Baby Lone One Stop Baby Mart

Baby Lone One Stop Baby Mart Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby Lone One Stop Baby Mart, Baby Goods/Kids Goods, Botahtaung, Tamwe.

🤍 Baby Lone | Baby One Stop Mart
Mom & Baby Essentials ကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်တဲ့ နေရာလေးပါ။
🍼 Baby Food • Snacks • Toys • Mom & Baby Care�📚 Knowledge Sharing for First-Time Moms�🚚 Myanmar Nationwide Delivery

My First-Time  Mom Journey |Episode-8👶🏻 “ကလေးဘာလို့ငိုနေတာလဲ…”ကလေးမွေးပြီးစ အချိန်တွေမှာကျွန်မအတွက် အကြောက်ဆုံးအသံက…ကလေး...
31/08/2026

My First-Time Mom Journey |Episode-8👶🏻 “ကလေးဘာလို့ငိုနေတာလဲ…”

ကလေးမွေးပြီးစ အချိန်တွေမှာ
ကျွန်မအတွက် အကြောက်ဆုံးအသံက…

ကလေးငိုသံပါ။ 🥺

ကလေးက ငိုနေပြီဆိုရင်
“ဘာဖြစ်တာလဲ…”
“ဒိုက်ဘာလဲချင်လို့လား…”
“နို့မဝတာလား…”
“ဗိုက်အောင့်နေတာလား…”
“အကောင်တခုခု ကိုက်လိုက်လို့လား…”

ဆိုပြီး အတွေးတွေက တစ်ခုပြီးတစ်ခု ဝင်လာတယ်။

နို့တိုက်တယ်။
အနှီးလဲပေးတယ်။
ချီထားတယ်။
ချော့တယ်။

ဒါပေမယ့် မငြိမ်ဘူး။ ဆက်ငိုနေတယ်။

အဲ့ဒီအချိန်မှာ ကလေးထက်တောင် အမေက ပိုပြီး စိတ်လှုပ်ရှားနေတတ်တယ်။

ကိုယ့်လက်ထဲမှာ ကိုယ်မွေးထားတဲ့ ကလေးလေးကငိုနေတာကိုကြည့်ပြီး
ဘာလုပ်ပေးရမလဲ မသိတဲ့အခါ…

“ငါက မိခင်ဖြစ်ပြီး ဒါတောင် မသိဘူးလား…”
ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ 💔

တစ်ခါတလေ ကလေးငိုတာကို ကြားရင်း
ကိုယ်ပါ မျက်ရည်ကျချင်လာတယ်။

အိပ်ရေးကလည်း မဝဘူး။
ခန္ဓာကိုယ်ကလည်း မပြန်ကောင်းသေးဘူး။
စိတ်ကလည်း နုနယ်နေသေးတယ်။

ဒါပေမယ့် ကလေးအတွက်တော့
“အမေ” ဆိုပြီး အမြဲတမ်း သန်မာနေရမယ်ထင်ခဲ့တယ်။

အခုတော့ ပြန်တွေးကြည့်ရင်…

အဲ့ဒီအချိန်က ကျွန်မ မညံ့ခဲ့ပါဘူး။
ကျွန်မလည်း သင်ယူနေတဲ့ မိခင်အသစ်တစ်ယောက်ပဲ ဖြစ်ခဲ့တာပါ။ 🤍

ကလေးရဲ့ ငိုသံကို
ချက်ချင်းနားလည်နိုင်ဖို့ မလိုပါဘူး။

တစ်နေ့ပြီးတစ်နေ့
ချီရင်း၊ ချော့ရင်း၊ နားထောင်ရင်းနဲ့…

အမေက ကလေးရဲ့ ငိုသံကို တဖြည်းဖြည်း နားလည်လာတယ်။
ကလေးကလည်း အမေရဲ့လက်ကို တဖြည်းဖြည်း ယုံကြည်လာတယ်။ 🥹❤️

