Bismillah. Malaysia

Bismillah. Malaysia niqab lover ❣❣❣❣

24/04/2026
🕌  #နမားဇ် ၌       #ရကအသ်များမေ့သွားလျှင်... 🕌💌 အောက်ပါအကြောင်းအရာတွင် နမားဇ်ဖတ်ရင်းဖြင့် ရကအသ်များ ရောသွားခြင်း၊ မှားသွ...
24/04/2026

🕌 #နမားဇ် ၌
#ရကအသ်များမေ့သွားလျှင်... 🕌

💌 အောက်ပါအကြောင်းအရာတွင်
နမားဇ်ဖတ်ရင်းဖြင့် ရကအသ်များ ရောသွားခြင်း၊ မှားသွားခြင်းနှင့် သက်ဆိုင်သည့် ပညတ်ချက်တို့ကို ဖော်ပြပါမည်။
ထိုပညတ်ချက်များသည် တစ်ဦးခြင်းဖတ်သည့် နမားဇ်များနှင့်သာ သက်ဆိုင်သည်။ ဂျမာအသ်ဖြင့် စုပေါင်းဖတ်သည့် နမားဇ်တို့ နှင့် မသက်ဆိုင်ပါ။

💢 ပညတ်ချက်
တစ်နည်းဆိုရသော် နည်းစနစ်ကို ညွှန်ပြသည့်အကြောင်းအရာဖြစ်၍ တစ်ခေါက်နှင့်နားမလည်လျှင် နှစ်ခေါက် သုံးခေါက် ဖတ်ကြည့်ပါ။ အေးဆေးစွာဖတ်ပါ။ နားလည်နိုင်ပါမည်။ ထိုသို့မှ နားမလည်လျှင်လည်း နီးစပ်ရာ အာလင်မ်ပညာရှင်ဖြစ်စေ၊ မေးမြန်းနိုင်ပါသည်။
ဦးစွာ စဂ်ျဒဟ်စဟ်ဝ်အကြောင်းကို ရှင်းလင်းမည်။ ပြီးနောက်တွင်မှ ရကအသ်များအကြောင်းကို ဆက်လက်တင်ဆက်ပါမည်။

❣️ “ #စဂ်ျဒဟ်စဟ်ဝ်”

💌 နမားဇ်၏ ဝါဂျိဗ်အချက်များကို မပြုလုပ်မိလျှင်၊နောက်ကျမှ ပြုလုပ်လျှင်၊ ထို့အတူ ရုကွန် (ရုကူ၊ စဂ်ျဒဟ် စသည်) တစ်ခုကို နှစ်ကြိမ် သုံးကြိမ်ပြုမိလျှင်၊
နမားဇ်အတွင်း ဘာမျှမဖတ်ဘဲ ရပ်နေခဲ့လျှင် စဂ်ျဒဟ်စဟ်ဝ်ပြုလုပ်ရမည်။ (အသေးစိတ်ကို အင်န်ရှာအလ္လာဟ် သီးသန့်တင်ဆက်မည်။)

❣️ “ #စဂ်ျဒဟ်စဟ်ဝ်ပြုလုပ်နည်း”

💌 နမားဇ်နောက်ဆုံးရကအသ်၌ ကအ်ဒဟ်ထိုင်ရာတွင် အသ်သဟိယားသ်ကိုသာ ဖတ်ပြီး ညာဖက်သို့ စလာမ်လှည့်လိုက် ပါ။ ပြီးနောက် စဂ်ျဒဟ်နှစ်ကြိမ်ပြုလုပ်ပါ။ ထို့နောက် အသ်သဟိယားသ်၊ ဒရူးဒ်၊ ဒုအာတို့ကိုဖတ်၍ နှစ်ဖက်လုံးသို့စလာမ်လှည့်၍ နမားဇ်ကို အဆုံးသတ်လိုက်ရမည်။
- အကယ်၍ ကအ်ဒဟ်ထိုင်ပြီး အသ်ဟိယားသ်၊ ဒရူးဒ်၊ ဒုအာတို့ကိုပါဖတ်လိုက်သည်။ စလာမ်နှစ်ဖက်လုံး လှည့်ပြီးမှ စဂ်ျဒဟ်စဟ်ဝ်ပြုရန် သတိရပါကလည်း ထိုအချိန်တွင် စဂ်ျဒဟ်နှစ်ကြိမ်ချ၍ အသ်ဟိယားသ်၊ ဒရူးဒ်၊ ဒုအာတို့ကိုပြန်ဖတ်ပြီး စလာမ်နှစ်ဖက်သို့ လှည့်ရမည်။
- နမားဇ်ကို အဆုံးသတ်လိုက်သည်။
နမားဇ်ပျက်စေသည့် အကြောင်းကိစ္စရပ်မျိုး မဖြစ်သေးပေ။ (စကားပြောခြင်း၊ ကိဗ်လဟ်ဘက်မှ ရင်ဘတ်လှည့်လိုက်ခြင်း၊ အသံထွက်အောင် ရယ်မောခြင်း၊ စလာမ် ပေး၊ ယူပြုခြင်း စသည်တို့ဖြစ် ၏။) ဇိကိရ်၊ ဝဇီဖာ၊ ဒရူးဒ် အစရှိသည်တို့ကို ဖတ်နေသည်။ ထိုအခါမှ မိမိနမားဇ်တွင် စဂ်ျဒဟ်စဟ်ဝ်ပြုရမည်ကို သတိ ရပါက စဂ်ျဒဟ်နှစ်ကြိမ်ချ၍ အသ်ဟိယားသ်၊ ဒရူးဒ်၊ ဒုအာတို့ကိုပြန်ဖတ်ပြီး စလာမ်နှစ်ဖက်လှည့်ရမည်။
- မေ့၍ စလာမ်မလှည့်ခင်အရင် စဂ်ျဒဟ်စဟ်ဝ်ပြုလိုက်မိပါကလည်းအထမြောက် သည်။ နမားဇ်မှန်ကန် သည်။

