Optitex pattern in myanmar

Website

Optitex pattern in myanmar Optitex software training class

Order အတွက် Cutting Pattern  ပြုလုပ်ခြင်း(သို့မဟုတ်) Gradding Pattern ပြုလုပ်ခြင်း!!!FPP ၊ 2nd PP ၊ Final PP Comment Sam...
02/01/2025

Order အတွက် Cutting Pattern ပြုလုပ်ခြင်း(သို့မဟုတ်) Gradding Pattern ပြုလုပ်ခြင်း!!!

FPP ၊ 2nd PP ၊ Final PP Comment Sample ချုပ်ပြီး လို့ Buyer Confirm ရပြီ ဆိုရင် ၊ အရင်ဆုံးစလုပ်ရမှာကတော့ အဲဒီ PP Patternကို စမ်းချုပ်ဖို့ပါဘဲ ၊ Sample အနေနဲ့ Confirm ရနေထားပေမဲ့ လိုင်းချုပ်ရင် Size Space အဆင်ပြေမပြေ ၊ Cutting ကျုံ.စာ ၊ Sewing ကျုံ.စာတွေအတွက် (Shrinkage) Pattern စမ်းချုပ်ရခြင်းဖြစ်ပါတယ်၊ ဒီနေရာမှာ စက်ရုံတစ်ရုံနဲ့ တစ်ရုံ လုပ်ဆောင်ချက်ကွဲလွှဲနိုင်ပါတယ်။ တစ်ချို့စကရုံတွေက Buyer Confirm ဖြစ်ပြီးသား Pattern အတိုင်း Gradding ပွားရင် မပွားရင် Byuerပေးတဲ့ Gradding Pattern အတိုင်းPattern လုပ်ပြီး Cutting ဖြတ်ကျပါတယ်၊တစ်ချို့စက်ရုံကျတော့ Pattern စမ်းချုပ်ကျပါတယ် ဒါကလည်း Knit နဲ့ Jacket ကွာခြားလို့လဲဖြစ်နိုင်ပါတယ်။ Knit တစ်ထည်ချုပ်ကတာ အချိန်မကြာပေမဲ့ Jacket တစ်ထည်ပြန်ချုပ်ရရင် အချိန်ပေးရတာ ကြောင့်လဲဖြစ်နိုင်တယ်၊လိုင်းသွင်းဖို့က လိုအပ်နေပြီ Sample ကချုပ်လို့မပြီးသေးဘူးဖြစ်နေရင်တော့ အစထဲကမချုပ်ဘဲနဲ့ PP Sample ကို size ပြန်စစ်ပြီး ပြသနာမရှိရင်တော့ Cutting ဖြတ်တဲ့ စက်ရုံတွေလည်းရှိပါတယ်။ Pattern စမ်းချုပ်တာတော့ Pattern သမားအတွက် Save ဖြစ်တာပေါ့
Sample ကတော့ တစ်ထည်ကောင်းချုပ်ထားလို့ ပြသနာမရှိပေမဲ့ လိုင်းကျလို့ ပြသနာဖြစ်ပြီး Buyer နဲ့ညိုနှိုန်းပြီး Process ချိန်းရတဲ့အခါမျိုးတွေလည်းရှိတတ်ပါတယ်။

