MICS - TUsF - Myanmar

Call Directions

MICS - TUsF - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MICS - TUsF - Myanmar, Yangon.

25/10/2026
24/10/2026

ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်နဲ့
ခရီးသွားလို့လည်း ရပါတယ်...
လိုင်စင်လုပ်လို့လည်းရပါတယ်...
ဘဏ်အကောင့်လည်း ဖွင့်ရပါတယ်...
CI မလုပ်လည်း အဆင်ပြေနိုင်ပါတယ်။
အာဏာရူးတွေအတွက် ငွေကုန်မခံကြပါနဲ့...

21/10/2026

ရန်ကုန်မြို့က အထည်ချုပ်စက်ရုံ ၆ ရုံ ပိတ်သိမ်းဖို့ ပြင်ဆင်နေတဲ့အတွက် အလုပ်သမား တစ်သောင်း ဝန်းကျင် အလုပ်အကိုင်ဆုံးရှုံးနိုင်တဲ့ အခြေအနေရှိနေတယ်လို့ အလုပ်သမား ကူညီ ဆောင်ရွက်နေတဲ့ အ လုပ်သမား သမဂ္ဂတွေဆီ ကနေသိရပါတယ်။

#ရန်ကုန် #အထည်ချုပ်စက်ရုံ #အလုပ်သမား

20/10/2026

[English Below]
ရန်ကုန်တိုင်းရှိ အထည်ချူပ်အလုပ်သမား ၁ သောင်းခန့် အလုပ်လက်မဲ့ဖြစ်နိုင်

အောက်တိုဘာ ၂ဝ ၊ Migrant Times ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချူပ်စက်ရုံလေးရုံက အလုပ်သမား ၁ သောင်း နီးပါးဟာ အလုပ်ကိုင်ဆုံးရှုံးရဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံစက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)က ထုတ်ပြန်ပါတယ်။

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံ(၄) ၊ ကျောက်စိမ်းလမ်းက အလုပ်သမား ၁,၀၀၀ ဝန်းကျင်အလုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံက စက်တင်ဘာလ ၂၂ ရက်နေ့မှာ စက်ရုံပိတ်သိမ်းမှာဖြစ်တယ်လို့ အသိပေးခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့မှာ အပြီးပိတ်သိမ်းမယ်လို့ သိရပါတယ်။

အလားတူ လှိုင်သာယာစက်မှုဇုန်၊ ပုသိမ်ဝန်ထောက်ဦးမြဲလမ်းနဲ့ ပင်စည်မင်းသားကြီးလမ်းထောင့်က အလုပ်သမား ၁,၀၀၀ ဝန်းကျင်အလုပ်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံကလည်း အောက်တိုဘာလ ၂၂ ရက်နေ့မှာ အပြီးပိတ်သိမ်းမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် မှော်ဘီမြို့နယ်၊ လှဲငုတ်ချောင်းက အလုပ်သမား ၅,၀၀၀ ကျော်အလုပ်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံကလည်း အောက်တိုဘာလ ၃၀ ရက်နေ့မှာ အပြီးပိတ်သိမ်းမယ်လို့ သိရပြီး ဒီစက်ရုံက စက်တင်ဘာလ ၂၈ ရက်နေ့ထဲက အလုပ်သမားတွေလျှော့နေတယ်လို့ MICS ကထုတ်ပြန်ပါတယ်။

မင်္ဂလာဒုံစက်မှုဇုန်မှာရှိတဲ့ အလုပ်သမား ၁,၀၀၀ ဝန်းကျင် အလုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံကလဲ အပြီးပိတ်သိမ်းမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ။

MICS-TUsF အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က တော့ အထည်အော်ဒါတွေမရတော့တာ ၊ သွင်းကုန်ဆိုင်ရာမူဝါဒတွေမတည်ငြိမ်တာ၊ လျှပ်စစ်မီးကိစ္စနဲ့ ပြည်ပြည်ဆိုင်ရာကုန်အမှတ်တံဆိပ်တွေရဲ့ ပြန်လည်ထွက်ခွာမှုတွေကြောင့် ဒီစက်ရုံတွေ ပိတ်သိမ်းကြဖို့ရှိတယ်လို့ Migrant Times ကိုပြောပါတယ်။

