17/06/2020
လွယ်မယ်ထင်ပြီး အမြန်သင်အမြန်တက် အမြန်တွေအောင်မြင် အမြန်တွေကြီးပွားချင်တဲ့သူလေးတွေ ဒါလေးဖတ်စေချင်တယ်.......အားငယ်အောင်လုပ်တာမဟုတ်ပါ ကြုံတွေ့လာမည့် စိတ်ဓာတ်ပိုင်းပညာပိုင်း ငွေရေးကြေးရေးအခက်အခဲစသည့် လိုအပ်ချက်များအမှန်ကိုရင်ဆိုင်လာရမှာပါ ကြိုတင်တွက်စချင့်ချိန်တက်အောင်ပါ............
ဒီဇိုင်နာအလုပ်အစပျိုးဖို့ငွေကြေးပမာဏ
ဘယ်လောက်ရင်းနှီးရမှာလဲ????
ပြည်တွင်းမှာဒီဇိုင်နာဖြစ်ချင်လို့ သင်တန်း1/2ခုတက်ပြီးတာနဲ့ဒီဇိုင်နာဖြစ်ပြီ
လို့အထင်မှားတတ်ကြတယ်
သင်တန်းတချို့တက်ပြီးတဲ့အခါမှာ ငွေကြေးဟာ
ထင်တာထက်အဆမတန်ကုန်ကျတာတွေ့လာလိမ့်မယ်
အများစုကဒါကိုကြိုမသိတဲ့အတွက် အဆင်သင့်မဖြစ်ခဲ့ကြဘူး လမ်းခုလပ်မှာပိုပြီးအခက်ခဲတွေ့နိုင်ပါတယ်
အဲ့ဒီအတွက် သင်တန်းစတက်ချိန်ကစလို့
လုပ်ငန်းအစပျိုးတော့မယ်ဆိုရင်
ငွေကြေးကိုကြိုတင်ပြင်ဆင်လို့ရအောင်
ပြောပြပေးထားပါတယ်
နိုင်ငံတကာမှာလုပ်မယ်ဆိုရင်....
Tommy Hilfigerဟာ$150နဲ့အစပြုတယ်(အရင်ခေတ်)
Calvin Klein ဟာ $10000နဲ့အစပြုတယ်(အရင်ခေတ်)
Project Runway ရဲ့ဆုဟာ$250000 ဖြစ်တယ်
Making the Cutရဲ့ဆုဟာ$1millionဖြစ်တယ်
professionalတွေရဲ.အကြံပြုချက်က
$1-$5millionအထိရှိတယ်လို.ဆိုပါတယ်
2000ခုနှစ်နောက်ပိုင်း မှာ$100000ဟာ ဒီဇိုင်နာအလုပ်အစပြုဖို့ လုံလောက်တဲ့ပဏအဖြစ်
အကြမ်းဖျင်းသတ်မှတ်ကြတယ် ဒါပေမယ့်နဲနဲ နဲ့အစပြုမယ်ဆိုရင် $25000ကနေ
အစပြုလို့ရတယ်လို့အကြံပြုကြတယ်
ပြည်တွင်း အနေနဲ့အကြမ်းဖျဉ်းကြည့်မယ်ဆိုရင်...
သင်တန်3း/4ခုအတွက် သိန်း50-100 ကြားရှိမယ်
(ပြည်ပshort courseပါရင်ထပ်ပေါင်းရမယ်)
ဆိုင်ခန်းငှါးဖွင့်ရင်ပြင်ဆင်စရိတ်အထွေထွေ
သိန်း50-150ကြားရှိမယ်
showပွဲတခါလုပ်ရင် သိန်း50-100ကြားရှိမယ်
(1နှစ်ကို2ခါလုပ်ရင်/သီးသန့်လုပ်ရင်ပိုကုန်မယ်)
RTWထုတ်ရင်/Haute Couture lineလုပ်ရင်/သတို့သမီးဝတ်စုံထုတ်ရင်/production/နည်းပညာရှင်ငှါး/ဝန်ထမ်းငှါး/celebrity sponsorပေး/
စတဲ့အထွေထွေစရိတ်တွေအများကြီးထပ်ကုန်မယ်
ပြည်တွင်းဒီဇိုင်နာပြိုင်ပွဲဝင်ရင်တောင် သိန်း50လောက်ကုန်မယ်
တပိုင်တနိုင်ပဲလုပ်မယ် ကိုယ်တိုင်သူငှေး ကိုယ်တိုင်ဒီဇိုင်နာပညာရှင်
ကိုယ်တိုင်ဝန်ထမ်းလုပ်မယ် ငွေကြေး
အနည်းဆုံးကနေအစပျိုးမယ်ဆိုရင်တော့
သိန်း50-100ကြားကနေစပျိုးလို့ရနိုင်ပါတယ်
ဖက်ရှင်အလုပ်ဟာ ငွေကြေးဘယ်လောက်ပဲ
ရင်းနှီးရင်းနှီးဘယ်တော့မှ မလုံလာက်တဲ့အလုပ်ဖြစ်တယ်
ရင်းနှီးသလောက်ပြန်ရဖို့ကအချိန်အများကြီး
ပြန်စောင့်ရတယ် ဒါလဲမသေချာပြန်ဘူး
ဒီဇိုင်နာအများစုဟာ ငွေကြေးဆိုတဲ့
ခေါင်းစဉ်အောက်မှာ ညညအိပ်မပျော်တဲ့သူတွေဖြစ်တယ်
ငွေကြေးကြောင့် အိပ်မက်တွေ အကောင်ထည်ခွင့်မရပဲ
စိတ်ကူးတွေအဖြစ်သိမ်းထားလိုက်ကြတဲ့သူတွေအများ
ကြီးရှိတယ် အိပ်မက်တွေအကောင်ထည်ဖော်ရင်လဲ
ငွေကြေးရဲ့ဖိအားကပိုဆိုးလာမယ် ဒါဟာဖက်ရှင်အလုပ်ပဲဖြစ်တယ်
ဒီဇိုင်နာလုပ်မယ်လို့စဉ်းစားပြီဆိုတာ
ငွေထုတ်ပိုက်ထားရမယ်
ဒါကြောင့်ခုနောက်ပိုင်းဖက်ရှင်အလုပ်လုပ်တဲ့
ဒီဇိုင်နာတချို့ဟာ ဒီအခက်အခဲကို
ခုလိုစိန်ခေါ်ပြီးလုပ်လာကြတော့တယ်
"ငါးနှစ်အတွင်းငွေကြေးအကျိုးအမြတ်ရရင်ရ
မရရင်ဒီအလုပ်ဆက်မလုပ်တော့ဘူး"🤗
ကြိုတင်ပြင်ဆင်ပြီးမှဖက်ရှင်ဒီဇိုင်နာလုပ်ကြနော်
fashion director Z Htoi San