Ngwe Yun Eain
မင်္ဂလာရှိသော လပြည့်နေ့လေး ဖြစ်ကြပါစေ
18/11/2021
မင်္ဂလာရှိသော လပြည့်နေ့လေး ဖြစ်ကြပါစေ
════════════════════════❝ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ❞════════════════════════••••တင်းကျွတ်လသည် မြန်မာတို့၏သတ္...
20/10/2021
════════════════════════
❝ သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့ ❞
════════════════════════
••
••
တင်းကျွတ်လသည် မြန်မာတို့၏သတ္တမ မြောက်လဖြစ်သည်။ မိုးရာသီကုန် လုနီးချိန်ဖြစ်သည်။ မိုးလည်းမပီ ဆောင်း မမည်သေးသောကာလဖြစ်သည်။ အနောက် တောင်မုတ်သုံလေ တစ်ပြည်လုံးမှ ဆုတ်ခွာစပြုချိန် ဖြစ်သည်။ အားနည်းသောမိုးကြွင်းမိုးကျန်များသာ ရွာလေ့ရှိသည်။ ခြေခင်းလက်ခင်းသာစပြုချိန်၊ ပွင့်လင်းရာသီအကြိုကာလဖြစ်သည်။
“သီတင်းကျွတ်ပြီ တူရာသီ အဿဝဏီရှိန်ဝါထွန်း၊
ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း} ဟု ကင်းဝန်မင်းကြီးက သီတင်းကျွတ်လကို စာဖွဲ့ခဲ့ သည်။ မြန်မာ့ယဉ်ကျေးမှုအရ သီတင်းကျွတ်လကို တူရာသီဟုခေါ်သည်။ ထိုလတွင် လမင်းနှင့် ယှဉ်ပြိုင်၍ အဿဝဏီနက္ခတ်က ထွန်းလင်း တောက်ပသည်။ အနီးကပ်၍ ထွန်းလင်းတောက်ပ နေသည်မှာ ကျီးတာရာဖြစ်သည်။ ရာသီပန်းမှာ ကြာပန်းဖြစ်သည်။ ပွဲတော်ကို ဝါကျွတ်ပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲ၊ ဆီမီးမြင်းမိုရ်ပွဲ၊ တာဝတိံ သာပွဲဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြသည်။
မဟာသက္ကရာဇ် ၁၀၉ ခုနှစ် ဝါဆိုလပြည့်နေ့ တွင် သုံးလူ့ထွတ်တင် ဘုရားရှင်သည် သန္တုတိသ မယ်တော် မိနတ်သားအား အဘိဓမ္မာတရားတော် ကို ဟောကြားခြင်းဖြင့် ကျေးဇူးဆပ်ရန် တာဝတိံသာ နတ်ပြည်သို့ ကြွချီတော်မူသည်။ မြတ်စွာဘုရားရှင် သည်စကြဝဠာတိုက်များစွာမှ လာရောက်ကြ သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလ ပတ်လုံးနေ့ညမစဲ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူသည်။
သုံးလူ့ထွတ်ထား မြတ်ဘုရား၏ တရားဓမ္မ အသံတော်သည် ပကတိသောစကား၊ အလွန် တင့်တယ်သောစကားဖြစ်၍ မဟာပညာချွန်၊ ဉာဏ်ရည်ချွန်သည့် လူနတ်ဗြဟ္မာတို့ ကြံစည် အံ့ဩပြောဟော၍ မကုန်နိုင်သော စကားတော် တို့နှင့် ပြည့်စုံတော်မူသည်။ ဝါစာအစိန္တေယျ ဂုဏ်နှင့် ပြည့်စုံသော ဗုဒ္ဓ၏ တရားတော်မြတ်သည် ကြီးမားသော အနှစ်သာရနှင့်ပြည့်စုံတော်မူလေ သည်။