အလုပ်ကိုင် ဆုံးရှုံးဖို့ရှိတဲ့ အထည်ချုပ်အလုပ်သမားစုစုပေါင်း ၁၀,၀၀၀ နီးပါးခန့်ကို တာဝန်ယူမှုရှိတဲ့ စက်ရုံပိတ်သိမ်းမှုတွေ ဖြစ်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ MICS-TUsF အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ကလည်း H&M အမှတ်တံဆိပ်အထည်တွေချုပ်တဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ Kings Rich စက်ရုံဟာ အော်ဒါမရတော့တာကြောင့် ပိတ်သိမ်းခဲ့ပြီး အလုပ်သမားထောင်ချီအလုပ်ကိုင်ဆုံးရှုံးခဲ့ပါတယ်။ အလားတူ စက်တင်ဘာလကုန်ကလည်း လှိုင်သာယာမြို့နယ်ရှိ Teng Hui Myanmar စက်ရုံဟာ H&M ဘက်က အော်ဒါမရတော့တာကြောင့် ပိတ်သိမ်းခဲ့ပါတယ်။

Approximately 10,000 Garment Workers in Yangon Region Could Lose Their Jobs

20 October | Migrant Times

According to a statement released by the Myanmar Industry, Craft and Services Trade Unions Federation (MICS-TUsF), nearly 10,000 workers from four garment factories in Yangon Region are expected to lose their jobs.

A garment factory employing around 1,000 workers on Kyauk Sein Road, Thardukan Industrial Zone (4), Shwepyithar Township, announced on 22 September that it would close down, and the factory is expected to close permanently on 21 October.

Likewise, a garment factory employing around 1,000 workers at the Pathein Wundauk U Myae Road and Pinzi Min Thar Gyi Corner Road in Hlaingthayar Industrial Zone has announced that it will permanently close on 22 October.

In addition, a garment factory employing more than 5,000 workers in Hle Ngut Chaung, Hmawbi Township, is expected to close permanently on 30 October. According to MICS-TUsF, the factory has been laying off workers since 28 September.

There are also reports that another garment factory employing around 1,000 workers in Mingaladon Industrial Zone will close permanently.

Ko Thet Hnin Aung, General Secretary of MICS-TUsF, told Migrant Times that these factories are expected to close due to a lack of garment orders, unstable import policies, electricity supply problems, and the withdrawal of international brands from Myanmar.

MICS-TUsF stated that the federation is providing assistance to nearly 10,000 garment workers who are at risk of losing their jobs to ensure that the factories carry out their closures responsibly.

At the end of June, the Kings Rich factory in Shwepyithar Township, Yangon Region, which manufactured garments for the H&M brand, also closed down due to a lack of orders, leaving thousands of workers unemployed. Similarly, at the end of September, the Teng Hui Myanmar factory in Hlaingthayar Township closed down after it stopped receiving orders from H&M.



#အထည်ချုပ်
#အလုပ်သမား
#ရန်ကုန်

[English Below]စက်ရုံတွေ ပိတ်သိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမား တစ်သောင်းနီးပါး အလုပ်အကိုင် ဆုံးရှုံးနိုင်ဖွယ်ရှိ AAMIJ ...
20/10/2026

[English Below]
စက်ရုံတွေ ပိတ်သိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမား တစ်သောင်းနီးပါး အလုပ်အကိုင် ဆုံးရှုံးနိုင်ဖွယ်ရှိ

AAMIJ ၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမား တစ်သောင်းနီးပါးအလုပ်အကိုင် ဆုံးရှုံးနိုင်တယ်လို့ မြန်မာနိုင်ငံ စက်မှု၊ လက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF) က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ ပြည်ပက အော်ဒါတွေ ရေရှည်လက်ခံရရှိမှု မရှိတာကြောင့် ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီနဲ့ မင်္ဂလာဒုံ စက်မှုဇုန်တွေရှိ အထည်ချုပ်စက်ရုံခြောက်ရုံခန့်ဟာ ၂၀၂၆ ခုနှစ်အောက်တိုဘာလကုန်မှာ အပြီးပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါစက်ရုံအချို့မှာ အလုပ်သမားတွေ စတင်လျှော့ချနေပြီးတချို့စက်ရုံတွေမှာ တစ်လကြိုတင် အသိပေးအကြောင်းကြားတာနဲ့ ပိတ်သိမ်းမယ့်ရက်အတွက် အလုပ်သမားတွေနဲ့ ဆွေးနွေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။



MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က စက်ရုံပိတ်သိမ်းရာမှာ အချိန်ကြိုတင်အကြောင်းကြားစာ (Notice) ပေးဖို့ လိုအပ်ပြီး မပေးနိုင်ပါက တစ်လစာ Notice ကြေးအပြင် ဥပဒေအရ လုပ်သက်နစ်နာကြေးတွေ ရပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

နစ်နာကြေး တွက်ချက်ရာမှာ အငြင်းပွားမှု နည်းပါးစေရေးအတွက် အလုပ်သမားတွေဘက်က လုပ်သက်အချက်အလက်တွေကို မှန်ကန်စွာ တင်ပြဆွေးနွေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အာတီကယ် ၃၃ အရ အရေးယူခံထားရတဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက အော်ဒါတွေ မအပ်တော့ဘဲ ပြည်တွင်းရှိ နိုင်ငံတကာဘရန်းချုပ်လုပ်နေတဲ့ စက်ရုံတွေပါ ရပ်တန့်လာရတာ ဖြစ်တယ်လို့ ဦးသက်နှင်းအောင်ကထောက်ပြပါတယ်။

အဆိုပါ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လိုအပ်သလို ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ အလုပ်သမားအခွင့်အရေးတွေကို တိုးမြှင့်ဆောင်ရွက်မှသာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကို ပြန်လည်ဆွဲဆောင်နိုင်မှာဖြစ်ကြောင်းသုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Nearly 10,000 Garment Workers Face Job Losses Due to Factory Closures

AAMIJ, 20 October 2026

The Myanmar Industries, Crafts and Services Trade Unions Federation (MICS-TUsF) has announced that nearly 10,000 garment workers in Yangon Region could lose their jobs due to garment factory closures.

It is reported that approximately six garment factories located in the Shwepyithar, Hlaingtharyar, Hmawbi, and Mingaladon industrial zones are expected to close permanently by the end of October 2026, as they are no longer receiving long-term orders from abroad.

Some of these factories have already begun reducing their workforce, while others have provided one month's advance notice and are holding discussions with workers regarding the specific closure dates.

U Thet Hnin Aung, General Secretary of MICS-TUsF, stated that factories are required to provide advance notice of closure. If they fail to provide such notice, workers are entitled to one month's pay in lieu of notice, as well as statutory severance pay based on their length of service. Workers are encouraged to provide accurate information about their length of service and discuss it with factory management to minimise disputes over compensation calculations.

Furthermore, U Thet Hnin Aung pointed out that international investors have stopped placing orders due to measures taken against Myanmar under Article 33 of the International Labour Organization (ILO) Constitution. As a result, even factories in Myanmar that manufacture garments for international brands have been forced to close.

He also suggested that, to address these issues, violence must cease, and democracy, freedoms, and labour rights must be promoted. These measures are essential to attracting international investors back to the country.

သတင်း - Jun

ဓာတ်ပုံ - AAMIJ

စက်ရုံတွေ ပိတ်သိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမား တစ်သောင်းနီးပါး အလုပ်အကိုင် ဆုံးရှုံးနိုင်ဖွယ်ရှိ

AAMIJ ၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမား တစ်သောင်းနီးပါးအလုပ်အကိုင် ဆုံးရှုံးနိုင်တယ်လို့ မြန်မာနိုင်ငံ စက်မှု၊ လက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF) က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ ပြည်ပက အော်ဒါတွေ ရေရှည်လက်ခံရရှိမှု မရှိတာကြောင့် ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီနဲ့ မင်္ဂလာဒုံ စက်မှုဇုန်တွေရှိ အထည်ချုပ်စက်ရုံခြောက်ရုံခန့်ဟာ ၂၀၂၆ ခုနှစ်အောက်တိုဘာလကုန်မှာ အပြီးပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါစက်ရုံအချို့မှာ အလုပ်သမားတွေ စတင်လျှော့ချနေပြီးတချို့စက်ရုံတွေမှာ တစ်လကြိုတင် အသိပေးအကြောင်းကြားတာနဲ့ ပိတ်သိမ်းမယ့်ရက်အတွက် အလုပ်သမားတွေနဲ့ ဆွေးနွေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။



MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က စက်ရုံပိတ်သိမ်းရာမှာ အချိန်ကြိုတင်အကြောင်းကြားစာ (Notice) ပေးဖို့ လိုအပ်ပြီး မပေးနိုင်ပါက တစ်လစာ Notice ကြေးအပြင် ဥပဒေအရ လုပ်သက်နစ်နာကြေးတွေ ရပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

