29/06/2026
ကိုယ့်လုပ်ငန်းကို အေအိုင်သုံးစနစ်ချချင်ရင်
ChatGPT, Gemini နဲ့ Claude ကို
Chatbot အနေနဲ့ပဲ အသုံးပြုတာကိုရပ်ပါ။
ဘယ်လိုလုပ်ဆောင်ရမလဲ။
၁။ ChatGPT သို့ Claude Pro အကောင့်ဝယ်ပါ။
၂။ App သို့ Connector ထဲသွားပါ။
၃။ ကိုယ့်ဒေတာတွေစုစည်းထားတဲ့
Cloud ဥပမာ One Drive or Google Drive နဲ့
ကိုယ်အသုံးပြုနေတဲ့ ကိုယ့်လုပ်ငန်းဒေတာရှိတဲ့
Software တွေနဲ့ချိပ်ပါ။
(တချို့ SME တွေမှာ ဒေတာမရှိ၊
reporting စနစ်မရှိ၊ ရေးထားတဲ့ SOP နဲ့
Management စနစ်တစ်ခုမရှိရင်
အခု စတင်လုပ်ဆောင်ပါ။)
၄။ Loop Engineering စတင်လုပ်ဆောင်ပါ။
Prompt Engineering ဆိုတာက
ဒါကကျွန်တော့်လုပ်ငန်း၊
Business Consultant တစ်ယောက်လို
Marketing Plan ကို July ကနေ Sep ထိ
ဒီ ထုတ်ကုန်အတွက် Marketing Plan ဆွဲပေးပါ။
ဒီလို ညွှန်ကြားတာ။
Loop Engineering ကတော့ ဒီမှာ မရပ်ပါဘူး။
AI ကို Marketing Plan ထုတ်ခိုင်းပြီးတာနဲ့…
1. အဲဒီ Plan ကို CMO တစ်ယောက်လို ပြန်ဝေဖန်ခိုင်းမယ်။
2. Weakness တွေ၊ Risk တွေ၊ Missing Point တွေ ထုတ်ခိုင်းမယ်။
3. Competitor 10 ယောက်ရဲ့ Strategy နဲ့ ပြန်နှိုင်းခိုင်းမယ်။
4. Score ပေးခိုင်းမယ်။ (ဥပမာ 100 မှာ 78 ဆို ဘာကြောင့်လဲ?)
5. Score 95 ကျော်တဲ့အထိ ပြန်ရေး၊ ပြန်စစ်၊ ပြန်တိုးတက်အောင် လုပ်ခိုင်းမယ်။
6. နောက်ဆုံး အဲဒီ Plan ကို SOP, Content Calendar, Ads, KPI 7. Dashboard, Budget Plan အဖြစ် အလိုအလျောက် ဆက်ထုတ်ခိုင်းမယ်။
ဒီလေးနည်းနဲ့ စနစ်ချဖို့ သုံးပါ။
အရေးအကြီးဆုံးက
ကိုယ့်လုပ်ငန်းရဲ့ ဒေတာတွေကို စနစ်တကျထားသိုပါ။
ဒါမှပဲ အကောင်းဆုံးအသုံးချလို့ရပါမယ်။
ဒေတာမရှိရင် ဝေဒနာတွေနဲ့ပဲ
ခရီးဆက်နေရပါလိမ့်မယ်။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။