PPA Lady & Baby Fashion

PPA Lady & Baby Fashion အမျိုးသမီး၀တ် နှင့် ကလေး၀တ် အ၀တ်အထည်များကို ရောင်းချပေးနေပါပြီနော်... PPA Lady & Baby Fashion
09-259499213

15/07/2024
ဖိုက်တင်း😁
25/11/2023

ဖိုက်တင်း😁

အွန်းပါ မပြင်တော့ဘူး😇
25/11/2023

အွန်းပါ မပြင်တော့ဘူး😇

20/08/2023

ရော့ဖတ်ကြ😅😁

👇👇👇👇
နောက်ဆို ငပိနဲ့ နဂါး
မလှည့်စား ကြနဲ့တော့နော်။
တစ်နိုင်ငံလုံးလည်း ပျာတောက်နေပြီ။ 😂

ငပိထောင်းထဲ လောက်ပါလာလို့ ဆိုပြီး
စျေးသည်နဲ့ စားသုံးသူတွေ
ထချကြတာ ကနဦး ထိုင်ကြည့်ရတယ်။

😶 ငပိသည် မိသားစုက ယဉ်ယဉ်ကျေးကျေး
ပျူပျူငှါငှါနဲ့ ဖုန်းထောင် ဆဲချ ပွတ်ပြ။
သူတို့ လောက်လေးက ဖြူဖြူဖွေးဖွေး
မော်ဒယ်လေးလိုပဲ ဆိုပြီးပြော။

အဲ့မှာ ကိုရီးယားက ဇွန်နီလာဌေး ဝင်လာပြီး
အဲ့ လောက်ကို နင်တို့မိသားစု စားပြရင်
သိန်းငါးဆယ် လှမ်းပို့ပေးမယ် ဆိုပြီး ဖြစ်ကြရော။

🎤 မီဒီယာတွေက ငပိသည်ကို
သွားဗျူးတဲ့ ဖြစ်စဉ်တော့ မတွေ့ရဘူး။
ငပိထောင်းနဲ့ ဧည့်ခံမှာ စိုးလို့နေမယ်။ 😒

🐉 ငပိဘက် အာရုံ ရောက်နေတုန်းမှာ
မြန်မာအိုင်ဒေါက နဂါးတွေ ထချပြန်ရော။

🐉ငါးပါးသီလ မလုံဘဲ
ဘာ နဂါးမှ မပူးကြောင်း ပိုးမီပြော။
သူမနောက်မှာ နဂါးတွေရော ပုဂ္ဂိုလ်တွေရော
အစုံပလုံ ရှိနေကြောင်း အေမီစျာန် ငိုပီးပြော။

အဲ့မှာ ဂျပန်က ဟန်နီထွန်း
ပန်းကန်လုံးစီး ဝင်ချလာပြီး
ပိုးမီကို ဒေါင်းဇားမလို့ ဆဲလိုက်တဲ့
အေမီစျာန်ရဲ့ အသံဖိုင်ကို ဖော်ပြလိုက်တယ်။ 😶

🐉 နဂါးတွေ live လွှင့်ပြီး ဝုန်းနေကြတုန်းမှာ
isure ကနေ ဖုန်းပြင်တဲ့သူရဲ့ hd ပေါက်ကြားလာ။
isure မှ ထုတ်ပြန်ချက် အမှတ်စဉ် ၁ ၂ ၃
ထွက်လာလို့ နားလည်အောင် ဖတ်ရှုနေတုန်းမှာပဲ

🥭 မမလှနု သရက်ပင် အပေါ်စီးကနေ live ထလွှင့်။
လမ်းထောင့်မှာ ကင်မရာထမ်းပြီး စောင့်နေတဲ့
မီဒီယာတွေ အကုန် ရောက်လာပြီး ဗျူး။
နှစ်ဖက်လုံးကတော့ မပြတ်နိုင်တဲ့ပုစံ ဆိုလာ။
တစ်နိုင်ငံလုံးကတော့ မမလှနုအောက်မှာ
Coach ဝင်လုပ်နေကြတာ တွေ့ရ။

😫ပွဲပမ်းသွားလို့ ခဏ အိပ်ဦးမယ် ကြံတုန်းမှာ
မန်ယူဖန် မိုးယံဇွန် ကျမကို ထ ိုးတယ်။
နှာခေါင်းရွဲ့သွားပြီလား မသိဘူးဆိုတဲ့ပြီး
ထအော်သံကြားလို့ ငုတ်တုတ်ထထိုင်ပြီး
ကြည့်ရသေးတယ်။
မနက်ကျ မန်ယူဖန်က အင်းဂလိတ်လို
Apologize လုပ်လိုက်လို့ အဆင်ပြေသွားတယ်။
နှာခေါင်းလည်း ပုံမှန် ပြန်ဖြစ်သွားတယ်။

