Simple Joys with Me

Simple Joys with Me Waiting for better days!

လက်ရှိသုံးနေတဲ့အထဲ ဒီနှစ်ခုကို တူတူတွဲသုံးတာ ကိုယ့်အတွက် လုံးဝ အဆင်ပြေသောပဲပြည်သူ့ skincare ဖြစ်နေတဲ့ Celimax က retinol ...
18/08/2026

လက်ရှိသုံးနေတဲ့အထဲ ဒီနှစ်ခုကို တူတူတွဲသုံးတာ ကိုယ့်အတွက် လုံးဝ အဆင်ပြေသောပဲ
ပြည်သူ့ skincare ဖြစ်နေတဲ့ Celimax က retinol serum နဲ့ darkspot cream တူတူ တွဲသုံးတာ ကိုယ့်အတွက် သိပ်မထူးသလို ခံစားခဲ့ရသမျှ
ဒီ booster နဲ့ Ongredients calming lotion ( moisturizer) ကို ၂ ပတ်ကျော် တူတူတွဲသုံးပြီး ရလာတဲ့ effect ကို လုံးဝ သဘောကျ
တကယ့် စာအရှည်နဲ့ product 4 ခုလုံးရဲ့ review ရေးဖို့ စာစီလိုက်အုံးမယ် 🤧🤧

‼️အစားစားနေတဲ့အချိန်ဆို ဒီစာလေးကျော်သွားပေးပါရှင့် Fame Biogurt Probiotics ( စျေးနှုန်းလေးနဲ့ သောက်နည်းလေးကို အောက်မှာရေ...
05/08/2026

‼️အစားစားနေတဲ့အချိန်ဆို ဒီစာလေးကျော်သွားပေးပါရှင့်

Fame Biogurt Probiotics ( စျေးနှုန်းလေးနဲ့ သောက်နည်းလေးကို အောက်မှာရေးပေးထားပါတယ် )

