Htake Htar San

Htake Htar San For Fashionable and Stylish , Traditional and Modest Clothing

အရည်အသွေး ကောင်းမွန်သော မြန်မာ့ချည်ထည်၊ ပိုးထည်များ ကို ၀တ်ဆင်၍ အလှတွင် အယဉ်ဆင့်နိုင်ကြစေဖို့ ထိပ်ထားစံ မှ ၀န်ဆောင်မှု ပေးနေပါပြီ။
ဖက်ရှင်ကျကျ၊ ခေတ်နှင့် အညီ ဆန်းသစ်စွာဖြင့် မြန်မာ့ ချည်ထည်၊ ပိုးထည်များကို အယဉ်ဆုံး အလှဆုံး အလိုက်ဖက်ဆုံး တွဲဖက်ဝတ်ဆင် နိုင်ရန် ရွေးချယ် ပြသပေးသွားမည် ဖြစ်ပါသည်။

06/06/2025

စကားလုံးတိုင်းမှာ အစွမ်းတွေရှိတယ်
________________________________

" စဉ်စားပြီးမှ ပြောရင်...
ရန်သူက မိတ်ဆွေဖြစ်လာနိုင်တယ်...

ပြောပြီးမှ စဉ်စားရင်...
မိတ်ဆွေက ရန်သူဖြစ်သွားနိုင်တယ် " တဲ့ ။

သိပ်တန်ဖိုးရှိတဲ့စကားလေးပဲ...
အရမ်းစဉ်းစားလို့ကောင်းတယ် ။

ဘာလို့လဲဆိုတော့...

တချို့က...
မစဉ်းစားပဲ ပြောချင်ရာပြောကြတယ် ။
တချို့က...
စဉ်းစားပြီးမှ ပြောသင့်တာပြောကြတယ်..။

ဒီနေရာမှာ....
နှလုံးသားကို ဦးစားပေးတဲ့သူက
ခံစားချက်အတိုင်း ပြောချင်ရာပြောချလိုက်တယ် ။

ဦးနှောက်ကိုဦးစားပေးတဲ့သူက အဲ့လိုမဟုတ်ဘူး...
ခံစားချက်ရှိရင်တောင် ပြောသင့်မှပြောတယ်..
ပြောသင့်တာပဲ ပြောတယ် ။

စကားအသုံးအနှုံးလည်း ကွာသလို
မိတ်ဆွေအပေါင်းအသင်းလဲကွာတယ် ။

လူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုတွေကို
ကြည့်ခြင်းအားဖြင့်...
သူ့မှာ ရန်သူနဲ့မိတ်ဆွေ ဘယ်သူပိုများလဲဆိုတာ
သိနိုင်ပါတယ် ။

ဘာပဲဖြစ်ဖြစ်...
စိတ်ဆိုးစဉ်ခဏ ပြောလိုက်တဲ့အရာတိုင်းမှာ
ခံစားချက်တွေက ပြောင်းလဲသွားပေမဲ့
စကားလုံးတွေက ကျန်နေတတ်တယ် ။

ဒါ့ကြောင့်...
ဒီစာလေးဖတ်ပြီးတဲ့အခါ...
ခံစားချက်အတိုင်း ပြောချင်ရာ ပြောမိတတ်တဲ့
အကျင့်လေးတွေ ကိုယ့်မှာ ရှိနေတယ်ဆိုရင်...
အကောင်းဆုံးပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ကြတာပေါ့... ။

🌿 D dimer ဆိုတဲ့ သွေးခဲနှုန်းလေးအကြောင်း 🌿သူငယ်ချင်းတို့ရေဒီကာလမှာ လူတိုင်းပါးစပ်ဖျားရေပန်းစားနေကြတဲ့ D dimer ဆိုတဲ့ သွေ...
21/09/2021

🌿 D dimer ဆိုတဲ့ သွေးခဲနှုန်းလေးအကြောင်း 🌿

သူငယ်ချင်းတို့ရေ

ဒီကာလမှာ လူတိုင်းပါးစပ်ဖျားရေပန်းစားနေကြတဲ့ D dimer ဆိုတဲ့ သွေးကလေးအကြောင်း ပြောပြပေးချင်လို့ပါ။ ဘယ်လောက်တောင်ရေပန်းစားသလဲဆိုရင်တော့ ဟိုတလောက reagent တွေ ပြတ်လတ်သွားတဲ့ အထိ စစ်လိုက်ကြပါသေးတယ်တဲ့။ကဲ ကြည့်ကြရအောင်နော်။

***D dimer ဆိုတာဘာလဲ?

D dimer ကို နောက်တစ်မျိုး fibrin degradation product လို့လည်းခေါ်ကြပါသေးတယ်တဲ့။ ပုံမှန်ခန္ဓာကိုယ်ရဲ့တစ်နေရာရာမှာ သွေးထွက်နေပြီ သွေးကြောကလေးတွေ ဒါဏ်ရာရနေပြီဆိုရင် သွေးတိတ်အောင်လုပ်ပေးရပါတယ်တဲ့။ အဲ့လိုသွေးတိတ်အောင်လုပ်ဖို့အတွက်က fibrin ဆိုတဲ့ protein မျှင်လေးတွေက သွေးဥမွှားလေးတွေနဲ့ပေါင်းပြီး သွေးခဲလေးဖြစ်အောင်လုပ်ပြီး သွေးတိတ်စေပါသတဲ့။ လိုအပ်တဲ့ ပြင်ဆင်မှုတွေပီးသွားရင်တော့ အဲ့သွေးခဲလေးတွေဟာ ပြန်ပျော်စေပါတယ်တဲ့။ အဲ့သွေးခဲလေးတွေ ပျော်ပြီးထွက်လာတဲ့ ပစ္စည်းလေးတွေကို fibrin degradation product (D dimer) လို့ခေါ်ပါတယ်တဲ့နော်။

***D dimer ပုံမှန်သွေးတွင်းဘယ်လောက်ရှိရမှာပါလဲ?

ပုံမှန်ဆိုရင် အနည်းငယ်သာရှိရမှာဖြစ်ပါတယ်တဲ့။ < 0.5 mg/ L or < 500 ng/mL ပဲရှိရမှာပါတဲ့။

***ဘယ်လိုအခြေအနေမျိုးမှာ D dimer တက်နိုင်သလဲ?

ခန္ဓာကိုယ်မှာ သွေးခဲလေးတွေပုံမှန်ထက်များနိုင်တဲ့အခြေအနေ တစ်နည်း သွေးပျစ်နိုင်တဲ့ အခြေအနေ မျိုးမှာဆိုရင်တော့ D dimer အဖြေလေးက များနေတတ်ပါတယ်တဲ့။ ဥပမာပြောရရင် ခြေထောက်သွေးပြန်ကြောပိတ်တာမျိုး (Deep Vein Thrombosis - DVT), အဆုတ်နဲ့ နှလုံးကြားကသွေးကြောလေးပိတ်နေတာမျိုး (Pulmonary embolism - PE), နဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ သွေးကြောလေးတွေမှာ သွေးခဲပိတ်တာမျိုး (Dessiminated intravascular coagulopathy - DIC) လိုမျိုးမှာဆိုရင်တော့ တက်နေတတ်ပါတယ်တဲ့။

