Thuzar Online Shopping

Thuzar Online Shopping for baby and mom

04/11/2021

မေမေအနားမှာရှိလို့ကလေးဆိုးတာလား ? 👶
===========================

" ကဲ တွေ့လား ။ နင်ပြန်လာရင် ကလေးက ပြောလို့ဆိုလို့ မရတော့ ဘူး။ ဂျီကျတယ် ။ ဆိုးတယ်"

⏩ကျွန်မထင်ပါတယ်။ ဒီစကားမျိုးကို အလုပ်ထွက်လုပ်နေတဲ့ မေမေတွေ ၊ အပြင်က ပြန်လာတဲ့မေမေတွေကို အိမ်က ဘိုးဘိုးဘွားဘွားတွေ ပြောလေ့ရှိတဲ့ စကားလေးလို့ ။

⏩မေမေတွေ ကိုယ်တိုင်ကလည်း ဒီကိစ္စကို မကျေလည်ကြပါဘူ ။

⏩တကယ်လည်း ကလေးက ကိုယိမရှိတဲ့အချိန်ဆို ပြောစကားနားထောင်တယ်။ ထမင်းကျွေးရင် စားတယ်။ ကလန်ကဆန်လည်း မလုပ်ဘူး။

⏩ဟော ကိုယ်လဲပြန်လာရော ကိုယ့်မျက်နှာကို လက်နဲ့ရိုက်တာ။ တွယ်ကပ်ပြီးငိုနေတာ။ထမင်းကျွေးရင် မစားတော့တာ။

⏩ဒါတွေဟာတကယ့် လက်တွေ့ မေမေတွေ တွေ့ကြရတဲ့ နေ့စဉ် စိန်ခေါ်မှု တစ်ခုလို့တောင်ပြောရမှာပါ။

⏩တချို့မေမေတွေဆို ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး ကိုယ်မသွန်သင်တတ်လို့ ၊ကိုယ်မထိန်းတတ်လို့လို့ အပြစ်မကင်းခံစားနေရတတ်ပါတယ်။

⏩တချို့သော လေ့လာတွေ့ရှိချက်တွေကလည်း "ကလေးငယ်တွေဟာ အမေရှိချိန်မှာ ၈၀၀% ပိုဆိုးတတ်ကြပါတယ်တဲ့" နည်းနည်းပိုတယ်ထင်ရပေမယ့် ဘာတွေက ဒီလိုဖြစ်စေတယ်ဆိုတာ အဖြေရှာကြစို့လား။

♦- ကလေးငယ်ဟာ သင့်ကိုချစ်လို့ပါတဲ့။
ဒီလို ဆိုးတာဟာလည်း ချစ်ပုံချစ်နည်းလေးပါပဲတဲ့။ သင်ဆိုလည်း သူစိမ်းနဲ့တွေ့ချိန်မှာအတတ်နိုင်ဆုံး အပြုအမူတွေကို ထိန်းသိမ်းနေမှာဖြစ်ပြီး မိသားစု သူငယ်ချင်းနဲ့တွေ့ချိန်မှာတော့ နဂို အကျင့်ဆိုးလေးတွေ မထိန်းချုပ်ပဲ စိတ်လွတ်ကိုယ်လွတ်နေမှာပါပဲ။ ကလေးငယ်ဟာလည်း သူအချစ်ဆုံးသူကိုတွေ့တဲ့အခါ သူ့အပြုအမူ လွတ်လပ်မှုကို မထိန်းချုပ်တဲ့သဘောပါပဲ။

♦- ကလေးငယ်ဟာ သင့်ကို စိတ်ထွက်ပေါက်လို့ သတ်မှတ်ထားပါတယ်။

တစ်စုံတစ်ယောက်ရဲ့ စိတ်ထွက်ပေါက်ဖြစ်ရတာ သိပ်မကောင်းဘူးဆိုပေမယ့် သင့်ကလေးရဲ့ စိတ်ထွက်ပေါက်ဖြစ်တာတော့ သင်ရော ကလေးရောအတွက် ကောင်းပါတယ်။ ကျွန်မတို့တောင်ခုချိန်ထိ ရင်ဖွင့်စရာ အမေရှိနေလို့ စိတ်ထဲမှာ အစိုင်အခဲမရှိ အခက်အခဲတွေကျော်လွှားနိုင်တာပါ။ သင့်ကလေးဟာလည်း တစ်နေ့တာ ဖြစ်ဖြစ် သင်မရှိတဲ့အချိန်မှာဖြစ်ဖြစ် သူမကျေနပ်တာ အလိုမကျတာတွေကို စိတ်ထဲ မြိုသိပ်ထားရတာပါ။ သင့်ကိုတွေ့တဲ့အခါ ဒါတွေကို ပေါက်ကွဲထုတ်လိုက်တဲ့ သဘောနဲ့ ဆိုးသွမ်းတာလည်း ပါပါတယ်။