😕အိပ်လို့မရသေးဘူး။
အနောနီးမတ်စ် ဆိုတဲ့ကောင်လေးရဲ့ သီချင်း
ယူတုမှာ နံပါတ်ကိုးချိတ်လို့ ဆိုလား
ဝေဖန်သူ အားပေးသူတွေ နှစ်ဖွဲ့ ထချနေကြလို့
ထမင်းချက်ရင်း ပန်းကန်ဆေးရင်း
ဖွင့်နားထောင်လိုက်ရသေးတယ် မဆိုးပါဘူး။
ငါကြိုက်တယ်။ 🎤😎

သီချင်းနားထောင်နေတုန်း
ရန်ကုန်မှာ အမဲသားနဲ့ ဝိုင်သောက်တာ
သိန်းတစ်ရာကျော် ရှင်းလိုက်ရတယ်ဟု
ဆိုလာသူကြောင့် တစ်နိုင်ငံလုံး အလုပ်ထရှုပ်။
တတ်သိနားလည်သူများမှ ဝိုင်တန်ဖိုးရယ်
အမဲသားတန်ဖိုးရယ် တွက်ချပြလိုက်လို့
အသာလေး ပို့စ်ပြန်ဖျက်သွား။

🎉ဆိုင်ရှင် စိတ်ဒဏ်ရာ ရသွားမှာစိုးလို့
တစ်ပွဲသုံးထောင်တန် ဘူးသီးကြော်ဆိုင်လို
သိန်းတစ်ရာတန် ရက်စထွမ့်ကို
သွားရောက်အားပေးသူလည်း မတွေ့ပါလားဟု
ဖေ့ဘုတ်ယူဆာအချင်းချင်း လေတိုက်ကြ။

🚘 ဒီကြားထဲ တွေ့ရာမြင်ရာ ပါကင်လိုက်ထို းတဲ့
သဲသဲတုန်ရဲ့ ကားနံပါတ်က
စလုံး 4D ထွက်သွားလိုက်သေးတယ်။
ပေးကားပေး၏ မရ ဆိုတာ ဒါပေါ့။

😁အဲ့မှာ အမေရိက ကုန်စုံဆိုင်ပိုင်ရှင်က
သူ့မှာ မေ့လို့မရတဲ့ ထရော်မာကြီး တစ်ခုရှိကြောင်း၊
အဲ့ဒါကတော့ အင်ဂလန်ဒိုးက သူ့ကို
Coup အစမှာ ဘယ်လို ပြောခဲ့ကြောင်း၊
အဲ့တာကို ဘယ်တော့မှ မမေ့ကြောင်းပေါ့။
ဖန်တွေကို ပြန်နွှေးပေးနေတာ။

အင်ဂလန်ဒိုးက အပျော်တမ်း သနတ် ပစ်နေတဲ့ပုံ
တင်ထားတာ အဲ့အောက်မှာ
သောင်းသောင်းဖျဖျ ဝင်ဆဲကြလို့
ကော်မန့်တွေ ပိတ်ချလိုက်တာ
အဆဲ ခေါပဏီတပ်ကြီး တပ်ခေါက် ပြန်လာရ။ 😂

😎အဲ့တာနဲ့ နောက်တစ်ရက်လောက် နေတော့
အင်ဂလန်ဒိုးဘက်ကနေ သူဟာ ဒီကိစ္စကနေ
ဘာအကျိုးမြတ်မှ မယူဖူးကြောင်း၊
စာတွေလည်း သူများတွေလို မခိုးချကြောင်း
လိပ်ပြာလုံကြောင်း၊ ပညာရဲရင့်ကြောင်း
ချက်နဲ့လက်နဲ့ ပြန်တွယ်တယ်။

ကုန်စုံဆိုင်ပိုင်ရှင်ကလည်း အဲ့စာဖတ်ပြီး
သူ အရမ်း ရယ်ရယ်မောမော ဖြစ်နေကြောင်း၊
အင်ဂလန်ဒိုး မင်္ဂလာဆောင်တုန်းက
အထုပ်လိုက်ဆွဲပေးခဲ့တဲ့ထိ ကောင်းပေးခဲ့ကြောင်း၊
နင်အရင်လို စွကျင့်ယုတ်တုန်းပဲနော် ညီမလေး
ဘာညာ Live ပြန်လွှင့်ပြီး သကာလ
ခဏ ငြိမ်သွားကြတယ်။