***D dimer အဖြေပုံမှန်ထက်များနေရင် ကြောက်စရာလိုပါသလား?

D dimer ဆိုတာက တစ်နည်းပြောရရင် Negative predictive value အရမ်းကောင်းပါတယ်။ သူမတက်ရင် မရှိဘူးပေါ့။ ဒါပေမဲ့ Positive predictive value ကတော့ အရမ်း မတိကျပါဘူးတဲ့။ တစ်နည်း သူတက်တိုင်း အတိအကျပြောလို့မရပါဘူးတဲ့နော် ဥပမာ -
ခန္ဓာကိုယ်မှာ ရောဂါပိုးတစ်ခုခုရှိနေရင်၊
အသည်းရောဂါသမားတွေ
ခွဲစိတ်ပြီးကာစ လူနာတွေ
အရိုးကျိုးထားတဲ့လူနာတွေ
အိပရာထဲလဲနေတဲ့ နာတာရှည်လူနာမျိုးတွေ မှာလည်း အနည်းငယ် တက်နေတတ်ပါတယ်တဲ့နော်။ ဒါကြောင့် သွေးအဖြေနည်းနည်းတက်တိုင်း မိမိသဘောနဲ့ သွေးကျဲဆေးထိုးတာမျိုးကို ရှောင်ရပါမယ်တဲ့။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ သွေးကျဲဆေး လိုအပ်မလိုအပ်တိုင်ပင်ရပါမယ်တဲ့။

ကဲ ဒီလောက်ဆိုရင်တော့ လူပြောများနေတဲ့ သွေးခဲနှုန်းလေး D dimer အကြောင်း အကြမ်းဖျင်းတော့ သိလောက်ပါပြီနော်။ အားလုံးပဲကျန်းမာချမ်းသာပြီး လိုရာဆန္ဒများပြည့်၀ကြပါစေခင်ဗျ။



🌻 တော်သလင်းလပြည့် 🌻     (ဂရုဓမ္မ အခါတော်နေ့) 🌼 (၂၀.၉.၂၀၂၁) တနင်္လာနေ့ သည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသော တော်သလင်းလပြည...
20/09/2021

🌻 တော်သလင်းလပြည့် 🌻
(ဂရုဓမ္မ အခါတော်နေ့)

🌼 (၂၀.၉.၂၀၂၁) တနင်္လာနေ့ သည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသော တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့) ဖြစ်ပါသည်။

🌼 ယနေ့ကျရောက်သော တော်သလင်းလပြည့်
နေ့ထူး‌ နေ့မြတ်မှာ မြန်မာပြည်သူပြည်သားများအားလုံး
ကောင်းမှုကုသိုလ် အဖြာဖြာနှင့် စိတ်ရွှင်လန်းချမ်း‌မြေ့၍ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်လေးပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် ။
🙏🙏🙏

#တော်သလင်းလပြည့်နေ့

🌳🌳🌳သွေးတွင်း အောက်စီဂျင် များစေရန် 🌳🌳🌳••••••••••••••••••••••••••••••••••••••••••••••••••••••• #သွေးပျစ်ခြင်းအတွက်ရေကုထုံ...
09/09/2021

🌳🌳🌳သွေးတွင်း အောက်စီဂျင် များစေရန် 🌳🌳🌳
•••••••••••••••••••••••••••••••••••••••••••••••••••••••

#သွေးပျစ်ခြင်းအတွက်ရေကုထုံး
=====================

သွေးပျစ်ရင် သွေးတွင်းအောက်စီဂျင်ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_

၁၊ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။
မနက်စာစားပြီးမှ တဖြည်းဖြည်းနိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။

၂၊ နေ့လည်စာစာပြီးရင် အရမ်းအိပ်ချင်တယ်။
မအိပ်လို့ မရတာမျိုး ...

၃၊ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ

၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်းကောင်းကောင်းမမြင်ရတာ

ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင် အမြန်ကုစားကြပါ။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_

၁၊ ရေများများသောက်ပါ။

၂၊ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ်အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်။
ဒါကြောင့်ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ
အစေ့အဆံ အစုံစားပါ။

၃၊ တိရစ္ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ။

၄၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ

၅၊ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။

သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင်
သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ
အထူးသဖြင့် ရေနွေးများများသောက်ပါ။
ရေနွေးက အဆီတွေက်ို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ၈မျိုးကတော့_

၁၊ အဆိပ်အတောက်တွေကို သန့်စင်စေတယ်
၂၊ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်
၃၊ ကြွက်သားကို သန်မာစေတယ်
၄၊ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်
၅၊ စွမ်းအင် တိုးပွားစေတယ်
၆၊ ဝိတ်ကျစေတယ်
၇၊ ခေါင်းကိုက်တာကို သက်သာစေတယ်
၈၊ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်

- ရေခဲရေကို ရှောင်ပါ
- ရိုးရိုး ရေကို များများသောက်ပါ
- ရေနွေးကို များများသောက်ပါ
- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက်
ခတ်သောက်တာ၊ ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

Crd

#ထူးအံ့ဆေးဥယျာဉ်

ကိုဗစ်နလန်ထများအတွက် အားပြန်မွေးဖို့နည်းလမ်းများ= = = = = = = = = = = = = = = = = = = = = = == = = = = = 👩‍⚕ကိုဗစ်ဖြစ်ပြ...
09/09/2021

ကိုဗစ်နလန်ထများအတွက် အားပြန်မွေးဖို့နည်းလမ်းများ
= = = = = = = = = = = = = = = = = = = = = = == = = = = =

👩‍⚕ကိုဗစ်ဖြစ်ပြီး နာလန်ထလာတဲ့
လူအတော်များများမှာ ကိုဗစ်ရဲ့နောက်ဆက်တွဲတွေ
ကျန်တတ်ပါတယ်။

👩‍⚕အများဆုံးကျန်နေတတ်တဲ့
အနံ့အရသာပျောက်တာ၊ မစားချင်မသောက်ချင်
ဖြစ်တာ၊ နုံးတာ၊ ကိုယ်အလေးချိန်ကျတာ စတာတွေကြောင့် အာဟာရမပြည့်ဝတာမျိုး ဖြစ်တတ်ကြပါတယ်။

👩‍⚕တချို့တွေမှာဆိုရင် ကိုယ်အလေးချိန်ကျတာ၊ ကြွက်သားတွေ ဆုံးရှုံးတာတွေဖြစ်ပြီး တစ်ကိုယ်လုံး
ချုံးချုံးကျတတ်ပါတယ်။ ဒီလိုဖြစ်တာဟာ ပိုးဝင်တာကြောင့် တစ်ကိုယ်လုံးမှာ ရောင်ရမ်းတုံ့ပြန်မှုဖြစ်တာ၊ အစားအသောက်ပျက်တာကြောင့် အစားနည်းတာ၊
ကိုယ်လက်မလှုပ်ရှားတာ စတာတွေကြောင့်မို့
ဖြစ်နိုင်ပါတယ်။

👩‍⚕ပြင်းထန်တဲ့အဆင့်မှာ
အဖြစ်များတယ်ဆိုပေမယ့် သာမန်လက္ခဏာ
လောက်ပြသူတွေမှာလည်း တွေ့ရတတ်ပါတယ်။
ဒါကြောင့် နာလန်ထချိန်မှာ အာဟာရပြည့်ဝရေးနဲ့
ကိုယ်လက် ပြန်လည်သန်စွမ်းရေးတွေကို အဓိက ဦးစားပေးရပါမယ်နော်။

👩‍⚕လိုအပ်တဲ့ဗီတာမင်၊ သတ္တုဓာတ်နဲ့
အာဟာရဓာတ်တွေကို အစားအသောက်ကသာ
အဓိက ရရှိတာပါ။ အာဟာရမပြည့်ဝဘူး၊ လိုအပ်တဲ့အစားအသောက်တွေကို ပြည့်ပြည့်စုံစုံ မစားပေးဘူးဆိုရင်တော့ နာလန်ထချိန်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။

