Fashion House

Fashion House "Style is a way to say who you are without having to speak."

ငါးလို ခံစားတတ်ပါစေ🥹
24/12/2022

ငါးလို ခံစားတတ်ပါစေ🥹

14/12/2022

[ခုရက်ပိုင်း သဘောကျနေတဲ့ HAND & FOOT CREAM]

✅ Rice Milk အနံ့လေး (အဲ့အနံ့ရရင် ကိုယ်‌တော့ ဗိုက်ဆာတယ်. သိပ်လဲ မငတ်ရှာပါဘူး🙂)

✅ Texture က နည်းနည်းတော့ ပျစ်တယ်( ဪ .. cream ပါဆိုမှာ ပျစ်မှာပေါ့ မိရွှေကျဲရဲ့🥴 ) ဟုတ်ကဲ့✌️

✅ Moisture ကို အချိန်ကြာကြီး Maintain မလုပ်နိုင်ပေမဲ့ small bumps around my bum 🍑က အလစ်တဲလေး ပါးသွားတယ် ( maybe hand cream ပါဆိုတာကို လက်မလိမ်းပဲ 🍑ကိုပဲ လိမ်းမိနေလို့လဲ ဖြစ်နိုင်တယ်🤔 )

Anyways,
ခြုံငုံပြီး ထွေးထုတ်လိုက်ရင် ....

👍ဈေးသိပ်မမြောက် ဖလန်းဖလန်းမထပဲ ရိုးရိုးသားသား ဘရန်းဖိုးသခွားလေးကိုမှ အမိတို့အဖတို့က မြည်းချင်တာပါဆိုရင်တော့ ဒါလေးကို စမ်းကြည့်ကြပါလို့👍

[ အမိတို့ အဖတို့ ...သူများပြောတိုင်း မယုံကြနဲ့
နေရင်း ထိုင်ရင်း ပုတ်သင်ညို ဖြစ်မယ် 🙂
🎤🎤🎤Don't ... say I didn't... say I didn't warn ya ...
တင်လှဆွေ အသံဖြင့် ဖတ်ရန် )

Okie Dokie,
ပြောချင်တာတော့ ပြောပြီးပြီ...
လောလောဆယ်တော့ ဘိုင်းရီ ...

( Be safe, everyone ❤️)



ဘိုလိုတွေတောင် လွဲတာလဲအေ 🥴
14/12/2022

ဘိုလိုတွေတောင် လွဲတာလဲအေ 🥴

အလှူနဲ့ ကင်းသူမရှိသောကြောင့် သိထားသင့်တယ်နော်🙏🙏🙏
16/07/2022

အလှူနဲ့ ကင်းသူမရှိသောကြောင့် သိထားသင့်တယ်နော်🙏🙏🙏

“နေအိမ်(သို့မဟုတ်)ဘုန်းကြီး
ကျောင်းတွင် ဆွမ်းကပ်ကြမည့် ဒကာ ဒကာမများအတွက် မှတ်သားဖွယ်”
***************************
၁။ အသားဟင်း ကပ်လျှင်အသားတုံးကို ဖဲ့စရာမလိုသော တစ်ကိုက်စာ အရွယ်အစားများ တုံးတစ်၍ ချက်ပြုတ်သင့်သည်။

(ရဟန်းသည် အသားတုံးကို ပါးစပ်ဖြင့် ကိုက်ဖဲ့ စားသောက်လျှင် အာပတ်သင့်သည်။ဝက်ခြေထောက်၊ဂဏန်းဟင်း စသောဟင်းလျာများမှာ အများရှေ့တွင် ဘုဉ်းပေးရန် မသင့်လျော် )

၂။ ငရုတ်သီး၊ချင်း၊ကြက်သွန်ဖြူ၊ကြက်သွန်နီ စသည်တို့ကို အလုံးလိုက်၊အတောင့်လိုက် မကပ်ဘဲ ခွဲခြမ်းစိပ်ပိုင်း၍ ကပ်ရမယ်။

(ကြက်သွန်ဖြူ အလုံးလိုက်သည် အပင်ပြန်ပေါက်နိုင်သေးသောကြောင့် ဖြစ်သည်။)

၃။ တို့စရာအဖြစ် ဟင်းရွက်အစိမ်းများကို ဟင်းလျာအဖြစ် စီစဉ်ထားလျှင် ထိုဟင်းရွက်ကို

(ဥပမာ-နံနံပင်) အပင်လိုက် ဟင်းပွဲမပြင်ဘဲ တတ်နိုင်သမျှ သေးအောင် ပိုင်းဖြတ်ထားသင့်သည်။

