Gateway Uk to Myanmar Online Shopping

Gateway Uk to Myanmar Online Shopping 💠In a world of the ordinary -wear what makes you extraordinary. Not just jewelery- your personal treasure. Shopping & retail

Dopamine in daily life            Dopamine ဆိုတာ မိမိတို့ ဘဝမှာမရှိမဖြစ်တဲ့ အရာတခု ။ ဒိုပါမင်းက ခန္ဓာကိုယ်မှာ ကောင်းတဲ့ခ...
21/12/2025

Dopamine in daily life
Dopamine ဆိုတာ မိမိတို့ ဘဝမှာမရှိမဖြစ်တဲ့ အရာတခု ။ ဒိုပါမင်းက ခန္ဓာကိုယ်မှာ ကောင်းတဲ့ခံစားချက် ပျော်ရွှင်မှု တက်ကြွမှု ကျေနပ်မှုတွေပေးတယ် ။ ဦးနှောက်က အောင်မြင်မှုလေးတွေရတဲ့ အခါ ဆုချတဲ့သဘောနဲ့ထုတ်ပေးလေ့ရှိတယ် ။ အရသာရှိတဲ့ အစားအစာ အောင်မြင်မှု တက်ကြွမှု ဆက်သွယ်မှု စိတ်ဓာတ်တက်ကြွမှုစတာတွေ ကိုကျေနပ်မှု ပျော်ရွှင်မှု ခံစားရတာ dopamine ကြောင့်ပါ။ သို့သော် အမြဲမြင့်နေတာမဟုတ် ကျသွားရင် ဆန့်ကျင်ဘက် ဖြစ်တဲ့ အစာမစားချင် လူနုံး ပင်ပန်းစိတ်ကျ s*x drive မရှိစတာတွေဖြစ်တယ် ။ ဒိုပါမင်းနဲ့နေရတာကြိုက်လား minfulness နဲ့ နေရတာကြိုက်လားဆို ဒိုပါမင်းထွက်တာကြိုက်ရင် ထွက်အောင်လိုက်ရှာ ရတယ် အစားအစာပဲဖြစ်ဖြစ် partner ပဲဖြစ်ဖြစ် ရင်ခုန်စရာ ရှာရတယ် အောင်မြင်မှုရအောင်ကြိုးစားတယ် ဒိုပါမင်းကကောင်းတဲ့ အရာပါ ။ သို့သော် ထိုခံစားချက်ကို စွဲလမ်းပြီး အလွန်အကျွံ လှုံဆော်တတ်ပါတယ် ။ အလွန်အကျွံ ဖုန်းသုံးတာ game တွေ ကစား လောင်းကစားတွေ ကစားတာ club တွေbarတွေ အမြဲသွားတာ တွေဖြစ်လာပါတယ် ။ အလွန်အကျွံ ကြိုက်တဲ့သူကျတော့ ဆေးသုံးတယ် ။ စွဲလမ်းစေ အငမ်းမရဖြစ်စေတယ်။ ဒါတွေကို မသိစိတ်က အမြဲလိုက်ရှာနေရပြီး မရှိရင် ထိုးကျသွားတဲ့ အချိန်ရောက်လာပြီး ဆန့်ကျင်ဘက်တွေခံစားရတာပါပဲ ။ နေရတာ အလိုမကျ ဖြစ်လာပါတယ်။
Mindfulness ကလဲ dopamine ကိုထွက်စေတယ် သို့ပေမဲ့ မျှခြေမှာထိန်းပေးတယ် ။ mindfulness ကပျော်ရွှင်မှု ကျေနပ်မှုကို အခြေမခံပါဘူး ။ လက်ရှိအချိန်ဖြစ်နေတာကို သိနေတဲ့အပေါ်အ​ခြေခံပါတယ် ။ တည်ကြည်ရှင်းလင်းပြတ်သားတဲ့စိတ်ပေါ်အခြေခံပါတယ် ။ ခံစားချက် ပေါ်မှာ တုန့်ပြန်မှု မလုပ်ခင် ကြားထဲမှာ နေရာတခု ဖြစ်စေတယ် ။ အဲ့အချိန်မှာ ဖြစ်နေတဲ့ခံစားချက်ကိုပြန်ကြည့်စေပြီး မတူတဲ့ ရွေးချယ်မှုတခုကိုလုပ်စေတယ် ။ မတူတာက စိတ်ပျော်ရွှင်မှု စိတ်ခံစားချက်ကောင်း နောက်လိုက်နေတာမဟုတ်ပဲ ပျော်ရွှင်မှု ကို စွဲလမ်းတဲ့နောက် လိုက်နေတာမဟုတ်ဘဲ တနည်း စိတ်ပျော်ရွှင်မှုက ဘဝကြီးမဟုတ်ဘဲ ကိုယ့်အတွက် အဓိပ္ပာယ်ပိုရှိတဲ့ ရည်မှန်းချက် ပန်းတိုင်တွေမှာ လိုသလောက် ပျော်ရွှင်မှု ကျေနပ်မှု ထားပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းဘောင်အတွင်း လိုအပ်တဲ့ ပျော်ရွှင်မှု အားထုတ်မှု ရွေးချယ်မှုနဲ့နေထိုင်တာဖြစ်ပါတယ် ။ dopamine ရဲ့ လွှမ်းမိုးချယ်လှယ်မှုကိုမခံပဲ မိမိက ပြန်ပြီး လိုသလိုသုံးဖို့ပါ ။

Dr Joe Dispenza         အသက် ၂၃ နှစ်မှာ စက်ဘီးစီးရင်း မတော်တဆဖြစ်ရာမှ ခါးရိုး 6ရိုး ကျိုးသွားပြီး ခါးရိုးပင်မ အာရုံကြောထ...
13/12/2025

Dr Joe Dispenza
အသက် ၂၃ နှစ်မှာ စက်ဘီးစီးရင်း မတော်တဆဖြစ်ရာမှ ခါးရိုး 6ရိုး ကျိုးသွားပြီး ခါးရိုးပင်မ အာရုံကြောထိခိုက်ခဲ့တယ် ။ ဆရာဝန်က ခွဲစိတ်မှုမလုပ်ရင် အောက်ပိုင်းသေမယ် ပြောခဲ့တယ် ။ တကိုယ်လုံး cast ပတ်ထားရပြီး ငြိမ်နေရတယ် ။သူလေ့လာထားတဲ့ စိတ်နဲ့ ခန္ဓာကိုယ် ဆက်စပ်ကုသခြင်းကိုပဲ ရွေးခဲ့တယ် ။ သောက်ဆေးမပါ ခွဲစိတ်ကုသမှုမပါဘဲ ၃လ အတွင်း လမ်းလျောက်နိုင်ခဲ့တယ် ။ လုံးဝပျောက်ကင်းသွားခဲ့ပြီး မပျောက်ကင်းနိုင်တဲ့ရောဂါပေါင်း များစွာကို meditation တရား ထိုင်ခြင်းနဲ့ သိပ္ပံပညာပေါင်းစပ်ကုစခဲ့တယ် ။