👩‍⚕ရောဂါဖြစ်ချိန်မှာသာမက နာလန်ပြန်ထချိန်မှာပါ အာဟာရဓာတ် လိုအပ်ချက်က များပါတယ်။

1. ပုံစံမျိုးစုံ ကြံဆချက်ပြုတ်ပါ။
ပိုးဝင်ပြီးနောက်မှာ အရသာပျောက်တာကြီးက ဆက်ကျန်နေတတ်ပါတယ်။ ဒါကြောင့်မို့ အစားအသောက် ချက်ပြုတ်ရာမှာ အရသာရှိအောင် ဟင်းခတ်အမွှေးအကြိုင ်အစုံအလင်ထည့်ပြီး ချက်ပြုတ်ပြင်ဆင်ပါ။

2. တစ်နေကုန်စားပါ။
အစားအသောက် ပျက်နေတဲ့အခါမျိုးမှာ
တစ်နေ့ ၃ နပ်ဆိုပြီး စားတာထက် လိုအပ်တဲ့
ကယ်လိုရီပမာဏ ရရှိအောင် နည်းနည်းနည်းနည်းနဲ့
မကြာမကြာဆိုသလို ဝင်သလောက်စားပေးပါ။
၂ နာရီ၊ ၃ နာရီခြား တစ်ကြိမ်လောက်စီပေါ့။
အာဟာရပြည့်ဝတဲ့အစားအစာ၊ အထူးသဖြင့်
ပရိုတင်း အသားဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို
များများစားပေးပါ။

🌿
တစ်နေကုန် အဆာပြေစားနိုင်တဲ့ သရေစာတွေကတော့ -

● အသီးနဲ့ အစေ့အဆံအရော

● ဒိန်ချဉ်

● အသီးအနှံနဲ့ ပရိုတင်းကြွယ်ဝတဲ့ ဒိန်ချဉ်တို့၊ အစေ့အဆံ၊ ထောပတ်တို့နဲ့ ပြုလုပ်ထားတဲ့ smoothies

● အာဟာရဖြည့်စွက်စာရည် စတာတွေကို စားပေးနိုင်ပါတယ်။

🌿
ထမင်းစားတဲ့အခါမှာလည်း အသားငါး၊ ဟင်းသီးဟင်းရွက်ကို ပမာဏနည်းနည်းနဲ့
မကြာမကြာ စားပေးပါ။ ဥပမာ - ထမင်း ၁ ဇွန်း၊
၂ ဇွန်းလောက်ကို ကြက်သား ၂/၃ တုံးလောက်နဲ့ ပန်းဂေါ်ဖီစိမ်း နည်းနည်းနဲ့ပေါ့။

🌿
အဓိကကတော့ ပရိုတင်းအသားဓာတ်ကို
တစ်နေကုန်ရရှိနေအောင် စားပေးပါ။ ဒီလိုနည်းနည်းနဲ့
မကြာမကြာ စားပေးတာက သွေးအချိုဓာတ်ကိုလည်း ငြိမ်နေအောင် ထိန်းပေးနိုင်ပါတယ်။
မစားဘဲ အကြာကြီးနေတဲ့အခါ ကိုယ်ခန္ဓာစွမ်းအင်
လျော့ကြပြီး နုံးနေပါလိမ့်မယ်။

🌿👩‍⚕️
3. ရေဓာတ်ပြည့်ဝအောင်နေပါ။
အစားအသောက်ပျက်တာကြောင့် မြင်သမျှကို
စားချင်မှာ မဟုတ်ပါဘူး။ ဒီတော့ စားစရာကို သောက်စရာအဖြစ် ပြောင်းလဲပါ။
အစားအသောက်အပြင် ရေဓာတ်ကလည်း
အရေးကြီးတာမို့ တစ်နေကုန်ကို တစ်နာရီခြားစီ
ရေ ဒါမှမဟုတ် တခြားအရည်တစ်မျိုးမျိုးကို တောက်လျှောက်သောက်ပေးပါ။
စားဖို့ကို တစ်အားကြီး အားစိုက်မထုတ်ဘဲနဲ့
လိုအပ်တဲ့အာဟာရဓာတ်ကို ရရှိအောင်
အစားအသောက် အမျိုးမျိုးကို တစ်နေကုန်မျှပြီး
စားစားပေးပါ။ ကိုယ်စားလိုက်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ အာဟာရဓာတ်အမျိုးမျိုးဟာ နာလန်ပြန်ထနိုင်ဖို့အတွက် အထောက်အကူ အများကြီး ဖြစ်ပါတယ်။

Dr. Mya Phoo Ngon👩‍⚕️
#ကျန်းမာအောင်နေကြမယ်🌿👩‍⚕️👨‍👩‍👦‍👦
#ရှေ့ဆက်ဖို့အတွက်အားတင်းထားမယ်🌿💪
#မိသာစုကျန်းမာရေးအတွက်🌿👩‍⚕️👨‍👩‍👦‍👦
🌿👩‍⚕️👨‍👩‍👦‍👦

ကိုဗစ်ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုးနှံလို့ ရနေပြီဖြစ်တာကြောင့် လူအတော်များများက ကာကွယ်ဆေး ထိုးနှံဖို့ကို စိ...
09/09/2021

ကိုဗစ်ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုးနှံလို့ ရနေပြီဖြစ်တာကြောင့် လူအတော်များများက ကာကွယ်ဆေး ထိုးနှံဖို့ကို စိတ်ဝင်စားနေကြသလို ကာကွယ်ဆေး ထိုးပြီးသူတွေလည်း ရှိနေကြလောက်ပါတယ်။

ကာကွယ်ဆေး မထိုးရသေးခင်ကတော့ ကာကွယ်ဆေးမှာ ဘယ်ကာကွယ်ဆေး အမျိုးအစားက စိတ်ချရလဲ။ ကာကွယ်ဆေး ထိုးရင် ဘယ်လိုတွေ ခံစားရမလဲ။ ကာကွယ်ဆေး ထိုးပြီး ခံစားရတဲ့ လက္ခဏာတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာတွေပါ။

အခုချိန်မှာတော့ ကာကွယ်ဆေးတွေ ထိုးတာ ၁ ကြိမ် ပြီးတဲ့သူတွေလည်း ရှိသလို ၂ ကြိမ်လုံး ပြည့်ပြီးသွားသူတွေလည်း ရှိနေမှာပါ။ ဒီတော့ စိတ်ဝင်တစား သိချင်နေမယ့် အကြောင်းအရာက ကာကွယ်ဆေး ထိုးပြီးရင် ကာကွယ်ဆေးက ကိုဗစ်ရန်ကနေ ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မလဲ ဆိုတာကိုပါ။

ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

ကိုဗစ်ကာကွယ်ဆေးကပေးတဲ့ ခုခံအား
ကိုဗစ်ရောဂါကို ကူးစက်ခံရပြီးချိန်မှာလည်း ပြန်ကောင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာ ကိုဗစ်ကို တုံ့ပြန် တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအား antibody ထွက်ပါတယ်။ ဒါက ပုံသေပြောလို့တော့ မရပါဘူး။ အချို့တွေမှာ လက္ခဏာတွေ လည်းပြတယ်။ ကိုဗစ်လည်း ဖြစ်တယ်။ ပြန်သက်သာလာချိန်မှာ antibody ကို test kit နဲ့ စစ်ကြည့်ပေမယ့် ကိုယ်ခံအား ထွက်မနေတာမျိုးတွေ ရှိပါတယ်။

နောက်တစ်ချက်က ဒီလို ထွက်လာတဲ့ antibody က အကြာကြီး မခံဘဲ အလျင်အမြန် ကျဆင်းတတ်တယ်ဆိုတာပါ။ ဒီလို ကျဆင်းတာကြောင့်လည်း ကိုဗစ်ဖြစ်ပြီး ထပ်ကူးစက်ခံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရတာပါ။

