18/05/2024
သားသား Breakfast အတွက်ပြင်ပေးဖြစ်တာလေး
ကြက်ဥခေါက်ဆွဲ
Baby Noodle
ဥနီ
ကန်ဇွန်းဥ
ပြောင်းဖူးအနှစ်
ကြက်ဥ
ကြက်ပြုတ်ရည်
ပထမဆုံး ကြက်ပြုတ်ရည်လေးထဲ ပြောင်းဖူးအနှစ်လေးဆူအောင်တည် ပြီးရင် ဥနီ ကန်ဇွန်းဥ ထည့်ပြီးနူးလာရင် ပြုတ်ထားတဲ့ခေါက်ဆွဲထည့် ချခါနီးမှ ကြက်ဥလေးဖောက်ထည့်ပါတယ်
ဒီလိုဆို အာဟာရပြည့်ကြက်ဥခေါက်ဆွဲလေးရပါပြီ
ကျွေးခါနီးအဆင်သင့်ရှိတဲ့ Home Made ကြက်သားမှုန့်လေး ဖြူးကျွေးတော့ သားသားကြိုက်ကြိုက်ပေါ့ဗျာ