Hin Thar Foot wear

Hin Thar Foot wear Footwear Sale

31/12/2025

နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ မိမိဖြစ်ချင်တဲ့ဆန္ဒတွေ ပြည့်နိုင်ပါစေလို့ Hin Thar Foot wear မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် ။

19/07/2025

78ကြိမ်မြောက် အာဇာနည်နေ့ကို Hin Thar Foot wear မိသားစုမှဂုဏ်ပြုပါသည်

9.7.2025 ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်ဓမ္မစကြာ အခါတော်နေ့လေးမှာ မိဘနှစ်ပါးနှင့်အတူ ( ၇ )ရက်သားသမီးများ သက်ရှည်ကျန်းမာပြီး လိုအ...
09/07/2025

9.7.2025 ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့လေးမှာ
မိဘနှစ်ပါးနှင့်အတူ ( ၇ )ရက်သားသမီးများ
သက်ရှည်ကျန်းမာပြီး လိုအင် ဆန္ဒများပြည့်ဝပါစေ၊
မြန်မာပြည်ကြီးလည်း ဘေးရန်အမျိုးမျိုးမှ
အမြန်ဆုံးကင်းဝေး ပယ်ပျောက်ပြီး အေးချမ်းပါစေလို့ဆုတောင်းမေတ္တာများ ပေးပို့အပ်ပါတယ်ရှင်🙏🙏🙏

Happy Chinese New Year 2025
29/01/2025

Happy Chinese New Year 2025

အားလုံး နှစ်သစ်မှစလို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ဖြစ်ချင်သောဆန္ဒများနှင့်လဲတစ်ထပ်တည်းကျပါစေ...
31/12/2024

အားလုံး နှစ်သစ်မှစလို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ဖြစ်ချင်သောဆန္ဒများနှင့်လဲတစ်ထပ်တည်းကျပါစေကြောင်း
Hin Thar Foot wear
မိသားစုမွန်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်
ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေရှင်

ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်
30/12/2024

ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်

ရေကြီးရေတက်လာချိန်မှာ ပြည်သူတွေ မှားယွင်းလုပ်မိနေကြတဲ့အရာတစ်ခု သတိပေးပြောပြပေးချင်ပါတယ်။အဲ့ဒါက အိမ်ထုတ်တန်းတွေ အပေါ်မှာ ...
14/09/2024

ရေကြီးရေတက်လာချိန်မှာ ပြည်သူတွေ မှားယွင်းလုပ်မိနေကြတဲ့အရာတစ်ခု သတိပေးပြောပြပေးချင်ပါတယ်။
အဲ့ဒါက အိမ်ထုတ်တန်းတွေ အပေါ်မှာ တက်နေကြတာပါပဲ။
တက်နေလို့ မရဘူးလားဆိုတော့ ရပါတယ်။
တက်နေမယ်ဆိုရင် ရေအရမ်းတက်လာချိန်မှာ ထွတ်ပေါက်မရှိဘဲ ပိတ်မိနိင်တဲ့အတွက် အသက်တွေ ဆုံးရှုံးရနိင်ပါတယ်
ဒါကြောင့်ရေတက်လာချိန် အိမ်အပေါ်ဆုံးထပ်ကို တက်နေကြမဲ့သူတွေ ဒီအချက်ကလေးတွေကို
သတိထားပေးစေချင်ပါတယ်
- အိမ်ခေါင်မိုးကို အရေးပေါ်ထွတ်ပေါက်အနေနဲ့
ဖွင့်ထားရပါမယ် (သွပ် ၂ ချပ် ၃ ချက်လောက်
လှန်ထားသင့်ပါတယ်)
- အ၀တ်အစားကို ချွတ်ရ၀တ်ရလွယ်တာမျိုး
၀တျစားထားဖို့လိုပါတယျ (ရေကူးရချိန်မှာ အ၀တ်တွေက
လူကို ပိုလေးစေလို့ ပေါ့ပါးချွတ်ရလွယ်တဲ့ အ၀တ်အစားတွေ ၀တျထားသင့ျပါတယျ) ပေါ့ပါးပြီး မကျွတ်တာဖြစ်ဖို့လည်း အရေးကြီးပါတယ်။
- အရေးကြီး စာရွက်စာတမ်းတွေ၊ဖုန်း၊ပါဝါဘန့်
စတာတွေကို ရေလုံအောင် ထုတ်ပိုးပြီး ပေါ့"ပါး"ပုံစံနဲ့
ကိုယ်နဲ့မကွာအောင် ဆောင်ထားဖို့လိုပါမယ်
- ကိုယ့်အိမ်ပတ်၀န်းကျင်ရဲ့ရေအတက်အကျကို
အချိန်ပြည့်စောင့်ကြည့်ဖို့ လိုပါမယ်(မြစ်ချောင်း၊
အင်းအိုင်နီးရင် ပိုပြီးသတိထားစောင့်ကြည့်ဖို့လိုပါမယ်)
- အကောင်းဆုံးကတော့ အိမ်ခြံထဲ (သို့) လမ်းမပေါ် ရေတိုးလာတာနဲ့ ခေါင်းမမာဘဲ ကုန်းမြင့် (သို့) ရေလွတ်ရာကိုကြိုတင်ရှောင်ရှားကြဖို့ပါပဲ ။
(လူတိုင်းသိရှိနိုင်ဖို့ များများရှယ်ပေးကြပါ။)
Credit Facebook