ကာကွယ်ဆေးကတော့ ကိုဗစ်ကို ခုခံဖို့ ကိုယ်ခံအားကို သေချာပေါက် ထွက်စေမယ့်အရာပါ။ ကိုဗစ်က ပြန်သက်သာလာတယ်ဆိုရင်တောင် နောက်ထပ်တစ်ကြိမ် ဆိုတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ကာကွယ်ဆေးက လိုအပ်ဆဲပါ။

ကိုဗစ် ကာကွယ်ဆေးကို ထိုးလိုက်တဲ့အခါ ပထမတစ်ကြိမ်က ကိုယ်ခံအားကို ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ပြင်ပက ဗိုင်းရပ်စ်ကို ရှာဖွေတတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပြီး ကိုယ်ခံအား အနေနဲ့ ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်တတ်အောင် လေ့ကျင့်ချိန် ပေးလိုက်ပါတယ်။
ဒီလေ့ကျင့်ချိန်မှာ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ခွင့်ရလိုက်ပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဖျားချင်သလိုလို မအီမသာဖြစ်သလို ခံစားရတာပါ။

ကာကွယ်ဆေး ပထမ အကြိမ်မှာ တုံ့ပြန်ဖို့ အကောင်းဆုံး လေ့ကျင့်ခွင့်ရထားတဲ့ ကိုယ်ခံအား အနေနဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးလိုက်ချိန်မှာ အားဖြည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီလို ထိုးပြီးတဲ့အခါ ကိုယ်ခံအားက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးတဲ့ရက်ကနေ ၁၄ ရက်အတွင်းမှာ antibody စထွက်ပါမယ်။

ကာကွယ်ဆေးကလည်း ဆေးအောင်တယ်ဆိုမှ antibody ထွက်မှာပါ။ ကိုဗစ်ကို ခုခံတဲ့ antibody တွေဟာ ရိုးတွင်းခြင်ဆီထဲက antibody ထုတ်ပေးတဲ့ ကိုယ်ခံအားဆဲလ်တွေထဲမှာ ၇ လ ကနေ ၈ လလောက်အထိ ရှိနေတတ်တာမျိုးလည်း ရှိပါတယ်။
ဒီထွက်လာတဲ့ antibody က ရက်ပေါင်း ၉၀ အကြာမှာ တဖြည်းဖြည်းချင်း ပြန်ကျလာတာမျိုးလည်း ရှိပါတယ်။ ကာကွယ်ဆေးအလိုက် အချိန်ကာလ ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။

ကာကွယ်ဆေး အများစုကတော့ ၆ လ အထိ ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

hybrid immunity
နောက်ထပ် ဝမ်းသာစရာတစ်ခု ကိုဗစ်ဖြစ်ထားပြီး ကာကွယ်ဆေး ထိုးတဲ့သူတွေက ပုံမှန်ထက် ကိုယ်ခံအား ပိုကောင်းတယ် ဆိုတာပါ။ ရောဂါကို ခုခံတာကြောင့် ထွက်လာတဲ့ ကိုယ်ခံအားရော ကာကွယ်ဆေးက ထွက်တဲ့ ကိုယ်ခံအားရော ၂ ခုစလုံးကို တပြိုင်နက်တည်း ရတာကြောင့်ပါ။ ဒါကို “hybrid immunity” လို့ခေါ်ပါတယ်။ antibody က တစ်မျိုးတစ်စားမကတဲ့ antibody ကို ထွက်ရှိစေတာပါ။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ကိုဗစ်ကာကွယ်ဆေး ထိုးပြီး ထွက်လာတဲ့ antibody က အကြမ်းအားဖြင့် ၆ လ အထိ ခံတယ်ဆိုတာပါ။ ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း မတ်ခ်တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးကိုရှောင်တာလိုမျိုး ကိုဗစ် ကာကွယ်ရေး စည်းကမ်းတွေကို ဆက်လက်လိုက်နာဖို့ လိုပါမယ်။

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် booster လိုမလား……
ကာကွယ်ဆေး အများစုက booster လိုပါမယ်။ တုပ်ကွေး ကာကွယ်ဆေးဆိုရင် တစ်နှစ်တစ်ခါ ထွက်လာတဲ့ မျိုးစိတ်သစ်ကို ကာကွယ်ဖို့ တစ်နှစ်တစ်ကြိမ် ထိုးပေးရပါတယ်။ တချို့ ကာကွယ်ဆေးတွေဆိုရင်လည်း ၆ လ တစ်ကြိမ်လောက် ထပ်ဆောင်းကာကွယ်ဆေး (booster) ထိုးရပါတယ်။


#ထူးအံ့ဆေးဥယျာဉ်

13/08/2021

ကိုဗစ်ဖြစ်လျှင်

1..CRP တက်ပါတယ်...

2.... D- dimer တက်ပါတယ်...

3....ferritin တက်ပါတယ်...

1️⃣ C-Reactive Protein ( CRP ) တက်ခြင်း..

ခန္ဓာကိုယ်အတွင်းမှာ ရောဂါပိုးဝင်တာနဲ့ ၊ ရောင်ကိုင်းမှုဖြစ်တာနဲ့ CRP ကတက်ပါတယ်။ ကိုဗစ်ကူးစက်တိုက်ခိုက်ခံရတဲ့အခါ ရောင်ကိုင်းခြင်းဖြစ်ပေါ်တဲ့အတွက် CRP တက်တာတော့မထူးဆန်းပါဘူး....

CRP ရဲ့ ထူးခြားချက်က တုန့်ပြန်မှုမြန်တဲ့အတွက် ရောင်ကိုင်းမှုဖြစ်ပေါ်တာချက်ချင်းသိရပါတယ်။ ရောဂါပိုးဝင်ပြီး ၆ နာရီကနေ ၈ နာရီအတွင်း တဟုန်တိုးမြင့်တက်ပါတယ်။ ၄၈ နာရီအတွင်းမှာ 300-350 mg/L အထိတက်ပါတယ်။ ရောင်ကိုင်းမှုပြင်းထန်လျှင် CRP က အဆငါးသောင်းလောက်တက်ပါတယ်။

ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်မှု၊ ရောင်ကိုင်းမှုမဖြစ်နေလျှင် CRP မဖြစ်ပေါ်နေပါဘူး...

CRP က ရောဂါပိုးဝင်ရင်၊ ရောင်ကိုင်းနေလျှင် မြင့်တက်လေ့ရှိတဲ့အတွက် ၊ CRP မြင့်တက်တာနဲ့ COVID လို့ပြောလို့မရပါဘူး။ တစ်ခြားရောဂါပိုးတစ်ခုခုဝင်ရင်လည်း CRP မြင့်တက်ပါတယ်။

2️⃣ D-dimer တက်ခြင်း....

ကိုဗစ်ဖြစ်လျှင် ခန္ဓာကိုယ်ခဲစွမ်းအား၏ တိုက်ခိုက်မှုကြောင့် ရောင်ကိုင်းမှုဖြစ်သလို ၊ သွေးယိုစိမ့်မှုလည်းဖြစ်ပါတယ်။ သွေးယိုစိမ့်မှုကို သွေးခဲပြီးပြန်ဖာပါတယ်။ အဲ့ဒီနေရာပြန်ကောင်းသွားရင် သွေးခဲပြီးပြန်ဖာထားတဲ့အစလေးတွေဟာ အမှုန်အမွားဖြစ်ပြီးသွေးထဲကို ပြန်ပြုတ်ကျပါတယ်။ အဲ့ဒီအမှုန်အမွားလေးတွေကို D-dimer တွေလို့ခေါ်ပါတယ်...

သွေးထဲမှာ D-dimer မြင့်တက်နေပြီဆိုရင် ခန္ဓာကိုယ်ထဲ တိုက်ပွဲတွေ၊ စစ်ပွဲတွေဖြစ်ပွါးပြီး ခန္ဓာကိုယ်ထဲရောင်ကိုင်းမှုတွေ၊ သွေးယိုစိမ့်မှုတွေဖြစ်ခဲ့တယ်ဆိုတာပြနေပါတယ်...