နိုင်ငံပေါင်း 17 နိုင်ငံကို သွားရောက်ပြီး မပျောက်ကင်းနိုင်တဲ့ရောဂါတွေကို စိတ်နဲ့ခန္ဓာ ဆက်သွယ်မှုကို သတိထားပြီး အတွင်းပိုင်းပြုပြင် ခြင်းဖြင့် ကုသပျောက်ကင်းခဲ့တဲ့ လူရာပေါင်းများစွာကိုလေ့လာတွေ့ရှိခဲ့ပါတယ် ။ neuroscience,Quantum physics ,epigenetic ပညာရပ်တွေထပ်မံလေ့လာပြီး ALS, Lupus , Parkinson’s disease , Myasthenia gravis , cancer စတဲ့သေစေနိုင်လောက်ပြီး မပျောက်ကင်းနိုင်တဲ့ရောဂါတွေကို လက်တွေ့ meditation တရားထိုင်ခြင်း ကြောင့်ပြောင်းလဲလာတဲ့ဖြစ်စဉ်များကို brain scan ရိုက်ကြည့်ပြီး လက်တွေ့ပျောက်ကင်းအောင် ကုသပေးခဲ့ပါတယ် ။ ရောဂါတော်တော်များဟာ မပျောက်ကင်းနိုင်ဘူးဆိုပြီး လက်ခံ စွဲလမ်းထားတဲ့အတွေးနဲ့ စိတ်ခံစားမှုတွေ အမူအကျင့် နေ့စဉ် ဖြတ်သန်းနေတဲ့ နေထိုင်မှုပုံစံတွေကြောင့်ဖြစ်ပါတယ် ။ အတွင်းပိုင်းပြောင်းလဲခြင်းဟာ ကျန်းမာရေး ကိုသာမက ပတ်ဝန်းကျင်အခြေအနေကို လက်တွေ့ကျကျပြောင်းလဲပေးပါတယ် ။
Dr Joe ဟာ သူ့ကျောရိုးလှုပ်မရ တဲ့အချိန်မှာ အရိုး အသစ်ပြန်လည်မွေးဖွားနေတာ ပြန်လည်ကျန်းမာနေတာကို ယုံကြည်ပြီး ပျောက်ကင်းတဲ့စိတ်အခြေအနေကို ပုံဖော် ပြီး ကုသခဲ့ပါတယ် ။ တရားထိုင်ခြင်းဟာ အပြင်အာရုံတွေကို ဖယ်ထားလိုက်ပြီး အတွးတွေကို ဘာလဲဆိုတာသိစေနိုင်ပြီး လိုချင်တဲ့ ကိုယ်ရဲ့ပုံစံ ခံစားချက် အနာဂတ်ကို မြင်ယောင် ပုံ ဖော် ခံစားနိုင်ပါတယ် ။ ခံစားချက် ယုံကြည်ချက် ပြောင်းရင် အတွေးပြောင်း gene ဗီဇ ပြောင်းပြီး ထွက်ရှိတဲ့ protein လုပ်ဆောင်ချက်တွေပြောင်းတယ် လို့ လေ့လာတွေ့ရှိခဲ့ ပါတယ် ။ အဆင့် ၄ cancer ကင်ဆာရောဂါကိုပါ ပျောက်ကင်းအောင်ကုသနိုင်ခဲ့ပါတယ်။

နေ့စဉ်ဘဝမှာအခက်ခဲဆုံးက အတိတ်က အခြေအနေကိုပြန်ပေးနိုင်တဲ့ ခံစားချက်ထဲပြန်ရောက်နေခြင်းကိုရပ်ဖို့ ဖြစ်ပါတယ်တဲ့။ စိတ်ခံစားမှု အများဆုံး အချိန်အဖြစ်အပျက်ကို ဦးနှောက်က ဓာတ်ပုံရိုက်သလို ရိုက်ပြီး မှတ်သားထားပါတယ် ။ အဲ့ခံစားချက်ပေါ်တာနဲ့ အဲ့ဒီပုံရိပ် အဲ့ဒီအတွေးပြန်ပေါ်ပြီး ဒီဖြစ်စဉ် နဲ့ အခြေအနေထဲမှာ လည်ပြီး ဒီရလဒ်တွေပဲထွက်လာကြပါတယ်။ စိတ်ခံစားချက်မပြောင်းတဲ့ ကြိုးစားအားထုတ်မှုတိုင်းဟာ နဂိုမူလအခြေအနေကိုပြန်ရောက်စေပါတယ် ။ ပိန်ချင်တာ ကျန်းမာချင်တာ ချမ်းသာကြွယ်ဝချင်တာ စတာတွေကို stressful state မပိန်မှာကြောက် မကျန်းမာမှာကြောက် ဆင်းရဲမှာကြောက်တဲ့ ခံစားချက်နဲ့ ကြိုးစားအားထုတ်ခြင်းဟာ mystery ဆင်းရဲခြင်းပါပဲ ။
လူတွေမှာပါတဲ့ အသိဥာဏ်နဲ့ လက်ရှိအချိန်ကို သတိထားပြီး မသိတဲ့ စိတ်နဲ့လုပ်နေတာတွေကို ဘယ်လောက်များလဲ သိခိုင်းပါတယ် ။ အနာဂတ်မှာလိုချင်တဲ့ ဘဝအခြေအနေကို meditation လုပ်ပြီး မြင်ယောင်ခံစားပြီး လက်ရှိအချိန် လက်ရှိအခြေအနေက ခံစားချက်ကို အစားထိုးခံစားခိုင်းပါတယ် ။ လူတွေရဲ့ ဦးနှောက်က နှလုံးသား ခံစားချက်ကို မလိမ်နိုင်ပေမဲ့ ဥပမာ ပါးစပ်က ကောင်းတာ ရွတ်ဆိုနေပြီး စိတ်ထဲမှာ ခံစားချက်မကောင်းနေရင် ဦးနှောက်က အမှန်တကယ်လက်မခံပါဘူး တကယ်လို့ ခံစားချက် ကောင်းနေရင် ဘယ်ဟာအစစ်အမှန်လဲဆိုတာကို မခွဲခြားတတ်ပါဘူးလို့ ဆိုပါတယ် ။ ခံစားချက်ပြောင်း အတွေးပြောင်းရင် gene ပြောင်း protein ထုတ်လုပ်မှုပြောင်း ပတ်ဝန်းကျင်ပြောင်းပြီး လိုချင်တဲ့အနာဂတ် ကို ဖန်တီးနိုင်ပါတယ်။

Marketing             ရောင်းချခြင်းကို စိတ်ဝင်စားပါသလား ? မတူတဲ့သူတွေဆီက မတူညီတဲ့တုံ့ပြန်မှုကို စိတ်ဝင်စား သဘောကျ ရင်mar...
10/12/2025

