ်။ အဲ့အဘွားကြီးရဲ့မျက်လုံးတွေက တိမ်၀င်နေသလိုဖြစ်နေပြီး ကြည့်ရတာ ကျောချမ်းဖို့ကောင်းတယ်။ ကျွန်တော် အဲ့အဘွားကြီးနားသွားတော့ ကျောတွေစိမ့်ပြီး ကြက်သီးမွှေးညှင်းတွေထလာတယ်။ ခေါင်းတွေလည်း မူးနောက်လာသလိုခံစားရတယ်။ အဘွားကြီးက ကျွန်တော့်ကိုကြည့်ပြီး

"လူလေး မင်းကဒီနယ်က မဟုတ်ဘူးပဲ မင်းရဲ့အစောင့်က ငါ့အနားမင်းကိုမကပ်ခိုင်းဘူး၊ မင်းကို စောင့်ရှောက်တဲ့အစောင့်က မင်းကိုတားနေတယ်။ ဒီည အမတော် နန္ဒာဒေဝီနဲ့ချိတ်ဆက်တဲ့အခါ မင်းလိုက်လာလို့မရဘူး။ မင်းအစောင့်က ကြီးကျယ်လွန်းတယ်၊ သိပ်အသန့်ကြိုက်တာပဲ"

လို့ အဘွားကြီးက ကျွန်တော့်ကိုကြည့်ပြီးပြောတော့ ကျွန်တော် တော်တော်လေး ကြောက်လာမိတယ်။ သူ့မျက်စိနှစ်ဖက်လုံးက တကယ်ကောမြင်ရတာဟုတ်ရဲ့လားလို့ သိချင်မိတယ်။ သူမျက်လုံးနှစ်လုံးလုံးက တိမ်တွေတကယ်၀င်နေတာ မျက်ဆံအမဲကိုမတွေ့ရဘူး။ အဲ့အချိန်မှာပဲ လေးဖိုးသိန်းက အောင်ကျော်နဲ့ကျွန်တော့်ကို အိမ်ပေါ်မှာသွားနေခိုင်းတယ်။ ပြီးတော့ လေးဖိုးသိန်းကပြောပြတယ်။

"အဲ့အဘွားကြီးက မဖဲဝါနဲ့ချိတ်ဆက်ပေးနိုင်တဲ့ တစ်ဦးတည်းသောနတ်၀င်သည်ပဲ၊ သူကအကြားအမြင်လည်းရတယ်။မျက်စိတော့မမြင်ဘူးတဲ့။နောက်ပြီး ဒီည မဖဲဝါနဲ့ချိတ်ဆက်မဲ့နေရာက သင်္ချိုင်းကုန်းမှာလုပ်မှာတဲ့။ ရွာထဲမှာမလုပ်ပေးနိုင်ဘူးလို့ပြောထားတယ် လူလေး။ အဲ့ဒါကြောင့် ဒီညလူလေးတို့ အိမ်မှာနေကြနော်" လို့မှာတယ်။

ညရောက်တော့နတ်၀င်သည်အဘွားကြီးနဲ့အတူ လူကြီးတွေအကုန်သင်္ချိုင်းကုန်းဘက်သို့ထွက်ခွာသွားကြပြီးနောက် ရွာထဲက အိမ်တိုင်းမှာ ကလေးတွေပဲကျန်ခဲ့ကြတယ်။ လပြည့်ကျော် တစ်ရက်ရဲ့ညက လ ငမုန့်ဖမ်းစားနေသလို ကောင်းကင်ကြီး တစ်ခုလုံးနီရဲနေတယ်။

ကျွန်တော်နဲ့အောင်ကျော်လည်း အိမ်ရှေ့မှာထွက်ထိုင်နေရင်း လယ်ကွင်းတွေဘက်ကို ငေးကြည့်နေမိတယ်။ အဲ့ဒီအချိန်မှာပဲ ရွာထဲကခွေးတွေ လယ်ကွင်းတွေထဲဆင်းဟောင်ကြတယ်။ အရှိန်ပြင်းပြင်းနဲ့ပြေးလာတဲ့ ခွေးနက်ကြီး နှစ်ကောင်နဲ့ အရပ်ဆယ်ပေကျော်လူကြီး လယ်ကွင်းထဲကနေပြေးလာနေတာတွေ့လိုက်တယ်။ ကျွန်တော်နဲ့အောင်ကျော်လည်း အိမ်ပေါ်ပြေးတက်ကြပြီးအိမ်တံခါးတွေပိတ်လိုက်ကြတယ်။ တဝုန်းဝုန်းနဲ့ပြေးသွားတဲ့ ခွေးနက်ကြီးနှစ်ကောင်နဲ့လူကြီးက ဒီတစ်ခါအနောက်ဘက်သင်္ချိုင်းဘက်ကိုပြေးထွက်သွားကြတယ်။

ဇာတ်သိမ်းပိုင်း..... မျှော်

ကြိုက်နှစ်သက်တယ်ဆိုရင် Like and Share လုပ်ပေးပါ


04/08/2020

မဖဲဝါ အပိုင်း (၃)

မနက်နိုးလာတာ့ အရီးလှစိန်က ပုံမှန်ပြန်သက်သာသွားပြီ။ အဲ့ဒါနဲ့ ရွာဦးကျောင်းက အလှူ အားလုံးတူတူသွားကြ၊စားကြ သောက်ကြပြီး၊လိုအပ်တာတွေကိုလည်း ဝိုင်းကူလုပ်ပေးရင်း အောင်မြင်စွာပြီးစီးခဲ့ပါတယ်။ အလှူပြီးသွားပြီး ညဘက်မှာတော့ ရွာဓလေ့အရလားတော့ သေချာမသိဘူး။ ဘုရားကုန်းပေါ်မှာ မောင်းတွေတီးပြီး (၃၇) မင်းသောနတ်တွေကို ပင့်ဖိတ်ကြတယ်။ဒီနေရာမှာ နတ်တွေအကြောင်းအရင်ရှင်းပြပါဦးမယ်။ မြန်မာ့ရိုးရာ နတ်တွေမှာ အတွင်းနတ် (၃၇) မင်းရှိသလို၊အပြင်နတ်(၃၇)မင်းလည်း ရှိတယ်။စာရင်းမဝင်တဲ့ နတ်တွေလည်း (၃၁) မင်းလောက်ရှိတယ်။