ဒီအပိုင်းကိုကျော်လွန်ပြီး Pattern စမ်းSample ချုပ်သည်ဖြစ်စေ မချုပ်သည်ဖြစ်စေ မဖြစ်မနေ အရေးတကြီး လုပ်ရမဲ့ အရာကတော့ Gradding စစ်ဖို့ပါ Worksheet မှာပါတဲ့ Size space (Gradding Ratio) နဲ့ Patternက Gadding နဲ့ မှန် မမှန်စစ်ဆေးရပါမယ်၊ မှန်နေတယ်ဆိုရင်​တော့ ပြသနာမရှိပေမဲ့ မှားနေလို့ ကိုယ်မစစ်မိလို့ ကျော်သွားရင်တော့ သေပြီဆရာဘဲဗျို့။ မှားတာကို Cutting မဖြတ်ခင်သိရင် ကောင်းရဲ့ မသိရင်တော့ ကိုယ့်ထိုက်ကိုယ့်ကံပေါ့။
မှန်တယ်ဆိုပါစို့ Knit ဆိုရင် Fabric Test လုပ်ရပါမယ် အဲမှာ Iron တိုက်လို့ Width / Length ဘယ်လောက််ကျုံ့လဲ ပေါ်မူတည်ပြီး Pattern ကို အပေါင်း အနှတ် လုပ်ရတာတွေရှိပါတယ်၊ Washing ပါရင် Washing ကျုံ့စာ ၊ Zipper ပါရင် Zipper နဲ့ Body ကိုက်မကိုက် အဝင်နဲ့ မှန် မမှန် Packing List နဲ့ တိုက်စစ်ရပါတယ်၊ Size စုံစစ်ဖို့လိုပါတယ်။ Jacket ဆိုရင်တော့ Padding ကျုံ့စာ Woollen ကျုံ့စာ Down ကျုံ့စာတွေ တွက်ရပါတယ် Down Weight ရဲ့ Volume ကြောင့် ဘဟ်လောက်ကျုံ့သွားသလဲ ပြန်စစ်ဆေးပြီး အပေါင်းအနှတ် အလျော့ အတင်းလေးပြုလုပ်ရပါတယ်။

ဒါတွေပြီးရင် အရေးအကြီးဆုံးက Sewing Part လို့ခေါ်တဲ့ Jion ဆက်တွေ မှန်မမှန် AH နဲ့ Sleeve ကိုက်မကိုက် ၊ Collar (သို့) Hood နဲ့ Neck Line ကိုက်မကိုက် ၊ Inseamတွဲလို့ ရမရ Outseam ညီမညီ စတာတွေ စစ်ဆေးရတဲ့ အပြင် Sewing Position များ Print / EMB Position များကိုလည်း စစ်ဆေးသင့်ပါတယ်။ Mold Pattern သုံးရင် သုံးတဲ့ အစိတ်အစိတ်အပိုင်းအတွက် ကြီးသင့်မကြီးသင့်ကိုလည်း စဥ်းစားသင့်ပါတယ် ဒါမှသာ Mold အတွက် အခက်အခဲမရှိ လုပ်နိုင်မယ်လို့ ထင်ပါတယ်။

ပြီးရင်တော့ Pattern မှာ Sample ချုပ်တုန်းက ပါပြီးရင်တောင် ထပ်ပြီးတော့ စစ်ဆေးသင့်တာက Pattern ရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ Style Number ၊ Direction(Way) ၊ Material Name (Shell/LINING/G/C1/Inter Lining ....Etc) ၊ Size ၊ Left / Right ၊ မှန် မမှန် ၊ Pattern Name တွေ ရေးတတ်ဖို့လည်း လိုပါမယ် ကိုရေးတဲ့ စာသားကို ကိုယ့် Maker သမား ၊ ကိုယ့်စက်ရုံက Sewing အပိုင်းမှာ လုပ်ကျတဲ့ Manager / All Super / Super တွေက သိဖို့နဲ့ နားလည်လွယ်ဖို့ ရေးသားတတ်ဖို့လဲ လိုပါတယ်ဗျာ။

ဒီလောက်ပါဘဲ ရေးရင် ရေးသလောက် ကျန်သေးတာမို့လို့ ကျွန်တော် လုပ်ဆောင်နေကျထဲက Process ကိုသာ ရေးသားတင်ပြခြင်းသာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်
လေးစားစွာဖြင့်
HZM

01/01/2025

Optitex Software CAD PATTERN နဲ့ ပတ်သတ်ပြီး သင်တန်းတတ်ချင်ရင် တတ်ရောက်သင်ကြားနိုင်ပါတယ်ခင်ဗျာ.