(တချို့ဟင်းရွက်ပင်တို့သည် အညွှန့်မှ၊အကိုင်းမှ အပင်ပြန်ပေါက်နိုင်သေးသည်။ရေနွေး စိမ်ထားလျှင် အကြောင်းမဟုတ်။)

၄။ အသီးအနှံကို အချိုပွဲအဖြစ် ကပ်ရာတွင် မည်သည့်အသီးကိုမဆို အလုံးလိုက်မထားဘဲ ခွဲစိတ်ထား
သင့်သည်။

(စပျစ်သီး၊ စတော်ဘယ်ရီသီးပါ
မကျန်)
(ဝိနည်း လေးစားကြသော ဝိနယဂရုက ရဟန်းတော်များသည် သစ်သီးအစေ့ကို ဝါးမိ၊စားမိလျှင်အာပတ်သင့်သည်ဟု ယူကြသည်။
ထိုကြောင့် တတ်နိုင်လျှင် အသီးများမှအစေ့ထုတ်၍ ကပ်လှူသင့်သည်။
အစေ့ ဖယ်မရသော စတော်ဘယ်ရီသီးကိုမူ ဝိနည်းကံ "ကပ္ပိယံကရောဟိ" ပြုရမည်။)

အထက်ပါ (၂)နှင့် (၃) ပါ အစာအစားများကို ကပ္ပိယမှ အပ်စပ်အောင် "ကပ္ပိယံကရောဟိ" ပြုပေးနိုင်လျှင် ပိုကောင်းမည်။

အမှတ်(၄) ပါ သစ်သီးမှာ သေးလွန်းလို့ ခွဲဖို့ အဆင်မပြေလျှင် "ကပ္ပိယံ ကရောဟိ" လုပ်သင့်သည်။

၅။ အသားဟင်း ကပ်ရာတွင် တချို့အသားဟင်းမှာ အမဲသားလော၊ဆိတ်သားလော စသဖြင့် ခွဲခြားရန် ခက်ခဲတတ်ပါသည်။

ထိုသို့ ရဟန်းက သံသယရှိလျှင် မည်သည့်အသားဖြစ်ကြောင်းလျှောက်ထားရမည်။

လိုအပ်လျှင် ဦးအောင်လျှောက်ထားပါ။
(ရဟန်းသည် အသားဟင်းကို မြင်လျှင် မည်သည့်အသားမှန်း မသိဘဲ၊မစုံစမ်းဘဲ မစားအပ်။
အာပတ်သင့်မည်။

ရဟန်းတို့ မစားကောင်းသောအသား (၁၀) မျိုးကိုလည်း သိထားသင့်သည်။)

၆။ ဖားအောက်တောရများနှင့် ယိုးဒယားရှမ်းကျောင်းများတွင် ဆွမ်း၊ဟင်းများကို ရဟန်းအားကပ်ပြီးပါက ထိုစားပွဲကို လူတို့အား ပေးမကိုင် ပေးမထိတော့ချေ။

ထိုသို့ မကြိုက်မှန်းသိလျှင် ဟင်းလိုက်ပွဲ ထည့်လိုပါက နီးစပ်ရာ ရဟန်းအား ဦးစွာ ခွင့်တောင်းသင့်သည်။

မိမိဆန္ဒအလျောက် ဟင်းခွက်ကို လှမ်းယူခြင်း မပြုသင့်။

(လူတို့တွင် ကပ်ပါနေသော ဖုန်မှုန့်များ အစားအစာထဲ ဝင်သွားလျှင် အကပ်ပျက်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။)

၇။ ဟင်းပွဲ လိုက်သော (ဟင်းလိုက်ပွဲထည့်သော) သူများသည် ဟင်းပွဲထပ်ထည့်လိုလျှင် ရဟန်းများကို မေးမြန်းမနေဘဲ အလိုက်တသိ ထည့်ပေးရမည်။

(မေးမြန်း၍ အကယ်၍ ရဟန်းက ငြင်းဆိုမိလျှင် တခြားအစာအစားများ ထပ်တောင်းရန် မဖြစ်နိုင်ပေ။
ငြင်းပြီး နောက်မှ ထပ်ထည့်ခိုင်းသော အစာကို စားမျိုမိလျှင်အာပတ် သင့်၏။)

