Hipradog 7

Hipradog 7 Myanmar Exclusive Distributor

Hipradog 7 နှင့် Feligen CRP Product မိတ်ဆက်ပွဲ အခမ်းအနား ပုံရိပ်များ 🎉📸နည်းပညာအသစ်များနှင့် အရည်အသွေးမြင့် ကာကွယ်ဆေးထုတ...
21/11/2025

Hipradog 7 နှင့် Feligen CRP Product မိတ်ဆက်ပွဲ အခမ်းအနား ပုံရိပ်များ 🎉📸

နည်းပညာအသစ်များနှင့် အရည်အသွေးမြင့် ကာကွယ်ဆေးထုတ်ကုန်များဖြစ်သည့် Hipradog 7 နှင့် Feligen CRP မိတ်ဆက်ပွဲအခမ်းအနားကို Lotte Hotel Yangon တွင် အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

တက်ရောက်ချီးမြှင့်ပေးခဲ့သော ဧည့်သည်တော်များအတွက်
✨ Stage Presentations
✨ Lucky Draw Activities
✨ Product Showcase
✨ Cultural & Modern Performances အက အလှအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ရင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

Hipradog 7 နှင့် Feligen CRP Product Launch Seminar ကို Lotte Hotel Yangon မှာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။မြန်မာနိုင်ငံရ...
21/11/2025

Hipradog 7 နှင့် Feligen CRP Product Launch Seminar ကို Lotte Hotel Yangon မှာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ တိရစ္ဆာန် ဆေးဝါး နယ်ပယ်အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် နှင့် ကြံ့ခိုင်သောကာကွယ်ရေးကို ပေးစွမ်းနိုင်ဖို့ဝေမျှဆွေးနွေးခဲ့ကြသည်။
တက်ရောက် ဆွေးနွေး ပေးခဲ့ကြတဲ့ မိတ်ဖက်ကုမ္ပဏီများ၊ ဆရာဝန်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

Thank you for being part of our Hipradog 7 Seminar & Lucky Draw event. 💚
12/11/2025

Thank you for being part of our Hipradog 7 Seminar & Lucky Draw event. 💚

Grateful for all who participated in our Hipradog 7 Seminar & Lucky Draw.Together we make better protection for our furr...
12/11/2025

Grateful for all who participated in our Hipradog 7 Seminar & Lucky Draw.
Together we make better protection for our furry friends!

ကိုယ်ရဲ့အာဝု​လေး​​တွေ အစဥ်အမြဲကျန်းမာလှပဖို့ Hipradog 7 နှင့် ကာကွယ်ကြပါစို့ ✨
06/11/2025

ကိုယ်ရဲ့အာဝု​လေး​​တွေ အစဥ်အမြဲကျန်းမာလှပဖို့ Hipradog 7 နှင့် ကာကွယ်ကြပါစို့ ✨

🦠 Canine Adenovirus Type 2 (CAV-2) ဆိုတာဘာလဲ?🔬Canine Adenovirus Type 2 (CAV-2) ဟာ ခွေးတွေရဲ့ အသက်ရှူလမ်းကြောင်း ကိုထိခို...
01/11/2025

🦠 Canine Adenovirus Type 2 (CAV-2) ဆိုတာဘာလဲ?

🔬Canine Adenovirus Type 2 (CAV-2) ဟာ ခွေးတွေရဲ့ အသက်ရှူလမ်းကြောင်း ကိုထိခိုက်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး၊ Kennel Cough (ခွေး ချောင်းခြောက် ဆိုးတဲ့ရောဂါ) ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။
ဒီဗိုင်းရပ်စ်ဟာ Canine Infectious Tracheobronchitis လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာဖြစ်တဲ့ရောဂါဖြစ်ပါတယ်။



⚠️ ကူးစပ်ပြန့်ပွားနည်း ( Transmission ):