ဆက်သွယ်ရန်
09751463772

အားလုံးဘဲ Happy New Year ပါနော်
01/01/2025

အားလုံးဘဲ Happy New Year ပါနော်

Pattern သမားများရဲ့ အလုပ်နဲ့ တာဝန်များ။Order တစ်ခု ရောက်လာလို့ MR (Merchandiser) ဆီက Pattern, Samlpe , Worksheet , Fabri...
31/12/2024

Pattern သမားများရဲ့ အလုပ်နဲ့ တာဝန်များ။

Order တစ်ခု ရောက်လာလို့ MR (Merchandiser) ဆီက Pattern, Samlpe , Worksheet , Fabric , Acc လက်ခံရရှိပြီဆိုရင် Check in balance ဘယ်လိုစလုပ်မလဲ.

ပထမဆုံး အရေးကြီးတာက Pattern file ပါဘဲ။Order အပ်တဲ့သူက ဒါမှမဟုတ် တစ်ဖက် Buyer ပေးတဲ့ Pattern file က ကိုယ်တွေသုံးတဲ့ Software နဲ့မတူရင် DXF File နဲ့ ပို့အုံးတော့ Error စတတ်တာပါဘဲ။Sample ချုပ်ဖို့ဆိုတာ မစဥ်းစားနဲ့အုံး Pattern file အဆင်ပြေအောင်ပွင့်လာဖို့ကို အရင် လုပ်ရပါတယ်။ ကံကောင်းလို့ Optitex ခြင်းတူလို့ PDS ပို့ရင်တော့ တန်းသုံးလို့ရပေမဲ့ Dxf မှာ တင် တိုင်ပတ်နေတဲ့အခါမျိုးလည်းရှိပါတယ်။ အဲခါကျရင်တော့ ကိုယ့်ဘက်က အစွမ်းကုန်နည်းလမ်းသုံးပြီး ဖွင့်တာမှမရရင်တော့ သက်ဆိုင်ရာ MR ဖြစ်ဖြစ် Buyer နဲ့ တိုက်ရိုတ်ပြောတဲ့ လူကို အကြောင်းကြားပြီး ထပ်ပို့ခိုင်းရပါတယ်။ ထပ်ပို့တာရလာလို့ Pattern fileအဆင်ပြေတယ်ဘဲထားပါတော့ sample တန်းချုပ်လို့ မရနိုင်သေးပါဘူး။လုပ်ဆောင်ရမဲ့ အရာတွေရှိပါသေးတယ်။