၈။ ဆွမ်းထမင်း လိုက်ပွဲကို ဒကာတစ်ယောက်မှ လိုက်ထည့်ပေးခြင်းထက် လိုက်ပွဲဇလုံအား ရဟန်း၏ အနားတွင်ချထားပေးခြင်းက ပိုသင့်လျော်မည်။

သူအလိုရှိလျှင် သူ့ဖာသာ ထည့်လိမ့်မည်။

သို့မဟုတ် ထည့်ပေးဖို့ တောင်းဆိုလိမ့်မယ်။

၉။ ဆွမ်း၊ဟင်းပွဲ လိုက်သူသည် ဆွမ်း၊ဟင်းထပ်ထည့်ရန် အတင်းတောင်းဆိုခြင်း မပြုသင့်။

ရဟန်း၏ အမူအရာကို ပါးနပ်စွာ အကဲခတ်တတ်ရမည်။

ရဟန်းတို့မှာ ဆွမ်းပွဲ၌ ထိုင်နေစဉ်
မငြင်းမိအောင် သတိထားရသည်။
(အထက်ပါ အကြောင်းအရင်း)

၁၀။ဟင်းပွဲလိုက်သော သူသည် မိမိကိုင်ထားသော ဟင်းကို ရဟန်းတစ်ပါးပါးအား ကပ်ပြီး၊မပြီးသတိပြုရမည်။

စားဖိုချောင်မှ အသစ်ယူလာသော ဟင်းဖြစ်ပါက နီးစပ်ရာရဟန်း တစ်ပါးပါးအား အမြန်ဆုံး ကပ်လိုက်ပါ။

လိုက်ပွဲ ထည့်ရာတွင်လည်း "ကပ်ပြီးသားပါဘုရား" ဟု သံသယကင်းရှင်းစေရန် အလိုက်တသိ လျှောက်ထားသင့်သည်။

၁၁။ မုန့်ဟင်းခါး၊ခေါက်ဆွဲကြော်၊အုန်းနို့ခေါက်ဆွဲ စသည့်အမျှင်ရှည်ပါသော ခေါက်ဆွဲဖတ်များကို အရှည်အတိုင်းမထားဘဲ ခပ်တိုတိုညှပ်ပြီးမှ ဘုဉ်းပေးရန် ကပ်သင့်သည်။

(တစွတ်စွတ် တပျပ်ပျပ် အသံမြည်အောင် မစားအပ်။)

၁၂။ ဆွမ်းဘုဉ်းနေစဉ် ရဟန်းတို့၏ အရိုး၊အမှိုက်၊ဝါးဖတ် စသည့်အညစ်အကြေးများကို စွန့်ပစ်နိုင်ရန် သီးသန့် အရိုးပန်းကန်၊အမှိုက်ခြင်းထားပေးရမည်။

(ရဟန်းမှာ အရိုးများ၊ဝါးဖတ်များကို မိမိစားသုံးသော ပန်းကန်ထဲ ထည့်လျှင် အာပတ်သင့်မည်။)

၁၃။ ဆွမ်းဟင်း အဆင်သင့်ပြင်ပြီး၍ ရဟန်းတို့အား ဆွမ်းကပ်ပြီးလျှင် ဝေယျာဝစ္စ ပြုလုပ်ပေးမည့်သူမှအပ ကျန်သူများ တခြားလွတ်လပ်သော တစ်နေရာတွင် သွားနေသင့်သည်။

မိမိလှူသော ဆွမ်းဘုဉ်းပေးနေသည်ကို ကြည်ညိုလိုလျှင်လည်း ခပ်လှမ်းလှမ်းမှသာ ကြည်ညိုသင့်သည်။

ရဟန်းတို့ လွတ်လွတ်လပ်လပ် ဘုဉ်းပေးပါစေ။

၁၄။ တချို့ဒကာမများသည် မိမိချက်လာသော ဟင်းဖြစ်၍ အားရပါးရ ဘုဉ်းပေးစေချင်ကြသည်။

ရဟန်းက မထိမတို့လျှင် အားမရဘဲ ဒကာမကိုယ်တိုင် ရဟန်း၏ ပန်းကန် ထဲသို့အတင်း လိုက်ထည့်ပေးတတ်ကြ၏။

ရဟန်းမှာ ငြင်းမိလျှင်လည်း အာပတ် သင့်နိုင်စရာ အကြောင်းဖြစ်နေ၍ မိမိမနှစ်မြို့သော်လည်း လက်ခံလိုက်ရသည်များ ရှိတတ်သည်။