COVID-19 ဝင်ပြီဆိုရင် ကိုယ်ခံအားစနစ်နဲ့တိုက်ပွဲတွေဖြစ်ပါတယ်။ ဒါကြောင့် ရောင်ကိုင်းမှုတွေ သွေးယိုစိမ့်မှုတွေဖြစ်ပါတယ်။ ပြန်လည်ဖာတေးမှုတွေလုပ်ရပါတယ်။ ဖာထေးတဲ့နေရာပြန်ကောင်းသွားရင် အဲ့ဒီဖာထေးစတွေ အမှုန်အမွှားအဖြစ်သွေးထဲကိုကွာကျပါတယ်။ အဲ့ဒီအတွက် D-dimerမြင့်တက်ပါတယ်...

D-dimer ပမာဏဟာအများဆုံး 500 ပဲရှိရပါမယ်။ 1000 ကျော်နေပြီဆို သတိထားစောင့်ကြည်ပြီး၊ ကျန်တဲ့စစ်ဆေးမှုတွေလုပိရပါတယ်...

CRP နဲ့မတူတဲ့အချက်က CRP က မည်သည့် ရောဂါပိုးဝင်ခြင်းမဆို၊ ရောင်ကိုင်းမဆိုမြင့်တက်ပါတယ်။ ဒါကြောင့် CRP ဟာမည်သည့်ရောဂါပိုးဝင်ဝင်မြင့်တက်ပါတယ်။

D-dimer မြင့်ခြင်းဟာ ယောင်ကိုင်း၊ သွေးယိုမှုဖြစ်ပြီး၊ သွေးပြစ်၊ သွေးခဲမှုဖြစ်တာဖြစ်ခဲ့မှသာဖြစ်တာပါ။ COVID ဗိုင်းရပ်တိုက်ခိုက်ခံရသူတွေမှာ အဖြစ်များပါတယ်...

3️⃣ Ferritin မြင့်တက်ခြင်း

Ferritin ဆိုတာက ခန္ဓာကိုယ်ထဲမှာ သံဓါတ်ကိုထိန်းထားတဲ့ ပရိုတိန်းပါ။ သွေးထဲမှာ သံဓါတ်များနေရင်သိမ်းထားပေးတယ်။ နည်းနေရင်ထုတ်ပေးပါတယ်။ Ferritin အများစုကို သွေးနီဥတွေဖြစ်ပေါ်မှုအတွက်ပါ...

Ferritin ဟာ ခန္ဓာကိုယ်ခံအားစနစ်ရဲ့ ကင်းထောက်တပ်သားတွေဖြစ်တဲ့ macrophages တွေကိုလှုံဆော်ပေးပါတယ်။ ရန်သူကိုတွေ့ပြီဆိုရင် macrophages တွေက ရန်သူကိုတိုက်ခိုက်ချေမှုန်းပြီး ရန်သူနဲ့ပက်သက်တဲ့ သတင်းအချက်အလက်တွေကို cytokines နှင့်အတူထုတ်ပေးပါတယ်။ အဲ့ဒီသတင်းအချက်တွေကို cytokines စစ်သားတွေကသယ်ဆောင်လှုံဆော်ပေးတဲ့အတွက် ကိုယ်ခံအားစနစ်ရဲ့တပ်ဖွဲ့အစုံကသိရှိပြီးရန်သူကိုဝိုင်းတိုက်ခိုက်ကြပါတယ်...

ပုံမှန်အခြေအနေတွေမှာ cytokines တွေက ရန်သူဗက်တီးရီးယား နဲ့ ဗိုင်းရပ်တွေကိုတိုက်ထုတ်ဖို့လှုံဆော်တဲ့စနစ်ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ခံစွမ်းအားစနစ် ပေါင်းစည်းအလုပ်လုပ်နိုင်ဖို့ ကူညီတဲ့သူတွေပါ...

COVID-19 လိုပြဿနာမျိုးမှာ Cytokines Storm ဖြစ်ပေါ်လာခဲ့ရင် လူကြီးတွေအတွက် အသက်အန္တရယ်ရှိပါတယ်။

Ferritin ဟာ ကင်းထောက်တပ်သားတွေဖြစ်တဲ့ macrophages တွေကိုလှုံဆော်သူဖြစ်တဲ့အတွက် ရန်သူများလေ ferritin မြင့်တက်လေလေဖြစ်ပါတယ်...

Crd #

အခုတလော ကိုဗစ်ကာကွယ်ဆေးနဲ့ပါတ်သက်ပြီး အမေးများလာကြတာကြောင့် လက်ရှိWHOက အသုံးပြုခွင့်ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးအမျိုးအစားတ...
10/08/2021

အခုတလော ကိုဗစ်ကာကွယ်ဆေးနဲ့ပါတ်သက်ပြီး အမေးများလာကြတာကြောင့် လက်ရှိWHOက အသုံးပြုခွင့်ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးအမျိုးအစားတွေအကြောင်းကို ပုံလေးတွေနဲ့ရှင်းပြထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်လို့ အမေးများတဲ့မေးခွန်းတွေအကြောင်းကိုလည်း နောက်တစ်ပိုင်းမှာ ပြောပြပေးသွားပါမယ်။

အားလုံးပဲ ရောဂါဘယကင်းရှင်းပြီး ဘေးကင်းလုံခြုံကြပါစေလို့ TeleHealth Myanmarမှဆုတောင်းပေးပါတယ်။

Facts Credit to Dr NI


03/08/2021

💥💥💥အဆုတ်မှာ သွေးခဲပိတ်ခြင်းနဲ့ နောက်ဆက်တွဲအန္တရာယ်💥💥💥

အဆုတ်မှာ သွေးခဲပိတ်ခြင်းဆိုတာဟာ တကယ်တော့ အဆုတ်သွေးလွှတ်ကြော (Pulmonary Artery) ထဲမှာ သွေးခဲပိတ်တဲ့အခြေအနေဖြစ်ပါတယ်။

ဒီအခြေအနေဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဆုတ်သွေးလွှတ်ကြော ( Pulmonary Artery) ထဲမှာ သွေးခဲပိတ်တဲ့အခါ အဆုတ်ထဲသွေးရောက်တာနည်းသွားပြီး၊ အောက်စီဂျင်ဖလှယ်တာလည်း ကောင်းကောင်းမလုပ်နိုင်တဲ့အတွက် သွေးတွင်းအောက်စီဂျင်နည်းလာကာ အဆုတ်ထိခိုက်ပျက်စီးတာ၊ တခြားကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးတာတွေ ဖြစ်လာနိုင်လို့ပါ။

ပိတ်တဲ့သွေးခဲက အရွယ်အစားကြီးရင်၊ တခဲတည်းမဟုတ်ဘဲ များတယ်ဆိုရင် အသက်သေဆုံးနိုင်ပါတယ်။

အဆုတ်သွေးလွှတ်ကြောထဲမှာ သွေးခဲပိတ်ခြင်းဟာ အဆုတ်သွေးလွှတ်ကြောကိုယ်တိုင်ထဲမှာ သွေးခဲဖြစ်တည်လာခြင်းကြောင့်မဟုတ်ဘဲ တခြားနေရာမှာဖြစ်တဲ့ သွေးခဲက ပြုတ်ထွက်လာကာ သွေးစီးဆင်းမှုလမ်းကြောင်းအတိုင်းမျောပါလာပြီး အဆုတ်သွေးလွှတ်ကြောထဲရောက်လာခြင်းကြောင့် ဖြစ်တာပါ။

