Malay Myanmar Online shop

Malay Myanmar Online shop Myanmar ↔️ Malay
မိတ်ဆွေလိုချင်သော ပစ္စည်းများကို cbတွင် ပုံပြပီး မှာယူနိုင်ပါသည်

ဟိုးရှေးရှေးတုန်းက သူဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့သမီးလေးတစ်ယောက် ရှိသတဲ့...---သူဌေးကြီးကလည်း သူ့သမီးလေးကို...
10/11/2023

ဟိုးရှေးရှေးတုန်းက သူဌေးကြီး
တစ်ယောက်မှာ အင်မတန်မှ ချောမော
လှပတဲ့သမီးလေးတစ်ယောက် ရှိသတဲ့...
-
-
-
သူဌေးကြီးကလည်း သူ့သမီးလေးကို
တစ်အားချစ်ဆိုပဲ.....
-
ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီး
တစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....
-
ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့. ....
-
ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ
ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....
-
အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်းလို့
မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....
-
အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း
ငယ်ငယ်ချောချောလေးတဲ့......
-
ဒီလိုနဲ့ ရဲတိုက်မှာ အဖော်အပေါင်း
မရှိပဲ နေရတဲ့ မင်းသမီးလေးဟာ....
-
ပြတင်းပေါက်ကနေ နေ့တိုင်းပဲ
ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့.....
(ပျင်းတာကိုး နော်...)ဥယျဉ်မှုးလေးကလည်း
ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....
-
သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့
မင်းသမီးလေးကို တွေ့ပါလေရော...
-
ဥယျာဉ်မှုးလေးကလည်း ပန်းတွေ
စိုက်ရင်း မင်းသမီးလေးကို ပဲ
ပေးတာပေါ့ကွာ.....
-
မင်းသမီးလေးကလည်း ပြတင်းပေါက်
ကနေ.... အထာပြန်ပေးနဲ့ပေါ့.....
-
တစ်ယောက်နဲ့ တစ်ယောက်
သံယောဇဉ်တွေ ပိုလာကြပါရောတဲ့.......
-
သိပ်မကြာပါဘူး သူဌေးကြီးက
အဲဒီအကြောင်းကို သိသွားပါလေရော....
-
သိသိချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့
ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံခုနစ်ဆင့်မြင့်တဲ့
အထပ်ကို ပို့လိုက်ပါရောတဲ့
-
အဲဒီအချိန်က စပြီး မင်းသမီးလေး နဲ့
ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ
မတွေ့ကြရတော့ဘူးတဲ့....
-
မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့
ငိုချည်းနေတော့တာတဲ့....
-
ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေး
ရှိတဲ့ ဘုံခုနစ်ဆင့်ကိုရောက်ဖို့ အကြံထုတ်
ရတော့တာပေါ့
-
ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ....
သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီး
လေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့...
-
ပြီးတော့ သူ့အချစ်တွေသာ
စစ်မှန်တယ်ဆိုရင်.....
ဒီသစ်ပင်လေးဟာ နေချင်းညချင်း
ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့.....
-
သူ့သစ္စာက မှန်တော့ အပင်လေးဟာ
ကြီးလာလိုက်တာ သုံးရက်ကြာတဲ့
အချိန်မှာပဲ ဘုံငါးဆင့်ကို ရောက်သတဲ့...
-
ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်....
ပြီးတော့ထပ်ဆုတောင်း....
-
ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး
ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...
-
မင်းသမီးလေးကလဲ
သူ့ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......
-
ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....
ဆုထပ်တောင်း ဖို့ အလုပ်မှာပဲ.......

-
-
-
-
-
-
-
-
😎စည်ပင် နဲ့ EPC က
ဓာတ်ကြိုးနဲ့ မလွတ်လို့ဆိုပြီး
လာခုတ်သွားပါလေရောတဲ့ကွယ်
Crd..

