An An online shop

An An online shop Welcome to Mei's Fashion 💞
💎Chose us for your beauty 💃

စိတ်ခံစားချက် အဆင်မပြေတဲ့အခါပန်းကလေးလို ကိုယ့်ကိုယ်ကိုယ်ခဏလောက် ညှိုးနွမ်းခွင့်ပေးလိုက်ပါ။အဲဒီနောက် တစ်ဖန်လန်းဆန်းပြီးဘဝ...
23/12/2024

စိတ်ခံစားချက် အဆင်မပြေတဲ့အခါ
ပန်းကလေးလို ကိုယ့်ကိုယ်ကိုယ်
ခဏလောက် ညှိုးနွမ်းခွင့်ပေးလိုက်ပါ။
အဲဒီနောက် တစ်ဖန်လန်းဆန်းပြီး
ဘဝကို ဆက်လျှောက်ပါ။

🌻

#နိုင်းနိုင်းစနေ

“အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားစေမဲ့ ပေါ့ပေါ့ပါးပါး အလေ့အကျင့် ၇ ခု”🔳 မကြာခင် ၂၀၂၄ ကုန်လို့ ၂၀၂၅ ကို ကူးပြောင်းတော့...
22/12/2024

“အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားစေမဲ့ ပေါ့ပေါ့ပါးပါး အလေ့အကျင့် ၇ ခု”

🔳 မကြာခင် ၂၀၂၄ ကုန်လို့ ၂၀၂၅ ကို ကူးပြောင်းတော့မယ်။ Goal setting တွေ လုပ်တာ မကောင်းဘူး မဟုတ်ပေမဲ့ နှစ်စမှာတော့ တက်ကြွပြီး ရည်မှန်းချက်တွေချ။ ပြီးရင်ကျ ထူးမလာဘူးဆို အလကားပဲ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတောင် ကျဆင်းလာဦးမယ်။

ဒီအတွက် အပြုအမူကောင်း၊ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ဖို့ကို ပိုပြီး အားပေးချင်တယ်။

🔳 You are what you repeatedly do.

မင်းထပ်ကာထပ်ကာ လုပ်နေတဲ့ ကိစ္စတွေက မင်းဘယ်လိုလူလဲ ဆိုတာကို ပြဌာန်းပေးမှာပါတဲ့။

အလေ့အကျင့်တွေသာ ကောင်းနေရင် ကျန်တဲ့ရလဒ်တွေက သူ့အလိုလို လိုက်တာပဲ။ ထွေထွေထူးထူး ပူနေစရာ မလိုဘူး။

🔳 ဒီအတွက် ချက်ချင်းလက်ငင်းမှာ မသိသာသလို ထင်ရပေမဲ့ အချိန်ကြာလာတဲ့အခါ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားစေနိုင်တဲ့ အလေ့အကျင့် ၇ မျိုးကို ပြောပြချင်ပါတယ်။ နှစ်သစ်မှာ ဒါလေးတွေ ထည့်သွင်းပြီး လုပ်လို့ရအောင်ပါ။

❤️ ၁။ ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်း

တကူးတက Gym တွေ သွားမှ၊ အားကစားလုပ်မှ မဟုတ်ပါဘူး။ သွက်လက်နေဖို့၊ လှုပ်ရှားနေဖို့က အရေးကြီးပါတယ်။ ဒီအတွက် အလွယ်ဆုံးနည်းကတော့ အိမ်အလုပ်ပါပဲ။ သက်ရှည်ကျန်းမာကြတဲ့သူတွေကို လေ့လာတဲ့အခါ တကူးတကလည်း အားကစား မလုပ်ကြပေမဲ့ ဘယ်တော့မှ အလုပ်နဲ့ လက်နဲ့ မပြတ်တာကို တွေ့ရှိရပါတယ်။ ဓါတ်လှေကားထက်စာရင် လှေကားအသုံးပြုတာ၊ နီးနီးနားနားဆို လမ်းလျှောက်သွားတာ၊ သူများမခိုင်းဘဲ ကိုယ်တိုင်ထလုပ်တာ စသဖြင့်လည်း လုပ်နိုင်ပါတယ်။