❣️ “နမားဇ်၌ ရကအသ်များမေ့သွားလျှင်”

ပုံစံ (၁)

💌 ၁။ လေးရကအသ်နမားဇ်တွင် စတုတ္ထရကအသ်၌ ကအ်ဒဟ်ထိုင်ရန် မေ့သွားသည်။ သတိရသည့်အချိန် ခန္ဓာ ကိုယ်အနေအထားသည် အထိုင်နှင့် နီးပါက ထိုင်လိုက်ပါ။ အသ်သဟိယားသ်၊ ဒရူးဒ် စသည်တို့ ဖတ်၍ စလာမ်လှည့်လိုက်ပါ။ စဂ်ျဒဟ်စဟ်ဝ်ပြုရန် မလိုအပ်ပါ။
- အကယ်၍ မတ်တပ်ရပ်လိုက်သည်။ သို့မဟုတ် စူရဟ်ဖာသိဟဟ်၊ စူရဟ်တွဲသည်အထိ၊ သို့မဟုတ် ရုကူအ်ပြုပြီး သည်အထိ။ ထိုအခါမှ (မိမိ ငါးရကအသ် ဖတ်နေသည်ကို) သတိရပါကလည်း ထိုင်၍ အသ်သဟိယားသ်ဖတ်ပြီး စဂ်ျဒဟ်စဟ်ဝ်ပြုလိုက်ပါ။
* သို့သော် ရုကူအ်ပြုပြီးသည်အထိ သတိမရဘဲ ငါးရကအသ်၏ စဂ်ျဒဟ်ကို ပြုလိုက်ပြီဆိုပါက ဖရ်ဇ်နမားဇ်ကို အစအဆုံးပြန်ဖတ်ရမည်။ ဤနမားဇ်သည်
နဖိလ်ဖြစ်သွားပြီ ဖြစ်၏။
- ယခုနမားဇ်ကို နောက်ထပ်တစ်ရကအသ် ထပ်ဖြည့်၍ဖတ်လိုက်ပါ။ စဂ်ျဒဟ်စဟ်ဝ်မပြုပါနှင့်။
- နောက်ထပ်တစ်ရကအသ် ထပ်မဖတ်ဘဲ ငါးရကအသ်မြောက်၌သာ စလာမ်လှည့်လိုက်ပါက လေးရကအသ်သည် နဖိလ်ဖြစ်ပြီး နောက်ဆုံး ငါးကြိမ်မြောက်ရကအသ်သည် မည်သို့မျှ အကျုံးမဝင်တော့ပါ။

💌 ၂။ စတုတ္ထရကအသ်တွင် ထိုင်လိုက်သည်။ အသ်သဟိယားသ်ဖတ်ပြီး ပြန်မတ်တပ်ရပ်လိုက်သည်။သို့ဆိုလျှင် ငါးကြိမ်မြောက်ရကအသ်၏ စဂ်ျဒဟ်ကို မပြုမချင်း သတိရသည့်အချိန် ချက်ခြင်းထိုင်၍ အသ်သဟိယားသ် ပြန်မဖတ်ဘဲ စလာမ်လှည့်ပြီး စဂ်ျဒဟ်စဟ်ဝ်ပြုလိုက် ပါ။
- အကယ်၍ ငါးကြိမ်မြောက်ရကအသ် ၏ စဂ်ျဒဟ်ကိုပြုလိုက်ပါက (ထိုအချိန်မှ သတိရခဲ့လျှင်) နောက်ထပ် တစ်ရကအသ်ထပ်ဖြည့်၍ ခြောက်ရကအသ် ဖတ်လိုက်ပါ။ ခြောက်ရကအသ်တွင် စဂ်ျဒဟ်စဟ်ဝ်လည်း ပြုလိုက်ပါ။
- လေးရကအသ်သည် ဖရဇ်အဖြစ် အကျုံးဝင်ပြီး ကျန်နှစ်ရကအသ်သည် နဖိလ်ဖြစ်မည်။
- ငါးကြိမ်မြောက်ရကအသ်၌ စလာမ်လှည့်၍ စဂ်ျဒဟ်စဟ်ဝ် ပြုလိုက်ပါက မကောင်းပါ။ လေးရကအသ်သည် ဖရဇ်အဖြစ် အကျုံးဝင်သွားမည်။ ကျန်တစ်ရကအသ်သည် မည်သို့မျှ အကျုံးမဝင်တော့ပါ။

💌 ၃။ လေးရကအသ် နဖိလ်ဖတ်ရာ၌ ပထမကအ်ဒဟ်ထိုင်ရန် မေ့သွားသည်။ သို့ဆိုလျှင် တတိယရကအသ်၏ စဂ်ျဒဟ်ကို မပြုမချင်း သတိရသည့်အချိန် (ကအ်ဒဟ်) ထိုင်လိုက်ပါ။
- အကယ်၍ တတိယမြောက်ရကအသ် ၏ စဂ်ျဒဟ်ကို ပြုလိုက်ပါကလည်း နမားဇ်အထမြောက်ပါသည်။
- အထက်ပါ အခြေအနေနှစ်မျိုးလုံး၌ စဂ်ျဒဟ်စဟ်ဝ်ပြုရမည်။

ပုံစံ (၂)

