Hmuu Oktech 5

Hmuu Oktech 5 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hmuu Oktech 5, Clothing (Brand), BAHAN, Yangon.

HELLO
28/07/2019

HELLO

 #အပါယ်၎ဘုံမှလွတ်လမ်းတစ်ခု #သံဝေဇနိယ လေးဌာန ဖူးမြှော်ပြီးလျှင် အပါယ်မကျ တာတကယ်လား?(ဒီယနိကာယ်၊ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်၊ ...
28/07/2019

#အပါယ်၎ဘုံမှလွတ်လမ်းတစ်ခု

#သံဝေဇနိယ လေးဌာန ဖူးမြှော်ပြီးလျှင် အပါယ်မကျ တာတကယ်လား?

(ဒီယနိကာယ်၊ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်၊ (ဒီ၊ ၂၊ ၁၁၆)

"ချစ်သား အာနန္ဒာ သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်ကုန်သော | သံဝေဂရစေတတ်ကုန်သော ဌာနတို့သည် လေးပါးရှိကုန်၏။ အဘယ်လေးပါးတို့နည်းဟူမူ-

(လုမ္ဗိနီ)
ဤ ဌာန၌ ငါ ဘုရားသည် ဖွာမြင်တော်မူ၏
အာနန္ဒာ ဤဌာနသည်လည်းသဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော|သံဝေဂရစေတတ်သော ဌာနပေတည်း။

(မဟာဗောဓိ)
ဤ ဌာန၌ငါ ဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကိုရတော်မူ၏။
အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော | သံဝေဂရစေတတ်သော ဌာနပေတည်း။

(မိဂဒါဝုန်)
ဤဌာန၌ ငါဘုရားသည်အမြတ်ဆုံးဖြစ်သောဓမ္မစကြာတရားတော်ကို ဟောကြားတော်မူ၏။
အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည်ဖူးမြော်ထိုက်သော | သံဝေဂရစေတတ်သော ဌာနပေတည်း။

(ကုသိနာရုံ)
ဤဌာန၌ ငါဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသနိဗ္ဗာနဓာတ ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူမည်။
အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော | သံဝေဂရစေတတ်သော ဌာနပေတည်း။

အာနန္ဒာ သဒ္ဓါတရားရှိကုန်သော ရဟန်း၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့သည်
ဤ (လုမ္ဗိနီ) ဌာန၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏ဟူ၍လည်းကောင်း၊
ဤ (မဟာဗောဓိ) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏'' ဟူ၍လည်းကောင်း၊
ဤ (မိဂဒါဝုန်) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကို ဟောကြားတော်မူခဲ့၏ ဟူ၍လည်းကောင်း၊
ဤ (ကုသိနာရုံ) ဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏ဟူ၍လည်းကောင်း (အောက်မေ့လျက်) လာရောက်ကုန်လတ္တံ့။အာနန္ဒာ စေတီပုထိုးတို့ကို ဖူးမြော်ရန် သွားလာလှည့်လည်သော သူတို့သည် ကြည်ညိုသော စိတ်ရှိလျက် သေကုန်ငြားအံ့။
ထိုသူအားလုံးတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက် ၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရကုန်လတ္တံ့ဟု (မိန့်တော်မူခဲ့၏)။

(ဒီယနိကာယ်၊ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်၊ (ဒီ၊ ၂၊ ၁၁၆)

အထက်ပါမြတ်ဗုဒ္ဓတရားတော်များကို ထောက်ဆလျှင် သံဝေဇနိယ လေးဌာနအား ကြည်ညိုဖူးမျှော် သံဝေဂတရားပွားများသူ၊သံဝေဂ တရားပွားများလျက် သေသောသူများသာ နတ်ပြည်သို့ ရောက်နိုင်ပါသည်။
---------//////////----------

(သံဝေဂရှူ့မှတ်ခြင်း)

"အော် မြတ်စွာဘုရားရှင် ဖွားမြင်ခဲ့တဲ့နေရာပါလား၊ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ရခဲ့တဲ့နေရာ ပါလား၊ မြတ်စွာဘုရား အစဦးဆုံး ဓမ္မစကြာတရား ဟောခဲ့တဲ့နေရာပါလား၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခဲ့တဲ့နေရာပါလား၊ ခုတော့ ဒါတွေဟာ မမြဲခြင်းအနိစ္စတရားတွေမို့ အကုန်ပျက်စီးနေပါရော့လား" စသည်ဖြင့် မြတ်ဗုဒ္ဓနှင့်ပတ်သတသည်များကိုကြည့်၍ မြတ်ဗုဒ္ဓကိုကြည်ညိုမှုဖြစ်ရမည်၊
ဒါတွေဟာ မမြဲခြင်းတရားတွေမို့ ခုတော့ အဲဒီ(၄)ခုလုံးဟာ ပျက်စီးသွားခဲ့ကြပြီဟုသံဝေဂရှု့မှတ်ရပါမည်။
---------//////////----------

(မသွားခင်နှင့်တသက်တာ စိတ်ပြင်ဆင်သင့်ခြင်း)

သံဝေဇနိယ(၄)ဌာနကို သွားမယ်ဆိုလျင် ကြိုတင်၍ သံဝေဂပွားများမည်ဟူသောစိတ်ရှိဖို့ လိုအပ်ပါသည်။ ရောက်လျင်လည်း သံဝေဂတရားများ ပွားများပြီးသကာလ မသေမချင်း ပွားများမိနေအောင် ပြုလုပ်နေဖို့ လိုပါသည်။သံဝေဂပွားများနိုင်မယ်ဆိုလျှင် အသုဘအလောင်းတစ်ခုကို သံဝေဂပွားများလျက်လည်းကောင်း၊ မိမိခန္ဓာကိုယ်ကို သံဝေဂပွားများလျက်လည်းကောင်း၊ အိုနာသေဘေးစတဲ့ သံဝေဂပွားများစရာတွေ၊ ကုသိုလ်တိုးပွားစရာတွေ အများကြီးထဲကနေ မိမိနဲ့သင့်လျော်မည့် မည်သည့်တရားမဆို သံဝေဂပွားများမယ်ဆို ပွားများနိုင်ပါသည်။
အဓိကမှာ မိမိသန္တာန်မှာ အမြဲတစေ ကုသိုလ်ဖြစ်စေမဲ့အရာများ ရှိနေဖို့ဖြစ်ပါသည်။
ထိုမှ သာ သေတဲ့အခါ သုဂတိဘုံကို ရောက်ပါလိမ့်မည်။ မိမိသန္တာန်မှာ ကုသိုလ်တရားလေးတွေ အမြဲတစေရှိဖို့ အရေးကြီးပါသဖြင့် ကုသိုလ်တရားများ နေ့စဉ်ရှိနေပြီး အာရုံပြုနေမိဖို့ လိုအပ်ပါသည်။

Resource: အရှင်ပဏ္ဍ၀(ရွှေမင်းဝံသာသနာ့ရိပ်သာ)


မေပါရမီ (အပြည်ပြည်ဆိုင်ရာခရီးသွားဝန်ဆောင်မှူ့အဖွဲ့)
E_mail- [email protected]
Ph_no- 095078592
ဦးချစ်မောင်လမ်း / ရန်ကင်းစင်တာမီးပွိုင့်အနီး

Address

BAHAN
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Website

Alerts

Be the first to know and let us send you an email when Hmuu Oktech 5 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share