❤️ ၂။ Time Blocking

အချိန်စီမံခန့်ခွဲမှုမှာ သိပ်အရေးကြီးတဲ့ နည်းစနစ် ဖြစ်ပါတယ်။ ဘဝကို ကြီးကြီးမားမား ပြောင်းလဲသွားစေမဲ့ အလုပ်တွေဟာ အလျင်မလိုနေပါဘူး။ Not Urgent But Important ဖြစ်ပါတယ်။ ဒီတော့ အရေးမကြီးပေမဲ့ အလျင်လိုတဲ့ အလုပ်တွေနောက်ကို လိုက်ရင်း၊ လူမှုရေးတွေ၊ အပျော်အပါးတွေနောက်ကို လိုက်ရင်း ခုနက အလုပ်တွေ လုပ်ဖို့ အချိန်မကျန်တော့ဘူး ဖြစ်တတ်ပါတယ်။

ဒါကြောင့် တစ်နေ့တာရဲ့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဒီအလုပ်ကို မဖြစ်မနေ လုပ်မယ်ဆိုတာမျိုး Block လုပ်ထားဖို့ လိုပါတယ်။ အချိန်တစ်ခု ကြာလာတဲ့အခါ သိသိသာသာ ပြောင်းလဲတိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။

❤️ ၃။ အများကို ကူညီခြင်း

ဘာပြန်ရပါစေတော့ ဆိုတဲ့စိတ်နဲ့ မကူညီနဲ့။ Networking လုပ်ဖို့ဆိုပြီးလည်း လက်ဆောင်တွေ မပေးနဲ့။ မေတ္တာထားပြီးသာ ဘယ်သူ့ကိုမဆို ဆက်ဆံပါ။ မိတ်ဆွေကောင်းတွေ ရလာလိမ့်မယ်။ Business Partner တွေ ပေါ်လာလိမ့်မယ်။ ကိုယ်အကူအညီလိုတိုင်း ပေးဖို့ ဝန်မလေးသူတွေ ရှိလာပါလိမ့်မယ်။

❤️ ၄။ တရားထိုင်ခြင်း

ကိုယ်ခန္ဓာ သန့်ရှင်းရေးအတွက် အချိန်ပေးသလို စိတ်သန့်ရှင်းရေးအတွက်လည်း တစ်နေ့ကို ၁၅ မိနစ်လောက်တော့ အချိန်ပေးပါ။ ကြာလာတာနဲ့အမျှ ကိုယ့်ခံစားချက်တွေကို သိလာမယ်။ Emotional Decision တွေ ချတာ နည်းလာမယ်။ ဦးနှောက်နဲ့ စဉ်းစားတာ ပိုအားကောင်းလာမယ်။ ဒီအခါ ပြောမှား ဆိုမှား လုပ်မှား ကိုင်မှားတွေလည်း လျော့ကျသွားပါလိမ့်မယ်။

❤️ ၅။ တစ်ချိန်မှာ တစ်ခုပဲလုပ်

ခေတ်က Multi-tasking ဖြစ်လာပေမဲ့ တကယ်တော့ အဲဒါက ဦးနှောက်ကျန်းမာရေးအတွက်လည်း မကောင်းသလို၊ အလုပ်ရဲ့ Quality ကိုလည်း ကျစေပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ One thing at a time ကို ကျင့်သုံးကြည့်ပါ။ အာရုံပျံ့စရာတွေ များလွန်းတဲ့ ဒီနေ့ခေတ်မှာ Indistractable ဖြစ်ဖို့ဟာ သိပ်လိုအပ်လာပါတယ်။