]]ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာ ကတာဓမ္မာ}} အစရှိသော အဘိဓမ္မာတရားတော် မြတ်ကိုဟောကြားတော်မူခဲ့သော မြတ်ဗုဒ္ဓ၏အသံတော်သည် ]]ဝိသဋ္ဌံမဉ္ဇူဝိညေယျံ}} စသော အသံတော်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည်။ အထွေး အရှုပ်လွတ်ကင်းသော အသံတော်ဖြစ်သည်။ နားဝင်ချိုမြိန်နှစ်သိမ့်မဆုံး၊ သာယာမဆုံးနိုင်သော အသံတော်ဖြစ်သည်။ မထင်မရှား မကွဲပြားသော အသံမျိုးမဟုတ်ဘဲ အလွန်သိသာထင်ရှားလှသော အသံတော်ဖြစ်သည်။ ကြားနာရသူလူနတ် ဗြဟ္မာ တို့၏ အာရုံမှာ စွဲငြိစေပြီး ပီတိပြည့်လျှမ်းစေသော အသံတော်ဖြစ်လေသည်။
လူ့ပြည်မှ အချိန်ကာလနှစ် ၁၀၀ သည် တာဝတိံသာနတ်ပြည်မှ အချိန်ကာလ တစ်ရက်နှင့် ညီမျှသည်။ မြတ်စွာဘုရားရှင်၏ အဘိဓမ္မာတရား တော်ကို ဟောကြားတော်မူသောဝါတွင်းကာလ သုံးလဟူသည် နတ်ဗြဟ္မာများအတွက် အနည်း ငယ်သော အချိန်မျှသာဖြစ်သည်။ လူသားစင်စစ်မှ ဘုရားဖြစ်လာသော မြတ်ဗုဒ္ဓအနေဖြင့်မူ လူ့ပြည်၏ သဘာဝအတိုင်း သုံးလမျှကြာမြင့်သည့် ကာလပင် ဖြစ်သည်။ ကိုယ်လက်သန့်စင်ခြင်း၊ ရေချိုးခြင်း၊ ဆွမ်းဘုန်းပေးခြင်းစသည်တို့ကို ပြုလုပ်ရသည်။ဘုရားရှင်သည် မိမိနှင့် ထပ်တူထပ်မျှတူညီသော ကိုယ်ပွားနိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်း၍ ဤမျှ အတိုင်းအတာရှိသော တရားတော်ကို ငါ၏ကိုယ်စား ဟောကြားရစ်စေသားဟု အဓိဋ္ဌာန်ပြု တော်မူသည်။
ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။ နတ်ပြည်၌ နတ်ဗြဟ္မာတို့ အား အဘိဓမ္မာဒေသနာအကျယ်ဟောကြားခြင်း ပြီးဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။ စန္ဒကူးနံ့သာတော်၌ အရှင်သာရိ ပုတ္တရာက တပည့်ငါးရာတို့အား အဘိဓမ္မာ ဒေသနာတော်ကို မကျဉ်းမကျယ် ဟောကြား ပြီးဆုံးသောနေ့မှာလည်း သီတင်းကျွတ်လပြည့်နေ့ ပင်ဖြစ်သည်။
စင်စစ်သီတင်းကျွတ်လပြည့်နေ့သည် ရဟန်း တော်များ ဝါမှထသောနေ့၊ ပဝါရဏာပြုကြသော နေ့၊ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည် ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ဟောကြားခြင်းပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာ အပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ် ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာနတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊ လောကဝိဝရဏတန်ခိုးတော် ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက် မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသတို့ဖြင့် အထူးတလည် ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ် ပေသည်။