ရန်ကုန်တိုင်း ရေကြီးမှုအတွင်းမျောပါလာနိုင်သော အဆိပ်ပြင်းမြွေများနှင့် မြွေအန္တရာယ်ကြိုတင်ကာကွယ်ရန် ညီမ ရေကြီးမှုနဲ့ မြွေ...
01/08/2024

ရန်ကုန်တိုင်း ရေကြီးမှုအတွင်းမျောပါလာနိုင်သော အဆိပ်ပြင်းမြွေများနှင့်
မြွေအန္တရာယ်ကြိုတင်ကာကွယ်ရန်

ညီမ ရေကြီးမှုနဲ့ မြွေတွေနဲ့တွဲ တင်ပေးတာ အလကားမဟုတ်ပါဘူး မြွေတွေကလည်းခိုလှုံဖို့နေရာရှာရင်း လူနေအိမ်တွေကိုရောက်လာ ကြမှာ ၁၀၀% အသေချာပါပဲ
နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံတွေ ဖြစ်နေကြလို့ ထပ်မံသတိပေးလိုက်ပါတယ်။

ရေကြီးမှုနှင့်အတူ ပါလာတတ်သော မြွေအန္တရာယ်

မြွေတွေဟာ မုန်တိုင်း၊ရေကြီးရေလျှံမှုများ ဖြစ်ပြီးသည့်အခါတိုင်း မကြာခဏ နေရာရွှေ့ပြောင်းတတ်ကြပါတယ်။ ထို့သို့ မိုးကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် များစွာသော တိရိစ္ဆာန်တွေဟာ လုံခြုံတဲ့အမိုးအကာတွေအောက်မှာ ပြောင်းရွှေ့ ရင်း လူတွေနဲ့နီးကပ်တဲ့ နေရာကိုရောက်ရှိတတ်ကြပါတယ်။ ရေလွှမ်းမိုးပြီးနောက် ရေမြင့်တဲ့လမ်းမဘေးက အိမ်များ၊ ဂိုထောင်များ၊ စပါးကျီများ၊ တင်းကုပ်အိမ်များ နှင့် ပျက်စီးနေတဲ့ အဆောက်အဦးပျက်တွေဟာ မြွေတွေခိုအောင်းနေနိုင်အောင် အဓိကဆွဲဆောင်နေတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းကြောင့် ပြန့်ကျဲနေသော အပျက်အစီးများအောက်တွင် မြွေများ ခိုအောင်းနေနိုင်တာကြောင့် အပျက်အစီးများဖယ်ရှားရှင်းလင်းရာတွင် မြွေအန္တရာယ်ကို များစွာ သတိထားသင့်ပါတယ်။