နစ်နာကြေး တွက်ချက်ရာမှာ အငြင်းပွားမှု နည်းပါးစေရေးအတွက် အလုပ်သမားတွေဘက်က လုပ်သက်အချက်အလက်တွေကို မှန်ကန်စွာ တင်ပြဆွေးနွေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အာတီကယ် ၃၃ အရ အရေးယူခံထားရတဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက အော်ဒါတွေ မအပ်တော့ဘဲ ပြည်တွင်းရှိ နိုင်ငံတကာဘရန်းချုပ်လုပ်နေတဲ့ စက်ရုံတွေပါ ရပ်တန့်လာရတာ ဖြစ်တယ်လို့ ဦးသက်နှင်းအောင်ကထောက်ပြပါတယ်။

အဆိုပါ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လိုအပ်သလို ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ အလုပ်သမားအခွင့်အရေးတွေကို တိုးမြှင့်ဆောင်ရွက်မှသာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကို ပြန်လည်ဆွဲဆောင်နိုင်မှာဖြစ်ကြောင်းသုံးသပ်မှုတွေလည်း ရှိနေပါတယ်။

သတင်း - Jun

ဓာတ်ပုံ - AAMIJ

[English Below]MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “အထည်ချုပ်စက်ရုံတွေ လူအင်အားအရ ဆိုရင်တော့ လူ ၅,၀၀၀ ...
20/10/2026

[English Below]
MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “အထည်ချုပ်စက်ရုံတွေ လူအင်အားအရ ဆိုရင်တော့ လူ ၅,၀၀၀ လောက် အလုပ်လုပ်နေတဲ့ စက်ရုံတရုံ ပါတယ်။ ကျန်တဲ့စက်ရုံတွေက လူ ၁,၀၀၀ ဝန်းကျင်လောက်နဲ့ လည်ပတ်နေတဲ့ စက်ရုံတွေပေါ့နော်။ ဒီစက်ရုံ ၆ ရုံပိတ်မယ် ဆိုပြီးတော့မှ တချို့စက်ရုံတွေဆိုရင် Notice စပြီး ပေးတာတွေ ရှိတယ်။ တချို့စက်ရုံတွေဆိုရင် စပြီးတော့မှ လူအင်အား လျှော့တာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ Notice မှာ ပေးထားတာကတော့ အထည်အော်ဒါမရလို့ ဆိုပြီးတော့ ပါလာတာပေါ့လေ။ ဒါပေမဲ့ တဖက်က ကြည့်ရင်တော့ သွင်းကုန်ဆိုင်ရာမူဝါဒတွေ မတည်ငြိမ်တာ၊ နောက်တခုကတော့ လျှပ်စစ်မီးနဲ့ ပတ်သက်တဲ့ အခက်အခဲပေါ့နော်။ နောက်တခုကတော့ ဒေါ်လာဈေးနဲ့ပတ်သက်တဲ့ ပြဿနာတွေပေါ့။ ဒါတွေက တော်တော်လေးကို အတွင်းထဲမှာ လှိုက်စားနေတဲ့ ပြဿနာလို့ ပြောရမှာဖြစ်ပါတယ်။ လက်ရှိပေါ့လေ ဒီအလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေအတွက်ကိုတော့ တခြား လုပ်ကိုင် ခွင့်လမ်းတွေ ဖန်တီးပေးနိုင်တဲ့ အခြေအနေကတော့ မရှိဘူးလို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်။ အားလုံးပေါင်းဆိုရင် အလုပ်သမား ၁၀,၀၀၀ ဝန်းကျင်လောက်က အလုပ်လက်မဲ့ ဖြစ်မှာ သေချာတယ်ခင်ဗျ” လို့ ပြောပါတယ်။

Ko Thet Hnin Aung, General Secretary of MICS-TUsF, stated: “Among the garment factories, one employs around 5,000 workers, while the others each employ approximately 1,000 workers. Six factories have announced plans to close down. Some have already issued formal notices, while others have begun reducing their workforce. The notices cite a lack of garment orders as the reason for the closures. However, the underlying issues include unstable import policies, difficulties with electricity supply, and problems related to the US dollar exchange rate. All of these are deeply rooted systemic problems. To be frank, there are currently no prospects for creating alternative employment opportunities for these displaced workers. We can say with certainty that around 10,000 workers will end up unemployed.”