အဘိဓမ္မာတရားတော် ဟောကြားခြင်းသည် ထိုနှစ်သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးခြင်းသို့ ရောက်သည်။ ထိုအခါ သိကြားမင်းက စောင်းတန်း သုံးသွယ်ကို ဖန်ဆင်းပေးသည်။ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတို့၏ အခြေ သည် လူ့ပြည်ရှိ သင်္ကဿနဂိုရ်မြို့တံခါး၌ တည်ရှိ သည်။ မြတ်စွာဘုရားရှင်သည် မြင်းမိုရ်တောင် ထိပ်တွင် ရပ်တော်မူ၍ ရေ၊ မီးအစုံစုံသော တန်ခိုး ပြာဋိဟာများကို ပြတော်မူသည်။ ထို့နောက် အညိုရောင်၊ ရွှေရောင်၊ အနီရောင်၊ အဖြူရောင်၊ မောင်းသောအရောင်၊ ပြိုးပြိုးပြက်ပြက် တစ်ခဲ နက်သော အရောင်များလွှတ်၍ ရောင်ခြည်တော် ခြောက်သွယ်ကို ကွန့်မြူးတော်မူသည်။
ထိုရောင်ခြည်တော်တို့ကြောင့် အကနိဋ္ဌဗြဟ္မ ပြည်တိုင်အောင် အတားအဆီးမရှိ၊ ဟင်းလင်းဖြစ် သွားသည်။ အောက်သို့ကြည့်သောအခါ အဝီစိ ငရဲတိုင်အောင် အပိတ်အပင် အတားအဆီးမရှိ ဟင်းလင်းဖြစ်သွားတော့သည်။ စကြဝဠာတိုက် ထောင်ပေါင်းများစွာတို့သည် အတားအဆီးမရှိ ဟင်းလင်းဖြစ်ကုန်ကြသည်။ နတ်ဗြဟ္မာတို့က လူတို့ကို မြင်ရသကဲ့သို့ လူတို့ကလည်း နတ်ဗြဟ္မာ တို့ကို မြင်ရလေသည်။
နတ်ဗြဟ္မာတို့ ခြံရံလျက် စောင်းတန်းသုံးသွယ် မှ ဆင်းသက်တော်မူလာသော ဘုရားရှင်၏ တင့်တယ်သော အသရေတော်ကို ဖူးမြော်ကြ ရသော သုံးဆယ့်ခြောက်ယူဇနာအတွင်းရှိ ပရိသတ်ကြီးအားလုံးတို့မှာ ဘုရားဆုကို တောင်း ကြလေသည်။ ဘုရားဆုမတောင်းသူဟူ၍ တစ်ဦး တစ်ယောက်မျှမရှိချေ။ ထို့ကြောင့် သီတင်းကျွတ်လ ပြည့်နေ့သည်ဘုရား ဆုပန်နေ့လည်းဖြစ်လေသည်။
မြန်မာစာပေနှင့် ယဉ်ကျေးမှုအထောက် အထားများအရ ရှေးခေတ်များကပင် သီတင်းကျွတ် မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရသည်။ ရှေးမင်းအဆက်ဆက်တို့ သည် ပြည်သူတို့နှင့်အတူ မီးမြင်းမိုရ်ပွဲ၊ တာဝတိံ သာပွဲတို့ကို ဆင်နွှဲခဲ့ကြသည်။
မြတ်စွာဘုရားတာဝတိံသာမှ လူ့ပြည်သို့ ပြန်လည်ဆင်းသက်လာခြင်းကို ပူဇော်သော အားဖြင့် သင်္ကဿနဂိုရ်၊ သာဝတ္ထိ၊ ဝေသာလီ၊ ရာဇဂြိုဟ်၊ ဗာရာဏသီ စသည့်ပြည်သူပြည်သား များက မီးရှူးမီးပန်း၊ ဆီမီးများ ထွန်းညှိ၍ လည်းကောင်း၊ ပန်း၊ ရေချမ်းများ ကပ်လှူ၍ လည်းကောင်း ပူဇော်ခြင်းကို မြန်မာတို့က အတု ယူ၍ သီတင်းကျွတ်မီးထွန်းပွဲတော်ကို အစဉ်အလာ မပျက် နှစ်စဉ်ကျင်းပခဲ့ကြသည်။ သီတင်းကျွတ် လပြည့် အဘိဓမ္မာအခါတော်နေ့တွင် သီတင်း သီလဆောက်တည်ခြင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များ နာကြားခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်း စသည့် ကောင်းမှု ကုသိုလ်များကို ပြုကြသည်။
နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ပူဇော် သည့် အနေဖြင့် မီးပုံးပျံများလွှတ်တင်ကြသည်။ စေတီပုထိုး၊ ကျောင်းကန်ဇရပ် များတွင်သာမက လူနေအိမ်များ၊ စပါးကျီ၊ မောင်းဆုံ၊ ဈေးဆိုင် စသည့် လူ့အကျိုးပြုပစ္စည်းပစ္စယများတွင်ပါ ဆီမီး ထွန်းညှိကြသည်။ မုန့်လက်ကောက်၊ မုန့်ဆီ ကြော် စသည့် မြန်မာမုန့်များပြုလုပ်ကျွေးမွေးကြသည်။ လူငယ်လူရွယ်တို့က မိဘဘိုးဘွား၊ ရပ်မိ ရပ်ဖ သက်ကြီးရွယ်အိုများကို စားသောက် ဖွယ်ရာများ၊ အဝတ်အထည်၊ လူ့အသုံးအဆောင် ပစ္စည်း ပစ္စယများဖြင့် ပူဇော်ကန်တော့ကြသည်။ တပည့်များက ဆရာသမားများကို ပူဇော်ကန်တော့ ကြသည်။ လူကြီးမိဘ၊ ဆရာသမား အကန်တော့ခံ ပုဂ္ဂိုလ်များက သာကြောင်းမာကြောင်း၊ တိုးတက် ဖွံ့ဖြိုးစေကြောင်း၊ ကောင်းကျိုးလိုရာ ဆန္ဒနှင့်ပြည့်စုံစေကြောင်းဆုမွန်ကောင်းများ တောင်းပေးကြ သည်။ ဆုံးမဩဝါဒများ ပေးကြသည်။
ဗုဒ္ဓသာသနာ့ဘောင်ရှိ ရဟန်းငယ်များက လည်း ရဟန်းကြီး၊ ဆရာတော်ကြီးများကို ရှိခိုး ကန်တော့ကြသည်။ မိမိတို့တွင် အပြစ်ကြီးငယ်ရှိ ပါကလည်း ခွင့်လွှတ်ပါရန် တောင်းပန်ကြသည်။ ဆရာတော်ကြီးများထံမှ ဩဝါဒကို ခံယူကြသည်။ ကျောင်းတိုက်တစ်ခု၌ ဝါကပ်သော သံဃာ၊ သို့မဟုတ် ပဝါရဏာဂိုဏ်းဖွဲ့သော နီးစပ်ရာ ကျောင်းတိုက်များမှ သံဃာများ သည် သိမ်တစ်ခု တွင် အညီအညွတ်စုရုံးကာ မထေရ်ကြီးမှစ၍ အငယ်ဆုံးရဟန်းအထိ တစ်ပါးချင်းစီ ပဝါရဏာ ပါဠိကို ရွတ်ဆိုကာပဝါရဏာပြုကြရသည်။
“သံဃာတော်အရှင်မြတ်တို့ဘုရား၊ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယဖြစ်ခြင်း သုံးမျိုးတို့ဖြင့် တပည့်တော်၏ အပြစ်တစ်စ တစ်ရာကို ထောက်ပြ ပြောဆိုရန် ဖိတ်ခဲ့ပါသည်ဘုရား၊ တပည့်တော်ကို သနားသောအားဖြင့် ပြောဆိုဆုံးမကြပါဘုရား၊ တပည့်တော်မှာ အပြစ်ရှိခဲ့လျှင် ကုစားပါမည်၊ ပြုပြင်ပါမည်ဘုရား”ဟု အဓိပ္ပာယ်သက်ရောက် သောပါဠိကိုရွတ်ဆိုကာ ပဝါရဏာပြုကြရသည်။ ဘုရားရှင်က သံဃာကို အလွန်အားကိုးတော်မူ သည်။ သံဃာထုအတွင်း စည်းလုံးညီညွတ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးကို ရှေးရှု၍ ဝါကျွတ် လျှင် ပဝါရဏာပြုကြရန် မိန့်ဆိုပညတ်တော်မှုခြင်း ဖြစ်သည်။
“ရဟန်းတို့ သင်တို့သည် ဝါဆိုပြီးမြောက်၊ ဝါကျွတ်သို့ရောက်လျှင် မြင်ခြင်း၊ ကြားခြင်း၊ ယုံမှား သံသယဖြစ်ခြင်း သုံးမျိုးနှင့် အပြစ်ကို ထောက်ပြ ဆုံးမနိုင်ကြောင်း၊ အချင်းချင်းဖိတ်မံပြီး ပဝါရဏာ ပြုကြရမည်။ ထိုသို့ပြုကြရသဖြင့် ညီညွတ်မှုရလိမ့် မည်။ အပြစ်ကင်းစင်လိမ့်မည်။ ကိုယ်ကျင့်တရား ကို ဦးထားရာရောက်လိမ့်မည်”ဟု မိန့်မြွက် တော်မူလေသည်။