အများအားဖြင့်တော့ တင်ပဆုံ၊ ခြေထောက်နေရာတွေမှာရှိတဲ့ Deep Veins ခေါ် ကြွက်သားများအကြားရှိ အတွင်းပိုင်းသွေးပြန်ကြောတွေထဲမှာ သွေးခဲဖြစ်ရာမှ ထိုသွေးခဲကပြုတ်ထွက်လာကာ သွေးစီးဆင်းမှုလမ်းကြောင်းတလျှောက် မျောပါလာပြီး အဆုတ်သွေးလွှတ်ကြောထဲရောက်ကာ အဆုတ်သွေးခဲပိတ်ခြင်း ဖြစ်လေ့ရှိပါတယ်။

ခြေထောက် သို့မဟုတ် တင်ပဆုံထိခိုက်ဒဏ်ရာရတာ၊ အချိန်အကြာကြီးမလှုပ်ရှားဘဲနေတာ (ဥပမာ ခရီးရှည်သွားတာ၊ ရောဂါတစ်ခုခုကြောင့် အကြောင်းတစ်ခုခုကြောင့် အိပ်ရာထဲအချိန်အကြာကြီးလှဲနေရတာ)၊ ဟော်မုန်းဆေးတွေသောက်နေတာ၊ ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ ကင်ဆာရောဂါဖြစ်နေတာ စတဲ့အကြောင်းတွေဟာ တင်ပဆုံ၊ ခြေထောက်နေရာတွေမှာရှိတဲ့ Deep veins ခေါ် ကြွက်သားများအကြားရှိ အတွင်းပိုင်းသွေးပြန်ကြောတွေထဲမှာသွေးခဲခြင်းကို ဖြစ်စေနိုင်ပါတယ်။

အတွင်းပိုင်းသွေးပြန်ကြောထဲက သွေးခဲဟာပြုတ်ပြီး အဆုတ်မှာလာပိတ်တဲ့အခါ ခံစားရမယ့်လက္ခဏာတွေကတော့ ပိတ်တဲ့နေရာ၊ သွေးခဲအရွယ်အစားနဲ့ ပမာဏပေါ် မူတည်ပါတယ်။

အများအားဖြင့် ခံစားရတဲ့ လက္ခဏာတွေကတော့ ရုတ်တရက် သို့မဟုတ် ဖြည်းဖြည်းချင်း မောမောလာတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုကျပ်လာတာ၊ ရင်တုန်တာ၊ မူးခနဲမိုက်ခနဲ့ဖြစ်တာ၊ ဂနာမငြိမ်ဖြစ်သလိုခံစားရတာ၊ ရုတ်တရက်ချောင်းဆိုးပြီး သွေးစလေးတွေအနည်းငယ်ပါလာတာ စသဖြင့်ပါ။

ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ အဆုတ်မှာသွေးခဲပိတ်တာ ဟုတ်မဟုတ်သေချာအောင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။

လုပ်နိုင်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကတော့ ရင်ဘတ်ဓါတ်မှန်ရိုက်တာ (Chest X ray)၊ ကွန်ပျူတာဓာတ်မှန်ရိုက်တာ (CT scan)၊ သံလိုက်ဓာတ်မှန်ရိုက်တာ (MRI)၊ အဆုတ်သွေးကြောပုံရိပ်ဖော်စစ်တာ (Pulmonary Angiography)၊ သွေးစစ်တာ (D-dimer test)
စသဖြင့် စစ်နိုင်ပါတယ်။

စမ်းသပ်စစ်ဆေးကြည့်လို့ အဆုတ်မှာသွေးခဲတွေ့တယ်ဆိုရင်တော့ အချိန်မဆွဲဘဲ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။

ကုသမှုအနေနဲ့ကတော့ သွေးခဲပိတ်တဲ့နေရာ၊ အရွယ်အစား စတဲ့အချက်တွေပေါ် မူတည်ပါတယ်။

ရောဂါအခြေအနေ သိပ်မဆိုးရင် ခွဲစိတ်စရာမလိုဘဲ သွေးခဲပျော်ဆေး၊ သွေးကျဲဆေးတွေနဲ့တင် သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် သွေးခဲပျော်ဆေး၊ သွေးကျဲဆေးတွေက သွေးမတိတ်တာ၊ သွေးယိုတာစတဲ့အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် ဆေးရုံတက်ဖို့တော့ လိုနိုင်ပါတယ်။

ရောဂါအခြေအနေ ဆိုးရင်တော့ ခွဲစိတ်ကုသနည်းကိုသုံးပြီး သွေးခဲကိုဖယ်ထုတ်ရနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ အဆုတ်မှာသွေးခဲပိတ်ခြင်း ဖြစ်နိုင်ခြေလျော့နည်းအောင် အထိုင်မများပါစေနဲ့။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ခရီးရှည်သွားရတဲ့အခါမျိုးမှာ ခြေထောက်ကို အတင်အချ အကွေးအဆန့် မကြာမကြာလုပ်ပေးပါ။ ဆေးလိပ်ဖြတ်ပါလို့ အကြံပြုတင်ပြချင်ပါတယ်။

🔹 အဆုတ်ထဲမှာ ချွဲတွေရှိပြီး ချွဲကြပ်နေတဲ့ ကိုဗစ်လူနာဆိုရင် Oxygen ကျတက်ပါတယ်။ ပိုပြီး မောစေနိုင်ပါတယ်။ ဆိုတော့ ဒုက္ခပေးန...
30/07/2021

🔹 အဆုတ်ထဲမှာ ချွဲတွေရှိပြီး ချွဲကြပ်နေတဲ့ ကိုဗစ်လူနာဆိုရင် Oxygen ကျတက်ပါတယ်။ ပိုပြီး မောစေနိုင်ပါတယ်။ ဆိုတော့ ဒုက္ခပေးနေတဲ့ ချွဲတွေကို ချွဲကြပ်နေတဲဲ့ လူနာတွေမှာ ဘယ်လို ထုတ်ကြမလဲ….👍👍👍

🔹 က်ိုဗစ်လူနာတွေအတွက် ‘မှောက်’ ပီး
နောက်ထပ်ထိရောက်တဲ့ အရာကတော့ ‘ပုတ်’ ပေးတာပါ။ ဒါကို ဆေးပညာအရ “Percussion” လို့ခေါ်ပါတယ်

🔹 Percussion ပုတ်တာဟာ Chest Physio Techniques တွေထဲက Manual technique တစ်ခုဖြစ်ပါတယ်။Airway Clearance Chest Physio Technique တွေထဲက ကိုဗစ်အတွက် လက်တွေ့မှာ အထိရောက်ဆုံးနဲ့ အလိုအပ်ဆုံးက Percussion နဲ့ vibration ပါ။ကိုဗစ်လူနာအများစုက ချောင်းခြောက်ဆိုးတာဖြစ်တဲ့အတွက် huffing တို့ coughing တို့ အဲ့လောက်မလိုအပ်ခဲ့ပါဘူး။ ချွဲသလိပ်တွေ ထွက်တာမရှိသလောက်ပါပဲ။ ချွဲပါခဲ့ရင်လည်း အခုပြောပြမယ့် ပုတ်တဲ့နည်းကို သုံးလို့ရပါတယ်။

🔹 ပုတ်ပေးရတဲ့ အဓိကရည်ရွယ်ချက်က မောလို့ကုတင်ပေါ်မှာ မလှုပ်မရှားဘဲ နေတာကြာတာဖြစ်စေ ချွဲသလိပ်တွေထွက်အောင်ဖြစ်စေ အဆုတ်ထဲက လေအိတ်တွေအောက်ဆီဂျင် အလုံအလောက်မရတော့လို့ လေအိတ်တွေကပ်ပီး အဆုတ်ရဲ့အစ်ိတ်အပိုင်းတချို့ခဲသွားတာဖြစ်စေ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ယောင်ရောဂါဝင်လာတာဖြစ်စေ ဒါမျိုး အခြေအနေတွေကိုကာကွယ်နိုင်အောင် “အဓိကက အဆုတ်မခဲသွားအောင် ဆရာမတို့ percussion ပုတ်တဲ့နေရာမှာ သုံးရတဲ့ လက်အနေအထားရှိပါတယ်။ လက်ဖဝါးကြီးနဲ့ လူနာကျောကို အဆုတ်ကွာအောင် တဖြန်းဖြန်း ရိုက်ပုတ်လို့မရပါဘူး