မျက်နှာလေးပါ ထည့်ကူးသင့်တာပေါ့🥴
13/10/2023

မျက်နှာလေးပါ ထည့်ကူးသင့်တာပေါ့🥴

သံကို ဘယ်အရာကမှ မဖျက်စီးနိုင်ဘူးသံချေးကပဲ ဖျက်စီးနိုင်တယ်   ဒီလိုပဲ မင်းဘဝကို မင်းကလွှဲလို့ဘယ်သူကမှ ရိုက်ချိုးဖျက်စီးလို...
02/10/2023

သံကို ဘယ်အရာကမှ မဖျက်စီးနိုင်ဘူး
သံချေးကပဲ ဖျက်စီးနိုင်တယ်

ဒီလိုပဲ မင်းဘဝကို မင်းကလွှဲလို့
ဘယ်သူကမှ ရိုက်ချိုးဖျက်စီးလို့မရဘူး

မင်းဘဝကို မင်းရဲစိတ်ကပဲ
ဖျက်စီးနိုင်တယ်

လူတိုင်း မထိန်းနိုင်တဲ့ ကိုယ့်ရဲစိတ်ကို
အကယ်၍ မင်းထိန်းနိုင်ခဲ့ရင်
မင်းမှာ စူပါစွမ်းအင် တခုရှိနေလို့ပါ

ကိုယ့်စိတ်ကို ထိန်းနိုင်တာဟာ
ရန်သူအယောက် ၁၀၀ ကိုတျောက်ထဲ
တိုက်နိုင်တာနဲ့ ညီမျှတယ်တဲ့

လူတွေရဲ့စိတ်က အပြောင်းလဲမြန်တာမို့
အကယ်၍ မင်းကအခက်ခဲပေါင်းများစွာထဲ
ရှင်သန်ရုန်းကန်နေရတယ်ဆိုရင်

မင်းကိုမင်း ဘယ်တော့ခါမှ
အရှုံးပေးဖို့ မတွေ့မိပါစေနဲ့

#ဘဝစာပေချစ်သူ #စာရေးဆရာအားလုံး

အားငယ်စိတ်ပေါ်လာတိုင်း ဖတ်ပါ(၁) အတင်း ပြောခံရခြင်းသည် အမြဲသတိရနေသောကြောင့်ဖြစ်သည်။(၂) ကဲ့ရဲ့ခံရခြင်းသည်ကောင်းမြတ်သူ ဟု သ...
26/09/2023

အားငယ်စိတ်ပေါ်လာတိုင်း ဖတ်ပါ

(၁) အတင်း ပြောခံရခြင်းသည် အမြဲသတိရနေသောကြောင့်ဖြစ်သည်။

(၂) ကဲ့ရဲ့ခံရခြင်းသည်ကောင်းမြတ်သူ ဟု သတ်မှတ်သောကြောင့်ဖြစ်သည်။

(၃) ဆန့်ကျင်ခံ ရခြင်းသည် မပြိုင်နိုင်သောကြောင့်ဖြစ်သည်။

(၄) မပေါင်းဖော်လိုခြင်းသည် မနာလို သောကြောင့်ဖြစ်သည်။

(၅) မနာလို ခြင်းသည် အောင်မြင်သောကြောင့်ဖြစ်သည်။

(၆) မုန်းတီး ခံရခြင်းသည် အကြံထမြောက်သောကြောင့်ဖြစ်သည်။

(၇) ခနဲ့ခံရခြင်းသည် ထက်မြတ် သောကြောင့်ဖြစ်သည်။

(၈) ဘေးဖယ်ခံရခြင်းသည် လူကြီး လူကောင်းတစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။