ထိုကြောင့် ရဟန်း၏ ပန်းကန်ထဲသို့ အတင်းအဓမ္မ ထည့်ပေးခြင်းများ
မပြုမိဖို့ ဆင်ခြင်သင့်သည်။

၁၅။ ဆွမ်းဓုတင် (၅)မျိုးဆောင်သော ရဟန်းများ ရှိတတ်သောကြောင့် ဆွမ်းဓုတင် ငါးမျိုးအကြောင်းလည်း သိထားသင့်သည်။

မသိလျှင်လည်း မိမိဆန္ဒအလျောက် အတင်းအကြပ် တောင်းဆိုခြင်းမျိုး မပြုမိအောင် သတိပြုရမည်။
အကင်းပါးဖို့ လိုအပ်ပါသည်။

၁၆။ ဆွမ်းစားချိန် ကျရောက်၍ ဆွမ်းစားကျောင်း ဝင်ရန် ရဟန်းအား ပင့်ဖိတ်သောအခါ "ထမင်းသွားစားရအောင်"၊"ထမင်းစားကြွပါ" စသည့်လူဝတ်ကြောင်တို့အတွက် သုံးသောဝေါဟာရဖြင့် ပင့်ဖိတ်ခြင်းမပြုရ။

"ဆွမ်းဘုဉ်းဖို့ ကြွပါ"စသည့် ရဟန်းအသုံးအနှုန်းဖြင့်သာ ပင့်ဖိတ် သင့်သည်။

၁၇။ ဆွမ်းခံစားသော ရဟန်းအိုများတွင် အများဆုံးတွေ့ရသော ရောဂါဝေဒနာများမှာ အသည်းအဆီဖုံးနှင့် အသည်းကင်ဆာတို့ ဖြစ်သည်။

မြန်မာတို့ ရိုးရာဓလေ့အရ ဟင်းချက်လျှင် ဆီရွှဲနေမှ၊ဆီနစ်နေမှ ဟင်းကောင်းသည်ဟု ယုံကြည်ကြသည်။

ဟင်းမှာ ဆီမပါလျှင် မျက်နှာမလှဟု ယူဆကြသည်။

ထိုကြောင့် ဘာဟင်းချက်ချက် ဆီကိုနင့်နေအောင် သုံးကြသည်။

အရည်သောက် ဟင်းရည်ပင်လျှင် ဆီတဝင်းဝင်းနှင့် ဖြစ်နေတတ်သည်။

သပိတ်ထဲ၊ ပန်းကန်ထဲ နစ်နေအောင်ရှိနေသော ထိုဆီများသည် ရဟန်းတို့အား တိတ်တိတ်ပုန်း သတ်ဖျက်နေသော လက်နက်များ ဖြစ်ပေသည်။

ထိုကြောင့် ဒကာမများ ဆွမ်းလောင်း၊ဆွမ်းကပ်လျှင် ဟင်းထဲ ဆီကို တော်သင့်ရုံသာ အသုံးပြုသင့်သည်။

ဆွမ်းလောင်းမည်ဆိုလျှင် ဟင်းထဲမှဆီများ လုံးဝဖယ်ရှားပြီးမှ လောင်းသင့်သည်။

ထိုသို့မဟုတ်လျှင် သပိတ်၏ အောက်ခြေ သုံးပုံတစ်ပုံတွင် ဆီများအိုင်ထွန်း နေတော့မည်။

၁၇။ မြတ်စွာဘုရားလက်ထက်တော်အခါက နေအိမ်၌ ဆွမ်းကပ်လျှင် ရဟန်းတစ်ပါး စားပွဲတစ်လုံးကျစီဖြင့် ဆွမ်းကပ်လှူကြောင်း မှတ်သားရသည်။

တချို့နိုင်ငံခြားမှ ထေရဝါဒ ဘုန်းကြီးကျောင်းများတွင်လည်း ရဟန်းတစ်ပါးစီအတွက် ဟင်းခွက် တစ်စုံစီ သီးသန့် ကပ်လှူကြောင်း ကြုံကြိုက်ဖူးသည်။

သို့သော် မြန်မာနိုင်ငံ၌ ရဟန်းသံဃာများပြား၍ အကြောင်းအမျိုးမျိုးကြောင့် ထိုသို့မလုပ်နိုင်ကြတော့ပါ။