မြွေအန္တရာယ်မှ ကာကွယ်ရန်

မုန်တိုင်းတိုက်/ရေမြုပ်နေစဉ်အတွင်းမှာ

၁။ ညဘက်ခြံထဲဆင်းလျှင် ကြည်လင်စွာမြင်ရသော ထိန်လင်းသော ဓါတ်မီးသုံးဆင်းပါ
၂။ ရေမြုပ်နေတဲ့ နေရာကို ခြေဗလာနဲ့ဆင်းတာတွေမပြုလုပ်ပါနဲ့ (ရာဘာဖိနပ်ရှည်ဖြစ်နိုင်ရင်သုံးပေးပါ အခုလေးတင် admin အသိရေ မြုပ်နေတဲ့နေရာခဏဆင်းတာမြွေကိုက်ခံလိုက်ရလို့ပါ)
၃။ ရေတွင်မျောပါလာသော သစ်တုံးများ တခြားအရာဝတ္တုများကို မကိုင်တွယ်ပါနဲ့ မတက်နင်းပါနဲ့မြွေတွေပါလာတတ်ပါတယ်
၄။ မိမိတို့ရဲ့ အိမ်တံခါးများ မြွေခိုအောင်းနိုင်သောနေရာများကို စစ်ဆေးပါ
၅။ ရေနဲ့မျောပါလာတဲ့အမှိုက်တွေရှင်းတဲ့အခါ လက်နဲ့ကောက်ယူရှင်းတာမျိုးတွေမလုပ်ပါနဲ့ မြွေခိုအောင်းနေနိုင်ပါတယ်
၆။ ညဖက်အိပ်လျှင်ခြင်ထောင်အနားများကို ဖြာအောက်ကိုထည့်ပြီး အိပ်ပါ ဘေးပတ်ပတ်လည်တွင်ဖက်လုံးများ ဖွင့ျထပျဖိထားပွိီး အိပ်ပါ
၇။ မြွေကိုက်ခံရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရန်လိုအပ်ပါတယ်

မြွေပုံရလိုက်ပါက Snakes of Myanmar groupမှာလာမေးပါ ဆရာဝန်adminတွေက ညွှန်ကြားချက်ပေးပြီး ကူညီပေးပါလိမ့်မယ်။
မိမိတို့အိမ်မှာမြွေတွေ့ခဲ့ရင် ဓာတ်ပုံကြည်လင်စွာရိုက်ထားပြီး Snakes of Myanmarမြန်မာ) group မှာ id လာမေးလို့ရပါတယ် အဆိပ်မရှိမြွေဆိုလျှင် ကိုယ်တိုင်ခြောက်ထုတ်နိုင်ပြီး အဆိပ်ရှိမြွေဆိုလျှင် မြွေဖမ်းကျွမ်းကျင်သော မီးသတ်တပ်ဖွဲ့ဝင်များအားအကူအညီတောင်းရန်လိုအပ်ပါတယ်။
မူရင်းရေးသားသူအား # crd ပေးအပ်ပါသည်။

(၇၇)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုရေးစပ်ပါသည်။*** မိုးနှင့်အပြိုင် မျက်ရည်ဖြိုင် ***  ******************************* ...
19/07/2024

(၇၇)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုရေးစပ်ပါသည်။

*** မိုးနှင့်အပြိုင် မျက်ရည်ဖြိုင် ***
******************************
* အုပ်အုပ်ဆိုင်းဆိုင်း........ညို့ညို့မှိုင်းမှိုင်း
တဖွဲဖွဲရွာ......မိုးဒေဝါက
ငြိမ်သက်တိတ်ဆိတ်......ပြည်သူ့ရိပ်ကို
ပိုမိုလွမ်းစေ......ဖန်လေသည်......။

* တ ဒိုင်း ဒိုင်း သံ........သေနတ်သံတို့
ဂျူဗလီဟော......စုရုံးတောမှာ
ဗိုလ်ချုပ်အပါ......ကိုးယောက်မှာဖြင့်
အသက္ဇီဝ.....ချုပ်ငြိမ်းရသည်.......။

* အစည်းအဝေးတစ်ခု......အစပြုလို့
ဖြစ်လာဝမ်းနည်း.......လူသတြ္ပဲကို
ကြားမိပြည်သူ......ရင်မှာပူလို့
အလွမ်းဓာတ်ထက်......အဆွေးတက်သည်.....။

* အာဏာမက်မော.......ဂဠုန်စောမှာ
ဆင်ခြင်ဉာဏ်မဲ့.......ကောက်ကျစ်ခဲ့လို့
ကိုးဦးဇာနည်.......သေရှာပြီပေါ့
ရင်နာအလွမ်း......ပြည်သူတမ်းသည်........။

* မိုးနှင့်အပြိုင်........မျက်ရည်ဖြိုင်ခဲ့
ရင်မှာကျွမ်းလု........ပြည်သူမှုမှာ
ဖြေမဆည်နိုင်.........ပြည်သူမှိုင်လို့
သမိုင်းတစ်ခေတ်.......တွင်ရစ်ခဲ့ပြီ
ဇာနည်ကိုးဦး......အကြောင်းတည်း.......။