💌 ၄။ နမားဇ်ဖတ်ရာ၌ သုံးရကအသ်ဖတ်လိုက်သလား လေးရကအသ်ဖတ်လိုက်သလား ဟူသည်ကို သံသယဖြစ်နေသည်။ မိမိအဖို့ ထိုသို့တစ်ခါမျှ မဖြစ်ဖူးပါက နမားဇ်ကို အစမှ ပြန်ဖတ်ပါ။
- အကယ်၍ ထိုသို့သံသယ ဖြစ်ဖူးလေ့ရှိပါက မည်သည့်ရကအသ်ဘက်သို့ စိတ်တွင်း၌ ယုံကြည်ချက်ပိုများသည်ကို စဉ်း စားပါ။ သုံးရကအသ်ဖြစ်မည်ဟု ပို၍ ယုံကြည်နေလျှင် နောက်ထပ် တစ်ရကအသ်ထပ်ဖတ်လိုက်ပါ။ * စဂ်ျဒဟ်စဟ်ဝ် ဝါဂျိဗ်မဖြစ်ပါ။
- မိမိအနေဖြင့် လေးရကအသ်ဖတ်ပြီးဖြစ်သည်ဟု ယုံကြည်ချက်ပိုများလျှင် နောက်ထပ်ရကအသ် ထပ်မဖတ်ပါနှင့်။ စဂ်ျဒဟ်စဟ်ဝ်လည်း မပြုရပါ။
- အကယ်၍ စဉ်းစားရာတွင် မည်သည့်ရကအသ်ဘက်သို့မျှ ယုံကြည်ချက် မပိုပါက (သုံးရကအသ်လည်း ဖြစ်မည်၊ လေးရကအသ်လည်း ဖြစ်မည်) သုံးရကအသ်ဟု မှတ်ယူ၍ နောက်ထပ်တစ်ရကအသ် ထပ်ဖတ်လိုက်ပါ။ **ထိုပုံစံတွင် တတိယ ရကအသ်၌လည်း ထိုင်၍ အသ်သဟိယားသ် ဖတ်ပါ။ ပြီးမှ ထ၍ စတုတ္ထရကအသ်ကို ဖတ်ပါ။ စဂ်ျဒဟ်စဟ်ဝ်လည်းပြုပါ။

ပုံစံ (၃)

💌 ၅။ ပထမရကအသ် သို့မဟုတ် ဒုတိယရကအသ် ဟူသည်ကို သံသယဖြစ်ပါကလည်း အထက်ဖော်ပြပါ ပုံစံအတိုင်းပင်ဖြစ်၏။ မိမိအဖို့ ထိုသို့တစ်ခါမျှ မဖြစ်ဖူးပါက အစမှပြန်ဖတ်ရမည်။
- ထိုသို့ ဖြစ်လေ့ရှိပါက စိတ်တွင်းမှ ထင် မြင်ချက်ပိုများသည့်ရကအသ်ကို ဦးစား ပေးပါ။
- မိမိအထင်သည် တန်းတူဖြစ်နေပါက (ပထမရကအသ်လည်းဖြစ်နိုင်သလို ဒုတိယရကအသ်လည်း ဖြစ်နိုင်သည်ဟု ထင်မြင်နေပါက) ပထမရကအသ်သာ ဖြစ်သည်ဟု မှတ်ယူရမည်။ ထိုသို့မှတ် ယူ၍ ပထမရကအသ်ဖတ်ပြီးနောက် ကအ်ဒဟ်ထိုင်ပြီး အသ်သဟိယားသ်ဖတ်ရမည်။ အဘယ့်ကြောင့်ဆိုသော် ဤရကအသ်သည် ဒုတိယရကအသ်လည်း ဖြစ်နိုင်သည်။ ဒုတိယရကအသ်ဖတ်၍ ပြီးလျှင်လည်း ကအ်ဒဟ်ထိုင်ရမည်။ ထိုဒုတိယရကအသ်တွင် စူရဟ်ဖာသိဟာနှင့် စူရာကို တွဲရမည်။ တတိယရကအသ်ဖတ်ပြီးလျှင်လည်း ကအ်ဒဟ်ထိုင်ရမည်။ စတုတ္ထရကအသ်ဖတ်ပြီးနောက် စဂ်ျဒဟ်စဟ်ဝ်ပြု၍ စလာမ်လှည့်ရမည်ဖြစ်၏။
(ကအ်ဒဟ်ထိုင်ရာ၌ အသ်သဟိယားသ်ပါ ဖတ်ရမည်။)
အထက်ပါပုံစံတွင် ကအ်ဒဟ်လေးကြိမ်ထိုင်ရမည်ကို သတိပြုပါ။

ပုံစံ (၄)

💌 ၆။ ဒုတိယ သို့မဟုတ် တတိယရကအသ်ဖြစ်သည်ကို သံသယဖြစ်ပါက မိမိအနေဖြင့် တခါမျှမဖြစ်ဖူးလျှင် အစမှပြန်ဖတ်ပါ။ ဖြစ်ဖူးလေ့ရှိလျှင် စိတ်၏ ထင်မြင်မှုများသည့် ရကအသ်ကို သတ် မှတ်၍ ဖတ်ပါ။
ထိုသို့မဟုတ်ဘဲ ထင်မြင်မှုသည် တန်းတူဖြစ်နေပါက .......
- ဒုတိယရကအသ်ဟု မှတ်ယူ၍ ယင်းရကအသ်တွင် ကအ်ဒဟ်ထိုင်၍ အသ်သဟိယားသ်ဖတ်ပြီး တတိယရကအသ်ကို ဆက်ဖတ်ပါ။ တတိယရကအသ်တွင်လည်း ကအ်ဒဟ်ထိုင်၍ အသ်သဟိယားသ်ဖတ်ရမည်။ စတုတ္ထရကအသ်ကို ဖတ်ပြီးနောက် စဂ်ျဒဟ်စဟ်ဝ်ပြု၍ စလာမ်လှည့်ရမည်ဖြစ်၏။

ပုံစံ (၅)