ဖြစ်နိုင်လျှင် အရည်သောက်ဟင်းကို တစ်ပါး တစ်ခွက် စီစဉ်ပေးနိုင်လျှင် ကောင်းမည်။

(စားခွက် တစ်ခွက်တည်း ရဟန်းတစ်ပါး နှင့်အထက် အတူတူစားလျှင် အာပတ်သင့်သည်။)

အသစ်လာချသော အစားအစာကို ရဟန်းမှ "တော်ပြီ"၊ "မလိုဘူး"၊ "မထည့်နဲ့" စသဖြင့် တားမြစ်ပြီးလျှင် နောက်ထပ် လာချသော မည်သည့်အစားအစာကိုမျှ မသုံးဆောင်အပ်တော့ပေ။

မတားမြစ်ခင်က ရှိနှင့်ပြီးသောအစားအစာကိုမူ စားကောင်းသေး၏။

အကယ်၍ တားမြစ်ပြီး အသစ်ရောက်လာသော အစားအစာကို စားမျိုမိလျှင် အလုတ်တိုင်း အာပတ်သင့်၏။

ဝိနည်းအခေါ် ပဝါရိတ် သင့်သည် ဟုသုံးသည်။

ထိုကြောင့် ရဟန်းတို့မှာ တားမြစ်လိုလျှင် ပရိယာယ်တစ်မျိုးဖြင့် "ပြည့်စုံပြီ" ဟု ပြောလေ့ရှိကြသည်။

ပြည့်စုံပြီ ဟု ပြောလာလျှင် အလိုက်သိစွာဖြင့် အတင်းအဓမ္မ
မထပ်ထည့်ရန် မတောင်းဆိုသင့်။

အသားဟင်းများကို ပါးစပ်ဖြင့် ကိုက်ဖဲ့ စားသုံးမှသာ အာပတ်သင့်ပါသည်။

လက်ဖြင့် ဖဲ့ယူစားသုံးလျှင် အပြစ်မရှိပါ။

သို့သော် အချိန်ကြာခြင်း၊လက်ဝင်ခြင်းများကြောင့် ဖဲ့ရခက်၊နွှာရခက်သော အသားဟင်းမျိုး ရှောင်သင့်ပါသည်။

ငါးဟင်းကဲ့သို့ ဖဲ့ရလွယ်သော အသားများဖြစ်ပါက အတုံးကြီးလည်း ပြဿနာမရှိပေ။

ဝိနည်းစည်းကမ်း သိပ်များတာ
မှတ်ဖို့မလွယ်ဘူးလို့ တွေးကြလိမ့်မည်။

အနှစ်ချုပ်ရလျှင် ဒကာ ဒကာမများ အနေဖြင့် ဝိနည်းအကုန် သိဖို့မလို အလိုက်သိဖို့သာ အရေးကြီးပါကြောင်း ...။ ။

သ စ္စာ ဂ ဝေ သီ

ဒီလို လိုက်ဖက်တဲ့ ဘဝ ပျော်စရာလောကကြီးက😁😁Pic Credit
05/05/2022

ဒီလို လိုက်ဖက်တဲ့ ဘဝ ပျော်စရာလောကကြီးက😁😁

Pic Credit

အဟမျး အဟမျးမျက်ခုံးတွေတောင် လှုပ်လာပြီ😁😁Pic crd
14/01/2022

အဟမျး အဟမျး
မျက်ခုံးတွေတောင် လှုပ်လာပြီ😁😁

Pic crd

အိုက်စ် ကိုကိုရယ် သူများတွေ မြင်ကုန်မယ်လို့🤫
10/01/2022

အိုက်စ် ကိုကိုရယ် သူများတွေ မြင်ကုန်မယ်လို့🤫

ဝက်ခေါင်းသုပ်တပွဲလောက်နော် ကြက်သားနန်းချင်းလေးနဲ့🤨
09/01/2022

ဝက်ခေါင်းသုပ်တပွဲလောက်နော် ကြက်သားနန်းချင်းလေးနဲ့🤨

အပေါ်အောက်လေးလွဲသွားလို့ပါ တီချယ်ရယ်😁
06/01/2022

အပေါ်အောက်လေးလွဲသွားလို့ပါ တီချယ်ရယ်😁

Address

Yangon
11231

Opening Hours

Monday 19:00 - 22:00
Tuesday 19:00 - 22:00
Wednesday 19:00 - 22:00
Thursday 19:00 - 22:00
Friday 19:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+959262412239

Website

Alerts

Be the first to know and let us send you an email when Fashion House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fashion House:

Share

Category