😳 မနက်ဖြန် isure ထက်ကြမ်းတဲ့
Royal Express ပွဲလာမယ် ဆိုလို့ စောင့်နေတာ
အကြီးကျယ်တော့ ထမဖြစ်ကြသေးဘူး။
ဖုန်းပျောက်တဲ့အမှုလို့တော့ ကြားတာပဲ။

🎤ခုနက အနောနီးမတ်စ်ကတော့
သူ့အနေအထားကြီးနဲ့ ဘတ်စ်ကားစီးလို့
အဆင်မပြေတော့ဘူး ဘာညာပြောလို့
မအောင်မြင်ခင် အောက်ခြေမလွတ်နဲ့ ဆိုပြီး
အမှိုင်းလေး ဝင်ဆုံးမနေကြတာ တွေ့ခဲ့တယ်။

ဒါကတော့ ယနေ့မနက်ခင်းအတွက်
အကုန်ဂွိ သတင်းဌာနရဲ့
ပွဲပေါင်းစုံ စုစည်းမှုလေးပါ။
ကျမ ဆဲခံရလည်း လာအားပေးကြဦး။ 🫤
မူရင်းရေးသားသူcrd ❤️

အေးနော် ငါ့ကို😂
09/08/2023

အေးနော် ငါ့ကို😂

"  ရေစစ်သုံးခု " တနေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့တပည့်တစ်ယောက်က  သတင်းတစ်ခုကြားလို့သူ့ကို  လာပြောသတဲ့ ။လာပြောတဲ့  သူ့တပည့်က...
30/07/2023

" ရေစစ်သုံးခု "

တနေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့
တပည့်တစ်ယောက်က သတင်းတစ်ခုကြားလို့
သူ့ကို လာပြောသတဲ့ ။

လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က
ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ ။

"ဆရာ !
ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကို
ကျွန်တော်အခုပဲ ကြားလာတယ်"

" နေဦး
ငါ့ကိုမပြောခင် မင်းစကားဟာ
ရေစစ်သုံးခုကို ဖြတ်နိုင်
မဖြတ်နိုင်အရင်စစ်ရမယ်"

"ဘယ်လို ရေစစ်သုံးခုလည်းဆရာ"

"ပထမ ရေစစ်နာမည်က အမှန်တရားတဲ့။

မင်းပြောတဲ့ စကားလုံးက
လုံးဝရာခိုင်နှုန်းပြည့်
အမှန်ဖြစ်မဖြစ်ဆိုတာ
ပထမရေစစ်ထဲထည့်ရမယ် ။

မင်းပြောတဲ့ စကားလုံးဟာ
လုံဝအမှန်ဖြစ်တယ်လို့
မင်းရာနှုန်းပြည့် တာဝန်ယူနိုင်လား"

"ကျွန်တော်လည်း သူများဆီက
ကြားလာတာဖြစ်လို့ရာနှုန်းပြည့်
မသေချာပါဘူးဆရာ"

"အေး ကောင်းပြီ ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"

"ဒုတိယရေစစ်ဆိုတာ ဘာလဲဆရာ"

"ဒုတိယ ရေစစ်နာမည်က ကောင်းကျိုးတဲ့ ။
မင်းအခုပြောမဲ့စကားက ကောင်းကျိုးကို
ဖြစ်စေမှာလား "

"မကောင်းတာဘဲဖြစ်ဖို့ များပါတယ်ဆရာ"

"ဒါဆို မင်းပြောတဲ့စကားလုံးက
မှန်လည်းမမှန်ဘူးမကောင်းတာလည်း
ဖြစ်ဖို့များတယ်ပေါ့ "

"ဟုတ်ပါတယ်ဆရာ"

" အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ
ထည့်ကြည့်ရအောင် "

"ဘာရေစစ်လည်း ဆရာ"

" အဲဒီရေစစ်နံမည်က "အသုံးဝင်မှု"တဲ့။

မင်းငါ့ကို ပြောမဲ့စကားက
အသုံးဝင်မှုဖြစ်စေမှာလား
" အမ် သိပ်မသေချာဘူးဆရာ "

" ဒါဆို မင်းငါ့ကိုလာပြောမဲ့ဟာက
မှန်လည်းမမှန်ဘူး
မကောင်းတာလည်းဖြစ်ဖို့များတယ်

ပြီးတော့အသုံးဝင်ဖို့လည်း သိပ်
မသေချာဘူးဆိုရင်ငါ့ကိုဘာဖြစ်လို့
လာပြောချင်ရတာလဲ " တဲ့။

မီးခိုးဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ် ။
မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။
မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။

အတင်းအဖျင်းစကား တောင်စဉ်
ရေမရ အဓိပ္ပါယ်မရှိတဲ့စကားတွေကို
နားလည်း မထောင်ပါနဲ့ ။
လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့တဲ့ ။

မူရင်းရေးသားသူအားလေးစားလျှက်
ပြန်လည်မျှဝေပါသည် #ဓမ္မ

အခုချိန်မှာ...ရွှေလည်း မဝယ်နဲ့ခြံလည်း  မဝယ်နဲ့ကားလည်း မဝယ်နဲ့သံပုရာသီးသာ ဝယ်စုထားကြပါ။ကုန်ဈေးနှုန်းထပ်တက်လာရင်အမူးမော်ပြ...
24/07/2023

အခုချိန်မှာ...
ရွှေလည်း မဝယ်နဲ့
ခြံလည်း မဝယ်နဲ့
ကားလည်း မဝယ်နဲ့
သံပုရာသီးသာ ဝယ်စုထားကြပါ။

ကုန်ဈေးနှုန်းထပ်တက်လာရင်
အမူးမော်ပြေ ရှူလို့ရတာပေါ့ 😁
သွေးတိုးလာရင်လဲ ဖျော်သောက်လို့ရတယ်လေ😝

- စားရမှန်းသိလို့ အထက်ကို ဖားတာက ( #စားဖား)- အထက်ကို ဂုံးတိုက်ပြီး အောက်ကိုညှင်းတာက( #ဖားဂုံညှင်း)- ဖားဖားပြီး အထက်ကို တ...
23/07/2023

- စားရမှန်းသိလို့ အထက်ကို ဖားတာက ( #စားဖား)

- အထက်ကို ဂုံးတိုက်ပြီး အောက်ကိုညှင်းတာက( #ဖားဂုံညှင်း)

- ဖားဖားပြီး အထက်ကို တက်တက်သွားတာက( #ဖားလတက်)

- ကပ်ပြီးဖားတာက ( #ကပ်ဖား)

- ကြောက်လို့ဖားတာက( #ကျောက်ဖား)

- ဖားပြီး ပြန်သွားတာက ( #ဖားပျံ)

- ဖားနေရင်း ပြုတ်သွားတာက ( #ဖားပြုတ်)

- #ဤလိုဖားမျိုးများကို
- #သင့်ပတ်ဝန်းကျင်တွင်တွေ့မြင်နိုင်သည်......။
crd

#ခွန်အားဖြစ်စေသောစာများ #မိတ်ဆွေ #စာပေ #ဗဟုသုတ

ဖြည်းဖြည်းထောင်းပါဟယ်😁photo-crd
25/05/2023

ဖြည်းဖြည်းထောင်းပါဟယ်😁
photo-crd

ဒီအရွယ် မှာ-"ဒီလိုအိမ်နဲ့ ဒီလိုခြံမျိုးထဲမှာ နေထိုင်ရမယ်"-လို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး။ငယ်ငယ်ကတည်းက ကြိုးစားရုန်းကန်ရတဲ့...
19/05/2023

ဒီအရွယ် မှာ-
"ဒီလိုအိမ်နဲ့ ဒီလိုခြံမျိုးထဲမှာ နေထိုင်ရမယ်"-လို့
တစ်ခါမှ မတွေးမိခဲ့ပါဘူး။

ငယ်ငယ်ကတည်းက ကြိုးစားရုန်းကန်ရတဲ့-
ရလဒ်လေးပေါ့။

ငယ်ငယ်က သက်တူရွယ်တူ သူငယ်ချင်းတွေ
ဆော့ကစားတဲ့အချိန်တွေမှာ စျေးရောင်းခဲ့ရတယ်။

အပျိုပေါက်ရောက်ချိန်လည်း ရှက်တဲ့စိတ်ကို မျိုသိပ်ပြီး အလုပ်ကြမ်းတွေလုပ်၊
စျေးတွေလည်း ပတ်ရောင်းခဲ့ရတယ်။

အပျိုပေါက် အရွယ်ဆိုတော့-
ဝတ်ကောင်းစားလှနဲ့ သက်တူရွယ်တူ-
ကောင်လေး/ကောင်မလေးတွေကို မြင်ရင်-
သိမ်ငယ်စိတ် ဝင်ပြီး ရှက်မိတာတော့ အမှန်။