💌 ၇။ နမားဇ်ဖတ်ပြီးသွားမှ သုံးရကအသ် ဖတ်လိုက်သလား၊ လေးရကအသ် ဖတ်လိုက်သလား ဟူသည်ကို သံသယဖြစ်ပါက ထိုသံသယသည် အကျုံးမဝင်တော့ပါ။ နမားဇ်အထမြောက်သွားပြီ ဖြစ်၏။ သို့သော် သုံးရကအသ်သာ ဖတ်လိုက်ကြောင်း တိတိကျကျသတိရပါက ချက်ခြင်း မတ်တပ်ရပ်၍ နောက်ထပ် တစ်ရကအသ်ထပ်ဖတ်ပါ။ ပြီးနောက် စဂ်ျဒဟ်စဟ်ဝ်ပြုပါ။
သုံးရကအသ်သာ ဖတ်လိုက်သည်ကိုသတိရသည့်အချိန်တွင် စကားပြောခြင်း သို့မဟုတ် နမားဇ်ပျက်စေသည့်ကိစ္စတစ် ခုခုကို လုပ်ဆောင်ပြီး ဖြစ်ပါက ယင်းနမားဇ်ကို အစမှပြန်ဖတ်ရမည်။
ထို့အတူ အသ်ဟိယားသ်ဖတ်ပြီးမှ သံသ ယဖြစ်ပါကလည်း အထက်ပါအမိန့်အတိုင်း ဖြစ်၏။ တိတိကျကျ သတိမရပါက အကျုံးမဝင်ပါ။

အကယ်၍ ရှောင်ကြဉ်သည့်အနေဖြင့်
နမားဇ်ကို အစအဆုံးပြန်ဖတ်က ကောင်း မွန်ပေသည်။ စိတ်အတွင်း မတင်မကျဖြစ်နေခြင်းနှင့် သံသယတို့ ကင်းရှင်းသွားပေမည်။ (ထိုသို့ ပြန်ဖတ်လိုလျှင် လက်ရှိဖတ်လက်စ နမားဇ်ကို မဖျက်လိုက်ရပါ။ ပြီးဆုံးအောင်ဖတ်ရမည်။ ပြီးနောက်မှ အသစ်တဖန် ပြန်ဖတ်ရပါမည်။)

💌 ၈။ သုံးရကအသ် သို့မဟုတ် လေးရကအသ်ရှိသည့်နမားဇ်ကို မေ့၍ နှစ်ရကအသ်နှင့်ပင် စလာမ်လှည့်လိုက်လျှင် ပြန်မတ်တပ်ရပ်၍ ထိုနမားဇ်ကို ပြီးဆုံးပြည့်စုံအောင်ဖတ်လိုက်ပါ။ စဂ်ျဒဟ်စဟ်ဝ်လည်း ပြုပါ။ သတိပြုရမည်မှာ စလာမ်လှည့်ပြီးနောက် နမားဇ်ပျက်စေသည့် လုပ်ရပ်တစ်ခုခု ပြုလိုက်သည်ရှိသော် ထိုနမားဇ်ကို အစ အဆုံး ပြန်ဖတ်ရမည်။

❣️ ဝိသ်ရ်နမားဇ်၌ ....

💌 ၉။ ဝိသိရ်နမားဇ်၌ ဒုတိယရကအသ်လား သို့မဟုတ် တတိယရကအသ်လား ဟူသည်ကို သတိမရှိတော့ပေ။ မည်သည့်ရကအသ်ဖြစ်သည်ကိုလည်း စိတ်အ တွင်း ဝေခွဲမရဖြစ်နေပါက လက်ရှိဖတ်နေသည့် ရကအသ်တွင် ဒုအာအေကုနူးသ်ဖတ်လိုက်ပါ။ ထို့နောက် ကအ်ဒဟ်ထိုင်၍ အသ်သဟိယားသ်ဖတ်ပါ။ တဖန်မတ်တပ်ပြန်ရပ်၍ နောက်ထပ် တစ်ရကအသ် ထပ်ဖတ်ပါ။ ထိုရအကသ်တွင်လည်း ဒုအာအေကုနူးသ်ဖတ်ပါ။ စဂ်ျဒဟ်စဟ်ဝ်လည်း ပြုလုပ်ပါ။

📓 ဗဟစ်သီးဇေဝရ်ကျမ်း မှ ကောက်
နှုတ်ပြန်ဆိုသည် 📓

အလ် မုဖီးဒ်

Hj Hla Oo မျှဝေသည်။

အီမာန်ရှင်တိုင်းရဲ့ နှစ်ဘဝအကျိုးပေး လိုအပ်ချက်မို့ ကျော်မသွားသင့်ပါ...။ သဟဂျွဒ်နမားဇ် ဘယ်အချိန်ဝတ်ပြုရသလဲ🔴🔴🔴🔴🔴🔴🔴🔴🔴🔴အိရှာ...
20/04/2026

အီမာန်ရှင်တိုင်းရဲ့ နှစ်ဘဝအကျိုးပေး လိုအပ်ချက်မို့ ကျော်မသွားသင့်ပါ...။

သဟဂျွဒ်နမားဇ် ဘယ်အချိန်ဝတ်ပြုရသလဲ
🔴🔴🔴🔴🔴🔴🔴🔴🔴🔴
အိရှာအ် အပြီးကနေ နံနက် (ဖဂျရ်မတိုင်ခင်) ဆုဗဟ်ဆွာဒိက်အချိန်အတွင်း သဟဂျွဒ်နမားဇ်ရဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်တွေအတွင်း သဟဂျွဒ်နမားဇ် ဖတ်နိုင်ပါတယ်။
အကောင်းဆုံးကတော့ ညဝက်ကျော်မှ ထဖတ်နိုင်ရင်ပေါ့။သဟဂျွဒ် မဖတ်ခင် အိပ်ရမယ်လို့ သတ်မှတ်ပြဋ္ဌားန်ထားခြင်း မရှိပါဘူး။

သဘောက တစ်ရေးနိုးလောက်မှ ဖတ်ရမယ်တို့၊ အိရှာအ်ပြီးမအိပ်ပဲ၊ ည သဟဂျွဒ်ဖတ်ခွင့်မရှိဘူးဆိုတာမျိုးတွေ မှားပါတယ်။
ညဖက် ဖတ်မိတဲ့ နဖိလ်နမားဇ်တွေ၊ ညအချိန်တွေမှာ နဖိလ်နီယသ်နဲ့ပဲ နဖိလ်နမားဇ်ဖတ်ရင်တောင် သဟဂျွဒ်နမားဇ် ဖတ်တဲ့ စာရင်းဝင်သွားပါတယ်။

