30/07/2026
ကျက်သရေရှိတဲ့ အမျိုးသမီးတိုင်းအတွက် 𝐇𝐞𝐫𝐚 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧
𝐇𝐞𝐫𝐚 စတင်ကတည်းက အမြဲတမ်းထုတ်ချင်ခဲ့တဲ့ 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 လေး ဒီနေ့တော့ အားလုံးနဲ့မိတ်ဆက်ပေးနိုင်ခဲ့ပါပြီ။
အမရပူရချိတ်လေးတွေကို ကော်ပိတ်အပြည့်ကပ်ထားပြီး သပ်ရပ်နေတဲ့ 𝐂𝐮𝐭𝐭𝐢𝐧𝐠, ချုပ်ရိုးချုပ်သားနဲ့ ခန္ဓာကိုယ်တိုင်းရဲ့ အချိုးအဆစ်တွေမှာ တိရိပုံကျနေမှာပါ။
အင်္ကျီသပ်သပ်၊ လုံချည်သပ်သပ်မှာလို့ရသလို ဝမ်းဆက်မှာလို့လည်း ရတာမို့ ကိုယ့်မှာရှိပြီးသား အထည်နဲ့ တွဲဖက်ပြီး ဝယ်ယူနိုင်ပါတယ်ရှင်။
𝐃𝐚𝐢𝐥𝐲 𝐖𝐞𝐚𝐫, 𝐄𝐯𝐞𝐧𝐭 ပွဲတက်တွေအားလုံးအဆင်ပြေအောင် အင်္ကျီလေးတွေကို 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐨 ပိုး (ကော်ပိတ်ကပ်ပြီး)၊ ချည် (ကော်ပိတ်ကပ်ပြီး) နှစ်မျိုးစီစဉ်ထားပေးပါတယ်။ ကိုယ့်ရဲ့ကိုယ်တိုင်း (ရင်၊ ခါး၊ တင်၊ ဘယ်/ညာအဖုံး၊ လုံချည်အရှည်) ပြောပြီး မှာလို့ရပါတယ်။ ချိုင်းနဲ့ပခုံးတော့မပြင်ပေးပါဘူးရှင်။
လုံချည်လေးတွေကတော့ ချည်ထည်တွေ ဖြစ်တဲ့အတွက် ချည်ကျော် ချည်ထုံးတာလေးတွေ ပါနိုင်တာကို လက်ခံပေးရပါမယ်ရှင်။
ဈေးနှုန်း -
လုံချည်
ချည်ချောယက်ကန်းချိတ် - 𝟓𝟒,𝟎𝟎𝟎 𝐊𝐬
ပွဲတက်ချည်ပါးချိတ် - 𝟓𝟖,𝟎𝟎𝟎 𝐊𝐬
ပွဲတက်ချည်ပါးချိတ် (အမြင့်လိုင်း) – 𝟔𝟔,𝟎𝟎𝟎 𝐊𝐬
အင်္ကျီ
ချည်ကော်ပိတ်- 𝟒𝟏,𝟎𝟎𝟎 𝐊𝐬 (လက်ပြတ်၊ လက်တို ဈေးတူပါတယ်)
𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐨 ကော်ပိတ်- 𝟒𝟓,𝟎𝟎𝟎 𝐊𝐬 (လက်ပြတ်၊ လက်တို ဈေးတူပါတယ်)
𝐒𝐢𝐳𝐞 –
𝐒 : ရင် ၃၂ ခါး ၂၆ တင် ၃၆ (လက်မ)
𝐌 : ရင် ၃၄ ခါး ၂၈ တင် ၃၈ (လက်မ)
𝐋 : ရင် ၃၆ ခါး ၃၀ တင် ၄၀ (လက်မ)
အင်္ကျီမှာ သီစာနေရာ ဘယ်ညာတစ်ဖက်စီမှာ ၀.၅ လက်မစီပါပါတယ်။
လုံချည်အရှည် - ပုံမှန် ၃၉ လက်မ (ပတ်ထမီ အသားချိတ်နှင့်အထက်ဆင်ပါပြီး)
ပုံတစ်ပုံချင်းစီမှာ ဈေးနှုန်းနဲ့ပိတ်တွေရဲ့ Detail အသေးစိတ်ရေးထားပေးမယ်နော်။ ကင်မရာအလင်းအမှောင်ကြောင့် အရောင်အနည်းငယ်ကွဲနိုင်ပါတယ်ရှင်။
Customized ဖြစ်ပြီး ကိုယ်တိုင်းနဲ့ချုပ်ရတာမို့ စရံ 20,000 ဝင်မှ Preorder Confirm ဖြစ်ပါတယ်ရှင်။
ကြာချိန် (၂) ပတ်ပါရှင်။
Collection