01/05/2019
အသားဖြူအောင် ဘယ်လိုနေမလဲ
မြန်မာ မိန်းကလေး အများစု က အသားဖြူချင်ကြပါတယ်. နေထိုင်မှုတွေ မှားယွင်းနေတော့ အသားအရေ က ညစ်သည်ထက်ညစ်လာတယ်. အဲ့အတွက် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာလေး ပြောပေးပါမယ်ရှင်... 😻
💧ရေ အများကြီးသောက်ပါ 💧
ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ် မလုံလောက်တဲ့အခါ အသားအရေ က အရင်ကထက် ပိုပြီး ညစ်ထေးထေး ဖြစ်လာပါတယ်. အဲ့အတွက် ရေအများကြီးသောက်ပါ. ပိန်ချင်တဲ့ သူတွေ ကလည်း အစာမစားခက် နာရီဝက်အလိုမှာ ရေအဝသောက်ပြီးမှ အစာစားပါ. ပိန်လာပါမယ်.
🌞နေလောင်ကာခရင် လိမ်းပါ 🌞
မြန်မာနိုင်ငံ ရဲ့ ဒေသအများစု က နေတကယ်ပူပါတယ်. အဲ့အတွက် အပြင်ထွက်တိုင်း နေလောင်ကာခရင် လိမ်းပေးပါ. ခန္ဓာကိုယ်အတွက်ရော မျက်နှာအတွက်ပါ လိမ်းပေးရမယ်နော် 😍
🚴🏻♀️ ချွေး ထွက်အောင်နေပါ 🚴🏻
လေ့ကျင့်ခန်း လုပ်တာ, spa သွားပြီး ချွေးထုတတာတို့ကို တစ်ပတ် တစ်ကြိမ်လောက် လုပ်ကြည့်ပါ. ချွေး ထွက်ရင် သိသိသာသာ အသားကြည်လာလိမ့်မယ် 😎
✨Scrub တွေ သုံးပါ ✨
ခန္ဓာကိုယ်အတွက် ဆိုရင် body scrub, မျက်နှာအတွက်ဆိုရင် facial scrub တွေ ပုံမှန် သုံးပေးဖို့ လိုပါတယ်. ဒါကလည်း တစ်ပတ် တစ်ခါ သုံးရမှာမှာပါ 🤠
🌸 Detox လုပ်ပါ 🌸
အလွယ်ကူဆုံးပြောရရင် အဆိပ်ထုတ်ပါပေါ့. နေ့စဉ်စားသောက်နေတဲ့ အရာတိုင်းမှာ အဆိပ်အတောက်တွေ ရှိနေပါတယ်. အဲ့အတွက် detox water လေး သောက်ပေးပါ. detox water = အသီးအရွက်တွေ စိမ်ထားသော ရေ (အသေးစိတ်ကို internet ပေါ်တွင် ဖတ်ရှုပါ 😝
🙏🏻 ဘုရားသွားပါ 🙏🏻
ကိုယ့်ဘာသာနှင့် ကိုယ် ကိုယ်တိုင်ယုံကြည်ကိုးကွယသော နေရာကို တစ်ပတ်တစ်ခါ သွားပါ. စိတ်ရှင်းမှ ကျန်းမာမှာ. ကျန်းမာမှ အသားအရေ ကောင်းမှာနော်🙏🏻
💋 Skincare ပုံမှန် လုပ်ပါ 💋
နေ့စဉ် မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပြီးမှ အိပ်, သေချာ အသားအရည်အတွက် တကယ်ကောင်းမယ့် ပစ္စည်းလေးတွေကို ပုံမှန် သုံးပေးပါ. အသားအရေ သိသိသာသာကြည်လာပါလိမ့်မယ် 👄
😻Sheet mask လေးတွေ ကပ်ပေးပါ 😻
Sheet Mask လေးတွေ က ချက်ချင်းအသားကို ဖြူအောင် လုပ်ပေးနိုင်ပါတယ်. သူ့အာနိသင်က ၃ရက်လောက်ထိ ခံတာ ဖြစ်လို့ အသားခြောက်သူဆိုရင် တစ်ပတ် နှစ်ခါ, အဆီပြန်သူဆိုရင် တစ်ပတ် တစ်ခါလောက် ကပ်ပေးသင့်ပါတယ်. 👩🏼
ဒီ အချက် (၈) ချက်ကို သေချာ လုပ်ပေးမယ်ဆိုရင် အသားအရေ သိသိသာသာ ဖြူပြီး ကြည်လာမှာပါ. 😼နေ့စဉ်အသားအရေကို ဂရုစိုက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ကြပါစေရှင့် 💖
Please Like 👍🏻 & Share
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေရှင့် 💜
#အသားဖြူအောင်နေထိုင်နည်း
Photo Credit- Internet
For all business enquiries, brand collaborations or influencer opportunities, please contact 09795500338.
Feel Free to ask anything on Message Box.
+ Subscribed On YouTube @ Emily's Beauty Diaries
+FOLLOW ME ON INSTRAGRAM @ _emily_cora_16
+SNAPCHAT:_emily_cora20
FTC Disclaimer: Please keep in mind that I would never promote or use a product on my channel that I did not like.