အတွင်း ၃၇ မင်း

• ဣန္ဒနတ်
• သောမနတ်
• ဝရုဏနတ်
• ဘာရဒွါဇနတ်
• ပဇာပတိနတ်
• စန္ဒနတ်
• ကာမသေဋ္ဌနတ်
• ကိန္နုဃဏ္ဍုနတ်
• နိဃဏ္ဍုနတ်
• ပနာဒယက္ခသေနာပတိနတ်
• သြပမညယက္ခသေနာပတိနတ်
• ဒေဝသုတယက္ခသေနာပတိနတ်
• စိတ္တသေနယက္ခသေနာပတိနတ်
• နဠောရာဇယက္ခသေနာပတိနတ်
• ဇနေသဘယက္ခသေနာပတိနတ်
• သာတာဂိရိယက္ခသေနာပတိနတ်
• ဟေမဝတယက္ခသေနာပတိနတ်
• ပုဏ္ဏယက္ခသေနာပတိနတ်
• ကရတိယယက္ခသေနာပတိနတ်
• သီဝကယက္ခသေနာပတိနတ်
• ပုစလိန္ဒယက္ခသေနာပတိနတ်
• ဝေသာမိတ္တယက္ခသေနာပတိနတ်
• ယုဂန္ဓရယက္ခသေနာပတိနတ်
• ဂေါပါလယက္ခသေနာပတိနတ်
• သုပ္ပရောဓယက္ခသေနာပတိနတ်
• ဟိရိယက္ခသေနာပတိနတ်
• နေတ္တိယက္ခသေနာပတိနတ်
• မန္ဒိယယက္ခသေနာပတိနတ်
• ပ ဉ္စလစဏ္ဍယက္ခသေနာပတိနတ်
• အာဠာဝကယက္ခသေနာပတိနတ်
• ပဇ္ဇုန္နယက္ခသေနာပတိနတ်
• သုမနယက္ခသေနာပတိနတ်
• သုမုဒယက္ခသေနာပတိနတ်
• ဒဝိမုခယက္ခသေနာပတိနတ်
• မဏိယက္ခသေနာပတိနတ်
• မာဏိဓရယက္ခသေနာပတိနတ်
• သေရိသကယက္ခသေနာပတိနတ်

အပြင် ၃၇ မင်း

• သိကြားမင်း
• မဟာဂီရိနတ်
• နှမတော် မမြတ်လှ
• ရွှေနဘေနတ်
• သုံးပန်လှနတ်
• မနှဲလေး
• တောင်မကြီး ရှင်ညို
• မြောက်မင်း ရှင်ဖြူ
• ထီးဖြူဆောင်းနတ်
• ထီးဖြူဆောင်း မယ်တော်နတ်
• ပရိမ္မရှင်မင်းခေါင်
• တောင်ပြုံးမင်းကြီး
• တောင်ပြုံးမင်းလေး
• မန္တလေး ဘိုးတော်
• ရှင်ကွ
• ညောင်ချင်းအိုနတ်
• မင်းစည်သူ
• ဒန်းမောင်ရှင်
• ကျော်စွာနတ်
• အောင်စွာမကြီး
• ရွှေစစ်သင် မြင်းဖြူရှင်နတ်
• ရွှေစကားနတ်
• ငါးစီးရှင်ကျော်စွာ
• မင်းတရားနတ်
• မောင်ပိုးတူနတ်
• အနောက်မိဖုရား
• အောင်ပင်လယ် ဆင်ဖြူရှင်နတ်
• ရှင်ကုန်း
• ရွှေနော်ရထာ
• မင်းရဲအောင်တင်(သာလွန်မင်း)
• မောင်မင်းဖြူ
• ရှင်တော်နတ်
• တပင်ရွှေထီးနတ်
• မြောက်ဘက်ရှင်မ
• တောင်ငူရှင်မင်းခေါင်
• သံတော်ခံ၊
• ယွန်းဘုရင်

စာရင်းမဝင် နတ်များ

• ပုန်းမကြည်ရှင်မ
• ပုပ္ပားမယ်တော်
• တောင်တော်သခင်မ
• ကိုရင်မောင်နတ်
• ယမ္မားမြင်းဖြူရှင်
• ကန္နီမြင်းဖြူရှင်
• ရွှေပြည့် မြင်းဖြူရှင်
• ကိုးမြို့ရှင်
• ပုလဲယဉ်(အမေပုလဲ)
• ခွန်ချိုနတ်
• ခွန်သာနတ်
• အရှေ့မယ်တော်
• အနောက်မယ်တော် (အမေရေယဉ်)
• အမေဂျမ်း
• ပြေလယ်ပြင်မောင်တော်
• ပြေလယ်ပြင်နှမတော်
• နံကရိုင်းမယ်တော်
• အောင်နိုင်နတ်
• ရေငံပိုင် ဦးရှင်ကြီး
• ကွင်းပိုင်အဘိုး
• ပခန်းဦးမင်းကျော်
• ကိုးသိန်းရှင်
• ဗိဿနိုးနတ်
• ဖျာလိပ်နတ်(ရှင်မအောင်ဖြူနတ်)၊မိုးခေါင်ကျော်စွာနတ်၊သူရဿတီ
• မြနန်းနွယ်
• ကွမ်ယင်မယ်တော်
• ထီးစောင့်နတ်များ
• မဏိမခေလာ
• ဝသုန္ဓရေ

တို့ပဲဖြစ်တယ်။ဒီနေရာမှာနတ်တွေခွဲခြားပြတယ်ဆိုတာလည်း ဗဟုသုတအနေနဲ့ရော နောက်ပိုင်းစာမျက်နှာတွေမှာ ရှင်းသွားအောင်ပါ...။

လပြည့်ညရဲ့ ကောင်းကင်တစ်ခုလုံး ထိန်ထိန်လင်းနေတဲ့ အလင်းရောင်က ဘုရားကုန်းပေါ်က ရွာသူရွာသားတွေအတွက် အလင်းရောင် လုံလုံလောက်လောက်ပေးနိုင်တယ်……။

ဒီလိုနဲ့ဘုရားကုန်းပေါ်မှာ “မောင်း”ကြီးကိုစထုပါတော့တယ်။“’ဒူ-ဒူ-ဒူ ‘’ဆိုတဲ့ မောင်းသံကြီး ကြားရပြီးနောက်ပိုင်း အမျိုးသမီးကြီး တစ်ဦးကတော့ မျက်စိကြီးမှိတ်ပြီး ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေတော့တာပါပဲ။ ဘေးကအမျိုးသမီးကြီးတွေကတော့ ဝိုင်းထိန်းကြတယ်။

နတ်၀င်တာရော ဟုတ်ရဲ့လား…ကြမ်းလိုက်တာလို့… အောင်ကျော် ဘေးကနေပြောတော့၊ကျွန်တော်က နတ်အပြင် ဘာရှိသေးလို့လည်းမေးတော့ သူပြောပြတယ်။တခါတလေမှာ တစ္စေ၊သရဲတွေလည်း ၀င်တတ်တယ်လို့ပြောပြတယ်...။မဖဲဝါသာ ဝင်လာရင်တော့