Marketing
ရောင်းချခြင်းကို စိတ်ဝင်စားပါသလား ?
မတူတဲ့သူတွေဆီက မတူညီတဲ့တုံ့ပြန်မှုကို စိတ်ဝင်စား သဘောကျ ရင်marketing လုပ်ပါ။ တုန့်ပြန်မှု အငြင်းဝါကျ ပြန်အရေးမလုပ်တာမျိုး ကိုစိတ်ဓာတ်မကျတတ် မတုန်လှုပ်တတ် လူအမျိုးမျိုးရှိတတ်တာကိုကျေကျေနပ်နပ်လက်ခံတတ်ရင် marketing လုပ်ပါ။
သို့သော် အရောင်းသမားတွေကို စောင့်မျော်နေတဲ့သူ လိုအပ်ချက်ရှိနေတဲ့သူ ကိုယ့်အတွက်အကျိုးကျေးဇူးရမဲ့တစုံတရာကို ငွေနဲ့လဲချင်နေတဲ့သူတွေလဲအများကြီးရှိပါတယ် ။ မရောင်းရင်တောင်နောက်ပိုင်း ဝယ်ချင်လို့ လှမ်းခေါ် မှာယူကြပါတယ် ။ အမြဲ ဖောက်သည်တွေဖြစ်လာပါတယ် ။ ရောင်းချခြင်းပညာဟာ ချမ်းသာကြွယ်ဝမှုကို အပေးနိုင်ဆုံး အတတ်ပညာတခုပါပဲ ။ ရောင်းချခြင်းနဲ့ လုပ်ငန်းရှင် millionaire , billionaire တွေဖြစ်လာတဲ့သူတွေဟာ မရေတွက်နိုင်ပါဘူး။
ရောင်းချခြင်းကို နှစ်သက်တာဟာ yes ချည်းပြောခံရတာထက် no ဆိုတဲ့ တုန့်ပြန်မှုကိုပါ ခံနိုင်ရည်ရှိပြီး ဆက်ဆံရေးပိုမိုကောင်းမွန်အောင် လူတွေနဲ့ စီးပွါးရေးအရ network တည် ဆောက်တတ်အောင်ပါ။ လက်မခံသေးတာကို လက်ခံအောင်ပြောနိုင်တဲ့စွမ်းရည်ကိုတည်ဆောက်ချင်လို့ပါ ။ သူများအိတ်ကပ်ထဲက ငွေနဲ့ ဝန်ဆောင်မှု တခု အကျိုးတရား တခု ပိုင်ဆိုင်မှုတခု အပြင် စိတ်ချမ်းသာမှု ပျော်ရွှင်မှုပါပေးနိုင်လို့ပါ ။
သာမန်ဆက်ဆံရေးမှာ စကားပြောနည်းတဲ့သူ စကားပြောစွမ်းရည်နဲတဲ့သူတွေက စျေးရောင်းတဲ့အခါမှာပိုတော်တဲ့သူတွေ လူတွေကိုပိုရောင်းချနိုင်တဲ့သူတွေဖြစ်ကြပါတယ် ။ နားထောင်တဲ့စွမ်းရည် ကောင်းတဲ့သူတွေက အကောင်းဆုံး ပြောနိုင်တဲ့သူတွေပါပဲ။ လူတယောက်ကို သူပြောတာနားထောင်ပေးရင် သူ့အကြောင်းပို သိနိုင်ပါတယ် ။ သူ့အကြိုက် သူ့သဘာဝ သူ့လိုအပ်ချက်ကိုသိရပါတယ် ။ အရောင်းသမားကောင်းဖြစ်ဖို့ နောက်ထပ်လိုအပ်ချက်က ဘာကြောင့် ဒါကို ဝယ်ယူဖို့လိုအပ်တယ်ဆိုတာ ကောင်းကောင်းရှင်းပြတတ်ဖို့ပါ ။
ကိုယ်တိုင် ကိုယ်တွေ့ ဝယ်ယူဖူး ခံစားဖူး အကျိုးအမြတ်ရဖူးသူဆိုရင် ရောင်းချခြင်းမှာ super power ရှိနေပါပြီ ။ အသုံးချတတ်ဖို့ စတင်ဖို့ အငြင်းခံရမှာ မကြောက်ဖို့နဲ့ ကျွမ်းကျင်မှု စတာတွေကိုတည်ဆောက်နိုင်ဖို့ပဲလိုပါတယ် ။
နောက်ထပ်အရေးကြီးတာ market ရှာတတ်ဖို့နဲ့ စျေးနှုန်းသတ်မှတ်တတ်ဖို့ပါ ။ လူမျာများသိလေ market ရှာရလွယ်လေဖြစ်ပေမဲ့ ရင်းနှီး သူအသိများနဲ့ မိမိ skill လေ့ကျင့်ရုံသဘောထားပါ။ ရင်းနှီးလေ ပိုငြင်းဆန်တတ်လေပါ။ မိမိရောင်းချခြင်းကို ဝယ်ယူချင်တဲ့သူတွေက မိမိကျွမ်းကျင်တဲ့အခါရောက်လာပါလိမ့်မယ် ။
စျေးနှုန်း ကို ပြတ်ပြတ်သားသားသတ်မှတ်ပါ ။ ဝယ်သူ တယောက် နှစ်ယောက်မကြိုက်တာနဲ့ လျော့ရောင်းချင်တတ်တာမျိုးရှောင်ပါ။ လူတိုင်းက တန်ဖိုးအမှန်မသိတာပါ။ အရမ်း စျေးချိုနေရင်တောင် တန်ဖိုးမသိရင် စျေးများတယ်ထင်တတ်ပါတယ် ။စျေးများနေပေမဲ့ စိတ်ကျေနပ်မှုရှိရင်လဲ ကျေကျေနပ်နပ်ဝယ်ယူကြပြန်ပါတယ်။

Attraction

ပြန်မကျနိုင်တဲ့အဆင့်အထိသွားပါ              ငယ်စဉ်က မြန်မာစာစသင်ကာစ မှာ အက္ခရာ အလွတ်ကျက်လို့ရပြီဆိုရင် စာလုံးပေါင်းတခုချင...
04/12/2025