♦ ကလေးငယ်အတွက်သင်ဟာအရာရာလိုက်လျောပေးမယ့် မေတ္တာရှင်ကြီးပါ။
ကျောင်းမှာ ဆရာမက ကလေးငယ်တွေအများကြီးနဲ့ ဆက်ဆံရသူမို့ သူ့ရဲ့ စည်းကမ်းတွေ သတ်မှတ်မှုတွေနဲ့ ကလေးငယ်ကို ထိန်းသိမ်းမှာပါ။ ဒါပေမယ့် သင်ကတော့မတူပါဘူး။ ကလေးငယ် အလိုကျ ဖြည့်စည်းပေးမှာ သင်သာဖြစ်ကြောင်း သူအတိအကျသိနေတာကြောင့် လိုတာမရမချင်း ဂျစ်တိုက်ပူဆာတာမျိုး လုပ်တာပါ။

👉ဒါဆို မေမေတို့ ဘာကြောင့်လဲဆိုတာတော့ သိလောက်ပြီထင်ပါတယ်။

>မယ်တင်(ဆေး ၁)ရေးသားပါသည်။
Photo Credit

ကလေးတွေကို စိတ်ဒဏ်ရာမရစေဖို့မိဘတွေနဲ့ဆရာတွေမှာတာ၀န်ရှိပါတယ်။မိဘတွေက အောက်ပါ အချက်တွေ လုပ်လေ့ရှိကြပါတယ်။၁) ချစ်ကြောက်ရိုသ...
29/10/2021

ကလေးတွေကို စိတ်ဒဏ်ရာမရစေဖို့မိဘတွေနဲ့ဆရာတွေမှာတာ၀န်ရှိပါတယ်။
မိဘတွေက အောက်ပါ အချက်တွေ လုပ်လေ့ရှိကြပါတယ်။

၁) ချစ်ကြောက်ရိုသေ

မဖြစ်နိုင်တဲ့ "ငါ့ကို ချစ်လဲချစ်ရမယ်၊ ကြောက်လဲကြောက်ရမယ်" ဆိုတဲ့ စံနှုန်း ၂ ခွ ထားတယ်။ ကလေးကို ကြောက်အောင် ဖိနှိပ်သလို၊ ကလေးဆီက ချစ်တာကိုကျ လိုချင်ပြန်သေးတယ်။

၂) လူကြီးပြသနာတွေကို ကလေးကို လွဲချ

အပြင်မှာ ဖြစ်တဲ့ ပြသနာတွေကို ကလေးကို ပြန်ပြောရင်ဖွင့်တဲ့အပြင် အဲဒီပြသနာတွေက ကလေးကြောင့်ပဲ ဖြစ်သလိုလို ကလေးကို အပြစ်ရှိသလို ခံစားစေတယ်။

၃) နေရာတိုင်းမှာ တော်ရမယ်

ကလေးကို နေရာတိုင်းမှာ တော်နေရမယ်ဆိုပြီး စံထားတယ်။ သူတို့ စံနှုန်းကို မလိုက်နာနိုင်ရင် ကလေးရဲ့ ညံ့ဖျင်းမှုဆိုပြီး အပြစ်တင်မယ်။ ကိုယ်တိုင်ကျ တော်ခဲ့တာ မဟုတ်လို့ ဘဝကို မကျေမနပ်ဖြစ်ခဲ့တာကို ကလေးကို ပုံချမယ်။

၄) အတင်းတုတ်မယ်

ကလေးရဲ့ မကောင်းကြောင်းတွေကို ကလေးအရှက်ရအောင် အမျိုးတွေ၊ အိမ်နီးနားချင်းတွေကို ကြုံတိုင်း အတင်းတုတ်မယ်။

