19/06/2026
မိုးရာသီနှင့် အေးတဲ့ရာသီတွေမှာ ဘေဘီလေးတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။ ရာသီဥတုအေးလာတဲ့အခါ ကလေးများကို နွေးနွေးထွေးထွေးထားပေးခြင်းက အအေးမိခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
💥နွေးနွေးထွေးထွေးထားဖို့ လိုတယ်ဆိုပေမဲ့ အဝတ်အစားများ အလွန်အကျွံထပ်ဝတ်ပေးခြင်း (သို့) အလုံပိတ်ဝတ်ပေးထားခြင်းများ မပြုလုပ်သင့်ပါ။
တချို့မေမေတွေက အေးလာပြီဆိုတာနဲ့ အစိုးရိမ်လွန်ကာ အထပ်ထပ်ဝတ်ပေးခြင်း ၊ အလုံထုပ်ပေးထားခြင်းတို့ ပြုလုပ်တတ်တာကြောင့် ကလေးရဲ့ ခန္ဓာကိုယ်အပူချိန် ထိန်းညှိမှုကို ထိခိုက်စေနိုင်ပြီး အပူမမျှဖြစ်ကာ မသက်မသာဖြစ်စေတတ်ပါတယ် ။
အလုံထုပ်ပိုးထားခြင်းထက် သင့်တင့်တဲ့နွေးထွေးမှုနှင့် လေဝင်လေထွက်ကောင်းအောင် မျှတစွာ ဝတ်ဆင်ပေးခြင်းကသာ ကလေးကျန်းမာရေးအတွက် ပိုသင့်တော်တာမို့ အဝတ်အစား ဝတ်ပေးရာမှာ လေဝင်လေထွက်ကောင်းပြီး နူးညံ့တဲ့အထည်သားများကို အသုံးပြုသင့်ပြီး အခန်းအပူချိန်နှင့် ရာသီဥတုအခြေအနေအလိုက် သင့်တင့်အောင် ဝတ်ဆင်ပေးသင့်ပါတယ်။
ဒါကြောင့် အလုံထုပ်မဲ့အစား ပေါ့ပေါ့ပါးပါးနဲ့ နွေးထွေးလုံခြုံစေတဲ့ 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 Baby Comfy Wear လေးတွေကို ရွေးချယ်ပြီး မိုးအေးအေးမှာ 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 နဲ့နွေးနွေးထွေးထွေးနဲ့ ထားလိုက်ပါနော် 🤱