New Mom တိုင်းကို ပြောချင်တာတစ်ခုပဲရှိတယ်…

ကလေးငိုတဲ့အခါ
မင်းမသိလို့ မင်းမတော်လို့်မဟုတ်ပါဘူး။

မင်းလည်း ပထမဆုံးအကြိမ်
“အမေ” ဖြစ်လာတာပဲလေ။ 🤍

တစ်နေ့နေ့မှာ ဒီအချိန်တွေကို ပြန်တွေးမိရင်
“အဲ့တုန်းက ငါလည်း တော်တော်ကြိုးစားခဲ့တာပဲ”
လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ 🫶🏻

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

ဖေဖေမေမေတို့အတွက် 𝐒𝐮𝐩𝐫𝐢𝐬𝐞💖💖💖ဖေဖေမေမေတို့အတွက် 𝐁𝐋𝐦 𝐌𝐲𝐚𝐧𝐦𝐚𝐫 က လစဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ “ ဘေဘီလေးတို့ကျန်းမာရေး ဖေဖေမေမေတို...
31/08/2026

ဖေဖေမေမေတို့အတွက် 𝐒𝐮𝐩𝐫𝐢𝐬𝐞💖💖💖

ဖေဖေမေမေတို့အတွက် 𝐁𝐋𝐦 𝐌𝐲𝐚𝐧𝐦𝐚𝐫 က လစဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ “ ဘေဘီလေးတို့ကျန်းမာရေး ဖေဖေမေမေတို့သိလိုရာမေး” အစီအစဉ်လေးပြန်လည်ရောက်ရှိလာပါပြီ

ဒီတစ်ခေါက်အတွက် ဖေဖေမေမေတို့ သိလိုရာတွေကို တူတူဆွေးနွေးရိုက်ကူးနိုင်ပေးမယ့်သူကတော့ မိခင်နဲ့ကလေးတို့ရဲ့ကျန်းမာရေး အသိပညာလေးတွေကို မျှဝေပေးနေတဲ့ “သစ်ဆင်း၊ချစ်ခြင်းနဲ့ခေတ်လင်းလေးတို့ရဲ့မေမေ ဒေါက်တာမာမီ” ဖြစ်ပါတယ်။

ဒေါက်တာမာမီနဲ့တူတူ သိလိုရာလေးတွေကို ပါဝင်ဆွေးနွေးရိုက်ကူးခွင့်ရဖို့အတွက်

𝟏. 𝐁𝐋𝐦 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ကို 𝐟𝐨𝐥𝐥𝐨𝐰 လုပ်ပေးပါ
𝟐. ဒီပို့စ်လေးကို 𝐏𝐮𝐛𝐥𝐢𝐜 𝐒𝐡𝐚𝐫𝐞 ပေးပါ
𝟐. 𝐒𝐡𝐚𝐫𝐞 ထားတဲ့ 𝐬𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 လေးကိုမေးချင်တဲ့မေးခွန်းလေး ၄ ခုရေးပြီး မန့်ပေးရင်းပါဝင်ကံစမ်းလို့ရပါပြီ
ပါဝင်နိုင်မယ့်ကာလကတော့ (၂၉.၈.၂၀၂၆) မှ (၇.၉.၂၀၂၆) ထိဖြစ်ပြီး ကံထူးသူဖေဖေမေမေ (၃)ဦးကို (၈.၉.၂၀၂၆) မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။

🚨အရေးကြီးဆုံးအချက်ကတော့ ရိုက်ကူးရေးလုပ်မယ့် (၁၀.၉.၂၀၂၆) မှာ လာရောက်ပေးနိုင်တာသေချာတဲ့ ဖေဖေမေမေတွေသာ ပါဝင်ပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ရှင်။🧡

ကဲ..ဒေါက်တာမာမီနဲ့တူတူ ရိုက်ကူးချင်တဲ့ဖေဖေမေမေတို့ လက်မနှေးပဲအမြန်လေးပါဝင်လိုက်ရအောင်နော်

“အာဟာရပြည့်ဝကလေးတို့ဘဝ 𝐁𝐋𝐦 နဲ့စတင်မှ”