ပြန်မကျနိုင်တဲ့အဆင့်အထိသွားပါ

ငယ်စဉ်က မြန်မာစာစသင်ကာစ မှာ အက္ခရာ အလွတ်ကျက်လို့ရပြီဆိုရင် စာလုံးပေါင်းတခုချင်းစီ လွယ်တာကနေခက်ရာသို့သင်ရပါတယ် ။ စာလုံးပေါင်းအမျိုးမျိုး အသံထွက် အမျိုးမျိုး သင်ရတဲ့အချိန်မှာ စာဖတ်ရတာခက်ပါတယ် ။ဘယ်ဟာတွေ့ရင် သဝေထိုး ဘယ်ဟာက ရေးချာ ဘယ်ဟာ က ငသတ် တလုံးချင်းအသုံးထွက် သိဖို့လိုသလို ပေါင်းရင်လဲမှန်အောင်ထွက်ရပါသေးတယ် ။ အဲ့အချိန်ခက်ခဲလို့ မဖတ်ချင်ဘူးဆိုရင် ကလေးတွေကို တတ်အောင်ကြိုးစားလိုက်ပါ ဖတ်တတ်သွားရင် နောက်တခါပြန်မသင်ရတော့ပါဘူး ဆိုပြီး ပြောပြဖြစ်ပါတယ် ။
English ဘာသာလဲဒီလိုပါပဲ ဝေါဟာရတွေက ၁၀တန်းထိ သင်လာကြလို့ တော်တော်မျာများ ဝေါဟာရတွေသိပါတယ် ။ နားထောင်ပြီး ပြောဖို့ လေ့ကျင့်ရင် တတ်ပါတယ် ။ Native တွေပြောတဲ့စကားက အစပိုင်း နားထောင်ရခက်မှာပါ နားထောင်ပါများလို့ နားလည်သွားရင် ပါးစပ်ကပြော ဖို့လဲ ပိုလွယ်လာသလို နားလည်ဖို့ကြိုးစားနားထောင်ရတဲ့အဆင့်ကိုလဲ ဖြတ်ကျော်သွားမှာပါ။
Business တခုကိုစရင် အစပိုင်းမှာ ထုတ်ကုန်အသစ် လုပ်ငန်းအသစ်မို့ ဖောက်သည်တယောက်ရဖို့ ငြင်းပယ် မှုတွေ အကြိမ်များစွာခံရနိုင်ပါတယ် ။ လုပ်ငန်းနဲ့ပက်သက်လို့ နားမလည်တာတွေ မသိတာတွေလဲ နားလည်အောင် သိအောင် လုပ်နေရမှာပါ ။ တကယ်လို့ တစ်ယောက် နှစ်ယောက် သုံးလေးယောက်လောက်စပြီး အားပေးလိုက်ပြီဆိုရင်လဲ မိမိထုတ်ကုန်ရဲ့အရည်အသွေးနဲ့ ဝန်ဆောင်မှုကောင်းရင်ကောင်းသလို သုံးစွဲ သူအရေအတွက်က ဆပွါးတိုးလာနိုင်ပါတယ် မိမိရဲ့ စိတ်အားတက်ကြွမှု ယုံကြည်မှုလဲတိုးလာပြီး လွယ်ကူလာပါတယ်။
တကယ်လို့ network တခု market တခုရပြီးပြီဆိုရင်တော့ ပုံမှန်လည်ပတ်နေရုံပါပဲ။
ဘာသာရေးမှာဆိုရင်လဲ အစပိုင်း သဒ္ဓါရှိအောင် သမာဓိရအောင် မနည်းကြိုးစားရပေမဲ့ သမာဓိအားကောင်းလာရင်လွယ်လာပါပြီ ချမ်းသာမှုတွေတောင်ရပြီး မထိုင်ရမနေနိုင် မလုပ်ရမနေနိုင်တောင်ဖြစ်လာပါပြီ ဥဒယ ဘယဥာဏ်နောက်ပိုင်းရောက်ရင်တော့ ဥာဏ်စဉ်ကပြန်မကျတော့ဘူးလို့ ရာတော်တွေဟောပါတယ် ။ စထိုင်ခါစလို မခံမရပ်နိုင် နှလုံးမသွင်းနိုင်လဲမဖြစ်တော့ပါဘူး ။တရားလုပ်မယ်ဆို အဲ့လိုအဆင့်ထိရောက်အောင်သွားထားရင် ကျန်တဘဝလုံး သေရကြောက်တော့မှာမဟုတ်ပါဘူး ။
စည်းစိမ်ဥစ္စာမှာဆိုရင် တခုရဖို့သာခက်ခဲတတ်ပါတယ် ။ အိမ်တလုံး ရပြီးရင် နှစ်လုံး ရဖို့မခက်တော့ပါဘူး
ကားတစီးရပြီး ၂စီးရဖို့မခက်တော့ပါဘူး ။ များလာတဲ့အခါ ခြင်းတောင်းတခုထဲ ကြက်ဥတွေစုပြုံ မထည့်ထားရင် တခုဆုံးရှုံးရင်တခုကျန်နိုင် အာမခံတွေရှိနိုင်တာမို့ အကုန်ဆုံးရှုံးမှုမရှိအောင်ကာထားရင် ဖြစ်ဖို့နည်းပါတယ်။ သို့သော် စည်းစိမ်ဥစ္စာဆိုတာ မမြဲခြင်းတရားမို့ တရားသေမပြောနိုင်သော်လည်း တခါချမ်းသာအောင်လုပ်ထားဖူးတဲ့အတတ်ပညာရှိတဲ့သူက အားလုံးဆုံးရှုံးသွားလဲ တစ်က အချိန်မရွေးပြန်စဖို့ အတွေ့အကြုံ အဆက်အသွယ် ရှိပါတယ် ။

ဘာပဲလုပ်လုပ် အောင်မြင်တဲ့အထိ ပြန်မကျနိုင်တဲ့အဆင့်အထိသွားပါလို့ အကြံပြုရင်း။

ATTRACTION

How to imprint  $ 10k a month into your mindလစဉ် $1သောင်းရအောင် ဘယ်လိုလုပ်မလဲ              လစဉ် $10k ဝင်ငွေ ကို စိတ်ထဲ ၊...
29/11/2025

How to imprint $ 10k a month into your mind
လစဉ် $1သောင်းရအောင် ဘယ်လိုလုပ်မလဲ

လစဉ် $10k ဝင်ငွေ ကို စိတ်ထဲ ၊ အာရုံကြောထဲ ၊ နေ့စဉ် ကိုယ်အမူအရာတွေထဲ ထည့်သွင်းမယ်ဆိုရင် မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ biology ဇီဝဖြစ်စဉ်ထဲ ကို program လုပ်ပေးရပါမယ် ။ ဒီဝင်ငွေဟာ မိမိအတွက် သာမန်ပဲလို့ မှတ်ထင်ဖို့လိုပါတယ် ။
ဒါဟာManifestation သပ်သပ်မဟုတ်ပါဘူး ။ သင်ဟာလစဉ် $ ၁သောင်း ရနေတဲ့သူကဲ့သို့ နေထိုင်ရန် ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးခြင်းပါ ။

1 .🧠 biological expectation က လစဉ် $ ၁သောင်း ဖြစ်ရန်
1)မိမိဦးနှောက်က
1. လုံခြုံတယ်
2. ပုံမှန်ဖြစ်တယ်
3. အဲဒါငါဖြစ်တယ်
လို့လက်ခံရပါမယ်။
လူတွေရဲ့ ဦးနှောက်က မိမိအတွက် မလုံခြုံတာ ၊ မရင်းနှီးတာ ၊ အရမ်း ကြီးမား နေတယ်ထင်တာကို လက်မခံဘဲ တားဆီးတတ်ပါတယ် ။