၅) နှိမ်မယ်

ကလေးကို ကိုယ်က ထိန်းချုပ်လို့ လွယ်အောင် သူ့ရဲ့ ယုံကြည်မှုကို လျော့အောင် လုပ်တယ်။ သူရဲ့ အမှားတွေ အမြဲထောက်ပြပြီး၊ အသုံးမကျကြောင်း အမြဲတမ်းပြောမယ်။

၆) ကလေး အောင်မြင်မှု

ကလေး အောင်မြင်မှုဆိုတာ သူတို့ ပတ်ဝန်းကျင်ကို ကြွားလို့ရတဲ့ဟာမျိုး၊ ဒါမှမဟုတ် သူတို့ ငွေကြေးအရ သာတဲ့အခါမျိုးသာ အောင်မြင်မှုကို လက်ခံတယ်။ သူတို့ ကြွားလို့မရပေမဲ့ ကလေးကို ပျော်ရွင်စေတဲ့ အောင်မြင်မှုမျိုးဆို လက်မခံပဲ မလုပ်ဖို့ တားမြစ်တယ်။

၇) "ငါပြောတဲ့အတိုင်းလုပ်"

ကလေးအတွက် ပလန်တွေအကုန် မိဘက ချပေးတယ်။ ကလေးကြိုက်တာ မကြိုက်တာ ဂရုမစိုက်ဘူး။ အောင်မြင်အောင် မလုပ်နိုင်ပြန်ရင်ကျ ကလေးအပြစ်လုံးလုံး ဖြစ်ပြီး ပလန်ချတဲ့ မိဘနဲ့ မဆိုင်ဘူး။

၈) မိဘတွေဂုဏ်ဖော်တာ

မိဘတွေက ကလေးအတွက် ဘာတွေ လုပ်ပေးထားတယ်ဆိုတဲ့ မေတ္တာဘွဲ့တွေ တချိန်လုံး ရွတ်တယ်၊ ကလေးက သူတို့အတွက် တခုခုလုပ်ပေးခဲ့ရင်တောင် ဒါဟာ ကျေးဇူးဆပ်တာလို့ အမြဲပြောတယ်။

၉) ကိုယ်ပိုင်လွတ်လပ်ခွင့်

ကလေးအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့် လုံးဝမပေးပဲ၊ ကလေးဆီမှာ ဘာတွေ ရှိလဲ၊ ဘယ်သူတွေနဲ့ ပေါင်းပြီး ဘာတွေ လုပ်နေတာလဲ အမြဲ မျက်စိဒေါက်ထောက် ကြည့်နေတတ်တယ်။

၁၀) ဘေးနားမှာထားမယ်

ကလေးကို ကိုယ့်ဘေးနားမှာ အမြဲခေါ်ထားချင်ပေမဲ့၊ ဘေးနားမှာ ရှိရင်လဲ ငါတို့ကို ဝန်ထုတ်ဝန်ပိုးပေးတယ်၊ ရှုပ်တယ်ဆိုပြီး အမြဲ အပြစ်တင်နေတတ်ပြန်တယ်။ ကလေးက ထွက်သွားပြန်ရင်လဲ ငါတို့ကို ထားခဲ့တယ်ဆိုပြီး ဒရမ်မာ ခင်းပြန်တယ်။

ကိုယ်တိုင်ကော အဲလို တွေ ဘယ်နှခု လုပ်မိနေပြီလဲ။ လုပ်မိနေပီဆိုရင် ပြင်ဖို့ လိုပါတယ်။ ဒါတွေဟာ ကလေးတွေကို အများကြီး ထိခိုက်စေပြီး၊ သူတို့တွေ သာယာတဲ့ ကလေးဘဝကို ရရှိမှာ မဟုတ်လို့ပါပဲ။

Credit: BRIGHT SIDE
"10 Traits of Toxic Parents Who Ruin Their Children’s Lives"..

