Manaw Zelatt Fashion House

Manaw Zelatt Fashion House Myanmar Traditional Fashion, Textiles & Clothing, Batiks, other fashion (for Men & Women)

02/02/2026

Celebrating my 7th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

14/07/2023

ဟ😁😍
ဒါကြီးဘာကြီးလဲ?
ဝင်ပြီးမန့်သွားခဲ့🫰
https://fb.watch/lN85HDxAcq/?mibextid=Nif5oz

Hello 🤗အာလုံးပဲMZFH ကနေပြီးတော့မှနာမည်တွင် ဘာပဲပါပါ အားလုံးကိုSpecial gift 🎁🎁🎁အနေဖြင့် အချစ်တွေနဲ့အတူတန်းတူပေး..... see ...
04/05/2023

Hello 🤗
အာလုံးပဲ
MZFH ကနေပြီးတော့မှ
နာမည်တွင်
ဘာပဲပါပါ အားလုံးကို
Special gift 🎁🎁🎁
အနေဖြင့် အချစ်တွေနဲ့အတူ
တန်းတူပေး..... see more...

04/05/2023

Hello!
ချစ်တို့ရေ🫰💞🫰
မတွေ့တာကြာလို့ 🕰️
မေ့သွားကြပြီလားနော်🎃
💃အားလုံးကို🙌🙌🙌
သတိရနေပါတယ်နော်🫰🫰🫰

ချစ်တဲ့ Manaw Zelatt Fashion House

အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတဝန်း အရေးပေါ်အခြေအနေကြေညာ အမျိုးသားညီညွတ်ရေးအစိုးရ ကနေပြီးတော့ ဒီကနေ့ စက်တင်ဘာ၇ရက်မှာ ...
07/09/2021

အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတဝန်း အရေးပေါ်အခြေအနေကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ ကနေပြီးတော့ ဒီကနေ့ စက်တင်ဘာ၇ရက်မှာ
နိုင်ငံတဝန်း အရေးပေါ်အခြေအနေဆိုပြီး ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းပြောဆိုမှုနဲ့အတူ ကြေညာချက်ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။
အဲဒီကြေညာချက်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ပြီး စစ်ကောင်စီ အနေနဲ့
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို သိမ်းယူထားပြီး ပြည်သူလူထုကိုအကြမ်းဖက်
အန္တရာယ်ပြုနေတာကြောင့် ပြည်သူများကလည်း နည်းလမ်းစုံနဲ့ စစ်အာဏာရှင်ကို
ခုခံတွန်းလှန်နေကြောင်း အခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို
အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာတယ်ဆိုတဲ့ အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးဟာ ဒီကနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်ကာ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကြေညာတယ်ဆိုပြီး ထုတ်ပြန်ကြေညာချက်မှာဖော်ပြပါတယ်။
အရေးပေါ်အခြေအနေ သက်ရောက်သည့်နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ် တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။

Crd
ဘီဘီစီမြန်မာပိုင်း

မိန်းခလေးတိုင်းတင် လူစိတ်ရှိတဲ့ ယောက်ျားလေးတိုင်းတင် STOP SEXUAL ASSAULT မိန်းကလေးများကိုလိင်အကြမ်းဖက်ခြင်းအားပြင်းထန်စွ...
18/05/2021

မိန်းခလေးတိုင်းတင်
လူစိတ်ရှိတဲ့ ယောက်ျားလေးတိုင်းတင်

STOP SEXUAL ASSAULT
မိန်းကလေးများကိုလိင်အကြမ်းဖက်ခြင်းအားပြင်းထန်စွာရှုံ့ချပါသည်။

ိန်းခလေးတိုင်းတင်
လူစိတ်ရှိတဲ့ ယောက်ျားလေးတိုင်းတင်

STOP SEXUAL ASSAULT
မိန်းကလေးများကိုလိင်အကြမ်းဖက်ခြင်းအားပြင်းထန်စွာရှုံ့ချပါသည်။

