Talent Stitch Sewing Studio

Talent Stitch Sewing Studio အဝတ်အစားဆိုတာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ဖော်ပြတဲ့ အနုပညာတစ်ခုပါ

12/02/2026

မတူ ထူးခြားတဲ့ဒီလို တင် Shape မျိုးကို ကော်ပိတ်ကပ် ပွဲတက်ထည်တွေမှာဒေါက်ထိုးပေးတဲ့အခါ ရိုးရိုးဒေါက် လုံးဝထိုးပေးလို့မရဘူး

ဒေါက်တွေထောင်နိုင်တယ် ခါးမှာပိတ်တွေခေါက်တွန့်နိုင်တယ်

ဒါကိုဖြေရှင်းဖို့ နည်းက တစ်နည်းပဲရှိတယ် “တင်နဲ့ အံဝင်ဂွင်ကျဖြစ်စေမယ့် မှန်ကန်တဲ့ ဒေါက်ထိုးနည်း”ပေါ့

Dressmaker Thinn

Patternကောင်းသလို Stitching Quality လဲကောင်းမှ ပုံထွက်လှမယ် အကွက်တွေချုပ်ရင် ပက်တန်မှာ  Side seams နေရာမှာ Front နဲ့ Bac...
28/01/2026

Patternကောင်းသလို Stitching Quality လဲကောင်းမှ ပုံထွက်လှမယ်

အကွက်တွေချုပ်ရင် ပက်တန်မှာ Side seams နေရာမှာ Front နဲ့ Back အကွက်လိုင်းတွေညီအောင်ကို ညှိရတာမှာ အရမ်း အချိန်ပေးရပါတယ်

ဒါကြောင့် တခြားနိုင်ငံတွေမှာ အကွက်တွေချုပ်ရင် ချုပ်ခ ပိုပေးရတယ်

ဒီသင်တန်းသူဝတ်ထားတဲ့ အကျီမှာ အားနည်းချက်က အဲ့ဒါပဲ
အိတ်ကပ်တပ်မယ့်ကိုယ်ထည်နဲ့ အကွက်လိုင်းညှိတပ်ရမယ် Side seamမှာလဲ အကွက်လိုင်းတွေ ညှိပြီး cutting လုပ်ခဲ့ရမှာဖြစ်တယ်

အစမ်းချုပ်ကြည့်တာမို့ ဒါကို သတိမမူပဲ လုပ်ခဲ့မိပေမယ့် နေဒီအချက်တွေဟာ သတိထားပြီး လုပ်ရမယ်ဆိုတာ နားလည်ရမှာဖြစ်တယ်

Kidswear Basic Bodice Block – Graded SizesReady to wear ထုတ်တော့မယ်ဆိုရင် ကိုယ်အသုံးပြုမယ့် Standard size chartနဲ့ Basic...
22/01/2026

Kidswear Basic Bodice Block – Graded Sizes

Ready to wear ထုတ်တော့မယ်ဆိုရင် ကိုယ်အသုံးပြုမယ့် Standard size chartနဲ့ Basic Bodice Block တစ်ခုကို အရင်ဆွဲရတယ်

တစ်Size နဲ့ တစ်Size ကြားထဲက အတိုင်းအတာ ကွာခြားချက် (Difference) ကို တွက်ချက်ပြီးမှ Grading (ဆိုဒ်ပွားခြင်း) လုပ်ရတာ ဖြစ်ပါတယ်

ဒါမှ Basic Bodice Block တစ်ခုကနေ ဒီဇိုင်း လုပ်တဲ့အခါ Grading ကို စနစ်တကျ လုပ်နိုင်မယ်

တခါတလေ တချို့ဒီဇိုင်းတွေဟာ တစ်Size ဆွဲပြီး Size ပွါးနေရတာထက် တစ်Size ချင်းစီဆွဲလိုက်တာကတောင် ပိုမြန်တယ်ပြောရမယ်

Dressmaker Thinn

22/12/2025

လက်မောင်းရင်း အကျယ်ဟာ သက်တောင့်သက်သာရှိပြီး လှုပ်ရှားရလွယ်ကူတဲ့ လက်ပက်တန်တစ်ခုရဖို့အတွက် ဘာကြောင့် အရေးကြီးအချက်တစ်ချက်ဖြစ်ရသလဲ..?