ာမီ

🥞💛 BLM Pancake Powder 💛🥞Baby လေးတွေအတွက် မနက်စာ၊ Snack လေးတွေကို အလွယ်တကူပြင်ဆင်ပေးချင်တဲ့ မေမေတို့အတွက် BLM Pancake Pow...
26/08/2026

🥞💛 BLM Pancake Powder 💛🥞

Baby လေးတွေအတွက် မနက်စာ၊ Snack လေးတွေကို အလွယ်တကူပြင်ဆင်ပေးချင်တဲ့ မေမေတို့အတွက် BLM Pancake Powder လေး ရပါပြီရှင့် 🥰

✨ 7 Months+ Baby လေးတွေအတွက်
🥞 နူးညံ့ပြီး အရသာရှိတဲ့ Pancake လေးတွေကို လွယ်လွယ်ကူကူ လုပ်ပေးနိုင်ပါတယ်။

မေမေတို့ကတော့ Baby လေးအကြိုက်
🍓 အသီးလေးတွေနဲ့ဖြစ်ဖြစ်
🥞 Topping လေးတွေနဲ့ဖြစ်ဖြစ်
Pancake လေးလုပ်ကျွေးလို့ရပါတယ်ရှင့် 💕

🎉 Baby Lone 1 Year Anniversary အထိမ်းအမှတ်အနေနဲ့ 50,000 ကျပ်နှင့်အထက် ဝယ်ယူသူတိုင်း ရန်ကုန်မြို့တွင်း Free Delivery ရရှိမှာဖြစ်ပါတယ်ရှင့်။ 🚚💛

Baby လေးရဲ့ Snack Time လေးကို ချစ်စရာ Pancake လေးတွေနဲ့ ပိုပြီးပျော်စရာကောင်းအောင် ဖန်တီးပေးလိုက်ရအောင်နော် 🥰

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

🎉Baby Lone ရဲ့ 1 year ပြည့် Anniversary မှာ ဖေဖေမေမေတို့အနေနဲ့ ကြိုက်နှစ်သက်ရာ ပုံပါitems များကို 50,000 ကျပ်နှင့်အထက်ဝယ...
25/08/2026

🎉Baby Lone ရဲ့ 1 year ပြည့် Anniversary မှာ ဖေဖေမေမေတို့အနေနဲ့ ကြိုက်နှစ်သက်ရာ ပုံပါitems များကို 50,000 ကျပ်နှင့်အထက်ဝယ်ယူသူတိုင်းအတွက် ရန်ကုန်မြို့တွင်း Free Delivery အစီအစဉ်လေးရှိပါတယ်နော် 🎉💛

✨ ဘေဘီလေးတို့အတွက်ထုတ်လုပ်ထားတဲ့ သန့်ရှင်းသပ်ရပ်ပြီး အရသာလည်းရှိ အာဟာရလဲရှိတဲ့ အရည်အသွေးပြည့်မှီစိတ်ချရတဲ့ Instock items လေးများကို Baby Lone page မှာစုံလင်စွာမှာယူနိုင်ပါတယ်နော် 💛

📲 မှာယူရန်
Baby Lone One Stop Baby Mart
👉 Page Chat Box (သို့မဟုတ်)
📞 09-681199234

🎥 TikTok
https://www.tiktok.com/


#သားသားမီးမီးတို့အတွက်အကောင်းဆုံး
#မေမေတို့အတွက်စိတ်ချရဆုံး



မေမေတို့ပြောပြတဲ့ "ကိုကိုးဟဲလ်" အကြောင်း𝐂𝐎𝐂𝐎𝐇𝐄𝐀𝐋𝐓𝐇 မှာပါဝင်တဲ့ 𝐌𝐞𝐝𝐢𝐮𝐦 𝐂𝐡𝐚𝐢𝐧 𝐓𝐫𝐢𝐠𝐥𝐲𝐜𝐞𝐫𝐢𝐝𝐞 က မေမေတို့ကို အားပြည့်စေပြီး ခန...
24/08/2026