(စိတ်တက်ကြွစေလို့ ကူးလာပါတယ်)အာဏာသိမ်းပြီး ရက် ၉၀ နီးပါးကြာလာတဲ့အချိန် နွေဦးတော်လှန်ရေးရဲ့ အခင်းအကျင်း ဟာ ပိုပြီးရုပ်လုံ...
29/04/2021

(စိတ်တက်ကြွစေလို့ ကူးလာပါတယ်)
အာဏာသိမ်းပြီး ရက် ၉၀ နီးပါးကြာလာတဲ့အချိန် နွေဦးတော်လှန်ရေးရဲ့ အခင်းအကျင်း ဟာ ပိုပြီးရုပ်လုံးပေါ်လာပါပြီ။

ဘဏ်၊ ကျောင်း၊ ဆေးရုံ၊ ဈေး တွေကို ပုံမှန်အတိုင်း ဘာကြောင့် လည်ပတ်စေချင်တာလဲဆိုတော့ အုပ်ချုပ်လို့မရအောင် ငြင်းဆန်နေတဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်အင်အား ကို လုံးဝ ပြိုလဲသွားစေချင်လို့ပါ။ ဒါပေမယ့် ပုံမှန်မလည်ပတ်နိုင်ဘူးဆိုတာ လူတိုင်းသိနေတာကကို မြို့ပြတော်လှန်ရေးရဲ့အရှိန်ကို ထိန်းထားပေးပါတယ်။

အခုအချိန်ထိ SAC ရဲ့တပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ် EAO တွေထဲကို တပ်မကျွံရေး အဓိက ထားနေတာ တွေ့ရပါတယ်။ ကချင်မှာ KIA ဟာ အလောဘမ်ကို သိမ်းပြီး တောက်လျှောက် တိုက်နေတာ၊ KNU တပ်မဟာ ၅ နဲ့ ထိတွေ့မှု ပြင်းထန်လာတာ တွေကို လေကြောင်းနဲ့သာ နေ့စဥ် ဖိတိုက်နေပေမယ့် မြေပြင် ကြည်းတပ် အင်အား အများကြီး မသုံးသေးဘဲ ထိန်းနေတာ တွေ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ တပ်ကျွံရင် နှုတ်ရခက်လို့ပါ၊ ရန်ကုန် ကို အကြမ်းဖက်ဖို့ပို့ခဲ့တဲ့ တပ်မ ၇၇ ကို ပဲခူးကို ဖြိုခွင်းတဲ့ ညမှာ အင်အားအများစု ပြန်ရုတ်သွားခဲ့ပြီး အခု ကချင် ကို ပို့လိုက်ပြီလို့ KIA က ပြောထားပါတယ်။

အကျိုးဆက်က ပြောက်ကျား သပိတ်တွေ၊ သပိတ်စစ်ကြောင်း တွေ နေရာအနှံ့ ထွက်ပေါ်နေတာ၊ ပြန်ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် EAO တွေကိုဖိရင် မြို့ပြသပိတ်တွေ ပြန်ကြွလာပြီး၊ မြို့ပြသပိတ်တွေကို ပြန်ဖိရင် EAO တွေ ဘက်မှာ အင်အားမသုံးနိုင်တော့ ပြန်ပါဘူး။ ဒါကြောင့် လေကြောင်းနဲ့သာ တိုက်နေပြီး မြေပြင်ကို အင်အားမသုံးသေးတာပါ။

SAC အနေနဲ့ အကြောက်ဆုံးဟာ EAO တွေ ပေါင်းစည်းမိသွားမှာကိုပါ။ သမိုင်းတောက်လျှောက်မှာလည်း EAO တစ်ဖွဲ့ချင်းစီနဲ့ သာ တိုက်ခဲ့ပြီး၊ EAO အကုန်နဲ့ တိုက်တဲ့ အတွေ့အကြုံ မရှိပါဘူး။ အခုတော့ NCA ထိုးထားတဲ့ EAO တွေရဲ့ PPST ကနေ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု Federal Alliance ဖွဲ့ဖို့ ဒီနေ့ စပြီး ပြောလိုက်ပါပြီ။