ရှုပ်ကုန်ရောပဲဆိုပြီးပြောတော့ ကျွန်တော် တော်တော်လေး ကျောချမ်းသွားတယ်။မနေ့ညက အရီးလှစိန်ကို၀င်ပူးတဲ့ သရဲပဲလား…။သူကရော ညက ဘာလို့၀င်ပူးတာလည်း တော်တော်လေးလည်း သိချင်လာမိသလို ကြောက်စိတ်ဝင်လာပြီး ကျောချမ်းလာတယ်။

ခဏအကြာမှာတော့ လူးလှိမ့်နေတဲ့ အမျိုးသမီးဟာ ခန္ဓာကိုယ်ကို ရှေ့နောက်ယိမ်းနွဲ့ပြီး

"ငါဟာ အမေဂျမ်းပဲ။
ငါ့ကိုဆေးလိပ်ဆက်သကြစမ်း"

လို့ပြောတော့ ဘေးကအမျိုးသမီးကြီးတွေရော အရီးလှစိန်တို့ရော လက်အုပ်လေးတွေချီရင်း…ဆေးလိပ်ဆက်သကြ၊ယက်ခပ်ပေးကြနဲ့ တရိုတသေပြုစုပေးကြတယ်..။အမျိုးသမီးတွေလည်း ကျန်းမာရေး၊စီးပွားရေးတွေ ကူညီစောင့်ရှောင့်ဖို့နဲ့ မေးလိုရာမေးမြန်းကြရင်း အမျိုးသမီးကြီးတစ်ဦးက အမေ ညကမလှစိန်ကို ဘယ်သူဝင်ပူးတာလည်းလို့မေးလိုက်တယ်။

အမေဂျမ်းဝင်ပူးနေတဲ့ အမျိုးသမီးက

"ဟဲ့....ဒါက ငါတို့နဲ့မဆိုင်ဘူး။ နင်တို့သိချင်ရင် နန္ဒာဒေဝီကိုခေါ်မေးကြည့်.....နင်တို့ လှစိန်ကလည်း ညဘက်ချောင်းဘေးမှာ အဝတ်လျှော်ရလား...တကယ်ပဲ ဟိုကောင်ကနှစ်ချို့နေပြီ မသေတာတောင်ကံကောင်း"

အားလုံးအံ့ဩ ကြောက်လန့်သွားကြတယ်။ ကျွန်တော်လည်း အောင်ကျော်ကိုမေးလိုက်တယ်….မနေ့ညက အရီးအဝတ်လျှော်သေးလားလို့၊အောင်ကျော်က အေးဟုတ်တယ် မင်းကသူပြန်ရောက်ချိန်အိပ်ပျော်နေတော့ မသိဘူး။ အလှူအတွက် ဝိုင်းကူပြီးပြန်ရောက်တုန်း ပူလို့ဆိုပြီး ရေဆင်းချိုးအဝတ်တွေလျှော်သေးတယ်။ကျွန်တော် တော်တော်လေး အံ့ဪသွားတယ်....နောက်ပြီး အမေဂျမ််း၊ဒီနတ်ကကော ဒါတွေကိုဘယ်လိုသိနေတာလည်း....နောက်ပြီး နန္ဒာဒေဝီကရော ဘယ်သူလည်း...သူဆိုအကုန်သိမှာလား......ကျွန်တော်သိထားတဲ့ နတ်စာရင်းမှာ နန္ဒာဒေဝီဆိုတာတော့မရှိပါဘူး။အရမ်းသိလိုတာနဲ့ အောင်ကျော်ကိုမေးကြည့်တော့ သူလည်းမသိဘူး....ငါ့အဘတော့ သိမယ်ထင်တယ်...အဲ့ဒါဆိုလည်း မေးကြည့်ရအောင်ကွာဆိုပြီး လေးဖိုးသိန်းကို လူအုပ်ထဲလိုက်ရှာပြီးမေးကြည့်တယ်။

"လေးသိန်း နန္ဒာဒေဝီဆိုတာဘယ်သူလဲ နတ်လား"

လို့မေးလိုက်တော့ လေးဖိုးသိန်းက

"အဲ့ဒါမဖဲဝါကိုပြောတာသား။ အဲဒီအကြောင်းကို လေးဖိုးသိန်း အိမ်ရောက်မှပြောပြမယ်"

လို့ဆိုတာနဲ့ ကျွန်တော်လည်းဆက်မမေးဖြစ်တော့ဘူး။ဒီလိုနဲ့ နတ်တွေတစ်ဦးပြီး၊တစ်ဦးဝင်တာသာပြီးသွားတယ် မဖဲဝါတော့မဝင်ခဲ့ပါဘူး...။ဒီလိုနဲ့ နတ်ဝင်တာတွေပြီးသွားတော့ ရွာသူရွာသားတွေနဲ့ ဘုရားကုန်းပေါ်ကပြန်လာကြတယ်..အာလုံးကတော့ အရီးလှစိန်ကိုဝင်ပူးတဲ့ နှစ်ချို့သရဲကိုစိတ်ဝင်စားနေကြတယ်....။

အိမ်ပြန်ရောက်တော့ ရွာထဲက လူတချို့လာလည်ကြတယ်။လေးဖိုးသိန်းနဲ့အရီးလှစိန်ကတော့ ဧည့်ခံရင်း မနေ့ညက အကြောင်းဆက်ကြတယ်...။မနေ့ညကအပူးခံရတာမျိုး နောက်ထပ်မနှောက်ယှက်အောင် ကြာရင်ပိုဆိုးလာနိုင်ကြောင်း တိုင်ပင်ကြရင်း နောက်ဆုံးမှာတော့ နန္ဒာဒေဝီကိုအကူညီတောင်းကြဖို့တိုက်တွန်းတယ်။

လေးဖိုးသိန်းကပြန်ပြောတယ် နန္ဒာဒေဝီနဲ့ ဘယ်သူက ဆက်သွယ်ပေးမှလဲ။ တိုက်တွန်းနေကြတဲ့ အားလုံး အသံတိတ်သွားတယ်။ သူဝင်လာရင် အရမ်းကြမ်းမှာနော်၊အေး..တော်ကြာလိပ်ပြာမခံနိုင်ရင် အသက်ပါသွားနိုင်တယ်လို့ လေးဖိုးသိန်းကပြောတော့ ဧည့်သည်တွေထဲက အမျိုးသမီးကြီးက တစ်ဖက်ရွာက နတ်ဝင်သည်နဲ့ချိတ်ဆက်ခိုင်းရင်ရောလို့ပြောတဲ့အခါ အာလုံးက သူလက်ခံရင် မေးကြည့်ကြတာပေါ့လို့ ပြောကြတယ်။ အဲ့အချိန်မှာပဲ အနောက်သင်္ချိုင်းဘက်ခြမ်းက ဆွဲဆွဲငင်ငင် ခွေးအူသံကြီးကြားရတယ်။ဧည့်သည်တွေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြန်ဖို့ထကြတယ်။ဧည့်သည်တွေပြန်သွားတော့ ကျွန်တော်လည်း လေးဖိုးသိန်းကို မေးကြည့်တယ်။