မေမေတို့ပြောပြတဲ့ "ကိုကိုးဟဲလ်" အကြောင်း

𝐂𝐎𝐂𝐎𝐇𝐄𝐀𝐋𝐓𝐇 မှာပါဝင်တဲ့ 𝐌𝐞𝐝𝐢𝐮𝐦 𝐂𝐡𝐚𝐢𝐧 𝐓𝐫𝐢𝐠𝐥𝐲𝐜𝐞𝐫𝐢𝐝𝐞 က မေမေတို့ကို အားပြည့်စေပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ 𝐋𝐚𝐮𝐫𝐢𝐜 𝐚𝐜𝐢𝐝 ပါဝင်မှုနှုန်းကို တိုးပွားစေလို့ နို့ထွက်ပေါများစေတာပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် မေမေတို့အနေနဲ့ 𝐂𝐎𝐂𝐎𝐇𝐄𝐀𝐋𝐓𝐇 ကိုလည်း ဖြည့်စွက်မှီဝဲပါ။ ပြည့်ပြည့်ဝဝ အနားယူပါ။ ရေများများသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အရည်ရွှမ်းတဲ့အသီးတွေကို များများစားပေးဖို့လည်း မမေ့ပါနဲ့နော် ။

“ဘယ်ကလေးမှ ဗိုက်ဆာပြီး အိပ်ရာမဝင်ရသင့်ပါဘူး။ ကိုကိုးဟဲလ်ရှိပါတယ်။”

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

🌙 My First-Time Mom Journey — Episode 7Babyအိပ်သွားပြီဆိုတာနဲ့…မေမေကဘာလုပ်တတ်လဲ? 😂“အခုမှ ကိုယ့်အချိန်ရပြီ” ဆိုပြီး…📱 ဖုန...
22/08/2026

🌙 My First-Time Mom Journey — Episode 7

Babyအိပ်သွားပြီဆိုတာနဲ့…မေမေက
ဘာလုပ်တတ်လဲ? 😂

“အခုမှ ကိုယ့်အချိန်ရပြီ” ဆိုပြီး…

📱 ဖုန်းကြည့်မယ်
🍿 တစ်ခုခုစားမယ်
🛁 ရေချိုးမယ်
🧴 Skincare လုပ်မယ်
🛌 စောစောအိပ်မယ်…

လို့ စိတ်ကူးထားပေမယ့်—

အဝတ်တွေက မသိမ်းရသေး၊
ပန်းကန်တွေက မရှင်းရသေး၊
အိမ်ကလည်း ရှုပ်နေသေး… 😂

နောက်ဆုံးတော့ Baby အိပ်ချိန် = မေမေ့အလုပ်ချိန် ဖြစ်သွားပြန်ရော 🥹

တစ်နေ့လုံးပင်ပန်းပြီး
နားချင်နေတဲ့ မေမေတစ်ယောက်က
Baby လေးအတွက်ဆို အလုပ်တွေကို ဆက်လုပ်နေတတ်တယ်။ ❤️

ဒါပေမယ့် မေမေတို့ရေ…
ဒီနေ့တော့ အလုပ်တွေခဏထားပြီး ကိုယ့်အတွက်လည်း နားချိန်လေးပေးပါနော်။ 🌷

Baby အိပ်သွားရင် မေမေတို့ ပထမဆုံး
ဘာလုပ်ကြလဲ? 😂👇

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

20/08/2026

👶 ဘေဘီလေးတို့အတွက် Baby Lone မှာ Instock item တွေ အစုံရှိတယ်နော်!

✨ သားသားမီးမီးတို့အတွက် Snack မျိုးစုံအပြင် မေမေတို့ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်တဲ့ ဟင်းခက်အမွှေးအကြိုင်တွေပါရှိတာမို့ Instock ရှိတုန်း အမြန်လေးမှာယူလိုက်တော့ရှင့် 💛

📲 ဆက်သွယ်မှာယူရန်
Baby Lone One Stop Baby Mart
👉 Page Chat Box (သို့မဟုတ်)
📞 09-681199234