20/10/2021
18/07/2021

ကျေးဇူးပြု၍ ဖတ်ပေးပါ၊
အောက်စီဂျင်မရလည်းမကြောက်ပါနဲ့
————
ကိုဗစ်ဒဏ်ကိုသူကိုယ်တိုင်ရော ခံစားဖူးပြီး ခုထိ သူကုပေးနေတဲ့ လူနာများစွာရှိတဲ့ သူငယ်ချင်းဆရာဝန်ရေးထားတာလေးပါ✍️

🦠👉အောက်ဆီဂျင်ပြတ်လပ်မှု နှင့် COVID ကပ်ရောဂါ👈🦠
================

🚨ဆရာဝန်တစ်ဦးအနေနှင့်၄င်း , အဆုတ်ရောဂါ အပြင်းအထန်ခံစားခဲ့ဖူးသော အတွေ့အကြုံရှိသည့် လူတစ်ဦးအနေနှင့်၄င်း … ကိုယ်တိုင်ဖြတ်သန်းခဲ့သော အမောဖောက်ခြင်း ဝေဒနာကို သက်သာစေမည့် နည်းလမ်းများကို ဒုက္ခခံစားနေသောပြည်သူများဒုက္ခသက်သာစေရန် ဝေမျှခြင်းဖြစ်ပါသည်။

🚨ယခုလတ်တလော COVID -19 ရောဂါကြောင့် အမောဖေါက်ပီးအောက်စီဂျင်မရကြသောလူနာများအတွက် ရည်ရွယ်ပါသည်။

ဇွန်လမှစ၍ မြန်မာနိုင်ငံတွင် COVID တတိယလှိုင်း စတင်ဝင် ရောက်ပါသည်။
စစ်တပ်မှတိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ထားသဖြင့် ပြည်သူလူထုမှာ အားကိုးရမည့် အစိုးရတစ်ရပ်မရှိဘဲကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကပ်ရောဂါကို ရင်ဆိုင်နေရပါသည်။

🚨အောက်စီဂျင်လည်းမရှိ ၊ ဆေးရုံလည်း တက်လို့ အရမ်းခက် တာကြောင့် အိမ်မှာ မောရင်း သေဆုံးကြရတဲ့ လူနာတွေ ...... လျော့ကျစေရန် အလို့ငှါ စေတနာဖြင့် ဤစာကို ရေးသားအပ်ပါတယ်။

⚫️ပထမဆုံး အသိပေးလိုသည်မှာ COVID ရောဂါဖြစ်သူတိုင်း Oxygen မလိုပါ။ ရောဂါဖြစ်သူအားလုံး၏ ၂၀ ရာခိုင်နှုန်းသာ oxygen လိုအပ်ပါသည်။

⚫️ဒုတိယ အသိပေးလိုသည်မှာ COVID ရောဂါဖြစ်သူတိုင်းမသေပါ။ လူနာစုစုပေါင်း၏ ၂ ရာခိုင်နှုန်းသာ သေဆုံးပါသည်။�

➡️အမောဖောက်လူနာအားပြုစုဖို့အောက်ပါအချက်များကိုနားလည်ထားရပါမည်။
အမောဖောက်ခြင်းသည် အကြောင်း ၂ ချက်ကြောင့် ဖြစ်ပါသည်။

A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုနည်းသွားခြင်း
B.ခန္ဓာကိုယ်မှ oxygen ကို အသုံးပြုမှုများသဖြင့် oxygen မလုံလောက်ခြင်း

➡️လူနာအမောဖောက်ခြင်းသက်သာစေရန်
A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုများလာအောင်လုပ်ဆောင်ရပါမည်။
B. ခန္ဓာကိုယ််မှ oxygen သုံးစွဲမှု တတ်နိုင်သမျှလျှော့ကျအောင်ပြုလုပ်ရပါမည်။

🔹🏮A. Oxygen ပံ့ပိုးမှုနည်းသွားခြင်း ကို ကုစားရန်နည်းလမ်းများ🏮🔹

အဆုတ်မကောင်းလျှင်သော်လည်းကောင်း နှလုံးမကောင်းလျှင်သော်လည်းကောင်း သွေးအားနည်းလျှင်သော်လည်းကောင်း ခန္ဓာကိုယ်သို့ Oxygen ပံ့ပို့နည်းသွားတတ်ပါသည်။

SpO2 90% အောက်ရောက်လျှင် oxygen ရှုရပါမည်။

ယခု မြန်မာနိုင်ငံ သားများကြုတွေ့နေရသည့် အခြေအနေအရ Oxygen မရရှိပါက အောက်ပါကိစ္စများကိုပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အား Oxygen ပံ့ပိုးမှု ပိုများလာအောင် ပြုလုပ်ပါ။