ဒါလေးစမ်းသောက်ကြည့်နေတာ ခုဆို တစ်ဗူးကုန်လို့ ၂ ဗူးမြောက်မှာပါ
Normal ဆို ဝမ်းတအားချုပ်တဲ့သူထဲမှာပါပါတယ်
အရင်က fiber တွေလည်းသောက်ခဲ့ဖူးပါတယ်
Donut fiber ကိုပိုသောက်ခဲ့တယ်ပြောရမယ်
အဲ့ဒါသောက်ပြီး နောက်နေ့ဆို ဝမ်းက တအားနာ/ရစ်ပြီး သွားပါတယ်
နောက်ပိုင်း စျေးတက်သွားတာနဲ့ FITNE တံဆိပ် လက်ဖက်ရည်ထုတ်သောက်တယ်
အဲ့ဒါလည်း အိပ်ခါနီးသောက် မနက်ဆို ဝမ်းတအားသွားပါတယ်
နောက်ပိုင်း ဘယ်လိုဖြစ်လဲဆို အဲ့ဒါမှ မသောက်ရင် ဝမ်းမသွားတော့တဲ့အထိဖြစ်ပြီး 4 ရက်ဆက်တိုက် ဝမ်းချုပ်တဲ့အထိဖြစ်လာတယ်
တစ်ရက် အဲ့လို fiber သောက်ပြီး ဝမ်းတအားသွားတဲ့သူတွေက ဘယ်လိုဖြစ်လဲဆို အူထဲမှာရှိတဲ့ အကျိုးပြုတဲ့ပိုးကော အကျိုးမပြုတဲ့ပိုး ကော ဝမ်းနဲ့အတူ ပါသွားတာမို့ ရေရှည်မကောင်းပါဘူးဆိုပြီးပြောထားတာတွေ့လိုက်တယ် ( ဟုတ်မဟုတ် မသိဘူးနော် အဲ့လိုတွေ့မိတာ )
အဲ့ဒါနဲ့ fiber အကုန်ဖြတ်ပြီး ပျားသံပရာလည်းသောက်ခဲ့တယ်
အစပိုင်း အဆင်ပြေသလိုထင်ရပေမယ့် နောက်ပိုင်း ဝမ်းက 3/4 ရက်နေမှ တခါသွားတာမျိုးပြန်ဖြစ်လာတယ်
အဲ့ဒါနဲ့ Probiotics က အူလမ်းကြောင်းအတွက်ကောင်းတယ် သောက်ရမယ် ဆိုပြီးတွေ့တာနဲ့ တခြား တံဆိပ်တစ်ခု ဝယ်သောက်သေးတယ် ကိုယ်နဲ့ အဆင်မပြေတော့ ဘာအကျိုးအာနိသင်မှ မရပါဘူး
အဲ့ဒါနဲ့ citycare မှာစျေးဝယ်တော့ ဒီ Biogurt ကိုတွေ့မိပြီး စမ်းသောက်ရင်း ကိုယ်နဲ့ လုံးဝ အဆင်ပြေလာတာပါ
ဆေးဗူးမှာပါတဲ့ instruction အတိုင်း တခါသောက် ၂ လုံး နဲ့ တစ်ရက် ၂ ကြိမ်သောက်ပါတယ်
မနက်အိပ်ယာနိုးတာနဲ့ တခါသောက်ပြီး ညနေအစာမစားခင် နာရီဝက်အလိုသောက်ပါတယ်
( တခါတလေ မေ့ပြီး တစ်နေ့ တစ်ကြိမ်ပဲသောက်လိုက်တဲ့ ရက်တွေရှိပါတယ် )
ခုဆို တစ်နေ့တစ်ကြိိမ် ဝမ်းက ပုံမှန်သွားပါတယ်
( Fiber သောက်တုန်းက သွားသလို ဝမ်းပျက်ဝမ်းလျှော အရည်တွေချည်းပဲသွားတာမျိုးမဟုတ်ပဲ ပုံမှန်အတိုင်းသွားပါတယ် )
ဝမ်းချုပ်တာက
- အဓိက ကိုယ့်ရဲ့အစားအသောက် အလေ့အကျင့်တွေက မကောင်းတဲ့အတွက် supplements မှီဝဲနေရတာပါ
- ရေသောက်နည်းတယ် / အရွက်တွေဘာတွေဆိုလည်းမစားတာများတယ် / အသားဆိုလည်းကြက်သားပဲ စားတယ် / လှုပ်ရှားမှုနည်းတယ်
အဲ့အကျင့်ကပြင်လို့ရလားဆို ရတယ် but မပြင်တာ
- အရင်က ဒိန်ချဉ်သောက်ပေမယ့် expired က ၃ ရက်လောက်ပဲခံတော့အမြဲသွားမဝယ်နိုင်တာရယ်/ အခန့်မသင့်လို့ ဒိန်ချဉ်သောက်ပြီးအထက်လှန်အောက်ရှောတခါဖြစ်ဖူးတာမို့ အမြဲမသောက်ဖြစ်တော့ပါဘူး
Probiotic တွေက အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို တိုးစေပြီး အစာချေစနစ်ကို ညှိပေးတာကြောင့်

* ဝမ်းသွားမှန်လာစေတယ်
* ဗိုက်ဖောင်းတာ လျော့စေတယ်
* ဝမ်းအရမ်းမာပြီး သွားရခက်တာကို သက်သာစေနိုင်တယ် ( ကျန်တဲ့ အကျိုးကျေးဇူးတွေလည်းအများကြီးရှိပါတယ် )
ဆိုတော့ ဒီဆေးလေးက ကိုယ်နဲ့ အဆင်ပြေတဲ့အကြောင်းလေး Review အရှည်ကြီးရေးပေးတာပါရှင့် ✌️
စျေးနှုန်းကတော့ အလုံး 60 ပါ တစ်ဗူး 24000 ပါ