Photo: DVB
အပြည့်အစုံ Comment မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “အထည်ချုပ်စက်ရုံတွေ လူအင်အားအရ ဆိုရင်တော့ လူ ၅,၀၀၀ လောက် အလုပ်လုပ်နေတဲ့ စက်ရုံတရုံ ပါတယ်။ ကျန်တဲ့စက်ရုံတွေက လူ ၁,၀၀၀ ဝန်းကျင်လောက်နဲ့ လည်ပတ်နေတဲ့ စက်ရုံတွေပေါ့နော်။ ဒီစက်ရုံ ၆ ရုံပိတ်မယ် ဆိုပြီးတော့မှ တချို့စက်ရုံတွေဆိုရင် Notice စပြီး ပေးတာတွေ ရှိတယ်။ တချို့စက်ရုံတွေဆိုရင် စပြီးတော့မှ လူအင်အား လျှော့တာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ Notice မှာ ပေးထားတာကတော့ အထည်အော်ဒါမရလို့ ဆိုပြီးတော့ ပါလာတာပေါ့လေ။ ဒါပေမဲ့ တဖက်က ကြည့်ရင်တော့ သွင်းကုန်ဆိုင်ရာမူဝါဒတွေ မတည်ငြိမ်တာ၊ နောက်တခုကတော့ လျှပ်စစ်မီးနဲ့ ပတ်သက်တဲ့ အခက်အခဲပေါ့နော်။ နောက်တခုကတော့ ဒေါ်လာဈေးနဲ့ပတ်သက်တဲ့ ပြဿနာတွေပေါ့။ ဒါတွေက တော်တော်လေးကို အတွင်းထဲမှာ လှိုက်စားနေတဲ့ ပြဿနာလို့ ပြောရမှာဖြစ်ပါတယ်။ လက်ရှိပေါ့လေ ဒီအလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေအတွက်ကိုတော့ တခြား လုပ်ကိုင် ခွင့်လမ်းတွေ ဖန်တီးပေးနိုင်တဲ့ အခြေအနေကတော့ မရှိဘူးလို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်။ အားလုံးပေါင်းဆိုရင် အလုပ်သမား ၁၀,၀၀၀ ဝန်းကျင်လောက်က အလုပ်လက်မဲ့ ဖြစ်မှာ သေချာတယ်ခင်ဗျ” လို့ ပြောပါတယ်။

Photo: DVB
အပြည့်အစုံ Comment မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

20/10/2026

ရန်ကုန်အထည်ချုပ်စက်ရုံ ၆ ရုံ ပိတ်သိမ်းဖို့ အသိပေးထား၊ အလုပ်သမား ၁ သောင်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်နိုင်

#ရန်ကုန် #အထည်ချုပ်စက်ရုံ #စက်ရုံပိတ်သိမ်းမှု #အလုပ်သမား #အလုပ်လက်မဲ့ #အလုပ်သမားအခွင့်အရေး #လှိုင်သာယာ #ရွှေပြည်သာ #မှော်ဘီ #သတင်းစုံ

19/10/2026

အထည်ချူပ်စက်ရုံတွေပိတ်မယ်

19/10/2026

အထည်ချုပ်စက်ရုံတွေဆက်တိုက်ပိတ်သိမ်းလာတာနဲ့အတူအလုပ်လက်မဲ့ဖြစ်ရတော့မယ့်အလုပ်သမားတွေရဲ့နောက်ဆက်တွဲအခြေအနေဘာတွေဖြစ်လာနိုင်လဲ

အောက်တိုဘာ ၊ ၁၉ ရက်
The Justice Wave

ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံအချို့ ဆက်တိုက်ပိတ်သိမ်းရန်စီစဉ်နေတာကြောင့် လက်ရှိအဲ့ဒီ့စက်ရုံတွေမှာလုပ်ကိုင်နေတဲ့ အလုပ်သမား(၁)သောင်းနီးပါးအလုပ်အကိုင်ဆုံးရှုံးနိုင်တယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်MICS-TUsF ကထုတ်ပြန်လာပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပါတ်သတ်ပြီး လက်ရှိစက်ရုံတွေ ရဲ့အခြေအနေ စက်ရုံတွေပိတ်သိမ်းလာရတဲ့အကြောင်းအရင်းနဲ့ အလုပ်သမားတွေကြုံတွေ့လာနိုင်တဲ့အခြေအနေကို အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်MICS-TUsFမှ အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်က အခုလိုပဲ The Justice Wave သတင်းဌာနကိုအခုလိုပဲပြောပြထားပါတယ်။