သဟဂျွဒ်နမားဇ် ဘယ်နှရကအသ် ရှိသလဲ
🔴🔴🔴🔴🔴🔴🔴🔴🔴
သဟဂျွဒ်နမားဇ်ဟာ အနည်းဆုံး ၂-ရကအသ်၊ အများဆုံး ၁၂-ရကအသ်အထိရှိကြောင်း ဆင့်ပြန်ချက်တွေမှာ လာရှိပါတယ်။
သို့သော်လဲ ကိုယ်တော်မြတ်ﷺ ဟာ များသောအားဖြင့် ၈-ရကအသ် ဝတ်ပြုလေ့ရှိတဲ့အတွက်ကြောင့် ဟနဖီမဇ်ဟဗ်ရဲ့ ဓမ္မသတ်ပညာရှင်တို့က ၈-ရကအသ် ဝတ်ပြုခြင်း အမွန်မြတ်ဆုံးလို့အမိန့်ရှိကြပါတယ်။
၂-ရကအသ်မှ ၈-ရကအသ်အတွင်း မိမိနိုင်သလောက် ဖတ်နိုင်ပါတယ်။ ဥပမာ : ၄-ရကအသ်ပဲ နိုင်ရင် ၄-ရကအသ်။

သဟဂျွဒ်နမားဇ်အတွက် ဘယ်လိုနီယသ်ပြုရမလဲ
🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴
သဟဂျွဒ်နမားဇ်မှ မဟုတ်ပါဘူး။ ဘယ်နမားဇ်အတွက်မဆို နှုတ်နဲ့ စာသားကိုရွတ်ဆိုပြီး နီယသ်ပြုဖို့ အရေးမကြီးပါဘူး။ စိတ်တွင်းက ရည်စူးရုံနဲ့ အထမြောက်ပါတယ်။
စာသားနဲ့ ရွတ်ဆိုချင်ရင်လဲ အောက်ပါအတိုင်း ရွတ်ဆို နီယသ်ပြုနိုင်ပါတယ်။

နီယသ်အသံထွက်...

နဝိုက်ယ်သုအန် အုဆွလ်လိယ လိလ်လားဟိ သအားလာ ရကအသိုက်ယ် ဆွလာသိသ် သဟဂျ်ဂျုဒိ စွန္နသ ရဆူးလိလ်လားဟိ သအားလာ မုသဝဂျ်ဂျိဟန် အိလာဂျိဟသိလ် ကအ်ဗသိရှ် ရှရီးဖသိ

ပြီးတဲ့နောက် အလ္လာဟုအက်ဗရ်ဆို လက်မြှောက်ပြီး လက်ပိုက်လိုက်ပါ။
အရဗီလို နီယသ်မပြုတတ်ရင် (ဒါမှမဟုတ်) အရဗီလို မရလည်း ကျွန်တော်မျိုး/မသည် သဟဂျွဒ်နမားဇ် ၂-ရကအသ်ကို ဝတ်ပြုနေပါသည် ပြောပြီး အလ္လာဟုအက်ဗရ်၊ နမားဇ်ဝတ်ပြုနိုင်ပါပြီ။

စူရဟ်ဖာသိဟဟ်ပြီးရင် ဘယ်စူရဟ် တွဲဖတ်ရမလဲ
🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴
သဟဂျွဒ်နမားဇ်မှာ စူရဟ်ဖာသိဟဟ် ဖတ်ပြီးတဲ့နောက် မိမိနှစ်သက်ရာစူရဟ်ကို တွဲဖတ်နိုင်ပါတယ်။ သီးသန့် ဒီစူရဟ်ပဲဖတ်ရမယ်လို့ မသတ်မှတ်ပါနဲ့။

အများစု လွဲမှားနေတဲ့ စူရဟ်တွဲနည်း
🔴🔴🔴🔴🔴🔴🔴🔴🔴🔴
မေး။ ။ စူရဟ်ဖာသိဟဟ်ပြီးရင် ရကအသ် နံပါတ်စဉ်အတိုင်း စူရဟ်အိခ်လားဆ်ွ တွဲဖတ်ရမယ်ဆိုတာ ဟုတ်ပါသလား။
ဥပမာ : ၈-ရကအသ်မှာ စူရဟ်အိခ်လားဆ်ွ (၈)ကြိမ်၊ ၇-ရကအသ်မှာ (၇)ကြိမ် စသဖြင့် ဖတ်ရမယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။ သဟဂျွဒ်နမားဇ်မှာ ရကအသ်အလိုက် စူရဟ်အိခ်လားဆ်ွကို ဖြစ်စေ၊ တခြား ဘယ်စူရဟ်ကိုပဲဖြစ်ပါစေ ၁(ကြိမ်)မှ (၈)ကြိမ်အထိ ဖတ်ရတာမျိုး ကုရ်အာန်ရော၊ ဟဒီးစ်မှာပါ မလာရှိထားပါ။ အထောက်အထားမဲ့ အသစ်တီထွင်ထားခြင်းသာ ဖြစ်တာမို့ ရှောင်ကြည်ကြဖို့ လိုပါတယ်။

စူရဟ်ဖာသိဟဟ်ဖတ်ပြီးတဲ့နောက် စူရဟ်ဖာသိဟဟ်ကိုပဲ ထပ်ဖတ်မိတယ်ဆိုရင် 'စဂျ်ဒဟ်စဟ်ဝ်' ထိုက်ပါမယ်။


