14/08/2026
ဝါတွင်းကာလတိုင်း The Fabulous Fashion
ပွဲတက်Dress တွေ ကို အသက်သွင်းလေ့မရှိဘူး
ဒီ Dress လေးကတော့ အများဆုံးရောင်းရတဲ့
Dress လေးဖြစ်ခဲ့တယ် 🪷
အစက တော့ မရောင်းရလည်း ငါ ရပါတယ်
စမ်းလုပ်ကြည့်မယ်ဆိုပြီး Collection Dress ပုံစံ ထုတ်လိုက်တာ 🥰
Photo background ကအစ ရေကန်ပြာလဲ့လဲ့အရောင် လုပ်ထားတာ
ရေကန်အပေါ်မှာ အစိမ်းရောင်ကြာဖက်ကြီးနဲ့ ဖူးပွင့်လန်းဆန်းနေတဲ့ ပဒုန်မာ ကြာပန်း💕❤️
လူတိုင်းပြောတဲ့ ဗန်းစကားအတိုင်း ရင်ထဲမှာ ပန်းတွေပွင့်နေတာမဟုတ်ဘူးဆိုပြီးစဉ်းစားမိတာ
ရင်ဘတ်ထဲမှာ ပန်းတွေပွင့်နေတဲ့ မိန်းကလေးတစ်ဦးအဖြစ်နဲ့ ဒီဇိုင်းကို ဖန်တီးပေးထားတာပါ 😁
ကိုယ့်ဟာနဲ့ကိုယ်တော့ဟုတ်နေတာပဲ 🙈
စိတ်ကူးယဉ်ထားပြီး လုပ်ထားတဲ့အရာတွေ
ထပ်ဖန်တလဲလဲ ချုပ်ပေးနေရတော့
ဝမ်းသာပီတိဖြစ်မိပါတယ် 😗🙊
နောက်ထပ်စိတ်ကူးယဉ်တဲ့ဝတ်စုံတွေကတော့ ဝါထွက်ရင် မြင်ရပါ့မယ် 😁