(၉) အားမလို အားမရဖြစ်ခြင်းသည် အတွင်းကျကျ မသိသေးသောကြောင့်ဖြစ်သည်။

(၁ဝ) အထင်လွဲ ခံရခြင်းသည် အလုပ္မ်ားမ်ား လုပ်သောကြောင့်ဖြစ်သည်။

(၁၁) ညှင်းဆဲနှိပ်စက် ခံရခြင်းသည် အောင်မြင်သောကြောင့်ဖြစ်သည်။

(၁၂) သူတပါးနှင့် ရန်တိုက်ခံရခြင်းသည် မေတ္တာထားတတ်သောကြောင့်ဖြစ်သည်။

(၁၃)နာမည်ဖျက်ကြခြင်းသည် နာမည်ကျော်တစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။

(၁၄) အပြစ်တင်ကြခြင်းသည် သူတပါးချီးကျူးခံရသောကြောင့်ဖြစ်သည်။

(၁၅) ပြိုင်ဆိုင်ကြခြင်းသည် သင့်ရာထူး မြင့်သောကြောင့်ဖြစ်သည်။

(၁၆) အစစ်ဆေးခံရခြင်းသည် ရိုးသားဖြောင့်မတ်သောကြောင့်ဖြစ်သည်။

(၁၇) သွန်သင်ဆုံးမခြင်းသည် စေတနာထားတတ်သောကြောင့်ဖြစ်သည်။
crd.. ်းပညာ
🙏🙏🙏
#လူငယ်များအတွက်ဗဟုသုတစာပေများ ုဂံမြေစာပေချစ်သူ #ဓမ္မသုတရသစာစုများ #လူငယ်များအတွက့်စာကြည့်တိုက့် #ပညာဒါန #ဗဟုသုတ #စာအုပ် ゚ ゚viral #ပညာ

ကိုကို့အတွက်ဆို ခလေးဘဲလေနော်😁
06/09/2023

ကိုကို့အတွက်ဆို ခလေးဘဲလေနော်😁

ဘယ်မှာမှ မရနိုင်တဲ့ Data Package ဈေးတွေပါ။MPT, Ooredoo, Telenor, 1GB - 300Ks (30 days)2GB - 599Ks (30 days)20GB - 4,999K...
05/09/2023

ဘယ်မှာမှ မရနိုင်တဲ့ Data Package ဈေးတွေပါ။

MPT, Ooredoo, Telenor,

1GB - 300Ks (30 days)

2GB - 599Ks (30 days)

20GB - 4,999Ks (30 days)

200GB - 49,999Ks (30 days)

ဘယ်မှာမှ မရနိုင်ပါဘူး ဆိုမှတော့ ဘယ်မှာမှ မရလို့ပေါ ဟွန့် 🤔🤔

 #မြန်မာစကားဝေါဟာရကြွယ်ဝလိုက်ပုံများတစ်ခါက ရွာတစ်ရွာကို မြန်မာစာမြန်မာစကားလုံး ဝေါဟာရအကြောင်းများလေ့လာနေတဲ့ နိုင်ငံခြားသ...
05/09/2023

#မြန်မာစကားဝေါဟာရကြွယ်ဝလိုက်ပုံများ

တစ်ခါက ရွာတစ်ရွာကို မြန်မာစာ
မြန်မာစကားလုံး ဝေါဟာရ
အကြောင်းများလေ့လာနေတဲ့
နိုင်ငံခြားသားတစ်ယောက်
ရောက်လာတယ်...။

ရွာခံသူ့မိတ်ဆွေအိမ်ကိုသွားပြီး
မြန်မာစကားနဲ့ဝေါဟာရအကြောင်း
သိလိုကြောင်း ပြောတော့ရွာခံမှ
တစ်ညအိပ်ပြီး မိုးလင်းရင်
သိရမယ်လို့ပြောပြီး
တစ်ညသိပ်လိုက်တယ်...။