Tangle teezer တွေ သိန်းကျော်နေလို့ မသုံးနိုင်ပေမယ့်Watsons က ဒါလေး sale နဲ့ရလို့ သောင်းကျော်လေးပဲပေးလိုက်ရတယ် But ကိုယ်န...
31/07/2026

Tangle teezer တွေ သိန်းကျော်နေလို့ မသုံးနိုင်ပေမယ့်
Watsons က ဒါလေး sale နဲ့ရလို့ သောင်းကျော်လေးပဲပေးလိုက်ရတယ်
But ကိုယ်နဲ့ လုံးဝ အဆင်မပြေပါဘူး ❌
ဘာလို့လဲဆို သူ့မှာပါတဲ့ ဆံပင်ဖြီးပေးတဲ့ အချောင်းလေးတွေက တိုနေလို့ပါ
အဲ့တော့ ဘယ်လိုဖြစ်လဲဆို ဆံပင်ဖြီးလိုက်ရင် ဦးရေပြားကို မထိဘူး
ပြီးရင် ဆံပင်အကုန်လုံးလည်း မပါဘူး
တအားကြီး ဖိချ ဖြီးပေးမှ ဆံပင်အရင်းထိရောက်ပြီး ဦးရေပြားကို ထိပါတယ်
ဖြီးရတာ တကယ် satisfied မဖြစ်သလို ဆံပင် ကို ၃ လွှာလောက်ခွဲပြီး ဖြီးနေရတယ် 🤧 ( အဲ့ဒါတောင် ကိုယ်က တအားဆံပင်ထူနေတာမျိုးလည်းမဟုတ်ပါဘူးနော် )
ဆံပင်ပါးတဲ့ သူတွေဆို အဆင်ပြေလောက်ပေမယ့် ဒို့အတွက်ကတော့ တော်တော် အဆင်မပြေလို့ပါ
( ခုတော့ အမေ တို့ကိုပဲ ပေးသုံးလိုက်ပါပြီ သူတို့ကျ အဆင်ပြေတယ်လေ 😁 )

Aldy spent July Salary 💸Skincare & Makeup tools တွေကတခါဝယ်တခါသွေးတက်နေရတယ် 🫩ဒါတောင် ခုနောက်ပိုင်း Foundation မသုံးဖြစ်တေ...
29/07/2026

Aldy spent July Salary 💸
Skincare & Makeup tools တွေကတခါဝယ်တခါသွေးတက်နေရတယ် 🫩
ဒါတောင် ခုနောက်ပိုင်း Foundation မသုံးဖြစ်တော့ဘူး
Sunscreen လိမ်းပြီး blusher & Compact Powder ပဲသုံးနေတာ
သူငယ်ချင်းတွေနဲ့သွားတွေ့တာမျိုး နည်းနည်းအရေးကြီးတဲ့ ကိစ္စတွေရှိမှ Maybelline Fitme Foundation အထုတ်လေးဝယ်ထားတာသုံးဖြစ်တယ်
( ပုံကတော့ Chat gpt ကို အကြိမ် 90 လောက်ပြင်ပေးခိုင်းပြီးနောက် ရလာတဲ့ပုံ )
လက်ရှိသုံးနေတဲ့ products လေးတွေပဲထည့်ထားတာ

ကျွန်မ အမျိုးသားကြိုက်တဲ့ ဟင်းလေးတွေချက်ဖြစ်ပါတယ်ဆိုပြီး vlog ရိုက်အုံးမှ 🤓
17/07/2026

ကျွန်မ အမျိုးသားကြိုက်တဲ့ ဟင်းလေးတွေချက်ဖြစ်ပါတယ်ဆိုပြီး vlog ရိုက်အုံးမှ 🤓

ရုံးကို ရောက်ရောက်ချင်း မု လေးတစ်ဖြတ် 🫩🫩
16/07/2026

ရုံးကို ရောက်ရောက်ချင်း မု လေးတစ်ဖြတ် 🫩🫩

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959421749018

Website

Alerts

Be the first to know and let us send you an email when Simple Joys with Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share