၁။ လူနာကို လေကောင်းလေသန့် ရသည့်နေရာတွင်ထားပါ

၂။ အဆုတ်ထဲ လေဝင်အောင် ဂရုတစိုက် သတိထားပီး ဖြေးဖြေးချင်းရှုပါ။

အသက်ကိုဖြေးဖြေးနှင့်ရှည်ရှည်ရှုပါ။အသက်ရှုရာတွင် မြန်မြန်ရှုလေပိုမောလေဖြစ်တတ်ပါသည်။ ဖြေးဖြေးနှင့်မှန်မှန်ရှုရန်လိုအပ်ပါသည်။ အသက်ရှုခြင်းသည် အဆုတ်ထဲသို့ လေဝင်အောင်လုပ်ခြင်းဖြစ်ပါသည်။ အကြိမ်ရေများများနှင့် တိုတိုရှုခြင်းထက် အကြိမ်ရေနည်းနည်းနှင့် ရှည်ရှည်ရှုခြင်းက အဆုတ်ထဲလေပိုဝင်ပါသည်။ သတိထားပီး အသက်ရှုရပါမည်။
လေကိုဖြေးဖြေးနှင့် ရှည်ရှည်ရှုခြင်းက respiratory muscle များအသုံးပြုမှုကို လျော့ကျစေပါသည်။ လူပိုသက်သာပါသည်

၃။ လူနာအနီးတွင် ဆူညံသံများကို မပြုလုပ်ပါနှင့်၊ အသက်ရှုခြင်း တစ်ခုထဲကိုသာအာရုံစိုက်ရန် လူနာကို သတိပေးပါ။

၄။ ပက်လက်အနေအထားဖြင့် အသက်ရှုခြင်းသည် ပို၍ မောပါသည်( ထိုင်ပီးမှောက်လျှက်အနေအထားဖြင့် နေပါ)

၅။ လူနာ စိတ်အေးလက်အေးဖြစ်နေပါစေ( ကြောက်လန့်တကြားဖြစ်ပီး လူနာရုန်းကန်ပါက အခြေအနေကို ပိုမိုဆိုးဝါးစေပါသည်။ ထို့ကြောင့် ကြုံလာသည့် ပြဿနာကို စိတ်အေးအေးထားပီးရင်ဆိုင်ရန်အရေးကြီးပါသည်။)

၆။ အခန်းအပူချိန်ကို မပူလွန်း မအေးလွန်းဖြစ်နေဖို့လိုပါသည်။(26’C သည် လူအတွက်အကောင်းဆုံးအပူချိန်ဖြစ်သည် )

ရ။ လူနာရှိသောအခန်းအား ပြူတင်းပေါက်များဖွင့်ထားပါ။

၈။ လူနာအနီးတွင် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းရှိနေပါစေ

၉။ အနံ့အသက်များ မရှိပါစေနှင့်( ညောှ်နံ့, ခြင်ဆေးခွေနံ့, မြောင်းပုပ်နံ့, ရေမွေးနံ့ , ဟင်းနံ့ များ သည် အမောဖောက်လူနာအားပိုဆိုးစေပါသည်)

၁၀။ အသက်ရှုလမ်းကြောင်းတွင် ချွဲ သလိပ်များ ပိတ်ဆို့နေပါက လက်ဖြင့်ဖြစ်စေ , Suction Machine ဖြင့်ဖြစ်စေ ဖယ်ရှားပေးပါ။

🔹🏮B. ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုများပြားခြင်းကို လျော့ချရန် 🏮🔹

လူ့ခန္ဓာကိုယ်တွင် Oxygen အများဆုံးအသုံးပြုသည့် ကိုယ်အင်္ဂါများမှာ ဦးနှောက်, နှလုံးနှင့်ကြွက်သားများဖြစ်ကြပါသည်။
ဦးနှောက်နှင့် နှလုံး တို့ သည် oxygen ပြတ်၍မရပါ။
သဘာဝအရ ၄င်းအင်္ဂါများတွင် Oxygen နည်းလာပါက နှလုံးခုံမြန်လာပါမည်၊ အသက်ရှုမြန်လာပါမည်၊ စိုးရိမ်စိတ်ဝင်လာတတ်ပါသည်။
၄င်းအခြေနေတွင် ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုနည်းအောင် အောက်ပါ ကိစ္စများပြုလုပ်ပါ။