❤️ ၆။ နေ့စဉ်ဆောင်ရွက်စရာတွေကို မှန်မှန်လုပ်ခြင်း

စိတ်ဖိစီးရင် Daily Routine တွေ ပျက်တယ်။ အဲဒီလိုဆိုရင် စိတ်ပိုဖိစီးတယ်။ ဒါကြောင့် အိပ်ချိန်၊ စားချိန် မှန်ပါစေ။ ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်။ ဆေးသောက်စရာရှိ သောက်။ ရေမှန်မှန်ချိုး။ ဘာတွေပဲဖြစ်နေနေ ကိုယ့် Routine ကိုတော့ အပျက်မခံနဲ့။

❤️ ၇။ တစ်နေ့ ၁၅ မိနစ် စာဖတ်ပါ

ကားမောင်းရင်း ရေဒီယိုကနေဖြစ်ဖြစ်၊ YouTube ကြည့်ရင်းဖြစ်ဖြစ်၊ ဖေ့စ်ဘွတ်ကဖြစ်ဖြစ် လေ့လာမိနေတာတွေကတော့ တစ်နေ့တစ်နေ့ အများကြီးပါပဲ။ ဒီလိုမီဒီယာတွေ များလာလို့လည်း စာဖတ်နှုန်းတွေ ကျလာကြတာ ပြောရမယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် Deep reading ကိုတော့ တစ်နေ့ ၁၅ မိနစ် အနည်းဆုံးလုပ်ပါ။ သေချာအာရုံစူးစိုက်ပြီး ဖတ်ရှုတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၁.၁၂.၂၀၂၄

13/12/2024

အားကစားလုပ်ခြင်း (ပြေးခြင်း) ရဲ့ အကျိုးရလဒ်

(၁) ဦးနှောက်ကို ရွှင်စေတယ်
(၂) မှတ်ဉာဏ်တိုးစေတယ်
(၃) အာရုံစူးစိုက်မှုကို မြှင့်တင်စေတယ်
(၄) တွေးတောမှုကို နိုးဆွပေးတယ်
(၅) စိတ်ခံစားချက်ကို ဖြေလျော့စေတယ်
(၆) စိတ်ကျခြင်းကနေ လွတ်မြောက်စေတယ်
(၇) စိုးရိမ်ပူပန်စိတ်ကို လျော့နည်းစေတယ်
(၈) သိမ်ငယ်စိတ်ကို ဖျောက်ဖျက်စေတယ်
(၉) နေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲစေတယ်
(၁၀) အကျင့်ဆိုးတွေကို ဖယ်ရှားစေတယ်
(၁၁) စည်းကမ်းတကျ နေထိုင်စားသောက်မှုကို မွေးမြူပေးတယ်

ဘာလို့ မပြေးကြမှာလဲ.... 🏃‍♀️

💌

#နိုင်းနိုင်းစနေ

  from 2022ဘဝဆိုတာ ရွေးချယ်မှုပဲ.. ငါ့သား တဲ့အဖေဆိုလဲ မင်းအဘိုးအဘွားတွေက ပညာသင်ပေးချိန်မှာ အဖေက မသင်ယူခဲ့ဘူး။ ဒါ အဖေရဲ့ ...
13/12/2024

from 2022
ဘဝဆိုတာ ရွေးချယ်မှုပဲ.. ငါ့သား တဲ့

အဖေဆိုလဲ မင်းအဘိုးအဘွားတွေက ပညာသင်ပေးချိန်မှာ အဖေက မသင်ယူခဲ့ဘူး။ ဒါ အဖေရဲ့ ရွေးချယ်မှုပဲ ။ မိန်းမတွေ အများကြီးထဲက မင်းအမေကို ယူခဲ့တယ်။ ဒါလဲ အဖေရဲ့ ရွေးချယ်မှုပဲ ။