2). တနေ့ကို ၂ မိနစ်သုံးပြီး ချရေးပါ ။ ကျယ်ကျယ်ရွတ်ဆိုပါ ။
လစဉ် $ ၁သောင်း ဝင်နေတဲ့သူဖြစ်တယ် ။ ငါ့ရဲ့ body က ဒီကြွယ်ဝမှု အဆင့်ကိုကောင်းစွာ ထိန်းသိမ်းထားနိုင်တယ် ။
ဒါဟာမိမိidentity ကိုခန္ဓာကိုယ်နဲ့ ညီမျှအောင် self identity ကို စတင်ပြောင်းလဲပေးပြီး စိတိဖိစီးမှုကို ကောင်းစွာတုန့်ပြန်နိုင် ယုံကြည်မှုလမ်းကြောင်းကိုဖွင့်ပြီး စိတ်ဓာတ်မြှင်တင်ခြင်း လုပ်ငန်းစဉ်စတာဖြစ်ပါတယ်။

2.🫆လစဉ် $1သောင်း identity ကို မိမိရဲ့ မသိစိတ်ထဲကို ထည့်ပါ ။

မသိစိတ်က control လုပ်နေတဲ့အရာတွေက
-အမူအကျင့်တွေ
-စွန့်စားမှု
-တီထွင်မှု
-စွမ်းအင်
-စွဲမြဲမှု
တွေကိုလုပ်ဆောင်ပါတယ်။
မသိစိတ်က ရှင်သန်ဖို့ ရုန်းကန်ဖို့ မသေချာတဲ့ဝင်ငွေကို ပဲ ကိုယ့် identity အနေနဲ့သိနေရင် လစဉ် $1သောင်းဝင်ငွေကိုတာဆီးနေမှာပါ ။
အောက်ပါ လေ့ကျင့်ခန်းလေးတွေလုပ်ကြည့်ပါ ။
1 .တလ$1သောင်းရနေတဲ့ မိမိရဲ့ version အသစ် ရဲ့ ခံစားမှုကဘယ်လိုနေမလဲ ?
2.ယုံကြည်မှုက ဘာဖြစ်နေမလဲ?
3.ရှေ့ဆက်ပြီး ဘဝထဲမှာ လက်မခံတော့မဲ့အရာတွေကဘာလဲ?
4.ဘယ်အရာတွေမှာ မိမိရဲ့ energy ကို focus စုစည်းထားမလဲ ?

ဒါဟာ မသိစိတ်မှာ မိမိရဲ့ blueprint ကို ပြန်ပြီးထည့်သွင်းတာပါ ။

3.🫵$10k a month ရနေတဲ့ အမူအရာတွေကို ကျင့်သုံးပါ ။
လူတယောက်ရဲ့ အမူအကျင့် လုပ်ဆောင်ချက်ကနေ ထိုလူရဲ့ ဝင်ငွေကလာပါတယ်။
အမူအကျင့်က မိမိရဲ့ သတ်မှတ်ချက် identity ကလာပါတယ် ။
လစဉ် $၁သောင်းဝင်နေတဲ့ မိမိရဲ့ version က ဘာတွေကိုအလိုလိုလုပ်နေမလဲ ။
မိမိလုပ်မဲ့အလုပ်တွေ
Example -လုပ်ငန်းအတွက် အလားအလာရှိတဲ့သူတွေကို ဘယ်လို offer တွေလုပ်နေမလဲ
- လစဉ်ရောင်းအားတွေဘယ်လိုတက်အောင်လုပ်မလဲ
- content တွေ အပတ်စဉ်ရေးနေတာ
- စျေးနှုန်းသတ်မှတ် ချက်တွေကို ယုံကြည်စွာ သတ်မှတ်တာ

4.👊🏿 လစဉ် $ 1သောင်းဝင်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်း ချဆွဲတာ။
ဝင်ငွေလမ်းကြောင်းတွေ ကို လိုချင်တဲ့ဝင်ငွေရအောင် ဘယ်လောက်ရောင်းချရမလဲ သေချာ ရေးချပါ။
ဥပမာ အရောင်းနဲ့ပက်သက်တဲ့ target
Coach တယောက်ဆိုရင် clients ဘယ်နှယောက်ရှိရမလဲ
ဝင်ငွေလမ်းကြောင်းအများကြီးရှိရင် တမျိုးမက လမ်းကြောင်းအကုန် ချရေးပါ ။

5.🌝 နေ့စဉ် reprogram လုပ်ပါ ။
ညအိပ်ခါနီးအချိန်ဟာ မသိစိတ်ထဲရောက်ဖို့လလွယ်ပါတယ် ။
လစဉ် $ 1 သောင်းဝင်ငွေဟာ စိတ်ချလုံခြုံမှုရှိတယ် ။ ငါနဲ့ ရင်းနှီးပြီးသား ။ ငါအတွက် သင့်တော်တယ် လို့ ပြောပြီးအိပ်ပါ ။

6.🌺 Somatic Activation
ခန္ဓာကိုယ်က လုံးဝလက်ခံဖို့အရေးကြီးဆုံးပါ ။
နေ့စဉ် စက္ကန့် ၃၀ သုံးပြီး
🪶အသက်ရူသွင်းပါ I am abundance
👃ရှုထုတ်ပါ ။ တကိုယ်လုံး မှာရှိတဲ့ ကြွက်သားတွေလျော့ပါ ။
ရင်ဘတ်ပေါ်လက်တင်ရွတ်ဆိုပါ ။ ငါ့ခန္ဓာကိုယ်က ကြွယ်ဝမှုကို ထိန်းသိမ်းထားတယ်လို့ရွတ်ဆိုပါ ။

Attraction
Thanks

လိုချင်တာမရခဲ့တာ ပိုကောင်းတာ ရဖို့             လိုချင်တာတွေနဲ့ လွဲချော်ခဲ့တာ မျော်လင့်တမ်းတနေတဲ့အရာတွေမရခဲ့တာဟာ ပိုကောင်...
28/11/2025