မိုးလင်းလို့
အလင်းရောင်ထွက်ချိန်မှာ
မနက်စာစားသောက်ပြီး
နိုင်ငံခြားသားကို
ရွာလယ်လမ်းမကြီးအတိုင်း
ခေါ်သွားပြီး
ရွာထိပ်က လမ်းလယ်ခေါင်မှာ
မစင် ပုံ အကြီးကြီးကိုပြလိုက်တယ်...။

ပြပြီးသည့်နောက်
"မိတ်ဆွေရေ ၊ ဒါကို `မစင်´ လို့ ခေါ်တယ်...။

မိတ်ဆွေသိလိုတဲ့အကြောင်းကို
ဒီသစ်ပင်အောက်ကနေ
စောင့်ကြည့်ရအောင် လို့ပြောပြီး
မလှမ်းမကမ်းက
သစ်ပင်အောက်က စောင့်ကြည့်ကြတယ်...။

တအောင့်နေတော့
အကြော်သည်တစ်ယောက်
အကြော်ရောင်းရင်း
မစင်ပုံနားကိုရောက်လာပြီး
တွေ့သွားတော့...

"ဟယ်... လမ်းလယ်ကြီးမှာ
ဘယ်သူ `ချီး´ လာပါသွားလဲ
မသိဘူးလို့ ပြောလိုက်တယ်...။

နိုင်ငံခြားသားကြီးလည်း
မှတ်ထားလိုက်တယ်...။

ဘုန်းကြီးကျောင်းသားလေးနှစ်ယာက်
ရောက်လာပြန်တော့...

"ဟာ... `အီး´ တွေ
တက်နင်းမိအုံးမယ်"လို့ပြောပြီး
ထွက်ပြေးသွားကြတယ်...။

နိုင်ငံခြားသားကြီးလည်း
ပြုံးပြီးမှတ်ထားလိုက်တယ်...။

၂နှစ်အရွယ်သားလေးကို လက်ဆွဲပြီး
သားအမိနှစ်ယောက်ဖြတ်သွားပြန်တယ်...

"ဟယ်!သားသားရေ
`ဘွတ်ဘွတ်တွေ´ ဒီဖက်ကိုလာ
ဒီဖက်ကိုလာ"လို့ပြောပြီး
ကလေးကိုချီပြီး ထွက်သွားပြန်ရော...။

ဟိုလူလည်း မှတ်လိုက်ပြန်ရော....။

အဘွားအိုတစ်ယောက်
ဆွဲခြင်းလေးဆွဲပြီး
ရောက်လာပြန်တယ်...

"အမလေး... လမ်းမကြီးမှာ
ဘယ်သူအရှက်မရှိ
`အခင်းကြီး´ သွားထားတာလဲ
မသိဘူးဒုက္ခ ဒုက္ခ..." ဆိုပြီး
ရှောင်သွားပြန်တယ်...။

ဟိုလူလည်း
ခေါင်းလေးကုတ်ပြီး
ထပ်မှတ်ရရော...။

ယောင်္ကျားကြီးတစ်ယောက်
အိတ်ကြီးလွယ်ပြီး
ခပ်သွက်သွက်လျှောက်လာပြီး
မစင်ပုံနားရောက်လာပြီး
မြင်သွားပြန်တော့...

"ဟာ.. ဘယ်ကောင်ဒီမှာ
`ကျင်ကြီးစွန့်သွားလဲ မသိဘူးကွာ" ဆိုပြီး
ဆက်လျှောက်သွားတယ်...။

နိုင်ငံခြားသားကြီးလည်း
သက်ပြင်းချပြီး မှတ်လိုက်ပြန်တယ်...။

တခါ သစ်ခုတ်ပြီးပြန်လာတဲ့
သစ်ခုတ်သမားနှစ်ယောက်
ဖြတ်သွားပြီးတွေ့သွားတဲ့အခါ...