Worksheet နဲ့ Pattern Size တူမတူ၊ Size တူနေရင်တောင် Sample မှာပါတဲ့ Sewing Detail နဲ့ Worksheet ပါတဲ့ Sewing Detail တူမတူ တိုင်ဆိုင်စစ်ဆေးရပါတယ်။ တကယ်လို့ Worksheet ရယ် Pattern ရယ် Sample ရယ် တူတယ်ဘဲ ဆိုပါတော့ ရောက်လာတဲ့ ပိတ်စနဲ့ Acc ကို အရင် စစ်ကြည့်ရပါတယ်။ တစ်ခါတစ်လေမှာ ရောက်လာတဲ့ Acc မှာ sample နဲ့ ကွဲလွှဲနေတာတွေရှိရင် MR သော်လည်းကောင်း Buyer နဲ့ တိုက်ရိုတ်ပြောတဲ့ သူတွေကို Inform လုပ်ပေးရတဲ့ အခါမျိုးတွေလည်းရှိတတ်ပါတယ်။ ဒါကကျတော့ Byuer ရဲ့ Add Design ဖြစ်နေတဲ့ အတွက် Worksheet update မုဖစ်တာရယ် Sample update မဖြစ်တာရယ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါတွေအကုန်လုံး မှန်ကန်နေရင်တောင် Pattern ထုပ်ပြီး Sample တန်းချုပ်လို့မရပြန်ပါဘူး။ချုပ်ရမဲ့ Sample က FPP (First approval) samlpe လား၊ ဒါမှ မဟုတ် တစ်ဖက်Buyer က FPP Confirm ရပြီးသားဖြစ်နေရင်တော့ 2nd PP Comment Samlpe အနေနဲ့ချုပ်ရတာတွေလည်းရှိပါတယ်။ ဒါဆိုရင်တော့ Pattern Fileက Comment ပြင်ပြီးသားလား Order လက်ခံတဲ့ စက်ရုံ Side ဘက်က Pattern သမားကလုပ်ရမှာလားဆိုတာတွေက ရှိလာပြန်ရော။တစ်ချို့ Byuer တွေက သူတို့ပေးတဲ့ Pattern ကိုပြင်တာ မကြိုက်ဘူး ၊ တစ်ချို့ Buyer ကတော့ စက်ရုံဘက်ကို ပြင်ပေးဖို့တောင်းဆိုကျတယ် Buyer တစ်ဦးနဲ့တစ်ဦးတော့ မတူဘူး၊ ဒီအခြေအနေမှာ Pattern တန်းထုပ်ပြီး ချုပ်လိုက်တဲ့ Pattern သမားဆိုရင်တော့ မိုက်ရူးရဲဆန်တန်လို့ဘဲ ပြောချင်ပါတယ်။ Pattern ပြင်ရမှာလား မပြင်ရဘူးလားဆိုတဲ့ သက်ဆိုင်ရာ MR ဘဲဖြစ်ဖြစ် စက်ရုံမှုးဘဲဖြစ်ဖြစ် Buyer နဲ့ တိုက်ရိုတ်ပြောတဲ့ သူကဘဲဖြစ် ထိုသူတွေဆီက အတည်ပြုချက် ရယူပြီးမှ လုပ်ရင် ကိုယ်ဘက်က Save ဖြစ်တာပေါ့။ Byuer ပေးတဲ့ Pattern အတိုင်းလုပ်တာဘဲလို့ ပြောတဲ့ Pattern သမားကတော့ ကိုယ့်အပြစ်လွှတ်အောင်ပြောတဲ့ သူဘဲလို့ ယူဆပါတယ်။ ဒီနေရာမှာ Pattern သမားထားတာ ဒါတွေစစ်ဆေးဖို့ပါ။ Pattern သမားဆိုတာက အထည်ချုပ်စက်ရုံရဲ့ Second Life ပါဘဲ ဘာလို့လဲဆိုတော့ Pattern ကောင်းမှ Sample ကောင်းထွက်မယ် Samlpe သမားကလည်း ကိုယ့်စက်ရုံက Pattern သမားရဲ့ အထာတွေကို သိနေအုံးမှ Pattern သမားဘဲသိပြီး Sample မသိရင်လည်း အထည်ကောင်းမဖြစ်နိုင်ပါဘူး။ ဒါကြောင့် second life လို့ပြောရတာပါ ။ စက်ရုံ သူဌေး ၊ စက်ရုံမှုး ၊ MR ၊ တခြား တာဝန်ရှိတဲ့သူတွေ လက်ခံတဲ့ Sample ကို ကြည့်ပြီး ရင် ဒုတိယ ကြည့်ရတဲ့သူ က Patternသမားသာဖြစ်ပါတယ်။ MR ကိုလည်း မေးဖို့ မမေ့ပါနဲ့ ငါက Pattern သမားဘဲ ငါထင်တာ ငါလုပ်မယ် ဆိုတဲ့အတွေးရယ် မာနတွေထားနေရင်တော့ ဒါဟာ အဖွဲ့စည်းတစ်ခုနဲ့ ပေါင်းစပ်ညိုနှိုန်းပြီး မလုပ်တတ်ဘူးလို့ဘဲထင်ပါတယ်။ သူလည်း သူ့အလုပ်သူလုပ်တာ ၊ ကိုယ်လည်း ကိုယ့်အလုပ်ကိုလုပ်တာသာဖြစ်တယ်။ ဒါပေမဲ့ MR ကတော့ ကိုယ့်ခေါင်းဆောင်တော့ဟုတ်မနေပါဘူး သူကိုမေးတယ်ဆိုတာ သူကသာ Buyer တောင်းဆိုချက်ကိုသိနိုင်တာမို့ပါ။