မဖဲဝါလို့ မခေါ်ပဲ ဘာလို့ နန္ဒာဒေဝီခေါ်တာလည်းပေါ့။လေးဖိုးသိန်းက ရေနွေကြမ်းတစ်ခွက် ကောက်မော့ရင်း ညလည်းနက်နေပြီလူလေး...နောက်ပြီး ဒီနေ့က လပြည့်ညဆိုတော့ ဒီအကြောင်းတွေသိပ်ပြောလို့မကောင်းဘူးကွဲ့..နောက်ရက်မှ အေးဆေးရှင်းပြမယ် အခုတော့အိပ်တော့နော်လိုပြောတယ်။

အဲ့အချိန်မှာပဲ ဘေးအိမ်ရဲ့ ခေါင်မိုးပေါ်ကို “ဒုံး”ဆိုပြီး ခဲနဲ့ထုလိုက်တဲ့ အသံအကျယ်ကြီးကြားရတယ်…တစ်ချိန်ထဲမှာပဲ ငှက်တွေထပျံသန်းကြသံတွေ....ငှက်တွေအော်သံကြီးတွေ ဆူညံကုန်ပြီး ကမ္ဘာပျက်သလားတောင် ထင်ရတယ်။

ကျွန်တော်တို့ တစ်အိမ်လုံးလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်....အနောက်ဘက် မြက်ဖုတ်ထဲက အကောင်းကြီးတစ်ကောင်ဖြတ်ပြေးသွားသလိုမျိုး တရုန်းရုန်းအသံတွေကြားလိုက်တယ်။

ခဏအကြာမှာတော့ ဘေးအိမ်ရဲ့ ခြံစည်းရိုးကြီးကို ဝုန်းဆိုပြီးတစ်ခုခုကအားကြီးနဲ့ ဝင်တိုက်လိုက်တော့ပြိုကြသွားတဲ့အသံကြီးကြားရတော့...’’ခွေးနက်ကြီးတွေ....ခွေးနက်ကြီးတွေ’’ဆိုပြီး ဘေးအိမ်က အော်သံကြားတော့ ကျွန်တော်တို့အားလုံးထကြည့်ချိန် ၅ပေကျော်ကျော် ခွေးမဲမဲကြီးတွေ၊ အကြီးကြီးမှ အကြီးကြီးနှစ်ကောင် အနောက်က အရပ် ၁၀ပေနီးပါလောက်ရှိတဲ့လူကြီးတစ်ယောက်.............

အခန်း(၄) ဆက်ရန်...မျှော်

Page ကို Like and Share လုပ်ထားပေးနော်။


#မဖဲဝါ

မဖဲဝါ အခုထိပေါ်မလာသေး...
30/07/2020

မဖဲဝါ အခုထိပေါ်မလာသေး...

မဖဲဝါ - အပိုင်း (၂)

လက်နှိပ်ဓာတ်မီးအလင်းရောင်ကြောင့်လား မကွဲပြား၊ အိမ်ရှေ့နားမှာ အဒေါ်ကြီးတစ်ယောက်ပုံစံမျိုး မိန်းမတစ်ယောက် ကိုတွေ့ရတယ်။ ညဦးပိုင်းကမှ မဖဲဝါအကြောင်း နားထောင်ထားတော့ စိတ်ထဲနည်းနည်းတော့လန့်သွားတယ်။

"လူလေး...လူလေး... ဒေါ်လေးပါကွဲ့...မင်းနေ့လယ်ကရောက်တယ်ဆိုတာ အောင်ကျော် ပြောလို့သိပြီးပါပြီ။ မနက်ဖြန်အတွက် ရွာဦးကျောင်းမှာ အချက်အပြုတ်ဝိုင်းကူနေရလို့ မင်း‌ ရောက်နေတာတောင် ကောင်းကောင်း ဧည့်မခံနိုင်သေးဘူး...ငါ့တူရေ”

အရီးလှစိန်မှန်းသိ‌တော့မှ ကြောက်စိတ်တွေနည်းနည်းလျော့သွားတယ်။

အရီးလှစိန်ဆိုတာ အောင်ကျော်အမေပါ။ ညနေက ရွာဦးဘုန်းကြီးကျောင်းမှာ မနက်ဖြန်ရှင်ပြုပွဲအတွက် ချက်ပြုတ်နေလို့ ကျွန်တော်ရောက်တာတောင်မသိသေးတဲ့အကြောင်းအရီး ပြောပြတော့ ကျွန်တော်လည်း ရပါတယ်အရီးရယ်။ကိုယ့်တူတွေပဲ တကူးတက ဧည့်ခံစရာမလိုပါဘူးလို့... ပြောပြီး လက်နှိပ်ဓာတ်မီးကိုဖွင့်ပြီး အပေါ့အပါးသွားဖို့ အနောက်ဖက်ထဲ၀င်သွားလိုက်တယ်။

အရီးကတော့ ရေနံဆီမီးခွက်ကို မီးညှိရင်း အိမ်ရှေ့ ကွပ်ပျစ်မှာ ဘော့ဆေးပြင်းလိပ်ကြီး ထိုင်ဖွာနေတယ်။ အပေါ့သွားပြီးအိမ်ပေါ်ပြန်အတက်မှာတော့ ပျာရိပျာတာနဲ့ အောင်ကျော်ကိုတွေ့တယ်။
အောင်ကျော်မင်းမအိပ်သေးဘူးလား...မေးတော့မှ သူ့အမေအန်နေလို့ဆိုပြီး သံပုရာသီးရှာနေကြောင်း ပြောပြတယ်။

ခုနလေးတင် ဆေးပြင်းလိပ်ထိုင်ဖွာနေတဲ့ အရီးက ဘာလို့ အန်တာလည်းဟ.....ကျွန်တော်လည်း အိမ်ရှေ့အမြန်ထွက်လာချိန် အရီးလှစိန်က တော်တော်လေးအန်နေတာ...လေးဖိုးသိန်းက ကျောထုပေးနေတာကို တွေ့ရတယ်။ ထူးဆန်းတာက ကျွန်တော်ပဲအမြင်မှားတာလား မကွဲပြားစွာ အရီးရဲ့ အရိပ်ကထူးဆန်းစွာ လေးဖိုးသိန်းရဲ့ အရိပ်ထက်ကြီးနေတယ်။ လေးဖိုးသိန်းကတော့ အရီးကိုပြောနေတယ်...