#ကိုသက်နှင်းအောင်
#အလုပ်သမားအရေး
#စက်ရုံ

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၆ ရုံ ပိတ်သိမ်းရန် တရားဝင်အသိပေးကြေညာလိုက်ပြီး အလုပ်သမား တစ်သောင်းဝန်းကျင် အလုပ်လက်မဲ့ဖြ...
19/10/2026

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၆ ရုံ ပိတ်သိမ်းရန် တရားဝင်အသိပေးကြေညာလိုက်ပြီး အလုပ်သမား တစ်သောင်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်တော့မည်

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကောင်စီ၏ သွင်းကုန်ဆိုင်ရာ မူဝါဒအခက်အခဲများနှင့် လျှပ်စစ်မီး လုံလောက်စွာမရရှိမှုများအပြင် ပြည်ပအော်ဒါကျဆင်းမှုများကြောင့် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၆ ရုံ ပိတ်သိမ်းရန် နို့တစ်စာပေးပို့ထားပြီး အလုပ်သမား ၁၀,၀၀၀ ဝန်းကျင် အလုပ်အကိုင်ဆုံးရှုံးနိုင်ကြောင်း မြန်မာနိုင်ငံစက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမပေါ်ရှိ လှဲငုတ်ချောင်းကျေးရွာတွင် ဖွင့်လှစ်ထားပြီး အလုပ်သမား ၅,၀၀၀ ဝန်းကျင် လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံတစ်ရုံသည် အောက်တိုဘာ ၃၀ ရက်တွင် အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် နို့တစ်စာပေးပို့ထားပြီး လက်ရှိတွင် အလုပ်သမားများကို စတင်လျှော့ချနေပြီဖြစ်ကြောင်း သိရသည်။

အလားတူ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၄၊ ကျောက်စိမ်းလမ်းရှိ အလုပ်သမား ၁,၀၀၀ ဝန်းကျင် လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံတစ်ရုံသည်လည်း အောက်တိုဘာ ၂၁ ရက်တွင် အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် နို့တစ်စာပေးပို့ထားသည်။

ထို့အပြင် လှိုင်သာယာမြို့နယ်၊ ပုသိမ်ဝန်ထောက်ဦးမြဲလမ်းနှင့် ပြင်စည်မင်းသားကြီးလမ်းထောင့်ရှိ စက်မှုဇုန်အတွင်း ဖွင့်လှစ်ထားပြီး အလုပ်သမား ၁,၀၀၀ ဝန်းကျင် လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံတစ်ရုံသည်လည်း အောက်တိုဘာ ၂၂ ရက်တွင် အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံများအပြင် မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်အတွင်းရှိ အလုပ်သမား ၁,၀၀၀ ဝန်းကျင် လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံတစ်ရုံအပါအဝင် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၆ ရုံ ပိတ်သိမ်းရန် ပြင်ဆင်နေပြီး စုစုပေါင်း အလုပ်သမား ၁၀,၀၀၀ ဝန်းကျင် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနိုင်ကြောင်း သိရသည်။

MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က အဆိုပါစက်ရုံများ ပိတ်သိမ်းရခြင်းအတွက် လုပ်ငန်းရှင်များဘက်က ပြည်ပအော်ဒါမရရှိခြင်းကို အဓိကအကြောင်းပြထားသော်လည်း ကုန်ကြမ်းသွင်းယူမှုနှင့် ပတ်သက်သည့် သွင်းကုန်မူဝါဒအခက်အခဲများ၊ လျှပ်စစ်မီး မလုံလောက်မှုများလည်း အဓိကအကြောင်းရင်းများဖြစ်နေကြောင်း ပြောသည်။