✅လက်အနေအထား

နည်းမှန် လမ်းမှန်နဲ့ Percussion ပုတ်တဲ့နေရာမှာ သုံးရမယ့်လက်အနေအထားကို အောက်ကပုံမှာပြပေးထားပါတယ်။
လက်မကိုလက်ညှိုးမှာ လာကပ်ပီး လက်ချောင်းတွေစိ လက်ဖမိုးခုံးထားတဲ့ cup hand လက်အခွက်လေးနဲ့ ပုတ်ပေးရတာပါ။

🔹 ပုတ်ရာမှာလည်း လက်တချောင်းလုံးအားလုံးသုံးပီးပုတ်တာမဟုတ်ဘဲ လက်ကောက်ဝတ်ရဲ့လှုပ်ရှားမှုကို အဓိကသုံးပီး ပုတ်ပေးရတာဖြစ်ပါတယ်။ ပုတ်တဲ့အားကလည်း steady beat အားညီရပါမယ် ပုတ်တဲ့အသံကလည်း hollow sound ဖြစ်ရပါမယ်။ တဖြန်းဖြန်း လက်ဖဝါးနဲ့ရိုက်တဲ့အသံဆို လူနာအသားပဲ နာပီး မထိရောက်ပါဘူး။အခုပြထားတဲ့ လက်cup hand ပုံစံအမှန်ဆို လူနာအသားမနာပါဘူး။

🔹 ပုံထဲကလို လက်၂ဖက် အတက်အကျပုတ်တာကတော့ ပညာရှင်တွေလို အတွေ့အကြုံရှိမှ ပုတ်ရတာ အဆင်ပြေမယ်လို့ထင်ပါတယ်။ ဒါကြောင့် အိမ်မှာ အချင်းချင်း ပုတ်ပေးတဲ့အခါမှာ လက်တဖက်ထဲပဲ အသုံးပြုပြီး ပုတ်ပေးလည်းရပါတယ်။ တကယ့်လက်တွေ့မှာလည်း လူနာရှင်တွေကို ဒီလိုနည်းနဲ့ သင်ပေးခဲ့တာ သူတို့အတွက်ပိုအဆင်ပြေတာကို တွေ့ခဲ့ရလို့ပါ။

✅ကြားခံ

ပုတ်ရမယ့် လက်အနေအထား သိပီဆိုရင်လည်း လူနာကျောက်ို တိုက်ရိုက်ပုတ်လို့မရပါဘူး။ ဆရာမတို့ကတော့ PPE နဲ့ ဝင်ရတာမို့ လက်အိိတ်တွေ ၂ထပ်လောက်ဝတ်ထားတဲ့အနေအထားပါ။ အခုလို မိမိတို့အိမ်မှာ အချင်းချင်း စောင့်ရှောက်ပေးရမယ့် အနေအထားမှာ လက်အိတ်မရနိုင်လည်း ကိစ္စမရှိပါဘူး။ အဓိကက ကိုယ်ပုတ်မယ့်နေရာပေါ်မှာ သဘတ်အပါးတထည်ကို ခေါက်ပီးမှ အဲ့ သဘက်ပေါ်ကနေ ပုတ်ပေးစေချင်ပါတယ်။

✅နေရာ

အဆုတ်ရဲ့ဘယ်နေရာတွေကို အဓိကထား ပုတ်ပေးရမလဲ?
အဆုတ်မှာ lobes တွေသူ့အပိုင်းနဲ့သူအသီးသီးရှိပါတယ်။ ကိုဗစ်ပိုးဟာ အဆုတ်ရဲ့ကျောဘက်အောက်ဘက်ပိုင်းကို အဓိကဝင်ရောက်တိုက်ခိုက်တာဖြစ်တဲ့အတွက် Percussion ပုတ်တဲ့နေရာမှာလည်း ဒီအပိုင်းကို အလေးပေးပုတ်လေ့ရှိပါတယ်။ ကိုဗစ်အတွက် လူနာတွေရော ဆရာမတို့အတွက်ရော လက်တွေ့မှာ အသုံးဝင်ပိီး အသုံးပြုခဲ့တဲ့ အနေအထားတွေကိုပဲ ပြောပြပေးပါ့မယ်။

အလွယ်မှတ်မယ်ဆိုရင် 👍👍👍

၁)မှောက်ရက်အနေအထား အောက်ကျောဘက်
၂) ဘေးစောင်းအနေအထား နံရိုးအောက်ကျောဘက်
၃) ပက်လက်အနေအထား ရင်ဘတ်အပေါ်ပိုင်းပါ။
(အောက်ကပုံတွေမှာ ပြထားပါတယ်)
ဒီလိုအနေအထားနဲ့ လူနာက မှောက်နေတဲ့အချိန်ဖြစ်စေ စောင်းနေတဲ့အချိန်ဖြစ်စေမှာ ပုတ်ပေးရမှာဖြစ်ပါတယ်။ တနေ့ကို ၁၆နာရီစာမှောက်ဖို့ ဆရာမပထမpost မှာတိုက်တွန်းထားပါတယ်။

✅ကြာချိန်/အချိန်

အဆုတ်ဟာ ဘယ်ခြမ်းညာခြမ်းရှိတဲ့အတွက် ကိုယ်အနေအထားတခုစီမှာ ဘယ်ညာ၂ဖက်လုံးကိုမျှပီး ၃-၅မိနစ် ပုတ်ပေးရမှာဖြစ်ပါတယ်။တဖက်ထဲကိုပဲ အကြာကြီး ပုတ်နေလို့ မရပါဘူး။အစာမစားမီနဲ့ စားပီး ၁နာရီခွဲ၂နာရီကြာမှ ပုတ်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် စားထားတာတွေ ပြန်အန်ထွက်လာပါလိမ့်မယ်။ ဒါကြောင့် တနေ့ ၂ကြိမ် မနက်စောစော ဖြစ်စေ ညအိပ်ခါနီးဖြစ်စေ မိမိနဲ့အဆင်ပြေသလို လုပ်စေချင်ပါတယ်။

✅Gravity Assist

Percussion ပုတ်မယ်ဆိုတိုင်း postural drainage နဲ့တွဲပီး physiotherapistတွေကစဉ်းစားကြပါတယ်။ Postural Drainage ဆိုတာဟာ လူနာရဲ့ ကိုယ်အနေအထားပုံစံပြောင်းပီး gravity assist နဲ့ အဆုတ်ထဲမှ ကြပ်နေခဲနေတဲ့ ချွဲအရည်များစီးဆင်းစေခြင်း က်ိုခေါ်တာပါ။ ဒါကြောင့် မိမိတို့အိမ်မှာ လူနာကိုပုတ်ပေးတဲ့အခါမှာလည်း gravity ကမ္ဘာ့ဆွဲအားအထောက်အကူဖြစ်စေအောင် မှောက်ရက်နေရင် ပုံထဲကလို ကိုယ်အောက်မှာ ခေါင်းအုံးခံပီး မြင့်ထားပေးတာမျိုး လုပ်ရင်း ပုတ်ပေးရင် ပိုထိရောက်ပါတယ်။

✅ဘယ်လို ကိုဗစ်လူနာတွေ လိုအပ်လဲ?