လိုချင်တာမရခဲ့တာ ပိုကောင်းတာ ရဖို့
လိုချင်တာတွေနဲ့ လွဲချော်ခဲ့တာ မျော်လင့်တမ်းတနေတဲ့အရာတွေမရခဲ့တာဟာ ပိုကောင်းတာတွေရဖို့ ပိုကောင်းတာတွေဖြစ်လာဖို့ ပါ။ ကိုယ်လိုချင်တာ မရခဲ့တာ မျော်လင့်ထားတာတွေ မဖြစ်လာတာ လူတိုင်းမှာဖြစ်တတ်ပါတယ် ။ ဘဝမှာ ရုတ်တရက် ကံကြမ္မာ ဆိုး ကြီး မမျော်လင့်ဘဲ ကြုံလိုက်ရတာလဲ ရှိနိုင်ပါတယ် ။
Trauma လို့ခေါ်တဲ့ စိတ်ဒဏ်ရာတွေရဖူးသူတွေဟာ သူတို့ရဲ့အာရုံစူးစိုက်မှု နဲ့ ဆုံးဖြတ်နိုင်ခြေချေတွေပိုကောင်းလာတတ်ပါတယ် ။ သေးသေးမွှားမွှားတွေကို လျစ်လျူရှုတတ်လာပါတယ် ။ သူတို့အတွက် ကျန်ရှိတဲ့အချိန်ရဲ့တန်ဖိုးကိုကောင်းစွာသိလာပြီး လောက ကြီးရဲ့ ကောင်းတဲ့အပိုင်းတွေကိုပို မြင်အောင်ကြည့်လာတတ်ပါတယ် ။ ဘဝထဲမှာရှိနေတဲ့ ကောင်းတဲ့ အရာတွေကို ကျေးဇူးသိတတ်တဲ့စိတ်တွေ ပိုရှိလာပါတယ်။ ကြီးမားတဲ့ အဖြစ်ဆိုးတွေကြုံပြီးနောက်မှာ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်နဲ့ ဘဝလမ်းကြောင်း တဆစ်ချိုး ပြောင်းလဲလိုက်ကြပြီး ပိုလေးနက် တဲ့ ဘဝ အဓိပ္ပာယ်ကိုတွေ့ရှိလာတတ်ပါတယ် ။
စာရေးသူ မိသားစုမှာ မမျော်လင့်ဘဲ ငွေကြေးများစွာဆုံးရှုံးဖူးပါတယ် ။ မိမိကြောင့် မဟုတ်ပေမဲ့ မိသားစုပိုင်ဆိုင်မှု ကို ပြန်မြှင့်တင်ဖို့ အမြတ်ရနိုင်တဲ့အရာတွေကို စွန့်စားပြီးလုပ် လိုက်တဲ့အခါမှာ အတွေ့အကြုံတွေရတဲ့အပြင် ဆုံးရှုံမှုတွေကိုပါ ပြန်cover ဖြစ်ခဲ့ပါတယ်။
ငယ်ငယ်က လူမှုရေးညံ့ဖျင်းပြီး lonely ဖြစ်ခဲ့တဲ့ ကလေးတယောက်ဟာလဲ မိမိကိုမုန်းတဲ့လူတွေကြား ဖြူစင်တဲ့ မေတ္တာ ထားတတ်တဲ့ လူကောင်းတွေရဲ့ စိတ်နေသဘောထားကိုပိုမြင်လာတတ်ပြီး လူ့သဘာဝ လူ့စိတ်သဘောတွေပိုနားလည်လာပြီး လူတွေကို ခေါင်းဆောင်နိုင် စည်းရုံး နိုင်တဲ့သူလဲ ဖြစ်လာတတ်ပါတယ် ။
ဘဝမှာ လို ချင်ခဲ့ တဲ့အရာတွေက စိတ်ကူး
ယဉ်မျော်မှန်း ခဲ့သလို မဖြစ်လာကြဘဲ သူဖြစ်ချင်တဲ့ပုံစံနဲ့ ရရှိလာတဲ့ သူတွေအများကြီးရှိပါတယ် ။ အဆိုးတွေကြုံခဲ့တဲ့သူကလဲ မိမိကြုံလာတဲ့ အဆိုးတွေကြားကနေ စစ်မှန်တဲ့ ဘဝအဓိပ္ပာယ် စစ်မှန်တဲ့ပျော်ရွှင်မှုတွေ ရရှိလာကြတဲ့အတွက် လိုချင်တာမရခဲ့တာ ကို ပဲ guilty မဖြစ်ဘဲ ပ်ိုကောင်းနေတာရခဲ့တယ်ဆိုတာ ကိုလဲ
သိဖို့လိုတယ်လို့အကြံပြုချင်ပါတယ်။

သူများနဲ့တူမှ စိတ်ထဲ safe ဖြစ်တတ်လား?        အများလုပ်ရင်လိုက်လုပ် မှ လုံခြုံမယ် ထင်တဲ့ သူလား ?       အများစု မလုပ်တာတွေ...
21/11/2025

သူများနဲ့တူမှ စိတ်ထဲ safe ဖြစ်တတ်လား?

အများလုပ်ရင်လိုက်လုပ် မှ လုံခြုံမယ် ထင်တဲ့ သူလား ?
အများစု မလုပ်တာတွေ ကိုရွေးချယ် တတ်တဲ့ သူတွေက ပိုအောင်မြင်တတ်ကြတယ်ဆိုတာ သိပါသလား။

ဘာကြောင့်လဲ

ဘာကြောင့်မှန်းမသိ သူများလုပ်ပြီး ကိုယ်မလုပ်ရင် မိမိကျန်ခဲ့မယ်အထင်နဲ့ ကိုယ်တိုင်သေချာသိအောင် စဉ်းစား တွေးခေါ်မှုမလုပ်ဘဲ သူများလုပ်တာ လိုက်လုပ်မှမှန်မယ်ထင်တဲ့သူများ လို့ပါ ။ လူအများအတွက် စည်းကမ်းသတ်မှတ်ပေးထားတဲ့နေရာမျိုးမှာ သူများလုပ်လို့ လိုက်လုပ်ရတာမျိုး ကိုမဆိုလိုပါဘူး ။

လူအများ လုပ်နေတာထက် ကောင်းတဲ့အရာဆိုတာအမြဲရှိတတ်ပါတယ် ။ သားသမီးကို စာကျက်ဖို့ တွန်းအားပေးပြီး ဆုံးမမှ သားသမီး ကောင်းစားမယ်ဆိုပြီး ဆူပူ တဲ့မိဘတွေထဲမှာ အလုပ်မအားလို့ လှည့်မကြည့်နိုင်တဲ့ မိဘတွေရဲ့ သားသမီးက အထူးချွန်ဆုံး စာအတော်ဆုံးဖြစ်နေတာလဲတွေ့ဖူးပါတယ် ။

ပညာဆို တာ အလွတ်ကျက် အသေမှတ်တာတွေနဲ့ပဲမတိုင်းပဲ ကလေးရဲ့ ပင်ကိုယ်ဗီဇ အလျောက် တိုးတက်မှုတိုင်းကို အသိအမှတ်ပြုပေးခြင်းဟာလဲ တားဆီးထားတဲ့ ဘောင်တွေမခတ်ပဲ လွတ်လပ်စွာကြီးထွားခွင့်ပေးတာနဲ့တူပါတယ်။ မကောင်းတဲ့ အဆိုပြုချက်တွေများများ မကြားရတဲ့ကလေးက ပိုပြီးထူးချွန်နိုင်တဲ့ အခြမ်းလဲရှိသေးလို့ပါ။

ငွေရေးကြေးရေး ပုံမှန်ရှိဖို့ကြိုးစား ခြင်းဟာ အရေးကြီးသလို တခါတရံ ကိုယ်ကရှေ့တက်ဖို့သာ အာရုံမစိုက်ဘဲ ဘယ်နေရာမှာလှေကားထောင်မိသလဲ ဆိုတာ သိအောင် ခဏတဖြုတ်အနားပေး ပြီး ပြန်လည်သုံးသပ် တာကလဲ ကောင်းတဲ့အရာပါပဲ။ ဒါမှ ကိုယ်တကယ်ရောက်ချင်တဲ့ပန်းတိုင် ကိုရောက်ရှိမှာဖြစ်ပါတယ် ။

