The Voice of Rakhine

The Voice of Rakhine မှန်ကန်သော လမ်းစဉ်၊ တိုးတက်သော အနာဂတ်နှင့် တရားမျှတသော လူ့အဖွဲ့အစည်းဆီသို့။"

22/08/2026

ရခိုင်စစ်ပွဲ အရှိန်မြင့်တက်လာမှုနှင့် ပြည်သူများ၏ အသက်အန္တရာယ် စိန်ခေါ်မှုများ
VOR/ဩဂုတ်လ ၂၂

22/08/2026

အထီးကျန်စစ်ခေါင်းဆောင်နှင့် အရှေ့ဥရောပက အာဏာရှင်တို့၏ တွေ့ဆုံမှုဟာ ထူးခြားရှိသလား

21/08/2026

(မအလ)ဘကြီးအောင် တစ်ယောက်.. အာကာသယာဉ်တွေကို ငေးကြည့်နေပေမဲ့ ပြည်သူ့ဘဝတွေကိုရော စာရင်းထဲထည့်ရဲ့လား"
#မင်းအောင်လှိုင်

20/08/2026

အာဏာရှင်မင်းအောင်လှိုင်
​ပါမောက္ခချုပ်ကြီး၏ ရုရှားအိပ်မက်"

19/08/2026

စစ်တွေ ဗျိုင်းဖြူရွာတွင် ဒေသခံ ၇၀ နီးပါးကို အကြမ်းဖက်စစ်တပ်က အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီး သုံးဦး ပြောဆို

VOR၊ ဩဂုတ် ၁၉/၂၀၂၆

အာရက္ခပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာက ကျေးရွာသားတွေကို အကြမ်းဖက် အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ရက်စက်ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီး သုံးယောက်ကို The Diplomat သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အမျိုးသား အယောက် ၇၀ လောက်ကို အကြမ်းဖက် စစ်တပ်က အစုလိုက်အပြုံလိုက် နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်အတွင်း ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက "စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ရွာထဲကို ရုတ်တရက် ဝင်ရောက်လာပြီး ရွာသားတွေကို စုစည်းကာ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်" ဟု The Diplomat သတင်းဌာနသို့ ပြောဆိုထားပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်ဟာ အာရက္ခပြည်အတွင်းရှိ ကျေးရွာတွေကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း သိရပါတယ်။

19/08/2026

အီး-အာ-အို၊ ဆဝါဒီစခ၊ ရှန်ပိန်ခွက်မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အလွဲအပြင် ရုရားခရီးစဥ်မှဘာတွေ လွဲအုံမလဲ?

18/08/2026

တောင်ကိုရီးယားတွင် ရက္ခိုင် ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်​မြိုက်စွာ ကျင်းပ(ရုပ်သံ)

VOR/ -ဩဂုတ် ၁၈၊ ၂၀၂၆

တောင်ကိုရီးယားနိုင်ငံရောက် ရက္ခိုင်​ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးကို ဖော်ညွှန်းသည့် "၂၀၂၆ ခုနှစ် ရက္ခိုင်ရိုးရာ သင်္ကြန်ရေလောင်းပွဲတော်" ကို ဩဂုတ်လ ၁၆ ရက်နေ့တွင် အန်ဆန်းမြို့ရှိ Shin Ansan University ၌ စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာ ကျင်းပခဲ့​ကြကြောင်း သိရသည်။

အဆိုပါ ရိုးရာယဉ်ကျေးမှု ပွဲတော်ကို ရက္ခိုင်အသင်း (ကိုးရီးယား) မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရေခြားမြေခြား တောင်ကိုရီးယားနိုင်ငံ၏ နေရာအသီးသီးတွင် ရောက်ရှိလုပ်ကိုင်နေကြသော ရက္ခိုင်လူမျိုးများ၊ မိသားစုများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ယခုနှစ် ကျင်းပသည့် ရက္ခိုင်ရိုးရာ သင်္ကြန်ပွဲတော်သည် ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရာရောက်ရုံမျှမက လက်ရှိ ရက္ခိုင်ပြည်အတွင်း စစ်ဘေးဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပံ့ပိုးပေးနိုင်ရန် ဦးတည်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပွဲတော် ဖြစ်မြောက်ရေးအတွက် မတည်ငွေ ထည့်ဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၊ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ၊ အတူတကွ ပါဝင်အားပေးခဲ့ကြသည့် အသိုင်းအဝိုင်း အသီးသီးကို ရခိုင်အသင်း (ကိုးရီးယား) မှ အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းကာ လိုအပ်နေသူများကို အတူတကွ လက်တွဲကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြချက်အရသိရသည်။

ပုံ - ရက္ခိုင်အသင်း (ကိုးရီးယားရုပ်သံ)

18/08/2026

မြို့နယ် ၁၅ ခုကို ထိန်းချုပ်ပြီး လစဉ် အခွန်ငွေ တစ်လကို ကျပ်သန်း ၁,၅၀၀ နီးပါးရရှိနေတဲ့ ရက္ခိုင့်တပ်တော် (AA)

ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းရွာ ဗုံးကြဲခံရ——VOR၊ ဩဂုတ် ၁၇၊၂၀၂၆ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းရွာကို ဩဂ...
17/08/2026

ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းရွာ ဗုံးကြဲခံရ
——

VOR၊ ဩဂုတ် ၁၇၊၂၀၂၆

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းရွာကို ဩဂုတ်လ ၁၇ရက် ဒီကနေ့ နေ့လယ် ၁၂နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ဗုံးကြဲခဲ့တာဖြစ်ပြီး ဗုံးကြဲမှုကြောင့် အသင် ၄၈နှစ်အရွယ် ဒေါ်သန်းမေနု ဒဏ်ရာရသွားခဲ့ပါတယ်။

ဒါ့အပြင် နေအိမ် သုံးဆောင်လည်းပျက်စီးသွားခဲ့ပါတယ်။

Photo -AA Info Desk
(ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းရွာမှာ ဒီကနေ့ ဗုံးကြဲခံရမှုကြောင့် ပျက်စီးသွားတာကို တွေ့ရစဉ်)

16/08/2026

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကုန်စရိတ်သက်သာတဲ့သစ်ပင်စိုက်ပျိုးကြဖို့ အာဏာသိမ်းခေါင်းဆောင်ပြော

Address

33gJanlan Flora 1/4
Yangon
42500

Telephone

+959250166223

Website

Alerts

Be the first to know and let us send you an email when The Voice of Rakhine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Voice of Rakhine:

Shortcuts

Share