"ဟေ့လူ! ဟေ့လူ!
အရှေ့မှာ `ဝမ်းသွား´
ထားတာတွေ ရှောင်သွားအုံးဟ" ဆိုပြီး
အော်ဟစ်သွားကြပြန်တယ်...။

ဟိုလူလဲ မျက်နှာတွေပျက်ပြီး
မှတ်လိုက်ပြန်တယ်...။

မိန်းမရွယ်လေးသုံးယောက်
ဖြည်းဖြည်းလေးလျှောက်လာရင်း
ဖြတ်သွားတဲ့အခါ...

"အမလေးတော့! လမ်းလယ်ကြီးမှာ
`အလေး´ တွေသွားထားတာ
ရွံ့စရာကြီး "ဆိုပြီး
တစ်ယောက်လက်တစ်ယောက်ဆွဲပြီး
သွက်သွက်လေး
ရှောင်ပြီး ထွက်သွားကြပြန်ရော...။

နိုင်ငံခြားသားကြီးလည်း
လက်နှစစ်ဖက်နဲ့
ခေါင်းကို တဗျင်းဗျင်းကုတ်ပြီး
မှတ်နေတယ်...။

ဆေးဆရာဦးတုတ်ကြီး
တောထဲဆေးခူးဖို့ထွက်လာတော့
မစင်ပုံနားကဖြတ်သွားတော့...

"အလိုလေးလေးး!
လမ်းမှာ `ဓာတ်တွေ´
သွားထားပါလား" ဆိုပြီး
ပြောသွားပြန်ရော....။

ဟိုလူကြီးလည်း
သက်ပြင်းတွေအခါခါချရင်း
မှတ်လိုက်ပြန်ရော...။

ကျောင်းဆရာကြီးဦးမြ
ကျောင်းသွားဖို့ထွက်လာရင်း
တွေ့သွားတဲ့အခါ...

"စည်းမရှိ ကမ်းမရှိ လမ်းမကြီးမှာ
`နောက်ဖေးတွေ´ သွားထားပါလား" လို့
ပြောသွားပြန်တယ်...။

နိုင်ငံခြားသားကြီးလည်း
ခေါင်းတခါခါနဲ့
မှတ်ထားလိုက်ရတာပေါ့...။

ကိုသာအေး
ထန်းရည်မူးပြီး ယိုင်ထိုး
ယိုင်ထိုးနဲ့ရောက်လာတော့...

"ဘယ်ငတိ ရွာလယ်လမ်းမှာ
`ဗုံးကြဲ´ သွားလဲမသိဘူး...ထွီ" တဲ့...။

ဟိုလူလဲ တောက်တခေါက်ခေါက်နဲ့မှတ်လို့...။

ရွာထဲကငွေတိုးချေးတဲ့
ဒေါ်ဂျမ်းဘုံ တစ်ယောက်
အကြွေးတောင်းမရလို့
စိတ်တွေဆိုးပြီး မစင်ပုံဘေးက
ဖြတ်ရတဲ့အခါ လက်၂ဖက်နဲ့
ထမီကို မပြီးသစ်ပင်အောက်က
နှစ်ယောက်ကို ကြည့်ပြီး
ပြောလိုက်တာကတော့...

"ဘယ်သေနာကျက လမ်းလယ်ခေါင်မှာ
`ကာလနာတိုက်´ ထားလဲ မသိဘူး" တဲ့

မြန်မာတွေ ဝေါဟာရ ကြွယ်ပါတယ်ဆို 😛

Credit

နာရီမှာ လက်တံ ၃ ခုရှိတယ်။ အဲ့ထဲကတစ်ခုကတော့ စက္ကန့်တံဆိုပြီး ကျော်ကြားတယ်။ဒီစက္ကန့်တံက ရှိတော့ရှိတယ်။ဒါပေမယ့် သူ့ကို ထည့်...
04/09/2023

နာရီမှာ လက်တံ ၃ ခုရှိတယ်။
အဲ့ထဲကတစ်ခုကတော့
စက္ကန့်တံဆိုပြီး ကျော်ကြားတယ်။
ဒီစက္ကန့်တံက ရှိတော့ရှိတယ်။
ဒါပေမယ့် သူ့ကို ထည့်မပြောကြဘူး။