အလုပ်တွေ လုပ်တယ်။ စာအုပ်လုပ်ငန်းနဲ့ ရှင်သန်ဖို့ ရွေးခဲ့တယ်။ အဆုံးမတော့ အားလုံး ရွေးချယ်မှုတွေကပဲ ဘဝကို ပြဌာန်းခဲ့တယ်... သား

အဖေဟာ သူ့ဘဝကို သူ့အကြိုက် ရွေးချယ်ခဲ့တယ်။ ကျနော်လဲ ဒီနေ့ ဒီနေရာကို ရောက်နေတာ ရွေးချယ်မှုတွေ ကြောင့်ပဲ။ ပညာယူရမဲ့ အချိန်မှာ အပျော်အပါးကို ရွေးခဲ့တယ်။ ဘဏ်မန်နေဂျာရဲ့ မြေး၊ ဘဏ်လုပ်ငန်းကိုသာ ရွေးခဲ့ရင် ခုလောက် ဆို..... ။ ကျနော် ဈေးရောင်းတဲ့ဘဝကို ယူခဲ့တယ်။ လမ်းဘေးဈေးရောင်းတဲ့ဘဝကနေ ကုမ္ပဏီ ဝန်ထမ်းဘဝကို ရွေးခဲ့တယ်။

ချစ်သူကို ရွေးခဲ့တယ်။

အလုပ်အကိုင်ကို ရွေးခဲ့တယ်။

ကျန်းမာရေး ကို ရွေးခဲ့တယ်။

အသောက်အစား ကို ရွေးခဲ့တယ်။

Gym ကစားတာကို ရွေးခဲ့တယ်။

စာရေးတဲ့ဘဝကို ရွေးခဲ့တယ်။

You got what you choose ပါပဲ။ သင်ရွေးချယ်တာ သင်ရတာပဲ၊ ရှင်သန်ရတာပဲ။ ကျနော်တို့ဟာ မွေးလာကထဲက ရွေးချယ်မှုတွေနဲ့ စ တင် ခဲ့ကြရတယ်။

ဘဝရဲ့ အသက်အပိုင်းအခြားတစ်ခုမှာ ကျနော် ပြန်တွေးကြည့်နေမိတယ်။ အဲ့အချိန်တုန်းက ငါ ဘာလို့များ အဲ့ဟာ ကို မရွေးချယ်ခဲ့မိတာလဲ။ အဲ့ဒါကိုသာ ရွေးခဲ့ရင် ခုလောက်ဆို ငါ ဘယ်လို ဖြစ်နေပြီ။

အဓိက က ကိုယ်ရွေးချယ်တဲ့ဘဝ ကိုယ် ကျေနပ်ဖို့ လိုတယ်။ ကျနော်တို့ ရွေးချယ်ခဲ့ပြီကိုး။

အဲ့တော့ ညီငယ်၊ ညီမငယ်တို့ ဘဝဆိုတာဟာ စင်စစ်မသွေမှာတော့ "ရွေးချယ်မှု" ပါပဲ။ ဘဝမှာ Choice လုပ်တဲ့အခါ သေချာ စဥ်းစားကြပါလို့


Nyein Maung

ပျော်ရွှင်တတ်ဖို့သင်ယူရသလို မျှော်လင့်ချက်ထားတတ်ဖို့လည်းသင်ယူရတယ်❤️
12/12/2024

ပျော်ရွှင်တတ်ဖို့သင်ယူရသလို မျှော်လင့်ချက်ထားတတ်ဖို့လည်းသင်ယူရတယ်❤️

Love is in the every day little things, the sacrifice that no one sees.Love is being together, in sickness and in health...
10/12/2024

Love is in the every day little things, the sacrifice that no one sees.
Love is being together, in sickness and in health, in laughter and in tears

ခဏလေးတော့သီးခံလိုက်ပါ ..."🌻အကြပ်တည်းကာလမှာ၊ မထင်မှတ်ထားတဲ့စိတ်ခံစားမူ၊ စိတ်ဖိစီးမူတွေကြုံလာတဲ့ခါအပြင်ကိုထွက်ကြည့်ပြီး နေ...
10/12/2024

