Kodomo Myanmar

Kodomo Myanmar KODOMO Baby Care offers the loving care for your babies using finest ingredients & safety fragrance

KODOMO Baby Care offers the loving care for your babies using finest ingredients & safety fragrance that is tested to International Dermatological Standard

နိုင်ငံတကာအရေပြားဆိုင်ရာ စံချိန်စံညွှန်းများနှင့် အညီ စမ်းသပ်စစ်ဆေးပြီးဖြစ်သော အနုညံ့ဆုံးသော ပါဝင်ပစ္စည်းများနှင့် ဘေးကင်းစိတ်ချရသော မွှေးရနံ့များကို အသုံးပြု ထုတ်လုပ်ထားသည့် KODOMO Babycare ထုတ်ကုန်ပစ္စည်းများသည် မိခင်တိုင်းတွေ့မြင်လိုသော ရင်

သွေးရတနာတို့၏ အပြုံးပန်းဝေဆာပြီး စိတ်အေးချမ်းမှုကို လုံးဝခံစားရစေမည့် နူးညံ့သိမ်မွေ့သော ချစ်ခြင်းမေတ္တာဖြင့် စောင့်ရှောက်မှုကို ဆောင်ကျဉ်းပေးမည် ဖြစ်ပါသည်။

ပူအိုက်တဲ့နွေရာသီမှာ ကလေးငယ်တွေ ချွေးပေါက်ပိတ်ပြီး မိတ်ဖုထွက်တာနဲ့ ဖုန်မှုန့်တွေကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်မှာကို...
23/04/2026

ပူအိုက်တဲ့နွေရာသီမှာ ကလေးငယ်တွေ ချွေးပေါက်ပိတ်ပြီး မိတ်ဖုထွက်တာနဲ့ ဖုန်မှုန့်တွေကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်မှာကို မိဘတိုင်းစိုးရိမ်ရပါတယ်။ ☀️👶

ဒီလိုနွေရာသီမှာ အသားအရေခြောက်သွေ့ခြင်းကင်းဝေးပြီး အေးမြစေဖို့အတွက် Baby Lotion Powder အမျိုးအစားကို ရွေးချယ်ပေးဖို့လိုပါတယ်။ Baby Lotion Powder တွေက လိမ်းလိုက်တာနဲ့ အသားထဲစိမ့်ဝင်လွယ်လို့ ချွေးပေါက်ပိတ်တာမျိုးမရှိလို့ စိတ်ပူစရာမလိုတော့ပါဘူး။

ဒါ့အပြင် Baby Lotion Powder တွေက နုနယ်တဲ့အသားအရေကို ပိုမိုအေးမြနူးညံ့စေပြီး နွေအပူဒဏ်ကနေ စိတ်ချလက်ချ ကာကွယ်ပေးနိုင်ပါတယ်။ 🌿✨

ဒါကြောင့် သားသားမီးမီးတို့ နွေရာသီမှာ အသားအရေ ယားယံတာမျိုးမရှိဘဲ လန်းလန်းဆန်းဆန်း ရှိနေစေဖို့အတွက် Kodomo Baby Lotion Powder လေးကို သုံးပေးလိုက်တော့နော်။ 🥰

“KODOMO ရဲ့စွမ်းဆောင်ချက် ရင်သွေးငယ်တို့အတွက်”

မြန်မာတို့ရဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ မိဘပြည်သူများအားလုံး ကုသိုလ်အထူးပြုပြီး နှစ်သစ်မှာ ကောင်းကျိုးချမ်းသာများခံစားနိုင်ကြ...
17/04/2026

မြန်မာတို့ရဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ မိဘပြည်သူများအားလုံး ကုသိုလ်အထူးပြုပြီး နှစ်သစ်မှာ ကောင်းကျိုးချမ်းသာများခံစားနိုင်ကြပါစေကြောင်း Kodomo Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏


14/04/2026

ဘေဘီလေးနဲ့အတူ ဒီနှစ်သင်္ကြန်မှာ ဘယ်လိုအမှတ်တရမျိုးတွေ ဖန်တီးကြမလဲ ဖေဖေ၊ မေမေတို့ရေ? 💦👶✨