မလှစိန် နင်ဘာတွေစားလာသေးလဲ အစာများမှားစားမိသေးလား.....

အရီးပြန်မဖြေ အန်နေရင်းပစ်ကျသွားတယ်။ လေးဖိုးသိန်းလည်း လဲကျသွားတဲ့ အရီးလှစိန်ကို အတင်းဆွဲထူပြီး နှာနှပ်ယူတယ်....အရီး က သတိပြန်မရ။
လေးဖိုးသိန်းက အောင်ကျော်နဲ့ ကျွန်တော့်ကို လှမ်းခေါပြီး အရီးကို အိမ်ပေါ် မ တင်ကြတယ်။

​ေလေးဖိုးသိန်းက အောင်ကျော်ကို ရွာထိပ်က ဆရာလေးကိုသွားပင့်ခိုင်းတယ်....အင်္ဂလိပ်ဆေးဆရာ၀န်ပါပဲ။ အောင်ကျော် က ကမန်းကတန်း အိမ်ပေါ်ကပြေးဆင်းပြီး သွားပင့်ချိန်မှာတော့ ကျွန်တော်ဘ၀ရဲ့ပထမဦးဆုံး ကိုယ်တွေ့အဖြစ်အပျက်တစ်ခုတွေ့ရတာပါပဲ။

အရီးသတိလစ်နေရာကနေ ရုတ်တရက်ထလာပြီး ကျွန်တော်နဲ့ လေးဖိုးသိန်းကို တွေတွေကြီး စိုက်ကြည့်နေတယ်။ အရီးရဲ့ အကြည့်က ကျွန်တော့ကျောရိုးထဲထိအောင် စိမ့်ဝင်သွားတယ်လို့ ခံစားရတယ်။ ပြီးတော့ ကျွန်တော်တို့ နားမလည်တဲ့ စကားတွေကို ဝူးဝူးဝါးဝါးပြောနေပြီး မျက်လုံးတွေကလည်း တစ်ခုခုကို မကျေနပ်တဲ့ ပုံစံမျိုးတွေနဲ့။

လေးဖိုးသိန်းကတော့ သူ့မိန်းမလည်းဖြစ်၊ သတ္တိကလည်းကောင်းတော့ အရီးပုခုံးကို လက်နဲ့ပုတ်ရင်း သတိမလွတ်လိုက်နဲ့လေ...သတိထားအုံး....လို့ ပြောလိုက်တော့ အရီးတစ်ချက်ငြိမ်ကျသွားတယ်...။
ခဏအကြာတော့ ထပ်ပြီးပိုဆိုးလားတယ်...လေးဖိုးသိန်းက သရဲပူးနေပြီဆိုတာ သိသွားပြီး ဘုရားစင်က ပရိတ်ရေကို ယူပြီး အရီးကိုတိုက်ဖို့ကြိုးစားတော့

"မသောက်ဘူး....မသောက်ဘူး"

ငါစိတ်တိုလာပြီနော် အကုန်သေကုန်မယ်လို့ အော်သံကြီးနဲ့ပြောတယ်။

ကျွန်တော်နဲ့ လေးဖိုးသိန်းလည်း ဘာလုပ်ရမှန်းမသိတော့....အော်သံတွေကြားလို့ ဘေးအိမ်က လူကြီးတွေနဲ့ လူလတ်ပိုင်းတွေတောင်ရောက်လာကြတယ်။ အရီးကို စိတ်ထိန်းခိုင်းထားကြတယ်။အရီးကတော့ ဆောင့်ကြောင့်ကြီးထိုင်ပြီး ခေါင်းကြီးကို အောက်စိုက်ထားတယ်။

ခဏအကြာတော့ ဆရာလေးနဲ့အောင်ကျော် ရောက်လာတယ်။ဆရာလေးရောက်လာတော့ အရီးက ပိုသောင်းကြမ်းပြပါလေရော။အဲ့ဒါနဲ့ ဆရာလေးက လေးဖိုးသိန်းကို ဇီးကိုင်းသုံးကိုင်းသွားချိုးခိုင်းတယ်။
အောင်ကျော်ကကြားကနေပြီးတော့ ရတယ်..ရတယ်..ကျွန်တော်တို့ ညီအကိုနှစ်ယောက် သွားချိုးလာခဲ့မယ်လိုပြောလိုက်တယ်။ကျွန်တော်လည်း ညဘက်ကြီး အောင်ကျော်နဲ့ အနောက်ဖက် သင်္ချိုင်းနားက ဇီးပင်ကြီးစီထွက်လာခဲ့ရတာပေါ့။

သင်္ချိုင်းနားရောက်တော့ ဆွဲဆွဲငင်ငင် ခွေးအူသံကြီးကြားရပြန်ရော......ကျွန်တော်ကတော့ တော်တော်လေးစိတ်ချောက်ခြားမိတယ်။အောင်ကျော်ကတော့ သူ့အမေဇောကြောင့်မို့ထင်တယ် ကြောက်တဲ့ရုပ်မပြဘူး။အောင်ကျော်ကိုယ်တိုင်ပဲ ဇီးကိုင်းကို ဓားမနဲ့ခုတ်ပြီး ယူလာခဲ့တယ်။

ကျွန်တော်တို့အိမ်ကို ပြန်ရောက်တော့ အရီးလှစိန် နည်းနည်းတော့ငြိမ်သွားပြီ။ဆရာလေးက ဆေးတစ်လုံးထိုးပေးထားတယ်လို့တော့ ဘေးအိမ်က အန်တီကြီးပြောပြတယ်။ဇီးကိုင်းသုံးကိုင်းကို ရေးဇလုံထဲထည့်ပြီး ဆရာလေးကိုပေးလိုက်တယ်။

ခဏအကြာတော့ ဆရာလေးက အရီးခန္ဓာကိုယ်ကို ဇီးကိုင်းလေးနဲ့သပ်ပြီး ဂါထာတချို့ ရွတ်ဆိုတယ်။ပြီးတော့ လေးဖိုးသိန်းကိုပြောတယ် တစ်အိမ်လုံးမှာ အ၀တ်တွေချိတ်ထားရင် ရုတ်လိုက်ပါတဲ့....ပြီးရင် ဒီဇီးကိုင်းသုံးကိုင်းနဲ့ တစ်အိမ်လုံးပတ်လည်ကို ဖြေးညှင်းစွာရိုက်ပေးပါတဲ့။ အ၀တ်အစားတွေ မထိမိစေနဲ့လို့လည်းမှာတယ်။