ခဏလေးတော့သီးခံလိုက်ပါ ..."🌻

အကြပ်တည်းကာလမှာ၊ မထင်မှတ်ထားတဲ့
စိတ်ခံစားမူ၊ စိတ်ဖိစီးမူတွေကြုံလာတဲ့ခါ
အပြင်ကိုထွက်ကြည့်ပြီး နေဝင်တာကိုကြည့်နေခဲ့တယ် ..."🌻

နားလည်သွားတာတစ်ခုက ဝင်သွားတဲ့နေက
မနက်ဖြန်ထွက်လာမှာပဲ၊ ခံစားခဲ့ရတဲ့နာကျင်မူတွေကို
ကျော်ဖြတ်ဖို့ ငါ့တို့ကြိုးစားရအုံးမယ်
အချိန်တစ်ခုတော့ ထပ်စောင့်ရအုံးမှာပေါ့ ... "🌻

ဒါကြောင့်ကြုံနေရတဲ့ပြဿနာထဲမှာ၊ စိတ်ဓါတ်မကျနဲ့
အားတင်းထား၊ ဆုတောင်းပါ
အကောင်းဆုံးသောလမ်းနဲ့ အကောင်းဆုံးအချိန်
ရောက်လာလိမ့်မယ်နော် ... "🌻

ချစ်ခြင်းမေတ္တာ ဆိုတာလေ ထိတွေ့ကိုင်တွယ်လို့မရပေမယ့် ခံစားလို့ရတယ်။နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေသူ့ကြောင့် ကိုယ့်စိတ်လေးအေးခ...
09/12/2024

ချစ်ခြင်းမေတ္တာ ဆိုတာလေ
ထိတွေ့ကိုင်တွယ်လို့မရပေမယ့်
ခံစားလို့ရတယ်။
နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ
သူ့ကြောင့် ကိုယ့်စိတ်လေးအေးချမ်းနေရင်
ဒါဟာ ချစ်ခြင်းမေတ္တာပဲပေါ့ကွယ် ။ ‎

Credit

❤️
09/12/2024

❤️

မိမိကိုယ်ကိုယုံကြည်မှုဆိုတာတခြားလူထက် ကိုယ်ပိုကောင်းတယ်၊ ပိုတော်တယ်၊ ပိုသိတယ်၊ ပိုလုပ်နိုင်တယ်လို့ ထင်မြင်တာ မဟုတ်ဘဲကိုယ...
06/12/2024

မိမိကိုယ်ကိုယုံကြည်မှုဆိုတာ
တခြားလူထက် ကိုယ်ပိုကောင်းတယ်၊
ပိုတော်တယ်၊ ပိုသိတယ်၊ ပိုလုပ်နိုင်တယ်လို့
ထင်မြင်တာ မဟုတ်ဘဲ
ကိုယ့်ကိုယ်ကိုယ် တခြားလူနဲ့ နှိုင်းယှဉ်ဖို့
မလိုအပ်ဘူးဆိုတာကို သိမြင်တာပဲ ဖြစ်တယ်။

နှိုင်းယှဉ်မှုက မိမိကိုယ်ကိုယုံကြည်မှု အားကို
လျော့နည်းစေသလို
ဒါဟာ စစ်မှန်တဲ့ မိမိကိုယ်ကိုယုံကြည်မှုလည်း
မဟုတ်ပြန်ဘူး။
အနိုင်လိုချင်တဲ့ စိတ်ပဲဖြစ်ပါတယ်။

💌

#နိုင်းနိုင်းစနေ

🌻နေကြာပန်းကို ကြိုက်ရတဲ့အကြောင်းရင်းက သူဟာ အလင်းဘက်ကို အမြဲဦးတည်လို့ ဖြစ်တယ်။ ဘဝထဲက သေးသေးမွှားမွှားတွေကို အကောင်းဘက်ကနေ...
05/12/2024