အချိန် ကြာလာတာနဲ့အမျှ သွားနေလို့ မရပ်တာပဲရှိပေမဲ့ ဂုန်းဆင်းကိုသွားနေလား မြေပြင်မှာပဲ လား အမြင့်ကို တက်နေတာလား ကိုယ်ဘယ်လောက်အမြင့်ကိုရောက်လာပြီလဲ ကိုယ်သွားနေဖို့ပဲမဟုတ်ပဲရောက်နေတဲ့နေရာကိုလဲ ပြန်သုံးသပ်ကြည့်သင့်ပါတယ် ။ အမြဲမရပ်မနားသွားနေမှ ခရီးရောက်တာမဟုတ်ပါဘူး ခဏရပ်အနားယူပြန်သုံးသပ်ပြီးလဲ အတိုဆုံးလမ်းကို ပြန်ရွေးချယ်နိုင်ပါတယ် ။ဘာနဲ့ သွားရမလဲ ဆိုတာလဲရွေးချယ် နိုင် သေးတယ်ဆိုတာမမေ့သင့်ပါဘူး ။

26/10/2025
⛳️Manifestation                   Manifestation ဆိုတာကိုယ် ဖြစ်ချင် လိုချင်တာကို ရရှိနေပြီး သကဲ့သို့ အဆိုပြုတာ။         ...
21/10/2025

⛳️Manifestation

Manifestation ဆိုတာကိုယ်
ဖြစ်ချင် လိုချင်တာကို ရရှိနေပြီး သကဲ့သို့ အဆိုပြုတာ။

လူတိုင်းရကြလား ? 🗣️


💫🌎Law of Attraction ဆွဲဆောင်ခြင်းနိယာမဆိုတာ ၂၁ရာစုမှာ လူတွေကြားမှာ လျင်မြန်စွာ ထင်ရှား ကျော်ကြားခဲ့ပါတယ်။ ကိုယ် လိုချင်တာကို ဆွဲဆောင်ရင် အတွေးတွေက နေ ထုတ်လိုက်တဲ့ frequency ကနေ တူရာကို ပြန်ဆွဲငင်လာတဲ့သဘောပါ။

🌚လျို့ဝှက်ချက်ကတော့ ဆွဲဆောင်တိုင်းမရနိုင်ပါဘူး။ Manifest လုပ်ရုံ အကောင်းမြင်တဲ့အတွေးတွေထားရုံနဲ့ ပဲမရနိုင်ပါဘူး ။

အရေးအကြီးတဲ့ လျှို့ဝှက်ချက်ကိုသိဖို့လိုပါတယ်။

🪐Law of attraction နဲ့ ချိတ်ဆက်ပေးဖို့လိုနေတဲ့ ပညာတွေရှိပါသေးတယ်။
🗝️🔑Quantum physics,Neuroscience,Epigenetic, mindfulness စတာတွေဖြစ်ပါတယ် ။
……🎯Energy ၊ vibration တုန်ခါမှု၊ alignment ကိုက်ညီမှု ၊ မသိစိတ်မှာ reprogram လုပ်တတ်ဖို့ ကို အဓိက ထားပါတယ်။

ဆိုလိုတာ ကိုယ်လိုချင်တဲ့အရာ
ကိုယ်ဖြစ်ချင်တဲ့အရာ နဲ့ energy တူဖို့လိုပါတယ် ။ vibration တူဖို့လိုပါတယ် ။
energy တူနေမနေ ခံစားကြည့်ပါ ။
ကိုယ်ရဲ့ inner ကလာတဲ့ energy က ကိုယ်လိုချင်တဲ့အရာထက် ပိုကောင်းနေတယ် ကိုယ်က ထို အရာထက်ပို ကြီးကျယ်ခမ်းနားတယ်လို့ ခံစားနေရမှ
ဒီအရာ က
ငါနဲ့ လုံးဝ ထိုက်တန်တယ်
ငါယုံကြည်ကြည် လက်ခံတယ် လက်ခံဖို့ခွင့်ပြုပြီး
အမှန်တကယ်လက်ခံပေးဖို့လိုပါတယ် ။
ဘာအတားအဆီးမှ မိမိမှာမရှိနေသလိုခံစားနေရပါမယ်။

Energy ကောင်းနေဖို့
🌺သဘာဝ အကျိုးအကြောင်းကိုနားလည်လက်ခံတတ်ဖို့၊
🙇🏽‍♀️ခံစားချက်ဟောင်း အတွေဟောင်းနဲ့ အတိတ်မှာ ရနေကြ ရလဒ်တွေပဲ ရနေတဲ့ သံသရာထဲကထွက်ဖို့၊
💃🏽အတွေးသစ် အကြံဥာဏ်အသစ် နဲ့ transform ဖြစ်ဖို့ 😊လူအသစ်တယောက်လိုပြောင်းလဲဖို့ ကျင့်ကြံတဲ့ ကျင့်စဉ်တွေ practice တွေလုပ်ရပါမယ်။

🧘🏽meditation လုပ်တာ
💆🏼Relaxation
🧎🏼‍♀️‍➡️Yoga
💃🏽Exercise လေ့ကျင့်ခန်း ,Dancingအက
🌸Embrace with the nature သဘာဝကိုပွေ့ဖက်တာ
🫂Surround with the high energy people အတွေးအခေါ်သစ်တွေ သင်ယူမှုတွေ positive energy တွေပေးနိုင်တဲ့ ပတ်ဝန်းကျင်မှာနေတာ
🌺တကယ်ရရှိနေပြီဆိုတဲ့ ခံစားချက်နဲ့ နေထိုင်တာ စတာတွေက energy ကိုကောင်းစေပြီး လိုချင်တာတွေကို လက်ဝယ်ရောက်ရှိလာစေပါတယ်။

ငြိမ်သက်နေတဲ့အချိန်ဟာ အကျိုးရှိလား ?      👨👥 စိတ်ရော ကိုယ်ပါ ငြိမ်ငြိမ်သက်သက်နေတဲ့အချိန် ဟာ ခန္ဓာကိုယ်မှာ  ရှင်သန်ဖို့ အ...
19/10/2025

ငြိမ်သက်နေတဲ့အချိန်ဟာ အကျိုးရှိလား ?