လေးဖိုးသိန်းက တစ်အိမ်လုံး ဇီးကိုင်းနဲ့လိုက်ရိုက်ပြီးနောက် ဆရာလေးကို ဘာထပ်လုပ်ရမလည်းမေးတော့...ဆရာလေးက ဟိုညီလေးနှစ်ယောက်ကို အဲဒီဇီးကိုင်းကိုင်ပြီး ရွာမြောက်ပိုင်းက ချောင်းထဲသွားပစ်ခိုင်းလိုက်ပါတဲ့။ ပစ်တဲ့အခါလည်း နောက်ပြန်လှည့်ပြီး ပစ်တဲ့...ပစ်ပြီးသွားရင်လည်း အရှေ့ပဲကြည့်ပြီးပြန်ကြ နောက်ပြန်လှည့်မကြည့်မိစေနဲ့နော်လို့မှာလိုက်တယ်။

ကျွန်တော်နဲ့အောင်ကျော်လည်း ဇီးကိုင်းတွေကိုင်ပြီးရွာမြောက်ပိုင်းဘက် ကျွန်တော့်စိတ်ထဲမှာတော့ ကြောက်မိတာအမှန်ပါပဲ....။ခွေးတွေကလည်း ဆွဲဆွဲငင်ငင်ကို အူနေတာပါ။ ဒီလိုနဲ့ ချောင်းတံတားလေးပေါ်ရောက်တော့ အောင်ကျော်က နောက်ပြန်လှည့်ပြီး ဇီးကိုင်းတွေကို ချောင်းထဲပစ်ချလိုက်တယ်။ ချောင်းထဲပြုတ်ကျသွားတဲ့ ဇီးကိုင်းလေးတွေရဲ့အသံက ကျောက်ခဲ့တုံးကြီး ကျသွားသလိုအသံအကျယ်ကြီးကြားရတယ်။ ကျွန်တော်တော်တော်လေးလန့်လာမိတယ်၊အောင်ကျော်လည်း လန့်နေပြီ။နှစ်ယောက်သား ခပ်သွက်သွက်နဲ့ နောက်ပြန်လှည့်မကြည့်ပဲပြန်လာခဲ့ကြတယ်။ ။

အပိုင်း ၃ ဆက်ရန် ….



မဖဲဝါ တကယ်ရှိတာလား ၊ ငယ်ငယ်က ကြားဖူးရုံပဲရှိတာ.....😢😢😢
27/07/2020

မဖဲဝါ တကယ်ရှိတာလား ၊ ငယ်ငယ်က ကြားဖူးရုံပဲရှိတာ.....😢😢😢

အဲဒီနေ့က ရွာကိုခဏပြန်မယ်။ ပြီးရင် လေးဖိုးသိန်းကို မြို့ကို ပြန်ခေါ်လာမယ်ပေါ့။ ပြီးတော့ ရွာကိုရောက်တော့ လေးဖိုးသိန်းက လယ်ထဲဆင်းနေတယ်။ ကျွန်တော်က ရွာကိုရောက်ရောက်ချင်း ပင်ပန်းလာတာနဲ့ အိပ်ပျော်သွားတာ ညနေစောင်းလောက်မှ နိုးလာတယ်။ ကျွန်တော့် ဘကြီးကတော့ လယ်ထဲမှာပဲ ရှိသေးတယ်။ ပစ္စည်းလေးတွေကူသိမ်းပေးဖို့ ကျွန်တော့်ညီ တစ်ဝမ်းကွဲက လယ်ထဲသွားဖို့ရှိတယ်ဆိုတော့ ကျွန်တော်လည်း ပျင်းနေတာနဲ့ လိုက်သွားခဲ့တယ်။

သူတို့လယ်နဲ့ ရွာနဲ့ က ခန့်မှန်းခြေတစ်မိုင်ခွဲလောက်ရှိမည်ထင်တယ်။ လယ်က ရွာရဲ့အနောက်ဘက်မှာဆိုတော့ သုဿန်ကိုတော့ ဖြတ်သွားရတယ်။ ရွာသုဿန်ဆိုပေမဲ့ သန့်ရှင်းသပ်ရပ်နေပြီး ဇရပ်တွေ၊ ရေအိုးစင်တွေနဲ့ အေးချမ်းတဲ့ ပုံစံမျိုးလေးပါပဲ။ ကျွန်တော်က စပ်စုလိုတာနဲ့ …

“သုဿန်က သပ်သပ်ရပ်ရပ်လေးနော်”
ကျွန်တော့်ညီ ဝမ်းကွဲက ..
“ဟုတ်တယ်.. အဲဒါ ကျွန်တော့် အဘ ကြောင့်လေ”
“ဟင် ..ဘာလို့..”
“အခုမပြောသေးဘူးဗျာ .. ညကျမှ အဘ သေချာပြောပြလိမ့်မယ်” “အေးပါ…”

ကျွန်တော့်စိတ်ထဲမှာ သိချင်စိတ်ပြင်းပြနေပေမဲ့လည်း ညအထိ မြိုသိပ်ပြီး စောင့်ရတော့မှာပေါ့။ ညရောက်တော့ ကျွန်တော့်မှာ သိချင်စိတ်တွေ ပြင်းပြနေတာကြောင့်
. “လေးဖိုးသိန်း .. ကျွန်တော့်ကို ရွာအနောက်က သုဿန်အကြောင်းလေးပြောပြပါ”

"ဟေ …”

“ညနေက လေးဖိုးသိန်းဆီလိုက်လာတုန်းက ဟိုကောင် အောင်ကျော်က သိချင်ရင် လေးဖိုးသိန်းကို မေးဆိုလို့”

လေးဖိုးသိန်းက ရေနွေးကြမ်းကို ငှဲ့လိုက်ပြီး တွေးတွေးဆဆလေသံဖြင့် …

“မင်းတို့လို မြို့ပေါ်က ခေတ်လူငယ်တွေအနေနဲ့ ငါပြောတာကို ယုံလိမ့်မယ်လို့တော့ မထင်ပါဘူး”

“ကျွန်တော်က စိတ်ဝင်စားလို့ပါ”

“အေးပေါ့ မင်းစိတ်ဝင်စားရင်တော့ ပြောပြမယ်လေ ..”