သင်္ကြန်တွင်းမှာ သားသားမီးမီးတို့ ရေဆော့ပြီးပြန်လာရင် မေမေတို့ အပူအအေးမျှတအောင် ဘယ်လိုဂရုစိုက်ပေးမလဲ? ✨💦သင်္ကြန်တွင်း ရေ...
09/04/2026

သင်္ကြန်တွင်းမှာ သားသားမီးမီးတို့ ရေဆော့ပြီးပြန်လာရင် မေမေတို့ အပူအအေးမျှတအောင် ဘယ်လိုဂရုစိုက်ပေးမလဲ? ✨💦

သင်္ကြန်တွင်း ရေဆော့ပြီးပြန်လာတဲ့ သားသားမီးမီးတို့ကို ချက်ချင်းရေမချိုးပေးပါနဲ့ဦးမေမေတို့ရေ။ 💦

အရင်ဆုံး ချွေးတိတ်အောင် (၁၅) မိနစ်ခန့် အရင်နားခိုင်းပြီးမှ အခန်းအပူချိန်ရှိတဲ့ရေ (သို့) ရေမနွေးတနွေးလေးနဲ့ ခြေထောက်ကနေစပြီး တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း ချိုးပေးပါ။ ဒါမှ ကလေးရဲ့ကိုယ်အပူချိန် ရုတ်တရက်မပြောင်းလဲဘဲ အအေးပတ်တာနဲ့ ဖျားနာတာတွေကနေ ကာကွယ်နိုင်မှာပါ။

ပြီးရင်တော့ ရေထဲကပိုးမွှားတွေ စင်ကြယ်သွားအောင် Kodomo Head to Toe 6+ လေးနဲ့ သေချာသန့်စင်ပေးဖို့ မမေ့နဲ့နော်။ 🥰☀️

ဒီနည်းလမ်းလေးတွေအတိုင်း ဂရုစိုက်ပေးမယ်ဆိုရင်တော့ ဒီနှစ်သင်္ကြန်မှာ သားသားမီးမီးတို့ ဖျားနာမှာ ပူစရာမလိုဘဲ စိတ်ချလက်ချ ပျော်ရွှင်နိုင်မှာပါ။ 🥰☀️

“KODOMO ရဲ့စွမ်းဆောင်ချက် ရင်သွေးငယ်တို့အတွက်”

+

30/03/2026

အရမ်းပူတဲ့နွေရာသီမှာ ဘေဘီလေးတွေ အသားအရေမထိခိုက်ဘဲ ကျန်းကျန်းမာမာဖြစ်စေဖို့ ဒီအချက်လေးတွေကို ရှောင်လိုက်တော့နော်။

နွေရာသီရောက်ရင် ကလေးမေမေတွေအကြောက်ဆုံးကဘာများဖြစ်မလဲ? 🌞👶🔻Diaper Rash တွေလား? 🔻အပူကန်တာလား? 🔻ချွေးအရမ်းထွက်တာလား? 🔻အသားအရ...
26/03/2026

နွေရာသီရောက်ရင် ကလေးမေမေတွေအကြောက်ဆုံးကဘာများဖြစ်မလဲ? 🌞👶

🔻Diaper Rash တွေလား?
🔻အပူကန်တာလား?
🔻ချွေးအရမ်းထွက်တာလား?
🔻အသားအရေပွန်းတာလား?

ဘယ်အရာကို အကြောက်ဆုံးဖြစ်မလဲဆိုတာ ကောမန့်မှာပြောပြပေးခဲ့ပါဦးနော်။ 💬✨

“KODOMO ရဲ့စွမ်းဆောင်ချက် ရင်သွေးငယ်တို့အတွက်”

16/03/2026

မေမေတို့ရေ အိမ်ကသားသားမီးမီးလေးတွေနွေရာသီမှာ ခံတွင်းနံ့ပိုထွက်နေရင်တော့ ဒီအချက်လေးတွေကို သတိထားလိုက်တော့နော်။

🌞🏖️အခုလို နွေရာသီကျောင်းပိတ်ချိန်ဆိုတာ မိသားစုလိုက် ခရီးထွက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ အထူးသဖြင့် ကလေးတွေနဲ့ ခရီးသွားတဲ...
12/03/2026