Federal Alliance သာ ဖြစ်လာပြီဆို SAC ဟာ နေရာအနှံ့စစ်မျက်နှာဖွင့်ရတော့မှာပါ။ သူတို့ အဓိက ရင်ဆိုင်ရမယ့် ပြဿနာ က တပ်တွေဟာ အရမ်းပမ်းလာမယ့် ပြဿနာပါ။ အခု ၇၇ ဆိုရင် ရှေ့တန်း ကနေ ရန်ကုန်၊ ရန်ကုန်ကနေ ပဲခူး၊ ပဲခူးကနေ ကချင် ဖြစ်နေပါပြီ။
စစ်တိုက်တာဟာ အသက်နဲ့ရင်းရတာပါ၊ ဘာကြောင့် ငါတို့ စစ်တိုက်ရတာလဲ? ဆိုတဲ့ မေးခွန်းဟာ နောက်လအနည်းငယ်မှာ အကြီးအကျယ် စကားပြောလာတော့မှာပါ။

Federal Alliance နဲ့ တိုက်တဲ့အခါ စစ်မျက်နှာအရမ်းများလာရင် ရှိသမျှ အကုန်တိုက်မလား? အချို့ပြည်နယ်တွေ လက်လွှတ်မလား? ဆိုတာမျိုး ဖြစ်လာပါလိမ့်မယ်။

လွတ်မြောက် Federal State တစ်ခု စရသွားပြီဆိုရင် တပ် CDM, တပ်ကနေ Federal Alliance ကိုပေါင်း ဆိုတာတွေဟာ မကြာခင် အလုံးအရင်း ဖြစ်လာတော့မှာပါ။ အဲဒါဆို မြို့သိမ်းတိုက်ပွဲ၊ Federal Army စတာတွေက ဆက်တိုက်လိုက်ပါလာတော့မှာပါ။

အခုအနေအထားမှာတင် KIA နဲ့တိုက်ဖို့ ကချင်ဘက်ကို တပ်ကျွံမခံရဲဘဲ အပ်ကွက်မိနေတဲ့ အနေအထားပါ။ Myanmar Now မှာ ပါလာပြီဖြစ်တဲ့ Federal Alliance အကြောင်းဟာ EAO တွေရဲ့ အင်မတန်ကြီးမားတဲ့ အရွေ့ပါ။

​နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန် ပိုကြီးလာပါပြီ။ အရေးတော်ပုံ ဟာ တကယ်အောင်မှာပါ။

နိုင်ငံရေးရည်မှန်းချက်၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် တိုင်းရင်းသားပြည်သူများသည် စစ်အာဏာ ရှင်စနစ်အောက်တွင် ဆယ...
05/03/2021

နိုင်ငံရေးရည်မှန်းချက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် တိုင်းရင်းသားပြည်သူများသည် စစ်အာဏာ ရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို စစ်အာဏာရှင်များက လက်နက်အင်အား အသုံးပြု၍ သိမ်းယူခဲ့သည်ကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ စစ်အာဏာရှင် အဆက်ဆက်၏ အာဏာအလွဲ သုံးစားပြုမှု၊ ကိုယ်ကျိုးရှာမှု၊ နိုင်ငံချစ်စိတ်ကင်းမဲ့မှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ခေတ်နောက်ကျ ကျန်ရစ်သော နိုင်ငံတစ်ခု ဖြစ်ခဲ့ရသည်။
၂။ စစ်တပ်သည် နိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ အစဉ်တစိုက် ပါဝင်၍ ဗိုလ်ကျ စိုးမိုးနိုင်ရေး အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့သည်။ စစ်တပ်သည် ၎င်းတို့၏ နိုင်ငံရေးအခန်းကဏ္ဍကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ကာကွယ်ထားသည့်တိုင် ကျေနပ်မှုမရှိဘဲ မိမိတို့ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပင် ပြန်လည်ချိုးဖောက်ကာ စစ်အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထပ်မံလုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။
၃။ နှစ်ပေါင်းများစွာကြုံတွေ့လာခဲ့ရသော နိုင်ငံရေးပြဿနာများ၊ တိုင်းရင်းသားဒေသများ တွင် ကျူးလွန်သော စစ်ရာဇဝတ်မှုများ နှင့် လက်နက်မဲ့ အရပ်သားပြည်သူလူထုအပေါ် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှု၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဖျက်ဆီးမှုများအားလုံး၏ လက်သည်တရားခံမှာ စစ်တပ်က နိုင်ငံအား ဗိုလ်ကျစိုးမိုးလိုမှု နှင့် ယင်းအလိုဆန္ဒအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ကာကွယ်ထားမှုတို့ပင်ဖြစ်သည်။
၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ် နှင့် စစ်အာဏာသိမ်းသံသရာ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် နိုင်ငံ တော်တည်ဆောက်နိုင်ရေးအတွက် အောက်ဖော်ပြပါ နိုင်ငံရေးရည်မှန်းချက်များကို ချမှတ်လိုက်သည်။