“ ဒီလိုကွ…”

အရင်တုန်းက အဲဒီသုဿန်က အခုလို သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်မဟုတ်ဘူး။ ငါတို့တွေ ညဘက်တွေ အရက်သောက်စကားပြောတဲ့နေရာပေါ့။ ငါတို့တွေက သရဲတွေဘာတွေလည်း မကြောက်တတ်တော့ အေးအေးဆေးဆေးဖြစ်တယ်ဆိုပြီး အဲဒီ ဇရပ်မှာပဲ လူစုံရင်သွားသွားသောက်နေကြ။ တစ်ရက်မှာတော့ ငါတို့တွေ တော်တော်လေးအမူးလွန်နေကြပြီး အုတ်ဂူတွေပေါ်မှာ အိပ်ပျော်သွားကြတယ်။

ခါတိုင်းဆို ငါတို့အဖွဲ့က ငါးယောက်လောက်ရှိပြီး အဲဒီနေ့ကျမှ သုံးယောက်တည်း သောက်ဖြစ်တာ။ ငါတစ်ရေးနိုးတော့ မနက် သုံးနာရီထိုးခါနီးလောက်ဖြစ်မယ်ထင်တယ်။ ငါတို့နဲ့ ခပ်လှမ်းလှမ်းမှာ လှုပ်နေတဲ့ အရိပ်တစ်ခုကို တွေ့တာ။ နောက်ပြီးတော့ ထူးထူးခြားခြားစိတ်ထဲမှာ ကြောက်သလိုလိုဖြစ်လာတယ်။ ခါတိုင်းဆို မိုးလင်းပေါက်ထိတောင် သောက်ဖြစ်တဲ့နေ့တွေရှိတာပဲ။ ဘယ်တုန်းကမှလည်း သရဲအခြောက်မခံခဲ့ရဘူးသလို ဘာကြောက်စိတ်မှလည်း မရှိခဲ့ဘူး။ အခု ဒီအရိပ်ကို မြင်တာ ငါ့စိတ်ထဲ ထူးထူးခြားခြားကြောက်စိတ်ဝင်နေပြီး ကြက်သီးတွေပါ ထနေတာ”

လေးဖိုးသိန်းက မောသွားဟန်နဲ့ ရေနွေးတစ်ခွက်ကို မော့လိုက်တယ်။

ကျွန်တော့်မှာတော့ စိတ်ဝင်စားလွန်းလို့ ရေနွေးသောက်ဖို့တောင် မေ့နေသေး။ လေးဖိုးသိန်းက စကားကို ပြန်ဆက်တယ်။

အဲဒါနဲ့ ငါလည်း ငါ့ကောင်တွေကို နှိုးတာပေါ့။ ဟိုကောင်တွေကလည်း အိပ်ချင်မူးတူးနဲ့ ထ လာပြီး..

"ဘာလဲကွာ.. အိပ်ကောင်းနေတာကို”
“မင်းတို့ကို ပြစရာရှိလို့ …ဟိုးမှာတွေ့လား လှုပ်နေတာ”
ဒီကောင်တွေ ပြူးပြဲကြည့်တယ်။

“မင်းကလည်း ငကြောင်ပဲ အဲဒါ အကောင်တစ်ကောင်ကောင်နေမှာပေါ့”

အဲဒီအချိန်မှာပဲ ရွာထဲက ခွေးတွေရဲ့ အူသံအချို့ကို ကြားလာရတယ်။ ပထမတော့ နည်းနည်းပါးပါးအူသံကနေ တဖြည်းဖြည်းနဲ့ အသံရှည်ဆွဲပြီး အူလာသလို အူသံတွေကလည်း ငါတို့ ရှိနေတဲ့ သုဿန်ကို ဦးတည်လာနေသလိုပဲ။ ငါ က သုံးယောက်ထဲမှာ ကြောက်စိတ်အကြီးဆုံးလိုဖြစ်နေတယ်။ ဟိုနှစ်ကောင်ကတော့ အေးဆေးပဲ။

“ပြန်အိပ်မလား အိမ်ပြန်မလား”
“ငါ..ငါ.. အိမ်ပြန်ချင်တယ်ကွာ”

လေးဖိုးသိန်းအသံတွေက တုန်ယင်နေတယ်။ အဲဒါကို သတိထားမိတဲ့ ဟိုကောင်က
. “မင်းကြောက်နေတာလား ဖိုးသိန်း”
"ဟား …ဟား ..ဟား..”

သူ့ကို ဝိုင်းလှောင်တော့ လေးဖိုးသိန်း စိတ်နည်းနည်းဆိုးသွားတယ်။

"မင်းတို့ဘာသာ နေချင်နေခဲ့ကွာ ငါပြန်ပြီ”

လေးဖိုးသိန်း စိတ်ဆိုးဆိုးနဲ့ သုဿန်ကနေ ရွာထဲက အိမ်ကို တစ်ယောက်တည်းပြန်ချလာတယ်။

စိတ်ဆိုးလို့သာ ပြန်လာရပေမဲ့ တစ်ယောက်တည်းဆိုတဲ့ အသိက တော်တော်လေးခြောက်ခြားနေမိတယ်။ ပုံမှန်ဆို ကြောက်တတ်လေ့မရှိပေမဲ့ အခု ထူးထူးခြားခြားကို စိတ်ထဲမှာကြောက်မိနေတာ။ သုဿန်ထဲက ထွက်လာပြီး ကိုက်လေးရာလောက်အရောက်မှာ နောက်က ခြေသံကြားလိုက်မိတယ်။

လေးဖိုးသိန်းစိတ်ထဲ ဟိုကောင်တွေ လိုက်လာတာပဲလို့ ထင်ပြီး လှည့်ကြည့်လိုက်ချိန်မှာ ….

“အား …… “

လေးဖိုးသိန်း ဆံပင်မွှေးတွေ ထောင်တက်သွားတယ်။

သူမြင်လိုက်ရသည်ကား ဘဝမှာ တစ်ခါမှမမြင်ဖူးတဲ့ မြင်ကွင်းမျိုး။ မိန်းမ တစ်ယောက်ပုံစံက အပြည့်အဝထင်ရှားနေပြီး အခေါင်းကို ထမ်းလာတဲ့ ပုံစံမျိုးကို မြင်လိုက်ရသောကြောင့်ပင်။

လေးဖိုးသိန်းတစ်ယောက် ဘာကိုမှ မစဉ်းစားတော့ဘဲ ရွာထဲကို တစ်ချိုးတည်း ပြေးတော့တာပေါ့။
အိမ်ကို ရောက်တော့ တံခါးဂျက်ပင်မဖွင့်နိုင် တံခါးကို ဝုန်းကနဲ ဆောင့်ကန်ပြီး ဖွင့်လိုက်တယ်။ အံ့ဩစရာတစ်ခုက ဒီလောက်ဝုန်းဒိုင်းကျဲတာတောင် လေးဖိုးသိန်း အိမ်သားတွေ တစ်ယောက်မှ မနိုးကြတာပဲ။ လေးဖိုးသိန်း က အိမ်ထဲရောက်တော့ ခြံဝဘက်ကို လှည့်ကြည့်တော့လည်း အဆိုပါ မိန်းမက ခြံပေါက်ဝမှာ လေးဖိုးသိန်းကို စိုက်ကြည့်နေတယ်။ လေးဖိုးသိန်း တစ်ကိုယ်လုံး ကြောက်လွန်းလို့ တုန်ယင်နေပြီး နားထဲမှာလည်း ဝူးဝူးဝါးဝါးအသံအချို့ကို ကြားရတယ်။

“နင်တို့တွေကို မကျေနပ်ဘူး …”
"နင်တို့တွေကို မကျေနပ်ဘူး ..”
“နင်တို့တွေကို မကျေနပ်ဘူး ..”