🌞🏖️အခုလို နွေရာသီကျောင်းပိတ်ချိန်ဆိုတာ မိသားစုလိုက် ခရီးထွက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ အထူးသဖြင့် ကလေးတွေနဲ့ ခရီးသွားတဲ့အခါ မိဘတွေအနေနဲ့ အဆင်ပြေချောမွေ့စေဖို့ မဖြစ်မနေ ယူသွားသင့်တဲ့အရာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

၁။ နေရောင်ကာကွယ်ရေးပစ္စည်းများ🌤️🧢

နွေရာသီမှာ နေရောင်အပူပြင်းလွန်းတဲ့အတွက် ကလေးတွေအတွက် Sunscreen (SPF မြင့်မားတဲ့အမျိုးအစား)၊ ဦးထုပ်နဲ့ နေကာမျက်မှန်တွေကို မဖြစ်မနေ ယူသွားသင့်ပါတယ်။

၂။ သောက်ရေ💧🥤

နွေရာသီခရီးသွားချိန်မှာ အပူဒဏ်ကြောင့် ကလေးတွေ ရေဓာတ်လျော့နည်းနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက်ကိုယ်ပိုင်သောက်ရေဘူးလုံလုံလောက်လောက် ထည့်သွားပေးဖို့လည်း လိုပါတယ်။

၃။ အဝတ်အစားအပို 🩳🎒

ပူပြင်းတဲ့ရာသီဖြစ်တဲ့အတွက် ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ယူသွားသင့်ပါတယ်။ ဒါ့အပြင် ကလေးတွေ ကစားရင်း ချွေးထွက်များနိုင်တာကြောင့် အဝတ်အစားအပို ၁ စုံ၊ ၂ စုံ ထည့်သွားဖို့လိုပါတယ်။

၄။ ဆေးဝါးနှင့် First Aid Kit 💊🧰

ကလေးတွေအတွက် အဖျားကျဆေး၊ ဗိုက်အောင့်ပျောက်ဆေး၊ ပတ်တီး၊ Plaster စတာတွေ ပါဝင်တဲ့ First Aid Kit လေးတစ်ခုတော့ မဖြစ်မနေ ပါသင့်ပါတယ်။ ကလေးတွေက မမျှော်လင့်ထားတဲ့ အသေးစားထိခိုက်မှုလေးတွေ၊ အနာတရလေးတွေ ဖြစ်နိုင်လို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။

၅။ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ🧴👶

ကလေးအသားအရေက နူးညံ့လွန်းတာကြောင့် သားသားမီးမီးတို့ အသုံးပြုဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ Body Wash နဲ့ Baby Powder တွေယူသွားဖို့လိုပါတယ်။

ကဲ ဒါဆို ဒီနှစ် နွေရာသီခရီးစဉ်လေးမှာ မိသားစုအမှတ်တရကောင်းတွေ ဖန်တီးပေးနိုင်တဲ့ခရီးစဥ်လေးကို ဖန်တီးနိုင်ဖို့ အခုပြောခဲ့တဲ့အရာလေးတွေ ကြိုဆင်ပြင်ဆင်ပြီး ခရီးသွားတဲ့အခါ ထည့်သွားလိုက်တော့နော်။ 🌞✈️

“KODOMO ရဲ့စွမ်းဆောင်ချက် ရင်သွေးငယ်တို့အတွက်”

+

စိန်ခေါ်မှုတိုင်းကို ကျော်ဖြတ်နိုင်ပြီး သားသားမီးမီးတို့ကို အမြဲဂရုစိုက်ပေးတဲ့ မေမေများအားလုံးအတွက် အပြည်ပြည်ဆိုင်ရာ အမျ...
08/03/2026

စိန်ခေါ်မှုတိုင်းကို ကျော်ဖြတ်နိုင်ပြီး သားသားမီးမီးတို့ကို အမြဲဂရုစိုက်ပေးတဲ့ မေမေများအားလုံးအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း Kodomo Myanmar မိသားစုမှ ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ်။ ❤️✨

Address

မိုးကုတ်လမ်းနှင့် ယောက်ကော်လမ်းထောင့်
Yangon
11431

Opening Hours

Monday 08:30 - 17:15
Tuesday 08:30 - 17:15
Wednesday 08:30 - 17:15
Thursday 08:30 - 17:15
Friday 08:30 - 17:15
Saturday 08:30 - 17:15

Alerts

Be the first to know and let us send you an email when Kodomo Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share