(၁) စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး
(၂) သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး
(၃) ဒီမိုကရေစီရရှိရေး
(၄) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး
၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖော်ပြပါ နိုင်ငံရေးရည်မှန်း ချက်များ အပြည့်အဝ အောင်မြင်စေရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အတူ လက်တွဲကာ မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Crd;CRPH

02/03/2021

Hello
ချစ်တို့ရေ
မျှော်နေမယ်မှန်း
သိပါတယ်နော်
ချစ်တို့ကို
အားနာပေမယ့်
အရေးတော်ပုံ
အောင်ပြီးမှ
Live
ပြန်လွှင့်ပါမယ်နော်
🙏🙏🙏
✊🏽✊🏽✊🏽

ကိုယ့်wallပေါ်ကူးတင်ကြပါ🙏🙏🙏ဘယ်pageမှ အထူးတလည်ကူးတင်ခြင်းမရှိတဲ့ညီလေးဇင်လင်းထက်(ကျိုက်ထိုသား)ကို အကိုတို့ page ကနေဂုဏ်ယူစ...
02/03/2021

ကိုယ့်wallပေါ်ကူးတင်ကြပါ🙏🙏🙏

ဘယ်pageမှ အထူးတလည်ကူးတင်ခြင်းမရှိတဲ့
ညီလေးဇင်လင်းထက်(ကျိုက်ထိုသား)ကို အကိုတို့ page ကနေ
ဂုဏ်ယူစွာနဲ့ တင်ပေးလိုက်တယ်☺️ရှေ့ဆုံးကနေ ဒိုင်းကာပေးခဲ့တဲ့ သူရဲကောင်းလေးပါ

ပြည်ပ့ရောက်နေကြတဲ့သူရော၊ပြည်တွင်းကသူတို့ပါ အားလုံးသော ကျဆုံး သူရဲကောင်းတွေကို ဂုဏ်ယူလျက် ကြေကွဲလျက် ဖြေမဆည်နိုင်ကြပါဘူး

ရင်နင့်အောင်ထပ်တူခံစားရပါတယ်😢
ဒီညီလေးကျသိပ်မတင်ကြတော့မီဒီယာနည်းနေတယ်ဗျာ😪

မျက်လုံးတစ်ဖက် ကျွတ်ခဲ့ရတဲ့ အာဇာနည်ညီလေး ဇင်လင်းထက်ရဲ့စျာပနက လူနည်းလွန်းလှတယ်

ရှေ့ဆုံးကနေဒိုင်းကာပေးခဲ့တဲ့ ညီလေးပါ😔
ညီလေးရဲ့စွန့်လွတ်အနစ်နာခံပြီး
ရဲရင့်တဲ့ အာဇာနည်စိတ်ဓါတ်ကို
အမြဲအလေးပြုအမှတ်ရနေမှာပါ
✊🏽✊🏽✊🏽
Rest in Power

Address

Insein
Yangon
1819

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959440700440

Website

Alerts

Be the first to know and let us send you an email when Manaw Zelatt Fashion House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Manaw Zelatt Fashion House:

Share