၁။ စိတ်အေးအေးထားပါ ၊ စိတ်မပူရန် အရေးကြီးပါသည်၊ မကြောက်ပါနှင့် ( စိတ်အေးချမ်းအောင်နေခြင်းသည် နှလုံးနှင့် ဦးနှောက် Oxygen သုံးစွဲမှုများစွာလျော့ကျစေပါသည်) ( အာနာပါန တရားအားထုတ်ဖူးသူများ ကိုယ်တွေ့သိပါသည်)

၂။လူနာသည် တတ်နိုင်သမျှ ငြိမ်ငြိမ်နေရပါမည်။ လှုပ်ရှားလေ ကြွက်သားများ oxygen ပိုသုံးလေ ပိုမောလေ ဖြစ်ပါသည်။ထို့ကြောင့်ငြိမ်ငြိမ်နေပါ။

၃။ သက်တောင့်သက်သာ အဖြစ်ဆုံးအနေအထားဖြင့်နေပါ။အဝတ်အစားကိုချောင်ချောင်လယ်လယ်ရှိသောချည်သား ဝတ်ဆင်ပါ။

၄။ တတ်နိုင်သမျှစကားမပြောပါနဲ့(စကားပြောလျှင်ပိုမောပါသည်)၊ စကာပြောနေသဖြင့်အသက်ရှုချိန်ကိုလည်းနည်းစေပါသည်။

၅။ လူနာကို အားပေးစကားပြောပါ။

၆။ စိတ်ရှုပ်စရာများမတွေးပါနှင့်၊ စိတ်ငြိမ်အောင် ဘုရားစာတစ်မျိုးရွတ်နေလို့ရပါသည်, အသက်ရှုတာကိုဘဲအာရုံစိုက်ပါ။ “ငါဒီအခက်အခဲကို ကျော်ဖြတ်နိုင်ရမည်”” ကျော်ဖြတ်နိုင်ရမည်” ဟုအကြိမ်ကြိမ်ရွတ်ပါ။

ရ။ လူနာအနီးအသံဆူညံခြင်းမဖြစ်အောင် ဂရုစိုက်ပါ။ ဆူညံခြင်းကြောင့် စိတ်မတည်မငြိမ်ဖြစ်ပါသည်။ စိတ်မတည်ငြိမ်လျှင် ပိုမောပါသည်။

၈ ။ ချောင်းဆိုးချင်လာပါက အတတ်နိုင်ဆုံး အားမသုံးပါနှင့် အသာအယာ ဆိုးပါ။

၉ ။ လူနာအသက်ရှု မြန်လာပါက ဖြေးဖြေးနှင့် ရှည်ရှည်ရှုဖို့ ဘေးမှသတိပေးပါ။

မြန်မာပြည်သူပြည်သားများအားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် အခြေအနေဆိုး များမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ…🙏🙏🙏

Crd-✍️ဒေါက်တာကောင်းမြတ် Ko Kaung Myat

04/03/2021

Boycott လုပ်ရမဲ့Listထဲမှာ
Online Shopတွေရောပါတယ်နော်။🙄🙄

တော်လှန်ရေးကြီးပြီးသွားရင်
ပြည်သူနဲ့အတူရပ်တည်တဲ့Os Acc

ပြည်သူနဲ့တသားတည်းရှိတဲ့
Os Pagesတွေမှာပဲစျေးဝယ်ကြမယ်နော်။

ဥပမာ။ ။ကျွန်မပေါ့ 🌚🌚


စတာနော်တကယ်အားပေး
ဈေးဝယ်လဲစိတ်မဆိုးပါဘူး😂😂😂

19/02/2021

ကျွန်မတို့အားလုံးရဲ့ အစားအသောက်page ,online shopping page ,group တွေ အကုန်ရပ်ထားပါတယ်

မနှစ်ကတစ်နှစ်လုံး "zero" ပါ.......အခု "minus" ပါရှင်။

သို့ပေမယ့်..........

Feb 1 ရက်နေ့ကတည်းက
ဘယ်သူမှတိုက်တွန်းစရာမလိုပဲ
ကိုယ့်အသိစိတ်နဲ့ကိုယ် without supporting နဲ့CDM လုပ်ခဲ့တာ
ကျွန်မတို့ Business သမားတွေပါ

ဘာလို့လဲ???