“အခုကျနော်တို့ရထားတဲ့ စက်ရုံတွေက လူဦးရေ ၅,၀၀၀ လောက်ရှိတဲ့ စက်ရုံတစ်ရုံရယ်၊ လူတစ်ထောင်နီးပါးလောက် အလုပ်လုပ်နေတဲ့ စက်ရုံ ၅ ရုံရယ်၊ စုစုပေါင်း စက်ရုံ ၆ ရုံလောက် ပိတ်မယ်လို့ သတင်းရထားတယ်။ ဒီအထည်ချုပ်စက်ရုံတွေက ပြည်ပက အော်ဒါမရလို့ဆိုပြီး အကြောင်းပြတာတွေ့ရတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ကုန်ကြမ်းနဲ့ပတ်သက်တဲ့ သွင်းကုန်မူဝါဒအခက်အခဲတွေ၊ လျှပ်စစ်မီးဆိုင်ရာ ပြဿနာတွေလည်း ရှိတယ်။ အဲဒီလိုကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ အဆင်မပြေတာကြောင့် ပြည်ပအော်ဒါမရလို့ဆိုပြီး အကြောင်းပြကာ စက်ရုံတွေ ဆက်တိုက်ပိတ်လာတာဖြစ်တယ်” ဟု ဦးသက်နှင်းအောင်က ပြောသည်။

လက်ရှိအခြေအနေတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ၏ Article 33 အရ အရေးယူဆောင်ရွက်မှုများ ရှိနေသည့်အပြင် အခြားအထည်ချုပ်စက်ရုံများလည်း ပိတ်သိမ်းရန် အခြေအနေရှိနေပြီး စုစုပေါင်း စက်ရုံ ၁၀ ရုံခန့်အထိ ရှိနိုင်ကြောင်း MICS-TUsF ထံမှ သိရသည်။

စက်ရုံများ ပိတ်သိမ်းရာတွင် အလုပ်သမားများ၏ လုပ်သက်အလိုက် နစ်နာကြေးများ ရရှိရေးနှင့် နို့တစ်စာမပေးဘဲ အလုပ်မှရပ်စဲပါက နို့တစ်ကြေး တစ်လစာရရှိရေးတို့အတွက် MICS-TUsF အနေဖြင့် လိုက်ပါဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထို့အပြင် စက်ရုံပိတ်သိမ်းရာတွင် အလုပ်သမားများ၏ လုပ်သက်ကို လျှော့ချတွက်ချက်ပြီး နစ်နာကြေးလျှော့ပေးခြင်း မဖြစ်စေရန် မူလလုပ်သက်အတိုင်း မှန်ကန်စွာ တွက်ချက်ပေးရန်လည်း သမဂ္ဂဘက်က တောင်းဆိုထားကြောင်း ဦးသက်နှင်းအောင်က ပြောသည်။

“စက်ရုံတစ်ရုံပိတ်ပြီဆိုရင် မဖြစ်မနေဆောင်ရွက်ပေးရတာက လုပ်သက်အလိုက် နစ်နာကြေးတွေ ရရှိဖို့နဲ့ နို့တစ်မ
ပေးဘူးဆိုရင် နို့တစ်ကြေးတစ်လစာ ရရှိဖို့ ဖြစ်တယ်။ နောက်တစ်ခုက စက်ရုံပိတ်သိမ်းတဲ့အခါ လုပ်သက်ကို လိမ်ညာပြီး ဖြည့်တာ၊ လျှော့တာမျိုး မလုပ်ဘဲ မူလရှိရင်းစွဲ လုပ်သက်အတိုင်း လျော်ကြေးပေးဖို့ ဖြစ်တယ်။ လုပ်သက်ကို လျှော့တွက်လိုက်ရင် လျော်ကြေးလည်း လျော့သွားမှာဖြစ်လို့ လုပ်သက်တွေကို မှန်မှန်ကန်ကန် ထည့်သွင်းတွက်ချက်ပေးဖို့ တိုက်တွန်းထားတယ်” ဟု ဦးသက်နှင်းအောင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများ ပိတ်သိမ်းမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် အလုပ် သမားထောင်နှင့်ချီ၍ အလုပ်အကိုင်ဆုံးရှုံးနိုင်သည့်အခြေအနေရှိနေပြီး စက်ရုံပိတ်သိမ်းမှုများတွင် အလုပ်သမားများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန် MICS-TUsF အနေဖြင့် ဆက်လက်လိုက်ပါဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဓာတ်ပုံ- ရန်ကုန်အခြေစိုက် အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုမြင်ကွင်း။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

Address

Yangon

Telephone

09776767968

Website

Alerts

Be the first to know and let us send you an email when MICS - TUsF - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby clothing stores