အားလုံး အဆင်ပြေရင် တော့ Pattern ထုပ်ပြီးချုပ်လို့ရပါပြီခင်ဗျာ။ တစ်ချို့စက်ရုံက အပေါ်က ရေးခဲ့တဲ့ ပုံစံအတိုင်း လည်ပတ်ပေမဲ့ တစ်ချို့ Pattern သမားအထပ်မှာ Factory Manager (FM) ဆိုတဲ့ သူ Pattern အကြောင်းနာလည်ရင်ကောင်းရဲ့ နားမလာ်တဲ့သူက အုပ်ချုပ်ရင်တော့ Pattern သမား သေလောက်အောင် တော်နေပါလေ့စေ။ Pattern သမားကောင်းဖြစ်မလာဘူး ဘာလို့လဲ သူဌေး ဒါမှမဟုတ် စက်ရုံမှုးတို့ရဲ့ အထင်သေးခြင်းကိုခံရလို့ပါဘဲ။ ဒါတောင် FM ဆိုတဲ့ သူက စကားပြန်ဆိုရင်တော့ သေပြီဆရာပါဘဲဗျာ။ သူဆုံးမတာ ခံရပြီသာမှတ် ဟိဟိ ။ တစ်ခုမှာ ချင်တာက Pattern သမားဆိုတာ Order ပေါင်းစုံ Buyer ပေါင်းစုံ ရဲ့ Pattern တွေက်ို လုပ်ရတာမို့လို့ ဘယ် Buyer ကတော့ ဘာလိုကြိုက်တတ်တယ်။ ကိုယ့် Buyer ရဲ့အထာကို သိနေဖို့လိုပါလိမ့်မယ်။ Sample ပို့ရမဲ့ Date ထပ် လည်း နောက်မကျအောင် Sample ချုပ်ဖို့ Pattern ကောင်းပေးဖို့လည်းလိုပါလိမ့်မယ်နော်။

ဒါပါဘဲဗျာ Pattern သမားရဲ့ တာဝန်နဲ့အလုပ်ကတော့ မှားတာပါရင် တောင်းပန်ပါတယ် ပြုပြင်ရေးသားပေးဖို့လည်းတောင်းဆိုပါတယ်။

လေးစားစွာဖြင့်
HZM

31/12/2024

Hello!

အားလုံးဘဲ မင်္ဂလာပါင်ဗျာ း.

Optitex Software အသုံးပြုပြီး Pattern အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေကျတဲ့။ဆရာကြီး၊ဆရာမကြီးများနဲ့ ညီအကိုမောင်နှမများကို လေးလေးစားနဲ့ ခွင့်ပန်အပ်ပါတယ်။

ဒီ Software နဲ့ ပတ်သတ်ပြီး ဗဟုသုတရစရာလေးများကို ဆရာတို့ ဆရာမတို့ အနေနဲ့ မသိသေးတဲ့သူများသိအောင် Video အနေနဲ့ဘဲဖြစ်ဖြစ်၊ စာနဲ့ဘဲဖြစ်ဖြစ် အသိပညာလေးများ မျှဝေပေးကျပါလို့ လေးလေးစားစားနဲ့ပန်ကြားပါတယ်ခင်ဗျာ.

အားလုံးကိုလေးစားလျှက်ပါ။
HZM

Address

Hlaing Tharyar Township
Yangon
2024/31

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Optitex pattern in myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share