စိတ်ညှို့ရှင်
(Mohnyin)
1872024

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဒီနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ...
01/08/2023

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)
ဒီနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုစကားရှိခဲ့ပါတယ်။

အဓိပ္ပာယ်ကတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဝါဆိုလပြည့်နေ့မှာ တုသိတာနတ်ပြည်ကနေသက်ဆင်းပြီး လူ့ပြည်မှာ ပဋိသန္ဓေနေတော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်တော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားရှင်ဟာ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီ (၅) ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့ခြင်းနဲ့ ဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားဟာ သာဝတ္ထိပြည် သရက်ဖြူပင်ရင်းမှာ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကိုပြသတော်မူခြင်းတို့ပဲ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့ဟာ ဘုရားအဖြစ်ရောက်ရှိကြောင်းဝန်ခံတော်မူတဲ့နေ့၊ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းတဲ့နေ့၊ ဧဟိ ဘိက္ခု ဆိုတဲ့ စကားကို စတင်ကြားရသောနေ့ ဆိုရင်လဲ မမှားပါဘူး။ ဓမ္မစကြာတရားဟောတော်မူတဲ့ ဝါဆိုလပြည့်နေ့ ကို ဓမ္မစကြာအခါတော်နေ့ လို့လဲ နိုင်ငံတော်အစိုးရက တရားဝင်သတ်မှတ်ထားပြီး ဘုရားရှင်ရဲ့ ဓမ္မစကြာတရားတော်ကို ပဉ္စဝဂ္ဂီ (၅) ဦးနဲ့ အတူ နတ်ဗြဟ္မာ (၁၈) ကုဋေတို့ နာယူကြတယ်လို့ ကျမ်းဂန်မှာ ဆိုထားပါတယ်။

သံဃာတော်များဟာ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ကစပြီး ဝါတွင်းသုံးလကာလပတ်လုံး ဝါဆိုဝါကပ်တဲ့အခါထူး အခါမြတ်လည်း ဖြစ်ပါတယ်။ ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်ဟာ အလွန်ထူးမြတ်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူအပြီးမှာ ဦးဦးဖျားဖျားဟောကြားတော်မူတဲ့ တရားဒေသနာတော်ဖြစ်ပါတယ်။ ဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များမှာတော့ ဓမ္မစက္က ပဝတ္တန သုတ္တန် လို့လည်း ခေါ်ဆိုထားပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့ဟာ ရှေးယခင်တည်းက စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တစစ်ဘက်ကလည်း ဝါဆိုလပြည့်နေ့မှာ ကျောင်းကန်ဘုရားများကိုသွားရောက်ပြီး ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအပြင် ဝါတွင်းသုံးလမှာအခြားကာလများထက်ပိုပြီး အလှူဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်းနဲ့ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း စတာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

ဘုရားရှင်သာသနာတော်တွင်းက ရဟန်းတို့ဟာ ဝါဆိုလပြည့်နေ့မှာ ဝါတွင်းသုံးလပတ်လုံး မိမိတို့ရဲ့ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါ ဆိုတဲ့ ပဋိညာဉ်နဲ့ ဝါဆို ဝါကပ်မှုများကိုပြုကြရပါတယ်။ ရဟန်းတွေ ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာတရားအားထုတ်လျက်ရှိချိန်မှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ရဟန်းတွေရဲ့ သိက္ခာပုဒ်တော်များကို ကြည်ညိုပြီး လပြည့်လကွယ်နေ့တွေရောက်တိုင်း သီတင်းသီလဆောက်တည်ကာ သူတော်ကောင်းတရားပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းတို့ကို ဝါကပ်တဲ့ရဟန်းတွေကို ချမ်းမြေ့စေရန် ထောက်ပံ့ကြပါတယ်။

ဓမ္မစကြာတရားတော်မှာ ရှေးဦးစွာ ဝဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ဖို့ ဟောပြောထားပါတယ်။ ဝဲယာအစွန်းနှစ်ပါး ဆိုသည်မှာတော့ ကာမသုခလ္လိကာနုယောဂ ဆိုတဲ့ ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ ဟူတဲ့ မိမိကိုယ်ကို ဒုက္ခပေးကာ ကျင့်ကြံအားထုတ်ခြင်း တို့ကို ရှောင်ကြဉ်ပြီး နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံအားထုတ်ဖို့ ညွှန်ပြတော်မူထားတာပဲ ဖြစ်ပါတယ်။