ကိုဗစ်ဖြစ်တိုင်း ပုတ်ပေးဖို့ မလိုပါဘူး။ မှောက်အိပ်တာတောင် အောက်ဆီဂျင်ရှူနေတာတောင် SpO2တက်မလာဘဲ ကြပ်နေတဲ့သူတွေ ချောင်းဆိုးချွဲကြပ်နေတဲ့သူတွေ ဒီလိုလူနာတွေဆို ပုတ်တာ လုပ်စေချင်ပါတယ်။

‼️‼️Percussion ပုတ်နေတဲ့အချိန်ကော ပုတ်ပီးချိန်ကော SpO2 level Heart Rate Respiratory Rate တို့ကို pulse oximeter နဲ့တောက်လျှောက်စောင့်ကြည့်ပေးဖို့လိုပါတယိ။ ဒီsigns တွေမငြိမ်ဘူးဆိုရင် လုပ်နေတာကို ချက်ချင်းရပ်ပစ်ရမှာပါ။ ပုတ်နေချိန် Vital Signs ငြိမ်မှ လုပ်ဖို့ အကြံပြုပါတယ်။

❌မှားပီး ယောင်လို့တောင် မပုတ်မိစေချင်တဲ့နေရာနဲ့ အခြေအနေတွေပါ
1. ကျောရိုးဆစ်
2. ရင်ညွှန့်ရိုး
3. ရင်သား breast
4. အစာအိမ်
5. အရိုးကျိုးထားတဲ့နေရာ
6. Bony prominent အရိုးအပေါ်
7. Tumor အကျိတ်ရှိတဲ့နေရာ
8. နှလုံးကြောင့်ရင်ခေါင်းစူးအောင့်နေသူ
9. အဆုတ်သွေးကြောခဲရှိသူ
ဒီလိုလူတွေဆို ပုတ် လို့ လုံးဝမရပါဘူး။

: Physiotherapist Daw Ei Mon Khine

စိတ်ဓါတ် မကျပါနဲ့။
ကိုဗစ်နဲ့ ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်ရင် ကျနော်တို့ကို သတိရပါ။

Tele Clinic Monywa

😷အခုအချိန်မှာ ဘာကြောင့်ပဲ ကိုယ်ပူ ကိုယ်ပူမပေါ့ဆသင့်ပါ ။🤧နှာစေး ချောင်းဆိုး ဖြစ်နေလို့ ဒါက ရာသီတုပ်ကွေးပဲ ဖြစ်မှာပါလို့ မ...
28/07/2021

😷အခုအချိန်မှာ ဘာကြောင့်ပဲ ကိုယ်ပူ ကိုယ်ပူ
မပေါ့ဆသင့်ပါ ။

🤧နှာစေး ချောင်းဆိုး ဖြစ်နေလို့ ဒါက ရာသီတုပ်ကွေးပဲ ဖြစ်မှာပါလို့ မပေါ့ဆသင့်ပါဘူး။

🫁တချို့က လည်ချောင်းတွေအရမ်းနာတဲ့ လက္ခဏာနဲ့ စ ပြတတ်ပါတယ်။

🥺တချို့လူတွေ မဖျားပဲ ကိုယ်လက်တွေ အရမ်းကိုက်ခဲတတ်ပါတယ်။

💦ဝမ်းလျှောတတ်ပေမယ့် တချို့ လဲ မဖြစ်ပါဘူး။

👃အနံ့ ပျောက်သွားတဲ့လူရှိသလို တချို့လည်း
အနံ့ မပျောက်ပါဘူး။

🫁💊 တချို့လဲ ချောင်းဆိုး နှာစေးကြတယ်။
ချောင်းဆိုးပျောက်ဆေး အများကြီးရှိပေမယ့်
သလိပ်ထွက်မထွက်ပေါ် မူတည်ပြီး ချောင်းဆိုးပျောက်ဆေးသောက်ရမှာပါ။

⛑️⛑️ အစဦးဆုံး ဖြစ်တတ်တဲ့ လက္ခဏာတွေ ကို
သတိထားကြဖို့ စေတနာရှေ့ထားပြီး ပြောပြတာပါ။

🙏🙏 မြန်မာပြည်သူပြည်သားများ အားလုံးကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင်🙏🙏🙏

👩‍⚕️ကျွန်မ အကြံပေးကုသပေးလို့ သူတို့လေးတွေ
သက်သာပျောက်ကင်းသွားရင် ကျွန်မပျော်ပါတယ်။

💪 💪 💪 💪 💪 💪 💪 💪 💪

ဖုန်းကနေ တဆင့်ဖြစ်စေ ၊ စာနဲ့ဖြစ်စေ ကျွန်မကို ကျေးဇူးတင်ကြောင်း ပြောကြပါတယ်။
တချို့စာတွေ မပြန်နိုင်တာ ခွင့်လွှတ်ပါနော်။

❤️ မေတ္တာဖြင့် ❤️
ဒေါက်တာမြင့်မြင့်စန်း
ထူးအံ့ ဆေးဥယျာဉ်
ပုဇွန်တောင်ဈေးရှေ့

☎️ 09799755141

ူးအံ့ဆေးဥယျာဉ်

WHO က recommend ပေးပါပြီ✅ကိုဗစ် ၁၉ ကာကွယ်ဆေးကို ကိုယ်ဝန်ဘယ်နှပတ်ဖြစ်ဖြစ် ထိုးလို့ရပါတယ်✅ ပိုးကူးစက်မှုနှုန်းနည်းတဲ့အခြေအ...
22/07/2021

WHO က recommend ပေးပါပြီ

✅ကိုဗစ် ၁၉ ကာကွယ်ဆေးကို ကိုယ်ဝန်ဘယ်နှပတ်ဖြစ်ဖြစ် ထိုးလို့ရပါတယ်

✅ ပိုးကူးစက်မှုနှုန်းနည်းတဲ့အခြေအနေမှာဆို ကိုယ်ဝန်၁၂ပတ်ကျော်တဲ့ထိ စောင့်- ပြီးရင်တော့စောနိုင်သလောက် စောစော ထိုး

✅ ပိုးကူးနိုင်ဖို့ များတယ်- ကူးခဲ့ရင်လည်း ဆိုးဆိုးရွားရွားဖြစ်နိုင်တဲ့ ကိုယ်ဝန်ဆောင်(ဥပမာ နှလုံးရောဂါ အခံရှိတာ ဘာညာ) ကိုယ်ဝန်ပထမအပိုင်းအခြား first trimester ထဲမှာ စောနိုင်သမျှ စောစောထိုး

✅နို့တိုက်မိခင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးလို့ရ--ကာကွယ်ဆေးထိုးလို့ဆိုပြီး ကလေးနို့ဖြတ်ဖို့မလို

✅ကလေးယူဖို့လုပ်နေတဲ့သူတွေ ဒါမှမဟုတ် ကလေးရအောင် ကုသမှုခံမယ့်သူတွေ ကိုဗစ်၁၉ ကာကွယ်ဆေးကိုထိုး- ဆေးထိုးထားလို့ဆိုပြီး ကလေးယူတာကို နောက်ဆုတ်ဖို့မလို

ကလေးနို့တိုက်နေတဲ့သူရော
ကိုယ်ဝန်ဆောင်တွေပါ

ကိုဗစ်၁၉ ကာကွယ်ဆေးထိုးပါတဲ့

ကိုယ်ဝန်ဘယ်နှစ်ပတ် ဖြစ်ဖြစ် ထိုးလို့ရပါတယ်

ဒါ့ကြောင့် ထိုးပါ
ဆက်ဆက်ကို ကာကွယ်ဆေးထိုးပါ

Credit: drlailai



Address

Yangon
95

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Htake Htar San posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htake Htar San:

Share

Category