20/08/2026
Bangkok to Canada Business class အသွားအပြန်ကို $3000 ကျော် ပါပဲရှင် 🥳🥳🥳 တခြား decent ဖြစ်တဲ့ Airlines တွေက $6500 ကနေ $20000 ထိ စျေးပေါက်တဲ့ route ပါနော်
စျေးတန်ပြီး ကောင်းတာလေးတွေ့ရင် အမြဲ sharing လုပ်ပေးချင်တာမို့ ဒီနေ့ ပြောပြချင်တာက Philippine’s Airlines PAL ရဲ့ A350 လေယာဉ်အသစ်ကြီးတွေ အကြောင်းပါရှင့် 😍😍
ဘာလို့ စျေးပေါရတာလဲ?? ဘာတွေမကောင်းလို့လဲဆိုပြီး သီရိ သိချင်လွန်းလို့ကို review တွေလိုက်ဖတ် / research လုပ်ထားတဲ့ မေးခွန်းတွေပါနော်
1. စျေးပေါလို့ လေယာဉ်သေးမလား?
- လေယာဉ်က December 2025 မှ အသစ်ရောက်တဲ့ Airbus A 350 အကြီးကြီးတွေပါရှင် (Singapore airlines တောင် ဒီလေယာဉ်ကို long haul route ပဲ သုံးပါတယ်)
2. Thai airway လိုမျိုး ခုံတွေက ဟောင်းပြီးစုတ်နေမလား?
- Private suite with door ပါတဲ့ Business class seat တွေက Long Haul မှာ အရမ်းးးးကို အားသာချက်ပါ။ Fully lie flat seat ပါရှင်။ ကိုယ်အိပ်နေတာကို ဘေးကဖြတ်သွားဖြတ်လာ မြင်တာ မကြိုက်တဲ့ သီရိလို လူမျိုးအတွက် အတော့်ကို အဆင်ပြေပါတယ်။
Japan သွားတဲ့ ၆ နာရီလောက်က မသိသာပေမယ့် Europe/ America စတဲ့ လေယာဉ်ပေါ် ၁၂ နာရီ / ၁၅ နာရီ ကြာစီးရမယ် ဆိုရင်တော့ သီရိ suite ရတဲ့ airlines ပို ဦးစားပေးပါတယ်။
for example, Air France (စျေးကတော့ အတော်ပိုကြီးပါတယ် 😅)
3. ပိုပြီး အကြာကြီး ကွေ့ပတ်စီးရမလား?
- Bangkok to Manila ကို ၃ နာရီကျော် direct/ Manila to Toronto (Canada) က ၁၅ နာရီကျော် direct မို့ တခြား airlines အကြီးကြီးတွေလိုပါပဲ (For eg. Taiwan transit Eva airlines)
လေယာဉ်ပေါ်မှာ WiFi ပါရလို့ message လည်း အေးဆေးပို့လို့ရတယ်။ စားလိုက် သောက်လိုက် အိပ်လိုက်နဲ့ အဆင်ပြေလွန်းလို့ ၁၅ နာရီကျော်ဆိုတာ တကယ် ခဏလေးပါရှင်
4.Transit time ကြာမလား ?? တချို့ airlines တွေ လုပ်တယ်လေ.. လေဆိပ်မှာ ၁၆ နာရီတို့ ၂၃ နာရီတို့ ထိုင်စောင့်ရတာ 🫠🫠
- အခု Transit time ကလည်း Manila လေဆိပ် Lounge မှာ ၁ နာရီခွဲ ပါပဲရှင် 🥰
အခု တွေ့ထားတဲ့ PAL က လူသိပ်မသိသေးလို့ Bkk- Manila - Toronto route ကို အသွားအပြန်မှ $4000 ကွယ် !! ဒါ နောက်အပတ်ထွက်မယ့် အရမ်းနီးကပ်နေတဲ့ date ကိုနော်.. ကြိုဝယ်ရင် အသွားအပြန်မှ $3000 ကျော်နဲ့ Canada သွားရတာ သိပ်ကိုတန်လွန်းတယ်
Highly recommended for long haul flights !!
ကြိုက်တဲ့နိုင်ငံရဲ့ flight deal တွေကို အားမနာတမ်းရှာခိုင်းပါနော်
သီရိ အတန်ဆုံး အကောင်းဆုံးပဲ ရှာပေးပြီး service fee $100-150 ပဲ ယူတာပါရှင် 😉