🌻နေကြာပန်းကို ကြိုက်ရတဲ့အကြောင်းရင်းက သူဟာ အလင်းဘက်ကို အမြဲဦးတည်လို့ ဖြစ်တယ်။ ဘဝထဲက သေးသေးမွှားမွှားတွေကို အကောင်းဘက်ကနေ ခံစားတတ်သူကို နေကြာပန်းနဲ့တူတဲ့ လူအဖြစ် "နေကြာမျိုးနွယ် (နေကြာအုပ်စု)" လို့ တင်စားကြတယ်။

နေကြာမျိုးနွယ်တွေမှာ ဘယ်လို အမူအကျင့်၊ စိတ်နေသဘောထားတွေ ရှိလဲ...

🔹 ပျော်ရွှင်မှု အသေးအမွှားကို ရှာဖွေနိုင်စွမ်းရှိတယ်။

အချိန်ပိုဆင်းလို့ အိမ်ပြန်နောက်ကျတဲ့ ညတစ်ညမှာ လမ်းတစ်နေရာကနေ ကိုယ်ကြိုက်တဲ့ သီချင်းတစ်ပုဒ် ပျံ့လွင့်လာတယ်။ သွက်သွက်လှမ်းနေတဲ့ ခြေလှမ်းကို ရပ်ပြီး သီချင်းဆုံးတဲ့အထိ ရပ်နားထောင်လိုက်တယ်။ ပင်ပန်းနွမ်းနယ်မှုက သံစဉ်တေးသွားကြား ပျော်ဝင်လို့...

မိုးရွာတဲ့ အားလပ်ရက်တစ်ရက်မှာ အိမ်တွင်းပုန်းပြီး ရုပ်ရှင်ကားကောင်းတစ်ကား ကြည့်တယ်။ ကြောင်ကလေးက သူ့အမွေးကို သူပွတ်သပ်နေတယ်။ မိုးတိတ်သွားတဲ့နောက် ပြတင်းပေါက်ကို ဖွင့်ကြည့်တော့ ငှက်ပျောရွက်တွေက မိုးရေကြောင့် ပြောင်လက်လို့နေတယ်။

နေကြာမျိုးနွယ်ရဲ့ အယူအဆမှာ ထိရှလွယ်တဲ့အရာ၊ နူးညံ့သိမ်မွေ့တဲ့အရာတွေက သူတို့ကို လွမ်းလွယ် ဆွေးလွယ် ခံစားရလွယ်စေတာတော့ မဟုတ်ပါဘူး။

တကယ်တော့ သေးငယ်တဲ့ပျော်ရွှင်မှုနဲ့ အာရုံခံစားနိုင်မှုက ပျော်ရွှင်ဖို့ အရင်းအမြစ်တွေထဲက တစ်ခုဖြစ်တယ်။

လူတိုင်းရဲ့ဘဝက ရုပ်ရှင်ပြဇာတ်လို စိတ်ကူးယဉ် မဆန်နိုင်ပါဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝ၊ သာမန်တဲ့နေ့ရက်ထဲမှာ သိုဝှက်နေတဲ့ ပျော်ရွှင်မှုကိုတော့ မြင်တတ်၊ တန်ဖိုးထားတတ်ရပါတယ်။

💌

#နိုင်းနိုင်းစနေ

ကလေး လူကြီးတွေပါဆော့လို့ရတဲ့🤗Diamond painting  stickers နဲ့ puzzle 🧩 လေးတွေ instock🌈ရှိထားပါတယ် ~
08/11/2024

ကလေး လူကြီးတွေပါဆော့လို့ရတဲ့🤗Diamond painting stickers နဲ့ puzzle 🧩 လေးတွေ instock🌈ရှိထားပါတယ် ~

Address

Yangon

Website

Alerts

Be the first to know and let us send you an email when An An online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share