Video အပြည့်အစုံကို TikTok မှာ ကြည့်ပါ
Thinn

16/11/2025

အနည်းငယ် ပျော့တဲ့ပိတ်သားကို သက်တောင့်သက်သာဝတ်ချင်တာမို့ ကော်ပိတ်မကပ်ချင်ဘူး ဒါ့အပြင် ကုတ်လက်လေးလိုလဲ ပုံထွက်လှချင်တယ် လက်ကိုလဲ အနေတော် လှုပ်ရှားရလွယ်ကူချင်တယ် ဆိုတဲ့အနေအထားမှာ ကိုယ်ထည်ရဲ့ ဂျိုင်းပေါက် (Armhole) နဲ့ အံဝင်ခွင်ကျဖြစ်မယ့် အသင့်တော်ဆုံး လက်တိုင်အမြင့် (Sleeve Cap Height) ကို ရှာဖွေရွေးချယ်နိုင်ခြင်း၊ Biceps ease နဲ့ပါ Balancing လုပ်နိုင်ခြင်း ၊
Sewing techniques တွေကို သင့်တော်စွာ အသုံးပြုနိုင်ခြင်း စတာတွေကို နားလည်ထားမှသာလျှင် ဒီအခြေအနေကို ပိုင်နိုင်စွာ ဖြတ်ကျော်နိုင်မှာဖြစ်တယ်

13/11/2025

ဒီအချက်တွေကို သိရင်
လှလဲလှ သက်တောင့်သက်သာလဲရှိတဲ့
လက်ပက်တန်ကိုဆွဲဖို့ မခက်တော့ဘူးနော်

“အောင်မြင်မူ့ဆိုတာ ဘယ်တော့မှလွယ်လွယ်မရဘူးဆိုတဲ့အချက်ကို သိသာထင်မြင်စေတဲ့ Uniqlo brand ကို တည်ထောင်ခဲ့သူ”Uniqlo brand ကို...
18/10/2025

“အောင်မြင်မူ့ဆိုတာ ဘယ်တော့မှလွယ်လွယ်မရဘူးဆိုတဲ့အချက်ကို သိသာထင်မြင်စေတဲ့ Uniqlo brand ကို တည်ထောင်ခဲ့သူ”

Uniqlo brand ကို တည်ထောင်ခဲ့သူကတော့ ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ကြီး Tadashi Yanai ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာ ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပြီး၊ Uniqlo ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Fast Retailing ရဲ့ ဥက္ကဌနဲ့ CEO လည်း ဖြစ်ပါတယ်။

သူ့ရဲ့ နောက်ခံသမိုင်းနဲ့ Uniqlo ဖြစ်လာပုံကပြောရရင်
Tadashi Yanai ဟာ ဒီလုပ်ငန်းကို လုံးဝအစကနေ စခဲ့တာ မဟုတ်ပါဘူး။
၁၉၇၂ ခုနှစ်မှာ သူ့ရဲ့ဖခင်ပိုင်ဆိုင်တဲ့ "Ogori Shoji" ဆိုတဲ့ အမျိုးသားဝတ် ဝတ်စုံ (Men's Suits) အပ်ချုပ်ဆိုင်လေးကို ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆိုင်ခွဲ ၂၂ ဆိုင်လောက် ရှိတယ်လို့ ဆိုပါတယ်။

သူဟာ အနောက်နိုင်ငံတွေ (အထူးသဖြင့် ဥရောပနဲ့ အမေရိကန်) ကို ခရီးထွက်ရင်း Gap တို့ Benetton တို့လို Casual Wear (ပေါ့ပေါ့ပါးပါး နေ့စဉ်ဝတ်) အဝတ်အစား Brand တွေရဲ့ အောင်မြင်မှုကို သတိပြုမိခဲ့ပါတယ်။
ဂျပန်မှာလည်း ဒီလို အရည်အသွေးကောင်းပြီး ဈေးနှုန်းသင့်တင့်တဲ့ ပေါ့ပေါ့ပါးပါး အဝတ်အစား Brand တစ်ခု လိုအပ်နေတယ်လို့ သူမြင်ခဲ့ပါတယ်။
ဒါကြောင့် ၁၉၈၄ ခုနှစ်မှာ ဟီရိုရှီးမားမြို့မှာ "Unique Clothing Warehouse" ဆိုတဲ့ နာမည်နဲ့ ပထမဆုံးဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီနာမည်ကို နောက်ပိုင်းမှာ အတိုကောက်အနေနဲ့ "Uniqlo" ဆိုပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။