ကိုးကား ဓမ္မသတ်ဌာနချုပ်များ
- ဒါရွလ်အုလူးမ် (ဒီယိုဗန်ဒ်)
- ဗင်န်နောဝ်ရီတာဝ်န်

ရေးသားတင်ပြသူ အမည်

Writer - Sad Quia
P=20-11-2021 (Sat) 16:40 pm.
Hjr=1443-4-15
Islam for All page မှမျှဝေသည်။

♥️  #လွယ်ကူပေါ့ပါးပြီး        #အထိရောက်ဆုံး_စွန္နဟ်တော်လာ                    #ဒုအာတစ်ပုဒ် 🤲💚 တမန်တော်မြတ် [ ﷺ ] ရဲ့ဘထွေး...
20/04/2026

♥️ #လွယ်ကူပေါ့ပါးပြီး
#အထိရောက်ဆုံး_စွန္နဟ်တော်လာ
#ဒုအာတစ်ပုဒ် 🤲

💚 တမန်တော်မြတ် [ ﷺ ] ရဲ့ဘထွေးတော်ဖြစ်သူ အဘ္ဘာစ် [ رضي الله عنه ] က တမန်တော်မြတ် [ ﷺ ] ထံလာရောက်ပြီး “အို-အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်တမန်တော်၊ ကျွန် တော့်ကို ဒုအာတစ်ခု သင် ကြားပေးတော်မူပါ” လို့ လျှောက်ထားခဲ့ပါတယ်။

💚 တမန်တော်မြတ် [ ﷺ ]က မိန့်ကြားတော်မူသည်။
“အိုကျွန်ုပ်၏ ဘထွေးတော်၊ ဤသို့တောင်းခံပါ။
“ اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ ”

❤️ အို-အလ္လာဟ်အရှင်မြတ်၊
ကျွန်ုပ်သည် အရှင်မြတ်ထံတော်တွင် “ #အာဖိယဟ်” ကို တောင်းခံပါ၏။

❓ #အာဖိယဟ်ဆိုသည်မှာအဘယ်နည်း။
“အာဖိယသ်” ဆိုသည်မှာ
“ #ဘေးဒုက္ခအပေါင်းမှကင်းဝေးစေခြင်း” ဟု အဓိပ္ပာယ်ရပါသည်။

💗 ကျန်းမာရေး ကောင်းမွန်နေခြင်းသည် “အာဖိယဟ်” ဖြစ်သည်။

💗 အသက်မွေးဝမ်းကျောင်းအတွက် လုံလောက်သော ငွေကြေးဥစ္စာရှိခြင်းသည် “အာဖိယဟ်” ဖြစ်သည်။

💗 မိမိ၏ သားသမီးများ ဘေးကင်းလုံခြုံခြင်းသည် “အာဖိယဟ်” ဖြစ်သည်။

💗 အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုကိုရရှိပြီး ပြစ်ဒဏ်ခတ်ခြင်းမှ ကင်းဝေးခြင်းသည်လည်း “အာဖိယဟ်” ဖြစ်သည်။

❤️ ထို့ကြောင့် “အာဖိယဟ်” ဆိုသည်မှာ
“အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား လောကီ၊ လောကုတ္တရာ နှစ်ဌာနလုံးတွင် မည်သည့် နာကျင်မှု၊ ဆင်းရဲဒုက္ခနှင့်မျှ မကြုံတွေ့ရအောင် ကာကွယ်စောင့် ရှောက်တော်မူပါ” ဟု အဓိပ္ပာယ်ရပါသည်။

💖 ဘထွေးတော် အဘ္ဘားစ် رضي الله عنه သည် ဤဒုအာလေးအကြောင်းကို စဉ်း စားပြီးနောက် ရက်အနည်းငယ်အကြာတွင် တမန်တော်မြတ် [ ﷺ ] ထံ ပြန်လာကာ
💚 “အို-အလ္လာဟ်အရှင်မြတ်ရဲ့ ရစူလ်တမန်တော်၊ ကျွန် တော့်ကို ဒုအာတစ်ခု သင်ကြားပေးတော်မူပါ” လို့ ထပ်မံလျှောက်ထားခဲ့ပါတယ်။

💚 ထိုအခါ တမန်တော်မြတ် [ ﷺ ] က ကျွန်တော့်ကို မိန့်တော်မူပါတယ်။
“အို အဘ္ဘားစ်၊ အို အလ္လာဟ့်ရစူလ်ရဲ့ဘထွေးတော် အလ္လာဟ်အရှင်မြတ်ထံတော်ပါး ဒွန္နယာ၊အာခိရဟ်မှာ “ #အာဖိယဟ်” ကိုသာ တောင်းခံပါ။
ဒါဟာ အင်မတန် ရိုးရှင်းတဲ့ ဒုအာလေးတစ်ခုပါ။ စိတ်ရင်းမှန်နဲ့ အဓိပ္ပာယ်ကို ခံစားပြီး အခုလို တောင်းခံပါ။

❤️ “အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်ုပ်အား ပူဆွေးသောကများ၊ ဆင်းရဲဒုက္ခများ၊ အခက်အခဲများနှင့် နစ်နာဆုံးရှုံးမှု အပေါင်းမှ ကယ်တင်တော်မူပါ။ ကျွန်ုပ်ကို ပြင်းထန်သော စမ်းသပ်မှုများပေးသနားတော်မမူပါနှင့်”။

♥️ ဤအချက်အားလုံးသည် “ #အာဖိယဟ်” ဆိုသည့် စကားလုံးလေးထဲတွင် ပါဝင်နေပါသည်။

📓 သိရ်မီဇီ - 3514 📓
Sheik Mahmood

Soe Naing မျှဝေသည်။

13/04/2026
18/03/2026

بِسْمِ اللهِ الرَّحْمٰنِ الرَّحِيْمِ
သင်ဟာ အလ္လာဟ့်ﷻထံတော်ပါးမှာ အထူး‌ဗန်ဒဟ်တစ်ဦးဖြစ်ကြောင်း သိရှိနိုင်မယ့် လှပသောလက္ခဏာများ