အားလုံးပြောကြတာက
"ဆယ်နာရီ ဆယ်ငါးမိနစ် ရှိပြီ" လို့ပဲ
ပြောကြတယ်။
ဘယ်သူကမှ
"ဆယ်နာရီ ဆယ်ငါးမိနစ် လေးစက္ကန့်" ဆိုပြီး
ထည့်မပြောကြဘူး။
တကယ်တော့ ဒီစက္ကန့်တံဟာ ကျန်လက်တံ
နှစ်ခုထက် ပိုပြီးအလုပ်တွေ လုပ်သလို
ကျန်လက်တံနှစ်ခု ရှေ့ရောက်ဖို့လဲ
ကူညီ​ပေးတယ်။

အလားတူ

ကျနော်တို့ဘဝထဲမှာလဲ အဲ့ဒီလို စက္ကန့်တံနဲ့ တူတဲ့
သူတွေ ရှိတတ်ကြပါတယ်။သူတို့ကိုတော့
စကားထဲမှာထည့် မပြောပေမယ့် ကျနော်တို့ တိုးတက်ဖို့ သူတို့ရဲ့ကြိုးစားမှု့တွေ မုချပါပါတယ်။

Credit.. Original uploader

နာတယ်ဟဲ့🥺
03/09/2023

နာတယ်ဟဲ့🥺

 #စက္ကူခွက်ရာထူးအပေါ်သာယာကြရင်တော့ဖြင့်စက္ကူခွက်ကလေးကိုမမေ့ကြနဲ့နော်...မနှစ်ကမှအငြိမ်းစားယူလိုက်တဲ့စီးပွားရေး ဝန်ကြီးဟော...
03/09/2023

#စက္ကူခွက်

ရာထူးအပေါ်သာယာကြရင်တော့ဖြင့်
စက္ကူခွက်ကလေးကိုမမေ့ကြနဲ့နော်...

မနှစ်ကမှအငြိမ်းစားယူလိုက်တဲ့စီးပွားရေး
ဝန်ကြီးဟောင်းတစ်ယောက်ဟာ

ပရိသတ်ထောင်ချီတက်ရောက်ကြတဲ့
ညီလာခံကြီးတစ်ခုမှာစကားပြော
ဖို့ရောက်လာပါတယ်

သူဟာကော်ဖီထည့်ထားတဲ့စက္ကူခွက်လေး
တစ်ခွက်ကိုင်ပြီး စကားပြောဖို့
စင်မြင့်ပေါ် တက်လာပါတယ်

အပေါ်ရောက်တော့ ကော်ဖီကို တစ်ငုံ
မော့လိုက်တယ်

ပြီးမှ ပြုံးရင်း ခုလို စကားစပြောပါတယ်..

"မနှစ်က ခုလိုညီလာခံမှာ ကျွန်တော်
စကားပြောခဲ့ဖူးပါတယ်။ ဒီခန်းမကြီး
ထဲမှာပါပဲ။ အဲဒီအချိန်ကကျွန်တော်
စီးပွားရေးဝန်ကြီးကနေအနားမယူ
သေးပါဘူး။ ဒီမြို့ကိုအထူးလေယာဉ်နဲ့
လာခဲ့ရတယ်။

လေဆိပ်ရောက်တော့လူအများကြီး
ကလာကြိုပြီး ဟိုတယ်ကိုကားကောင်း
ကောင်း နဲ့ လိုက်ပို့ပေးခဲ့ကြ တယ်။
ဟိုတယ်အခန်းထဲအထိ ပစ္စည်းတွေ
သယ်ပို့ပေးကြတယ်။