ပြည်သူတွေ စိုးရိမ်ပူပန်နေတဲ့ အချိန်မှာ
ကျွန်မတို့ရဲ့ ဈေးရောင်းပိုစ့်တွေက
အနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတဲ့ အသိစိတ်လေးရှိလို့ပါ

အခုဆို Own Business သမားတွေ
ဝင်ငွေ မရှိပဲ နေနေရတာ ၁၉ ရက်ပြည့်ခဲ့ပါပြီ

ဒါပေမယ့် ကျွန်မတို့ စိတ်ဓာတ်မကျပါဘူး

ဘာလို့လဲ???
ဒီအရေးတော်ပုံ အောင်ရင်
စီးပွားရေး တွေ အသစ်တစ်ဖန် ပြန်ကောင်းလာမယ်ဆိုတာ
ကျွန်မတို့ယုံကြည်ထားလို့ပဲဖြစ်ပါတယ်

အခုဆိုရင် အရေးတော်ပုံ အောင်ဖို့
အင်တိုက်အားတိုက် ပါဝင်နေကြတဲ့ထဲမှာ
Business သမားအများစုပါဝင်နေတာတွေ့ရပါတယ်

ဈေးရောင်းပိုစ့် မတင်ရရင် လိုက်ဖ်မလွင့်ရရင် မနေနိုင်တဲ့
Online Business သမားတွေ
အခုဆိုရင် ၁၉ ရက်တိတိ ဝင်ငွေ မရှိပဲ
အရေးတော်ပုံ အောင်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်က
ကြိုးစားပါဝင်နေကြတဲ့ သူတွေတိုင်းကို
တကယ်လေးစား ဂုဏ်ယူပါတယ်

အရေးတော်ပုံ အောင်ကို အောင်ရမယ်

တကယ်လည်း အောင်တော့မယ်လို့
စိတ်ထဲအပြည့်အဝ ယုံကြည်နေတယ်
အောင်တဲ့ထိ ဆက်ဖိုက်ကြမယ်

ဝင်ငွေအကန့်သတ်မရှိဈေးရောင်းနိုင်မယ့်ရက်တွေကို
မျှော်မှန်းရင်း ..... Fighting 💪💪
Business သမားများ


#မရှယ်ပါနဲ့
#ကူးတင်ပါ


Bkk ချီပွန်အိအိအေးအေးလေးအောက်ခံ အသားအိအိလေးတထပ်ပါလို့မပါးဘူးနော် ချစ်တို့ခါးစီးကြိုးလေးပါ လိုသလို စီးလို့ရရင် 36” to 44”...
18/01/2021

Bkk ချီပွန်အိအိအေးအေးလေး
အောက်ခံ အသားအိအိလေးတထပ်ပါလို့မပါးဘူးနော် ချစ်တို့
ခါးစီးကြိုးလေးပါ လိုသလို စီးလို့ရ
ရင် 36” to 44”ထိလှ
ပေါင်ချိန် 125 to 180ကျော်ထိလှ
Price.12500 ks

ချစ်စရာBKKဝေဖာဂါဝန်အရှည်အိအိလေး🥰 အရမ်းချစ်စရာကောင်းပြီးလှတယ်ခါးစီးကြိုးလေးက➰ပါလို့လိုသလို စီးလို့ရရင် 40" to 48" ထိရပေါင...
18/01/2021

ချစ်စရာBKKဝေဖာဂါဝန်အရှည်အိအိလေး🥰 အရမ်းချစ်စရာကောင်းပြီးလှတယ်

ခါးစီးကြိုးလေးက➰ပါလို့လိုသလို စီးလို့ရ

ရင် 40" to 48" ထိရ
ပေါင်ချိန် 150 to 190 ကျော်ထိလှ
Price. 13000 Ks

အရမ်းလှတဲ့ bkkဂါဝန်အပွင့်လေးမပါးတဲ့ ဂျော်အအေးသားလေးပေါ့ပေါ့ပါးပါးဝတ်လှခါးစီးကြိုးလေးပါလို့ လိုသလိုစီးလို့ရရင် 38” to 46”...
18/01/2021

အရမ်းလှတဲ့ bkkဂါဝန်အပွင့်လေး
မပါးတဲ့ ဂျော်အအေးသားလေး
ပေါ့ပေါ့ပါးပါးဝတ်လှ
ခါးစီးကြိုးလေးပါလို့ လိုသလိုစီးလို့ရ
ရင် 38” to 46” ထိလှ
ပေါင်ချိန် 145 to 190ကျော်ထိလှ
Price.12500 ks

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

0943191385

Website

Alerts

Be the first to know and let us send you an email when Thuzar Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share