မဂ္ဂင်ရှစ်ပါး ဆိုတာကတော့ သမ္မာ ဒိဋ္ဌိ ကောင်းမြတ်စင်ကြယ်သော သိမြင်မှု၊ သမ္မာ သင်္ကပ္ပ ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု၊ သမ္မာ ဝါစာ ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု၊ သမ္မာ ကမ္မန္တ ကောင်းမြတ်စင်ကြယ်သော ကာယကံမှု၊ သမ္မာ အာဇီ၀ ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု၊ သမ္မာ ဝါယာမ ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု၊ သမ္မာ သတိ ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု၊ သမ္မာ သမာဓိ ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန် ဆိုတဲ့ မဂ္ဂသစ္စာ သစ္စာလေးပါးကို ဟောတော်မူခဲ့ပါတယ်။

ရဟန်းရှင်လူတို့က သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိတဲ့ သူတော်ကောင်းတရားတွေကို ငြိမ်သက်စွာအားထုတ်ခြင်း အစပြုတဲ့ ဝါဆို လပြည့်နေ့များမှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ဝါကပ်ခြင်းအမှုကို ပြုကြကုန်တဲ့ ရဟန်း သံဃာတို့ကို ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြပါတယ်။ ဝါဆို ဝါကပ်တာကို အစွဲပြုကာ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စတဲ့ ဝေါဟာရ အသုံးအနှုန်းတွေလည်း ပေါ်ပေါက်လာပါတယ်။

ရှေးက မြန်မာဘုရင်တွေလက်ထက်မှာ တစ်လကို ပွဲတော်တစ်မျိုးကျင်းပလေ့ရှိပြီး ဝါဆိုလမှာတော့ ပဉ္စင်းတော်ခံပွဲ ကျင်းပလေ့ရှိပါတယ်။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ဝင်ခွင့်ရှိကာ ဝင်လိုသူ ရှင်လူရဟန်းလောင်းတို့ကို ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ပေးပြီး ဘုရင်မင်းတွေကိုယ်တိုင် အလေးအမြတ်ပြုကာ ကျင်းပခဲ့တဲ့ပွဲတော်လည်း ဖြစ်ပါတယ်။

Credit: ရိုးရာလေး

ပွဲသွားလည်းစီး ဟိုနား ဒီနားသွားလည်း စီးလို့ကောင်းတဲ့ ကတ္တီပါ ဖိနပ်လေး ဖိနပ်အောက်ခံက သားရေစိမ်းလေးဆိုတော့ အရမ်းကို စီးလို...
17/02/2023

ပွဲသွားလည်းစီး ဟိုနား ဒီနားသွားလည်း စီးလို့ကောင်းတဲ့ ကတ္တီပါ
ဖိနပ်လေး ဖိနပ်အောက်ခံက သားရေစိမ်း
လေးဆိုတော့ အရမ်းကို စီးလို့ကောင်းတယ်နော်😍

နယ်မှာရောင်းနေတဲ့ ဖိနပ်ဆိုင်များ ရန်ကုန်ဆင်းစရာမလိုဘဲ အရောက်စီစဉ်ပေးနိုင်ပြီး စိတ်ချစွာ စီစဉ်ပေးနိုင်သည့် ဖိနပ် လက္ကားဆိ...
19/03/2022

နယ်မှာရောင်းနေတဲ့ ဖိနပ်ဆိုင်များ ရန်ကုန်ဆင်းစရာမလိုဘဲ အရောက်စီစဉ်ပေးနိုင်ပြီး စိတ်ချစွာ စီစဉ်ပေးနိုင်သည့် ဖိနပ် လက္ကားဆိုင်ပါ။ လိုအပ်မယ်ဆိုရင်
09975412254. 09 795860026
ကိုအကောင်းဆုံးဆောင်ရွက်ပေးဖို့ အသင့်စောင့်နေပါတယ်နော်။

Address

No. 844, Thitsar Shin Street, 7Quarter, Tharkayta Tsp
Yangon
11181

Telephone

+959975412254

Website

Alerts

Be the first to know and let us send you an email when Hin Thar Foot wear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hin Thar Foot wear:

Share