Tadashi Yanai ဟာ Uniqlo ရဲ့ ရှေ့ပြေးဖြစ်တဲ့ "Unique Clothing Warehouse" ပထမဆုံးဆိုင်ကို ၁၉၈၄ခုနှစ် ဟီရိုရှီးမားမြို့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့အချိန်တုန်းက သူ့ရဲ့ အသက်ဟာ ၃၅ နှစ် ရှိနေပါပြီ။ ဒါကတော့ သူ့ရဲ့ ကိုယ်ပိုင် Brand အိပ်မက်ကို အကောင်အထည်ဖော်ပြီး ပထမဆုံး မျိုးစေ့ချနိုင်ခဲ့တဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။

သူ့ရဲ့ အဓိက အောင်မြင်မှု လျှို့ဝှက်ချက်က စိတ်ဝင်စားစရာပါ။
Uniqlo ဟာ တခြား Fast Fashion Brand တွေ (H&M, Zara) တို့လို ခဏတာပေါ်တဲ့ Trend တွေနောက်ကို အပြေးအလွှား လိုက်တာမျိုး မဟုတ်ပါဘူး။
သူ့ရဲ့ အဓိက ဒဿနက "LifeWear" ပါ။ ဆိုလိုတာကတော့ -
• အရည်အသွေး (Quality): ကြာရှည်ခံမယ့်၊ အရည်အသွေးကောင်းမယ့် အထည်အလိပ်တွေကို သုံးတယ်။
• နည်းပညာ (Technology): Uniqlo က အထည်အလိပ် နည်းပညာပိုင်းမှာ အရမ်းရင်းနှီးမြှုပ်နှံပါတယ်။ ဥပမာ - ဆောင်းတွင်းအတွက် HEATTECH (ဝတ်ထားရင် နွေးစေတဲ့အထည်)၊ နွေရာသီအတွက် AIRism (အေးပြီး ပေါ့ပါးစေတဲ့အထည်) တွေက သူတို့ရဲ့ နာမည်ကြီး တီထွင်မှုတွေပါ။
• ရိုးရှင်းမှု (Simplicity): ဘယ်သူမဆို၊ ဘယ်အချိန်အခါမဆို ဝတ်ဆင်နိုင်မယ့် ရိုးရှင်းပြီး အခြေခံကျတဲ့ (Basic) ဒီဇိုင်းတွေကို အဓိကထား ထုတ်လုပ်ပါတယ်။
ဆိုင်စဖွင့်ပြီး (၁၄) နှစ်အကြာ၊ ၁၉၉၈ ခုနှစ် မှာတော့ Uniqlo အတွက် အကြီးမားဆုံး အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီနှစ်မှာ Uniqlo ဟာ တိုကျိုမြို့ရဲ့ ဖက်ရှင်အချက်အချာဖြစ်တဲ့ ဟာရာဂျူကူ (Harajuku) မှာ ဆိုင်ခွဲကြီးတစ်ခု ဖွင့်လှစ်ခဲ့ပြီး၊ သူတို့ရဲ့ "Fleece Jacket" (ဖလန်သား အနွေးထည်) တွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချတဲ့ Campaign တစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဒီ Campaign ဟာ ဂျပန်တစ်နိုင်ငံလုံးမှာ အကြီးအကျယ် 'ပေါက်' သွားခဲ့ပြီး Uniqlo ဆိုတဲ့ နာမည်ကို ဂျပန်နိုင်ငံရဲ့ အိမ်တိုင်းလိုလို သိရှိသွားစေခဲ့ပါတယ်။ ဒါကို Uniqlo ရဲ့ တကယ့် အောင်မြင်မှု အစလို့ သတ်မှတ်ကြပါတယ်။အဲဒီ ၁၉၉၈ ခုနှစ်မှာတော့ Tadashi Yanai ရဲ့ အသက်ဟာ ၄၉ နှစ် ရှိနေပါပြီ။

အနှစ်ချုပ်ရရင်တော့ Tadashi Yanai ဟာသူ့အဖေရဲ့ အပ်ချုပ်ဆိုင်လုပ်ငန်းကို အမွေဆက်ခံပြီး၊ ကမ္ဘာ့အမြင်နဲ့ ပေါင်းစပ်ကာ "LifeWear" ဆိုတဲ့ ဒဿနအသစ်နဲ့ အရည်အသွေးမြင့် Basic အဝတ်အစားတွေကို နည်းပညာသုံးပြီး ထုတ်လုပ်ရောင်းချခဲ့တဲ့အတွက် အကြီးအကျယ် အောင်မြင်သွားတဲ့ ဂျပန်လုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။
သူဟာ အသက် ၃၅ နှစ်မှာ လုပ်ငန်းကို စတင်ခဲ့ပြီး၊ အသက် ၄၉ နှစ် အရွယ်ကျမှ ဂျပန်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသိအမှတ်ပြုခံရတဲ့ အောင်မြင်မှုကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အောင်မြင်မှုဆိုတာ ချက်ချင်းရတာမဟုတ်ဘဲ ဆယ်စုနှစ်တစ်ခုကျော် ဇွဲရှိရှိ တည်ဆောက်ခဲ့ရတယ်ဆိုတာ ဒီအချက်က သက်သေပြနေပါတယ်