ဒါပေမဲ့လည်း အရှက်အကြောက်ထက်-
ဝမ်းရေးတစ်ထွာက ပိုအရေးကြီးတယ်မလား။

ငွေကို ခြစ်ကုတ်စုပြီး-
အလုပ်ကို ကြိုးကြိုးစားစားလုပ်ခဲ့ရတယ်။

သူများသုံးသလို မသုံးနိုင်၊
သူများဝတ်သလိုလည်း မဝတ်နိုင်၊
သူများစားသလိုလည်း မစားနိုင်ပဲ၊
ငွေကို ကြိတ်မှိတ်စုခဲ့ရတယ်။

နောက်ဆုံး-( ၇)နှစ်လောက်-
ရုန်းကန်ပြီးတဲ့ အခါမှာတော့ ကြိုးစားမှု အရာထင်ခဲ့ပြီ။

အရင်က ထမင်းတောင်နပ်မမှန်တဲ့ ရက်တွေ ရှိခဲ့ပေမဲ့-
အခုလည်း ဘာမှ မပြောင်းလဲပါဘူး။

ကြွားပြောတာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့-
လက်ရှိအချိန်မှာတော့ တော်ရုံလူတွေ မနေနိုင်တဲ့
အခုလို -အိမ်ကြီးကြီးနဲ့ ခြံကြီးကြီးမှာ-

"ဒရဝမ် ရာထူး နဲ့ ခြံစောင့်"လုပ်နိုင်ခဲ့ပြီ။

😊😊😊😊😊😊😊

14/05/2023

ဖုန်းတိုင်းတော့
Copyလုပ်လို့မရပါဘူး။
စမ်းကြည့်ပါလား 😁😁😁
ချစ်စရာလေးမို့ 😍

ရရင်မန့်ပေးပါအုံးနော် 💛💛💛

☁️🌞   ☁   ☁
   ☁ ✈️   ☁  🚁
 🏬🏨🏫🏢🏤🏥🏦🏪
👬🌲 / 🚶 l 🚍 \🌳👫👫
🌳 / 🚘 l 🏃  \🌴🐈
🌴 /🐢  l 🚔 \👯
🌲 /🚖   l    \🌳👭

😍😍😍

credit

သက်တောင့် သက်သာ နေဖို့ဘယ်တော့မှ  မစဉ်းစားမိပါစေနဲ့...ဆန်အပြည့်ရှိနေတဲ့ အိုးထဲကိုရောက်နေတဲ့ ကြွက်ဟာဘဝရဲ့စည်းစိမ်ချမ်းသာတွ...
04/05/2023

သက်တောင့် သက်သာ နေဖို့
ဘယ်တော့မှ မစဉ်းစားမိပါစေနဲ့...

ဆန်အပြည့်ရှိနေတဲ့ အိုးထဲကို
ရောက်နေတဲ့ ကြွက်ဟာ
ဘဝရဲ့စည်းစိမ်ချမ်းသာတွေ အကုန်လုံးကို
ရရှိထားတယ်လို့ သူ့ကိုယ်သူယူဆပြီး
စားလိုက်သောက်လိုက်နဲ့
comfort zone ထဲမှာ ပျော်နေခဲ့တယ်လေ...

အိုးထဲကဆန်တွေအားလုံး
ကုန်သွားတဲ့အခါမှာတော့ ကြွက်ဟာအိုးထဲက
ထွက်နိုင်မယ့်နည်းလမ်းကို ရှာလို့မရတော့သလို
စားစရာလည်းမရှိတော့ပါဘူး..

အဲ့ဒီလိုပဲ အရွယ်ရှိတုန်း၊
အင်အားတွေရှိတုန်းမှာ မရုန်းကန်ခဲ့ရင်၊
စိန်ခေါ်မှုတွေကို မကျော်ဖြတ်ခဲ့ရင် ၊
သက်တောင့်သက်သာရှိတဲ့အခြေအနေထဲမှာ ကျေနပ်နေခဲ့ရင် နောက်ကျသွားတဲ့
တစ်နေ့မှာ comfort zone လို့ခေါ်တဲ့
ထောင်ချောက်ထဲမှာ နောင်တပေါင်းများစွာနဲ့
ကျန်ရစ်နေခဲ့ရလိမ့်မယ်နော်.....
Crd.

Address

Yangon
11131

Website

Alerts

Be the first to know and let us send you an email when PPA Lady & Baby Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share