မနက်မှာ ဟိုတယ်ကနေအောက်ထပ်ကို
ဆင်းလာတော့လည်း လူအများက
လာကြိုကျပြီးဟောပြောမဲ့ ဒီခန်းမကိုကားနဲ့
လိုက်ပို့ပေးခဲ့ပြန်တယ်။

ခန်းမထဲရောက်တော့ လူအများကြီးက
လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။

လှပတဲ့ကြွေပန်းကန်လုံးနဲ့ကော်ဖီတစ်
ခွက်လာပေးခဲ့တာကိုလည်း ကောင်းကောင်း
မှတ်မိနေပါတယ်"

သူက ခဏနားလိုက်ပြီး ခုလိုဆက်
ပြောပြန်တယ်။

"အခုတော့... ကျွန်တော်ဟာ ဝန်ကြီး
မဟုတ်တော့ပါဘူး။ အနားယူလိုက်ပါ
ပြီ။ ဒါကြောင့်ဒီမြို့ကိုရထားစီးလာခဲ့
တယ်။ တည်းမယ့် ဟိုတယ်ကိုတက္ကစီ
ငှားစီးခဲ့တယ်။

ဒီမနက် ဟိုတယ်ကနေဒီကိုလာဖို့လည်း
တက္ကစီငှားစီးခဲ့တယ်။ ခန်းမထဲရောက်လို့
ကော်ဖီသောက်ချင်တာနဲ့

တစ်ယောက်ကို 'ကော်ဖီရနိုင်လား'လို့
မေးလိုက်တယ်။ သူက ခပ်လှမ်းလှမ်းက
ကော်ဖီစက်ကို လက်ညိုးထိုးပြပါတယ်။

ကျွန်တော်ကိုယ်တိုင်ဘဲ စက်ကကော်ဖီကို
စက္ကူခွက်နဲ့ ထည့်ယူခဲ့ပါတယ်"

သူက ပြုံးပြီး ဆက်ပြောပြန်တယ်။

"ဒီနေ့ကျွန်တော်သင်ခန်းစာတစ်ခုရ
လိုက်ပါတယ်

အဲဒါက တကယ်တမ်းမှာကြွေပန်းကန်လုံးဟာ
ကျွန်တော့်အတွက်မဟုတ်ပါဘူး

ကျွန်တော့်ရာထူးအတွက်ပါ......

တကယ်တမ်းကျွန်တော်နဲ့ထိုက်တန်တာက
စက္ကူခွက်ပါ"တဲ့။

ဒီအဖြစ်အပျက် ကနေကျွန်တော်တို့
ဘာသင်ခန်းစာရနိုင်ပါသလဲ???

သင်ဟာရာထူးကြီးကြီးပိုင်ဆိုင်ထားရင်
လူတွေဟာသင့်ကို လေးလေးစားစား
ဆက်ဆံကြမယ် လက်ကမ်းကြိုဆိုကြမယ်၊

သင်မတောင်းဘဲ ကော်ဖီလက်ဖက်ရည်
လာချပေးမယ်။

သင်သိထားဖို့က သူတို့လုပ်တာတွေဟာ
သင့်အတွက် မဟုတ်ဘူး။

သင့်ရာထူးအတွက် ဆိုတာပါ။

သင့် ရာထူး စည်းစိမ် ဆိုတာကလဲ
အမြဲထာဝရတည်မြဲနေမှာမဟုတ်ဘူး
ဆိုတာသင်လက်ခံနားလည်တက်ပါ
စေ။

သင်အမြဲရနိုင်တဲ့ဟာက စက္ကူခွက်ဘဲ
ဆိုတာကိုအမြဲသတိရနေပြီးနိမ့်နိမ့်
ချချနေတတ်ဖို့ပါဘဲ။

Credit မူရင်း

Address

Kuala Lumpur

Telephone

+60182981626

Website

Alerts

Be the first to know and let us send you an email when Malay Myanmar Online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Malay Myanmar Online shop:

Share

Category