အလ္လာဟ်ﷻအရှင်မြတ်က အသင့်အား ချစ်ခင်မြတ်နိုးခြင်း၊ စောင့်ရှောက်နေခြင်းနှင့် အသင့်စိတ်နှလုံးအား ကောင်းကျိုးချမ်းသာကိုသာ အလိုရှိခြင်းတို့ကို ထင်ရှားစွာပြသနေတဲ့ လှပတဲ့နမိတ်လက္ခဏာတချို့ကို ဖော်ပြပေးလိုက်ပါတယ်..🤍
🤍1. အလ္လာဟ်ﷻအရှင်မြတ်က သင့်အား ဂုနာဟ်တွေကနေ ထိန်းသိမ်းထားတယ်။ တခါတလေ သင်ဟာ ဂုနာဟ်ထဲလုံးဝနစ်မွမ်းမိတော့မယ့် အချိန်မှာ အပြစ်လုပ်ရမှာကို ရွံရှာတဲ့စိတ်၊ အပြစ်ဒဏ်ကိုကြောက်ရွံ့တဲ့စိတ်ဝင်လာတယ်။ ဒါမှမဟုတ် မျှော်လင့်မထားတဲ့ အတားအဆီးတစ်ခုခုက သင့်ကို ထိုဂုနာဟ်ကျူးလွန်ခြင်းမှ ရပ်တန့်စေလိုက်တယ်။ ဒါဟာ အလ္လာဟ်ﷻအရှင်မြတ်က သင့်နှလုံးသားကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းပဲဖြစ်တယ်။

🤍2. အိဗာဒသ်တွေမှာ ငြိမ်းချမ်းမှုရှာတွေ့တယ်။ ဆွလာသ်ဝတ်ပြုတဲ့အခါ၊ ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်တဲ့အခါနဲ့ ဒုအာလုပ်တဲ့အခါတွေမှာ သင့်ရဲ့စိတ်နှလုံးဟာ ပျော့ပြောင်းသွားတယ်။ ဒီလိုမျိုးစိတ်ကြည်လင်နေခြင်းနဲ့ စိတ်သက်သာရာရခြင်းတို့ဟာ အလိုအလျောက်ဖြစ်လာမျိုးမဟုတ်ဘဲ အလ္လာဟ်ﷻအရှင်မြတ်က သင့်ကို အရှင်မြတ်နဲ့နီးကပ်စေချင်တဲ့ လက္ခဏာရပ်တွေပါ။

🤍3. သင့်ဘဝမှာ စမ်းသပ်မှုတွေကြုံရတယ်။ အခက်အခဲဒုက္ခတွေဟာ အလ္လာဟ်ﷻအရှင်မြတ်က ‌ပြစ်ဒဏ်ပေးတာမျိုးမဟုတ်ဘဲ သင့်ရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို အရှင်မြတ်က သန့်စင်ပေးခြင်းသာဖြစ်တယ်။ ဒါ့အပြင် အလ္လာဟ်ﷻအရှင်မြတ်က မိမိချစ်မြတ်နိုးတဲ့သူတိုင်းကို စမ်းသပ်မှုပြုပါတယ်။ နဗီတမန်တော်(အလိုင်ဟိစ္စလာမ်)များလည်း စမ်းသပ်ခံခဲ့ရသလိုမျိုးပေါ့။

🤍4. သင့်ရဲ့စိတ်နှလုံးဟာ (သောင်ဗဟ်) နောင်တရကာ အမှားဝန်ခံခြင်းခြင်းဘက်သို့ ဆွဲငင်ခြင်းကို မကြာခဏခံစားရတယ်။ တစ်ခုခု ချွတ်ချော်မှားယွင်းမှုဖြစ်တိုင်းမှာ သင့်ရဲ့အတွင်းစိတ်ထဲမှ "အလ္လာဟ့်ထံပြန်လှည့်ပါ" ဟူသော အသံတစ်ခုထွက်ပေါ်လာတတ်တယ်။ ဒီလိုမျိုး အတွင်းစိတ်ရဲ့သတိပေးသံသည်လည်း အရှင်မြတ်ထံတော်မှ ကရုဏာတော်တစ်ပါးပင်ဖြစ်ပါတယ်။

🤍5. ကောင်းမြတ်သော အကျင့်အမူတွေကို ပြုကျင့်လုပ်ဆောင်ရန်အတွက် သင့်ရဲ့စိတ်နှလုံးဟာ လွတ်လပ်ပေါ့ပါးကာ ပျော်ရွှင်မှုရှိတယ်။ တပါးသူအား ကူညီခြင်း၊ မွန်မြတ်သော ဆွဒကာဟ်အလှူဒါနများ ပေးလှုခြင်း၊ တပါးသူအား ကြင်နာသနားတတ်ခြင်း စတဲ့ ကောင်းမှုတွေကို သင်ဟာ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင် ပြုလုပ်‌နေတတ်တယ်။ ဒီလိုပျော်ရွှင်နေတာဟာ အလ္လာဟ်ﷻအရှင်မြတ်က သင့်ရဲ့စိတ်နှလုံးကို ပျော့ပျောင်းအောင်ပြုလုပ်ပေးနေခြင်းရဲ့ နိမိတ်လက္ခဏာဖြစ်ပါတယ်။

🤍6. အလ္လာဟ်ﷻအရှင်မြတ်က သတိပေးချက်များကို အကောင်းဆုံးအချိန်ကိုက် ပို့ချပေးတော်မူတယ်။ သင်လိုအပ်နေတဲ့အချိန်မှာ အာယသ်တော်တစ်ပိုဒ်၊ Postတစ်ခု၊ (သို့) Videoတစ်ခု ရောက်ရှိလာတတ်တယ်။ ဒါတွေဟာ မတော်တဆဖြစ်ရပ်တွေမဟုတ်ဘဲ အရှင်မြတ်ဘက်မှ ပို့ပေးလိုက်တဲ့ သတင်းစကားတွေပဲဖြစ်ပါတယ်။