👨👥 စိတ်ရော ကိုယ်ပါ ငြိမ်ငြိမ်သက်သက်နေတဲ့အချိန် ဟာ ခန္ဓာကိုယ်မှာ ရှင်သန်ဖို့ အားထုတ်ရတဲ့ အသင့်အနေအထား ကနေ (survival - healing)ကုစားပေးတဲ့ လုပ်ဆောင်ချက်ကိုပြောင်းလိုက်ခြင်းပါ။

🕺🦿🦾ဥပမာပြောရရင် လူတွေရုန်းကန်လှုပ်ရှားသွားလာနေချိန်မှာ ခန္ဓာကိုယ်မှာ အသက်ရှင်ဖို့အတွက် လှုပ်ရှားပြေးလွှားဖို့ ခြေထောက် လက် ကြွက်သား နှလုံး စတဲ့နေရာတွေကိုအဓိက သွေးပို့ပေးပါတယ် ။

🧠အစာခြေတဲ့အလုပ်တွေ ၊ ဆဲလ်အသစ်ဖြစ်စေမှု၊ဖန်တီးမှုတွေ ဖြစ်စေတဲ့ ဦးနှောက်အရှေ့ဘက်ခြမ်း တွေမှာ အနားပေးထားပါတယ် ။

🧵စိတ်ဖိစီးစေတဲ့ cortisol ဟော်မုန်း ၊ adrenaline ဟော်မုန်း တို့ ထွက်နေပြီး နုပျို ကျန်းမာ ပျော်ရွှင်စေတဲ့ oxytocin , serotonin, dopamine တို့လို ဟော်မုန်းတွေမထွက်စေပါဘူး ။

🧶ထို state မှာ အနေများတဲ့သူဟာ ကိုယ်ခံအားတွေကျစေသလို ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေများစေပါတယ် ။ ခန္ဓာကိုယ်မှာရှိတဲ့ energy တွေကုန်ပြီး လူကိုအိုမင်းစေပါတယ်။

🧎🏼‍♀️‍➡️အရေးပေါ်အခြေအနေ အသက်ရှင်ဖို့အတွက် အလုပ်လုပ်ရတဲ့ အာရုံကြောစနစ်နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အာရုံကြောစနစ်ကတော့ parasympathetic nervous system ဖြစ်ပါတယ် ။

🌺အနားယူတဲ့ အစာခြေပေးတဲ့ အာရုံကြောစနစ်ဖြစ်ပါတယ် ။
🌺ဆဲလ်သစ်တွေဖြစ်စေပြီး ခန္ဓာကိုယ်ကို ကုစားပေးပါတယ် ရောင်ရမ်းမှုတွေကျစေပြီး ကိုယ်ခံအားကိုတိုးစေပါတယ် ။
🌺ဦးနှောက်ရဲ့ ဖန်တီးနိုင်မှုတွေ intuition တွေ ကောင်းစေပါတယ် ။
🌺နှလုံးခုန်ချက်နဲ့ အသက်ရှုမှု က ဟန်ချက်ညီပြီး အတွင်းပိုင်းထိ စူးစိုက်နိုင်ပါတယ် ။
🌺စိတ်ခံစားချက်ကိုထိန်းနိုင်ပြီး ကျေးဇူးတရားချစ်ခြင်းတွေ ခံစားရစေပါတယ်။

Parasympathetic nervous system ကိုကြာကြာအလုပ်လုပ်စေရန်

👃အသက်ရှုခြင်းဟာ တံခါးပေါက်ပါ။

သတိနဲ့ အသက်ရှုတာ ဟာ ဦးနှောက်ကို အမြန်ဆုံး အေးချမ်းလုံခြုံနေတယ်လို့ သတင်းပေးလိုက်တာပါ။ အသက်ကို ၄ စက္ကန့်ခန့်ရှုပါ ။
၆-၈ စက္ကန့်ကြာအောင် ရှုထုတ်ပါ ။
မကြာခင် ခန္ဓာကိုယ်က ပျော့ပြောင်းလာပါလိမ့်မယ်။
ကြာကြာအသက်ရှုထုတ်တဲ့အခါ vagus nerve ကိုလှုံဆော်ပေးပြီး PNS ကိုပွင့်စေပါတယ်။
အချိန်အနည်းငယ် ရှုသွင်းရှုထုတ်လုပ်ကြည့်အခါ နှလုံးခုန်နှုန်းနှေးလာပြီး စိတ်က ငြိမ်သက်လာတာ တွေ့ရပါတယ် ။

🧘🏽🧘🏼‍♀️ခန္ဓာကိုယ်ကိုကြည့်ပါ။

အတွေးတွေရပ်ပြီး အာရုံခံစားကြည့်ပါ ။အသက်ရှုပြီး ခြေဖျားနဲ့ထိနေတာကိုခံစားကြည့်ပါ ။ နှလုံးပေါ်လက်တင်ပြီး ငါလုံခြုံနေတယ်လို့ခံစားပါ။
ယောဂကစားတာ စက်ဘီးစီးတာ လမ်းလျောက်တာစတဲ့ နှေးနှေးနဲ့ သတိထားလုပ်ရတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ။

🫀နှလုံးနဲ့ဟန်ချက်ညီစေခြင်း

အသက်ကို ဝဝရှုပြီး နှလုံးထဲ အောက်စီဂျင်တွေအပြည့်ရောက်သလိုခံစားပါ ။ နှလုံးပေါ်လက်တင်ပြီး ကျေးဇူးတရား ချစ်ခြင်းမေတ္တာတွေခံစားပါ ။ အချိန်ကြာကြာထိုခံစားချက်ကိုရှိပါစေ။

🗣️အတွေးတွေက ပြောတဲ့ ဘာသာစကားကိုပြောင်းပါ ။ ကိုယ့်ကိုကိုယ် နားခွင့်ပေးတယ်လို့ပြောပါ။ ငါနားသင့်တယ် နားရမယ်မပြောရပါ။

🙇‍♂️နှေးနှေးလုပ်ဆောင်တတ်ပါစေ
တသမတ်တည်းအိပ်ချိန် နိုးချိန်ထားပါ။
အစားကိုသတိနဲ့ ဖြေးဖြေးစားပါ။
နေရောင်ခြည်အောက် လမ်းလျောက်ပါ ။
အိပ်ခါနီး ဖုန်းအသုံးပြုခြင်းရှောင်ပါ
နှေးနှေးလုပ်ဆောင်ခြင်းဟာ အန္တရယ်မရှိနေခြင်းလို့ biology ကိုပြောနေခြင်းပါ။

👩🏻‍🦰stress တွေကြုံပြီးတိုင်း တည်ငြိမ်စေခြင်းဟာ ဦးနှောက်ကို rewire လုပ်ခြင်းပါ။ အကြောက်တရားအစား ငြိမ်းအေးမှုကို သတိရစေပါတယ် ။ ကိုယ်ကတည်ငြိမ်နေလေ ဆဲလ်တွေက လုံခြုံတယ်လို့သိလေ စိတ်နှလုံးသားအာဟာရဖြစ်လေဖြစ်ပါတယ် ။

Address

Dahmma Darna Street
Yangon

Opening Hours

Monday 12:00 - 23:30
Tuesday 12:00 - 23:30
Wednesday 12:00 - 23:30
Thursday 12:00 - 23:30
Friday 12:00 - 23:30
Saturday 12:00 - 23:30
Sunday 12:00 - 23:30

Telephone

+959448839991

Website

Alerts

Be the first to know and let us send you an email when Gateway Uk to Myanmar Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share