ဝါလကင်းလွတ်သီတင်းကျွတ်သည် မြန်မာ တို့၏ ယဉ်ကျေးမှုတွင် အထင်ကရဖြစ်သော ဗုဒ္ဓ ပူဇနိယပွဲတော် မီးထွန်းပွဲကြီး ဖြစ်သည်။ ပဝါရဏာ ပွဲ၊ ပူဇော်ကန်တော့ပွဲ၊ တရားပွဲများ၊ လှူဒါန်းပွဲများ ဖြင့် အထူးစည်ကားလှသော အချိန်လည်းဖြစ် သည်။ ခြေခင်းလက်ခင်းသာစပြုသည့်အချိန် သာတောင့်သာယာရှိချိန်ဖြစ်ပေရာ သီတင်းကျွတ် ပွဲတော်ကာလသည် အဘက်ဘက် က မင်္ဂလာ အပေါင်းနှင့် ခညောင်းလျက်ရှိသော မြန်မာတို့၏ ရိုးရာပွဲတော်အချိန်အခါသမယပင်ဖြစ်ပါကြောင်း ဖော်ညွှန်းရေး သားလိုက်ရပေသည်။ ။
Credi
ပန်းတောင်းသန်းကြွယ်
Myanmar News Ag
▬▬▬▬ ஜ ☸️ ஜ ▬▬▬▬
မျှဝေ ပူဇော်ပါသည်
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com
သီတင်းကျွတ် Clearance Sales 📣📣📣^^^^^^^^^^^^^^^^^^^^^^^သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ကန်တော့ချင်ရင်ပဲဖြစ်ဖြစ် ကိုယ်တိုင်...
18/10/2021
သီတင်းကျွတ် Clearance Sales 📣📣📣
^^^^^^^^^^^^^^^^^^^^^^^
သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ကန်တော့ချင်ရင်ပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲ ဝတ်ဖို့ ဖြစ်ဖြစ် အရမ်းလှ အရမ်းတန်တဲ့ Promotion နဲ့ မိတ်ဆက်ပေးပါရစေ။
လက်ကျန်ဖြတ် အထည်တွေဖြစ်တဲ့အတွက် အထည် အရေအတွက် အနည်းငယ်သာ ရှိပါ့မယ်။
အမရပူရ ပိုးယုံ စစ်စစ်ပေါ်မှာ ကွန်ပျူတာ ပန်းထိုးထားတာပါ။
လက်ကျန်ဖြတ် အထည်တွေဆိုပေမယ့် အနာအဆာ ချည်ချော် မပါကြောင်း အာမခံပါတယ်။
လုံချည်တွက် ၂ ကိုက် အင်္ကျီတွက် ၂ ကိုက် ပါလို့ ပိန်ပိန် ဝဝ လုံးဝ ပူစရာ မလိုပါဘူးနော်။
၁ ထည်စျေးနှုန်း - ၂၀၀၀၀ ကျပ်ပါ
Delivery နဲ့ ပို့ပေးသလို
ဆိုင်မဖွင့်သေးပေမယ့် ဆိုင်မှာ pick up လုပ်မယ်ဆိုလည်း ရပါတယ်ရှင်။
ဆက်သွယ်မှာ ယူလိုပါက
အမှတ် ၃၂ B, ဘိုးရာဇာလမ်း, ကျောက်ကုန်း, ရန်ကင်းမြို့နယ်။
📱 09-785120365
Address
32(B), Pho Yazar Street, Kyauk Kone, Yankin Township , Yangon,
Yangon
Opening Hours
Monday 08:30 - 20:00
Tuesday 08:30 - 20:00
Wednesday 08:30 - 20:00
Thursday 08:30 - 20:00
Friday 08:30 - 20:00
Saturday 08:30 - 20:00
Sunday 08:30 - 20:00
Telephone
+959785120365
Website
Alerts
Be the first to know and let us send you an email when Ngwe Yun Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Ngwe Yun Eain:
Share
Our Story
32(B)၊ ဘိုးရာဇာလမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။ ဖုန်း- ၀၁၅၇၃၄၆၉၊ ၀၉ ၇၈၅၁၂၀၃၆၅