Talent Stitch Sewing Studio

ဝတဲ့လူလဲ မိန်းမပဲမို့ လှလှလေး ဝတ်ချင်ကြတာပဲလေနော် သက်တောင့်သက်သာလဲရှိချင်တယ် လှလဲလှချင်တယ် ထားသင့်တဲ့ ကိုယ်ထည်အပွစာ ၊ လက...
06/09/2025

ဝတဲ့လူလဲ မိန်းမပဲမို့ လှလှလေး ဝတ်ချင်ကြတာပဲလေနော်

သက်တောင့်သက်သာလဲရှိချင်တယ် လှလဲလှချင်တယ်

ထားသင့်တဲ့ ကိုယ်ထည်အပွစာ ၊ လက်တိုင်အမြင့် ..

ခါးတုတ် ဗိုက်ပူပေမယ့် နောက်ခါးခွက် တဲ့သူအတွက် ထားသင့် တဲ့ ဒေါက်စာ ..ဗိုက်ပူစာကိုလဲ မေ့ထားလို့မရဘူး

ဒီလိုတွေ အများကြီးချိန်ထိုးရတာမို့ ခန္ဓာလှပြီး ပိန်တဲ့ သူတွေကို ဆွဲရတဲ့ ပက်တန်ထက် ပိုခက်ပါတယ်

အောက်က ပက်တန်ကတော့ ဗိုက်နဲ့တင် သိပ်မကွာသူ ခါးတုတ် ဗိုက်ပူပေမယ့် နောက်ခါးခွက်သူ လက်ပြင်မှာ အဆီတွေရှိသူ ပခုံးထက် နောက်ကျောကျယ်များသူရဲ့ ခန္ဓာရဲ့ ပက်တန်ဖြစ်ပါတယ်

Talent Stitch Sewing Studio
Thin

ကော်လာချွန်လေးတွေ လှပသေသပ်ဖို့ ချုပ်ရခက်တဲ့ အမျိုးအစားမှာ Peak lapel collar ပါတယ် “Under collar နဲ့ Upper collar ““Front...
03/09/2025

ကော်လာချွန်လေးတွေ လှပသေသပ်ဖို့ ချုပ်ရခက်တဲ့ အမျိုးအစားမှာ Peak lapel collar ပါတယ်

“Under collar နဲ့ Upper collar “

“Front အခြမ်းနဲ့ တွဲပေးရမယ့် Facing “

အဲ့ဒါတွေရဲ့pattern လုပ်ဆောင်ချက်တွေဟာ ကွဲပြားတယ်

Under collar နဲ့ Upper collar ပိတ်ကြောယူပုံလဲမတူဘူး

ဒါနဲ့လဲ မပြီးသေးပဲ အဆင့်ဆင့် လုပ်ဆောင်ရမယ့် Sewing Methods တွေကိုမသိရင် pattern ဘယ်လောက်အဆင်ပြေပြေ ပုံထွက် အဆင်ပြေမှာမဟုတ်ဘူး

ဒါကြောင့် အဆင့်တိုင်းဟာ အလွန်အရေးကြီးပါတယ်

30/08/2025

Pattern တင်မက Sewing technique တွေဟာ သိပ်အရေးကြီးတယ်

23/08/2025

Gimp cord အသုံးပြုပြီး ကြယ်သီးပေါက်ဖောက်ရင် ပို လှတာပေါ့ သင်းကတော့ ကြယ်သီးပေါက်ဖောက်မယ့် ချည်ရောင်ကိုပဲ ၄/၅ပင်ပူးပြီး အသုံးပြုလိုက်တယ် တကယ်လှသောပဲကွယ်

Address

Phoyarzar
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959799340978

Website

Alerts

Be the first to know and let us send you an email when Talent Stitch Sewing Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Talent Stitch Sewing Studio:

Share