ဆိုတဲ့အသံက လေးဖိုးသိန်း နားထဲ ပဲ့တင်ထပ်နေတယ်။

မနက်မိုးလင်းတော့ တစ်ရွာလုံး အုတ်အော်သောင်းတင်း ဖြစ်နေကြတယ်။ ရှေ့မီနောက်မီ လူကြီးတွေက မျက်နှာ မကောင်းကြ။ ရွာလူကြီးက ရွာသားတွေကို စုခေါ်လိုက်တယ်။ လေးဖိုးသိန်းက မျက်တွင်းဟောက်ပက်နဲ့ ။ သူတို့ရွာမှာ ပရလောကနဲ့ပတ်သက်ရင် နည်းနည်းပါးပါး တီးမိခေါက်မိရှိတဲ့ အဘစံက ..

“ဖိုးသိန်း ညက မင်းတို့ သုဿန်မှာ ဘာတွေမှားကြသေးလဲ”

လေးဖိုးသိန်းက သူကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို အစအဆုံးပြောပြလိုက်တယ်။ ပြီးတော့ ညက အတူတူသွားတဲ့ ထွန်းရွှေနဲ့ မြင့်စိန် တို့ကိုလည်း မတွေ့မိ။ ရွာလူကြီးက ..

“ဖိုးသိန်း..”
“ဗျာ..”
“ထွန်းရွှေနဲ့ မြင့်စိန် ဆေးရုံမှာ”
“ဗျာ ….”

ရွာလူကြီးက ..

“ညက မင်းဘယ်အချိန် အိမ်ပြန်ရောက်လဲ”

“သုံးနာရီလောက်ထင်တယ်”

“ဟိုကောင်တွေက ည ၃နာရီခွဲလောက်ကြီး အိမ်ကို ပြန်ရောက်လာကြပြီး သွေးတွေအန်တာပဲ အခုဆေးရုံတင်ထားရတယ်. နောက်ပြီးတော့ သူတို့ တစ်ရွာလုံးဒုက္ခရောက်ပြီလို့ ပြောသွားကြသေးတယ်”

လေးဖိုးသိန်းတစ်ယောက် နားလည်ရခက်သွားတယ်။

အဘစံက ..

“ဖိုးသိန်း မင်းတို့ သုဿန်မှာ တစ်ခုခုအမှားအယွင်းလုပ်ခဲ့ပုံရတယ် အဲဒါ မင်းတို့ ပြန်တောင်းပန်ရမယ် နို့မဟုတ်ရင် တစ်ရွာလုံး ဒုက္ခရောက်လိမ့်မယ် ငါကြားဖူးနားဝရှိတာတော့ ညက မင်းတို့ တွေ့ခဲ့တာ သုဿန်စောင့် မဖဲဝါဖြစ်လိမ့်မယ်.. သူရွာထဲဝင်လာတာဟာ နမိတ်မကောင်းဘူး ရွာအတွက်လည်း မကောင်းဘူး”

အဲဒါနဲ့ အဘစံရဲ့ စီစဉ်မှုနဲ့ ရွာထဲက ကာလသားတွေပေါင်းပြီး သုဿန်မှာ တောင်းပန်ပွဲတွေပြုလုပ်၊ သုဿန်တစ်ခုလုံးကိုလည်း သန့်ရှင်းရေးတွေဘာတွေလုပ်ပြီး ရွာလူကြီးက ဘယ်သူမှ သုဿန်မှာ အရက်မသောက်ရလို့ အမိန့်ထုတ်လိုက်တယ်။

အဲဒီနောက်ပိုင်းကစပြီး ရွာထဲမှာ ညဘက်ဆို ခွေးတွေအူတာလည်း လျော့သွားတယ်။ ငါတို့ ရွာသားတွေကလည်း တစ်ပတ်တစ်ခါလောက် သုဿန်ကို သန့်ရှင်းရေးသွားလုပ်ကြတယ်။ အဖြစ်အပျက်ကတော့ အဲဒါပါပဲ။ လေးဖိုးသိန်းက စကားကို လက်စသတ်လိုက်တယ်။

နားထောင်နေရတဲ့ ကျွန်တော့်မှာ ကြက်သီးတွေတောင် ထ နေသေးတယ်။ အချိန်ကို ကြည့်လိုက်တော့ ည ကိုးနာရီကျော်ပြီ။ ရွာမှာက ည ကိုးနာရီ၊ ဆယ်နာရီလောက်ဆို အိပ်ကြတာဆိုတော့ ကျွန်တော်လည်း အိပ်ရာဝင်ခဲ့တယ်။ တစ်ရေးနိုးတော့ ခွေးအူသံအချို့ကို ကြားမိလိုက်သေးတယ်။ ။

အပေါ့အပါးသွားချင်တာနဲ့ အိပ်ယာခေါင်းရင်းက လက်နှိပ်ဓာတ်မီးကိုလှမ်းယူပြီး ခြင်ထောင်ကို မလိုက်တော့ "ဒေါင်....ဒေါင်......ဒေါင်" ဆိုတဲ့ ရွာဦးထိပ် ဘုန်းကြီးကျောင်းက နာရီမြည်သံကြီးနဲ့အတူ တချိန်ထဲမှာပဲ "ဆွဲဆွဲငင်ငင်" ခွေးအူသံကြီးတွေထပ်မံကြားရပြန်လာတယ်။ အချိန်ကား ည (၁၂) တိတိရှိလေပြီ။

"လူလေး....လူလေး.....လူလေး" အသံလာရာဘက်သို့ စိတ်ခြောက်ခြားစွာ လက်နှိပ်ဓာတ်မီးထိုးကြည့်လိုက်တဲ့အချိန်မှာတော့ .................။

အပိုင်းဆက်ရန်......မျှော်....


Address

Yangon
11

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959453452283

Website

Alerts

Be the first to know and let us send you an email when Clothing Brand Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Clothing Brand Myanmar:

Share