#သားသားမီးမီးတို့အတွက်အကောင်းဆုံး
#မေမေတို့အတွက်စိတ်ချရဆုံး



အခုနောက်ပိုင်း Baby Gift ပေးဖို့စဉ်းစားရင် ကိုယ်ဆို ဒီလို တကယ်အသုံးဝင်မယ့်ပစ္စည်းမျိုး ကို ပိုရွေးမိမှာပါ 🎁🧑‍🍼သားသားမွေး...
18/08/2026

အခုနောက်ပိုင်း Baby Gift ပေးဖို့စဉ်းစားရင် ကိုယ်ဆို ဒီလို တကယ်အသုံးဝင်မယ့်ပစ္စည်းမျိုး ကို ပိုရွေးမိမှာပါ 🎁

🧑‍🍼သားသားမွေးတုန်းက Gift ရထားတဲ့Baby Care Set လေးပါ 🤍
အဲ့တုန်းကတော့ သား လေးအတွက် ဘာတွေလိုမလဲတောင် သိပ်မသိသေးတော့ ဒီလို Set လေးတစ်ခုလုံး ရလာတာ အတော်လေးအဆင်ပြေခဲ့တယ်။

Brush, Comb, Nail Clipper, Scissors, Nose Cleaner,thermometer စတာလေးတွေ အကုန်တစ်ခါတည်းပါတော့ Baby Care ပစ္စည်းတွေ သပ်သပ်စီလိုက်ဝယ်စရာမလိုဘူး။

တကယ်ကြိုက်တာက Gift ရထားပြီး မသုံးဖြစ်ဘဲထားတဲ့ပစ္စည်းမျိုးမဟုတ်တာပါ 🥹သားသားငယ်ငယ်တုန်းကတည်းက သုံးလာတာ အခုထိလည်း တချို့ပစ္စည်းလေးတွေ ဆက်သုံးနေတုန်းဘဲ။

ကိုယ်တိုင်သုံးလာတာကြာတော့ ပြောရရင်Baby မွေးခါစမှာ ရှိထားသင့်တဲ့ Practical Item လေးတစ်ခု လို့တောင်ပြောလို့ရပါတယ် 🤍

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

🤍 First Time Mom Journey | Episode 6“ကလေးနဲ့ ပထမဆုံးခရီးထွက်တဲ့ မေမေတိုင်း နားလည်မယ့်အရာတစ်ခု…”ကလေးမရှိခင်တုန်းက ခရီးထွက...
15/08/2026

🤍 First Time Mom Journey | Episode 6

“ကလေးနဲ့ ပထမဆုံးခရီးထွက်တဲ့ မေမေတိုင်း နားလည်မယ့်အရာတစ်ခု…”

ကလေးမရှိခင်တုန်းက ခရီးထွက်တယ်ဆိုတာ
ကိုယ်သွားချင်တဲ့နေရာကို ရွေးမယ်၊
ကိုယ်ဝတ်ချင်တာထည့်မယ်၊
လိုအပ်တာလေးတွေယူပြီး ထွက်လိုက်ရုံပါပဲ။

မေမေဖြစ်လာပြီးနောက် ပထမဆုံးခရီးကတော့…
အဲ့ဒီလို မဟုတ်တော့ဘူး။

ကလေးပစ္စည်းတွေဆို
ကားတစ်စီးစာလောက်ကို ရှိနေတာပဲ။ 😂
“ဟိုဟာလိုမလား…”
“ဒီဟာရော လိုမလား…”
“မယူသွားရင် လိုလာခဲ့ရင် ဘယ်လိုလုပ်မလဲ…”
ဆိုပြီး စိတ်ပူပူနဲ့ ထည့်လိုက်တာ
နောက်ဆုံးတော့ ကလေးတစ်ယောက်ထက်
ကလေးပစ္စည်းတွေက ပိုများနေသလိုတောင် ဖြစ်သွားတယ်။

“ကလေးအတွက် အဆင်ပြေပါ့မလား”
“အိပ်ချိန်ပျက်သွားရင် ဘယ်လိုလုပ်မလဲ”
“အစားအစာ အဆင်ပြေပါ့မလား”
“နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ”
ဆိုတဲ့ အတွေးတွေက ခရီးမထွက်ခင်ကတည်းက မေမေ့ခေါင်းထဲမှာ အများကြီးရှိနေခဲ့တယ်။