CAV-2 ဟာ ခွေးတစ်ကောင်ကနေ တစ်ကောင်သို့
• အသက်ရှူခြင်း၊
• ချောင်းဆိုးခြင်း၊
• နှာရည်ထွက်ခြင်း

လိုအရာတွေမှတဆင့် လွယ်လွယ်ကူကူ ပြန့်ပွားနိုင်ပါတယ်။

အထူးသဖြင့် ခွေးအများစု စုပေါင်းနေရာများ (Kennel, Training Center, Pet Shop) တွေမှာ အဖြစ်များပါတယ်။



🤧 ရောဂါလက္ခဏာများ ( Symptoms ):

CAV-2 နဲ့ ကူးစက်ခံရတဲ့ ခွေးတွေအနေနဲ့ –
• ချောင်းဆိုးမှု (အနည်းအကျဉ်းလေးနဲ့ စပြီး
တဖြည်းဖြည်းပိုမိုပြင်းထန်လာနိုင်တယ်)
• နှာချေ၊ နှာရည်ကျခြင်း
• မျက်ရည်ယိုခြင်း
• အဖျားတက်ခြင်း
• အားနည်းခြင်း
• အစာစားချင်စိတ်နည်းခြင်း

လက္ခဏာတွေက အခြေအနေ၊ အသက်အရွယ်အပေါ် မူတည်ပြီး တစ်ပတ်ခန့်ကြာတတ်ပါတယ်။



🩺 ဆေးကုသခြင်း ( Treatment ):

CAV-2 ရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာကြောင့်
ပိုးသတ်ဆေးနဲ့ မကုသနိုင်ပါ။
ဒါပေမဲ့ အထိရောက်ဆုံးကုထုံးက အနားယူခြင်း၊ သန့်ရှင်းသောဖြည့်စွက်အစာ စားသုံးခြင်း နှင့် တခြား secondary infection မဖြစ်အောင် ကာကွယ်ဆေးများ အသုံးပြုခြင်း ဖြစ်ပါတယ်။



💉 ကာကွယ်နည်း ( Prevention ):

ကာကွယ်ရေးအနေနဲ့ ခွေးတွေကို ကာကွယ်ဆေးထိုးခြင်းဟာ အရေးကြီးဆုံးပါ။
CAV-2 ကို Hipradog 7
လိုမျိုး Combination Vaccine တစ်မျိုးဖြစ်တဲ့ CAV-1, CAV-2, CDV, CPV, Leptospira စတဲ့ ရောဂါများကို တစ်ပြိုင်တည်းကာကွယ်ပေးနိုင်တဲ့ vaccine မျိုးအသုံးပြုသင့်ပါတယ်။

-2

🦠 Canine Adenovirus Type 1 (CAV-1)       Infectious Canine Hepatitis      ( အသည်းရောင်ရောဂါ )🔬 Infectious Canine Hepatit...
31/10/2025

🦠 Canine Adenovirus Type 1 (CAV-1)
Infectious Canine Hepatitis
( အသည်းရောင်ရောဂါ )

🔬 Infectious Canine Hepatitis (ICH) ​ အသည်း​ရောင်​ရောဂါသည် ​Canine Adenovirus Type 1 (CAV - 1) ဟု​ခေါ် သောဗိုင်းရပ်စ်​ကြောင့် ​ခွေး​​လေးများတွင်ဖြစ်ပွား​သော ​ရောဂါတစ်မျိုးဖြစ်ပါသည်။

CAV-1 ဟာ ခွေးတွေရဲ့ အသည်း၊ ကျောက်ကပ်၊ နှလုံးနဲ့ သွေးလမ်းကြောင်းများ ကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ရောဂါရှိသောခွေးတစ်ကောင်မှ အခြားခွေးတစ်ကောင်သို့ သွေး၊ ဆီး၊ မျက်ရည်၊ နှာရည် စတဲ့ အရည်များမှတဆင့် ပြန့်ပွားတတ်ပါတယ်။



⚠️ ပြန့်ပွားနည်း ( Transmission ):
• ရောဂါရှိတဲ့ခွေးရဲ့ ဆီး၊ သွေး၊ နှာရည် တို့နှင့် ထိတွေ့ခြင်း
• မသန့်စင်တဲ့ အစာခွက်၊ ရေခွက် တွေကို တူသုံးခြင်း
• သန့်ရှင်းမှု မရှိတဲ့နေရာမှာ နေထိုင်ခြင်း



😷 ရောဂါလက္ခဏာများ ( Symptoms ):
• အဖျားတက်ခြင်း
• ဝမ်းဗိုက်နာကျင်ခြင်း
• မျက်လုံးသားပြာလာခြင်း (Blue eye symptom)
• အသက်ရှူခက်ခြင်း
• အစာမစားခြင်း
• အားနည်းခြင်း
• အန်ခြင်း ၊ ဝမ်းလျှောခြင်း



💉 ကာကွယ်နည်း ( Prevention ):
• Hipradog 7 ကဲ့သို့သော vaccine များ ဖြင့် ထိုးနှပေးခြင်းဖြင့် ကာကွယ်နိုင်သည်။
• Hipradog 7 တွင် Canine Adenovirus Type 1 နှင့် Type 2 နှစ်မျိုးစလုံးကို ကာကွယ်ပေးနိုင်ပါသည်။
• CAV-1 ဟာ ခွေးအတွက် အသက်အန္တရာယ်ရှိတဲ့ အသည်းရောဂါဖြစ်ပေမဲ့
နိုင်ငံတကာ အသိအမှတ်ပြု Hipradog 7 သုံးခြင်း ဖြင့် အပြည့်အဝကာကွယ်မှုရရှိနိုင်ပါတယ်။

🐶 Canine Distemper ( ကျောက်ရောဂါ )🔬Canine Distemper ဆိုတာကတော့ Canine Distemper Virus (CDV) ဆိုတဲ့ virus မှ ဖြစ်ပေါ်လာတဲ...
30/10/2025

🐶 Canine Distemper ( ကျောက်ရောဂါ )

🔬Canine Distemper ဆိုတာကတော့ Canine Distemper Virus (CDV) ဆိုတဲ့ virus မှ ဖြစ်ပေါ်လာတဲ့ အလွန်အန္တရာယ်ရှိတဲ့ ရောဂါ ဖြစ်ပါတယ်။
ဒီ virus က ခွေးတွေရဲ့ အသက်ရှူလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်းနဲ့ ဦးနှောက်အာရုံကြောစနစ် ကို ထိခိုက်စေပါတယ်။



😷 လက္ခဏာများ (Symptoms):
• အဖျားတက်ခြင်း
• နှာရည်၊ မျက်ရည်ယိုခြင်း
• ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း
• အစာမစားခြင်း
• အချို့ခွေးများတွင် အသက်သေဆုံးနိုင်သည်အထိဖြစ်စေနိုင်ပါတယ်။



📡 ပြန့်ပွားနည်း ( Transmission ):
ရောဂါသယ်ဆောင်တဲ့ ခွေးတစ်ကောင်မှ
အသက်ရှူခြင်း၊ နှာရည်၊ မျက်ရည်၊ ဆီး၊ မစင် တို့မှတဆင့်
အခြားခွေးများထံ သယ်ဆောင်ကူးစက်နိုင်ပါတယ်။



⚠️ အန္တရာယ်ရှိမှု ( Severity ):
အထူးသဖြင့် ခွေးပေါက်လေးများ ( puppies ) အတွက် အထူးအန္တရာယ်များပြီး
အချို့က သေဆုံးခြင်း အထိ ဖြစ်စေတတ်ပါတယ်။