တကယ်တော့ ပထမဆုံးခရီးမှာ
ခရီးထွက်ရမှာထက်
ကလေးကို အိမ်ပြင်ခေါ်ထွက်ရမှာကိုပဲ မေမေက ပိုစိုးရိမ်နေခဲ့တာ။

ဒါပေမယ့် ခရီးရောက်တဲ့အခါ
ကလေးလေးက ပတ်ဝန်းကျင်အသစ်ကို စူးစမ်းကြည့်တယ်၊ပျော်တယ်၊ ရယ်တယ်…

အဲ့ဒီအချိန်မှာ မေမေသိလိုက်တယ်။

မေမေကြောက်နေတာတွေက
ကလေးအတွက်မဟုတ်ဘဲ
မေမေ့ရဲ့ “မိခင်တစ်ယောက်အနေနဲ့ အရာရာကို ပြည့်ပြည့်စုံစုံ လုပ်ပေးချင်တဲ့စိတ်” ကြောင့်လည်း ဖြစ်နေတာပါလားလို့။

ပထမဆုံးခရီးက ပြီးသွားတော့
အမှတ်တရက နေရာလှလှတွေထက်
“ကလေးနဲ့အတူ အိမ်ပြင်ကမ္ဘာကို ပထမဆုံး စူးစမ်းခဲ့တဲ့နေ့” ဆိုတာပဲ ပိုကျန်ခဲ့တယ်။

အဲ့ဒီနေ့ကစပြီး
မေမေသိလာတာတစ်ခုရှိတယ်—

မေမေဖြစ်လာတာနဲ့
ကလေးကို ကာကွယ်ပေးရုံပဲ မဟုတ်ဘူး။
တစ်ချိန်ချိန်မှာ ကလေးနဲ့အတူ
မေမေကိုယ်တိုင်လည်း အသစ်အသစ်တွေကို သတ္တိရှိရှိ စမ်းကြည့်တတ်လာရတယ်။

ပထမဆုံးခရီးက
ကလေးအတွက် အမှတ်တရတစ်ခုဖြစ်သလို
မေမေအတွက်လည်း
“ငါက မေမေတစ်ယောက်အနေနဲ့ ဒီလောက်ထိ လုပ်နိုင်လာပြီပဲ”
လို့ ကိုယ့်ကိုယ်ကို ယုံကြည်လာစေခဲ့တဲ့ ခရီးတစ်ခု ဖြစ်ခဲ့တယ်။ 🤍

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

Baby လေးတွေရဲ့ အဝတ်အစားသေးသေးလေးတွေကို ချိတ်ဖို့အတွက် အသုံးဝင်တဲ့ Hanger လေး 🤍👶🏻 Baby Size – 29cm🧒🏻 ချဲ့သုံးရင် – 38cm✨ ...
15/08/2026

Baby လေးတွေရဲ့ အဝတ်အစားသေးသေးလေးတွေကို ချိတ်ဖို့အတွက် အသုံးဝင်တဲ့ Hanger လေး 🤍

👶🏻 Baby Size – 29cm
🧒🏻 ချဲ့သုံးရင် – 38cm
✨ PP Material | တောင့်တင်းပြီး အကြမ်းခံ
🌷 အဝတ်လှမ်းဖို့ရော၊ ဗီရိုထဲချိတ်ဖို့ပါ အဆင်ပြေ

အထူးသဖြင့် ကလေးငယ်တုန်းကနေ ကြီးလာတဲ့အထိ Size ချဲ့ပြီး ဆက်သုံးလို့ရတာ က ဒီ Hanger လေးရဲ့ အားသာချက်ပါရှင့် 🥰

🎀 1 Set = 5pcs
💰Price-12,000 ks

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

Address

Botahtaung
Tamwe

Telephone

+959781800607

Website

Alerts

Be the first to know and let us send you an email when Baby Lone One Stop Baby Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Baby Lone One Stop Baby Mart:

Shortcuts

Share