💉 ကာကွယ်နည်း ( Prevention ):
Canine Distemper ကို ကာကွယ်ဖို့အတွက်
Hipradog 7 Vaccine သည် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်
တစ်ကြိမ်ထိုးခြင်းဖြင့် ခွေးလေးများအတွက် အရေးပါဆုံး ရောဂါ ၇ မျိုး ( Distemper အပါအဝင် ) ကို တစ်ပြိုင်တည်း ကာကွယ်ပေးနိုင်ပါတယ်။



🔰 တရားဝင်ဖြန့်ချီသူ (Official Distributor in Myanmar):
Green Field International Co., Ltd.
အနေနဲ့ Hipradog 7 ကို မြန်မာနိုင်ငံတွင် တရားဝင် ဖြန့်ချီလျက်ရှိပါသည်။

HIPRADOG 7သင်သိပါသလား❓Hipradog 7 ဟာဆိုရင် လူကြီးမင်းတို့ချစ်ရသော သားသား မီးမီး အာဝုလေးများအတွက် ရောဂါကြီး ၇ မျိုးမှ ကာကွ...
28/10/2025

HIPRADOG 7

သင်သိပါသလား❓
Hipradog 7 ဟာဆိုရင် လူကြီးမင်းတို့ချစ်ရသော သားသား မီးမီး အာဝုလေးများအတွက် ရောဂါကြီး ၇ မျိုးမှ ကာကွယ်ပေးနိုင်သော အထူးကာကွယ်ဆေး ဖြစ်ပါတယ်။ 🐶💉

အာဝုလေးများအတွက် ခုခံအားစနစ်ကောင်းမွန်မှုဟာ သက်တမ်းရှည်ရှင်သန်နိုင်ဖို့အတွက် အရေးကြီးဆုံးအချက်ပါ။
Hipradog 7 သည် သင့် အာဝုလေးများအတွက် ရောဂါအကြီး ၇ မျိုးမှ တစ်ပြိုင်တည်း အပြည့်အဝ ကာကွယ်မှုရရှိစေနိုင်သော အထူးကာကွယ်ဆေး ဖြစ်ပါတယ်။

🛡️ Hipradog 7 ဖြင့် ကာကွယ်နိုင်သော ရောဂါများ (၇ မျိုး)
1️⃣ Canine Distemper – ကျောက်ရောဂါ
2️⃣ Canine Adenovirus Type 1 – အသည်းရောင်ရောဂါ
3️⃣ Canine Adenovirus Type 2 – အသက်ရှူလမ်းကြောင်းရောဂါ
4️⃣ Canine Parvovirus – သွေးဝမ်းရောဂါ

5️⃣ Canine Parainfluenza – အဆုတ်‌ရောင်ရောဂါ
6️⃣ Leptospira canicola – အသည်းနှင့် ကျောက်ကပ်ပျက်စီးစေသော လက်တိုစပိုင်ရိုစစ်ရောဂါ
7️⃣ Leptospira icterohaemorrhagiae – ကိုယ်တွင်းသွေးစိမ့်ရောဂါ

🇪🇸 Hipradog 7 သည် စပိန်နိုင်ငံမှ ထုတ်လုပ်ထားသော အရည်အသွေးမြင့် ကာကွယ်ဆေးဖြစ်ပြီး၊
သားသား မီးမီး များ၏ ကျန်းမာရေးကို အပြည့်အဝကာကွယ်နိုင်စေရန်အတွက် သုတေသနနှင့် နည်းပညာ အကောင်းဆုံးအသုံးပြုပြီးအထူးဖန်တီးထားပါသည်။

🇲🇲 မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော တရားဝင် ဖြန့်ချီသူမှာ
👉 Green Field International Co.,Ltd. ဖြစ်ပါသည်။

🐾 လူကြီးမင်းတို့ ရဲ့ သားသား မီးမီး အာဝုလေးများအတွက် အချစ်နဲ့အတူ ကာကွယ်မှုတစ်ခုကို Hipradog 7 ဖြင့် စတင်ပေးပါ။

Address

Yangon

Telephone

+959451008914

Website

Alerts

Be the first to know and let us send you an email when Hipradog 7 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share