🤍7. တိတ်ဆိတ်ငြိမ်သက်နေချိန်မှာတောင် သင့်နှလုံးသားဟာ အရှင်မြတ်နှင့်ချိတ်ဆက်နေတတ်ပါတယ်။ တခါတလေ စကားတစ်ခွန်းမျှမဆိုဘဲ အရှင်မြတ်ရဲ့နီးကပ်စွာတည်ရှိနေမှုကို ခံစားမိတတ်ပါတယ်။ ဒီဆိတ်ငြိမ်တဲ့ ဆက်နွယ်မှုက သင်ဟာ အရှင်မြတ်နဲ့ နီးကပ်မှုရှိခြင်းရဲ့ လက္ခဏာတစ်ခုပါ။

🤍8. အလ္လာဟ်ﷻအရှင်မြတ်က တချို့သောလူတွေ (ဒါမှမဟုတ်) တချို့သောအရာတွေကို သင့်ဘဝထဲကနေ ဖယ်ရှားပေးပါတယ်။ ဒါဟာ သင့်ကိုနာကျင်အောင် လုပ်ဖို့အတွက်မဟုတ်ပါဘူး။ သင့်ရဲ့ ယုံကြည်ခြင်းကို ထိခိုက်နစ်နာစေမယ့်အရာတွေကနေ သင့်ကို ကာကွယ်ပေးဖို့အတွက်ပဲဖြစ်ပါတယ်။

🤍9.ဒုအာတောင်းခံနေရင်း (သို့) ဇိကိရ်သတိရတသနေရင်းနဲ့ မျက်ဝန်းမှ မျက်ရည်များ စီးဆင်းလာပါတယ်။ အလ္လာဟ့်အတွက် ကျဆင်းလာတဲ့မျက်ရည်တွေဟာ သာမန်မဟုတ်ပါဘူး။ အရှင်မြတ်ချစ်ခင်နှစ်သက်တော်မူတဲ့ နှလုံးသားမှသာ စီးဆင်းလာတာဖြစ်ပါတယ်။

🤍10. သင်ဟာ အလ္လာဟ်ﷻအရှင်မြတ်နှင့်မည်မျှပင် ဝေးကွာသွားစေကာမူ၊ အရှင်မြတ်ထံတော်ပါး ပြန်လည်ရောက်ရှိလာစမြဲဖြစ်တယ်။ တစ်စုံတစ်ရာက သင့်ကို အရှင့်ဘက်ပြန်ဆွဲခေါ်လေ့ရှိပါတယ်။
အလ္လာဟ်အရှင်မြတ်သခင် ကျွန်ုပ်တို့အားလုံးကို ပျော်ရွှင်ခြင်းနှင့် ငြိမ်းချမ်းမှုအပေါင်း ချီးမြှင့်တော်မူပါစေ။ ထို့ပြင် အရှင်မြတ်ရဲ့ အထူးစောင့်ရှောက်ခြင်းခံရတဲ့ ဗန်ဒဟ်များထဲမှာလည်း အပါအဝင်ဖြစ်တော်မူပါစေ။ အာမီးန်🤲

သင်ရော ဘယ်အချက်တွေနဲ့ကိုက်ညီနေလဲဆိုတာ Comment မှာမျှဝေသွားခဲ့ပါအုံးနော်🤍

🌷

بِسْمِ اللهِ الرَّحْمٰنِ الرَّحِيْمِ

Beautiful signs that will tell you that you are a special servant in the presence of Allah ﷻ

Allah ﷻ ,
Here are some beautiful signs that clearly show you that Allahﷻ loves you, protects you and want only the welfare of your heart..🤍

🤍1.

Allah ﷻ has kept you from sins.
Sometimes, when you are about to sink completely into sin, the feeling of loathing to sin, the fear of punishment, or some unexpected obstacle stops you from committing that sin. This is Allah ﷻ guarding your heart.

🤍2.

I find peace in worship. When performing Salat, reciting the Holy Qur'an and Duas, your heart becomes soft. Such clarity of mind and relief do not happen automatically, but are signs that Allah ﷻ wants you to be closer to Him.

🤍3.

You face trials in your life.
Difficulties are not a punishment from Allah ﷻ, but a purification of your heart and soul by Allah. Additionally, Allah ﷻ tests everyone He loves, just like the Prophet (peace be upon him) was also tested.

🤍4.

Your heart often feels pulled towards repentance (sinbah) and confession of wrongdoing. Whenever something goes wrong, a voice from inside you says, "Turn back to Allah."
This kind of inner warning is also a mercy from God.

🤍5.
Your heart is free and happy to perform good deeds such as helping others
giving noble Sadakah donations, being kind and compassionate to others with enthusiasm and joy. Being happy like this is a sign that Allah ﷻ is softening your heart.

🤍6.
Allah ﷻ sends warnings at the right time.
A verse, a post or a video often arrives when you need the most. These are not accidental events, but messages sent by him.

🤍7.
Even in silence, your heart is connected to God. Sometimes you feel God's close presence without even saying a word. This quiet relationship is a sign of your closeness to God.

🤍8.
Allah ﷻ removes certain people (or certain things) from your life. This is not to hurt you.
It is to protect you from things that will harm your faith.

🤍9. While asking for dua or remembering zikir, tears flow from the eyes. Tears falling for Allah are not common. It flows only from the heart that God loves and loves.

🤍10.
No matter how far away you are from Allah ﷻ, he keeps coming back to him.
Something usually pulls you back upwards.

May Allah bless us all with happiness and peace. In addition, may he allow us to be included among the servants who are specially protected by the Lord.
Ameen 🤲

Please share what points you agree with in the comments. 🤍

🌷

by_شيماء بنت عارف

မြန်မာနိုင်ငံ ဖိသ်ရာဟ်နှသ့်စပ်လျဉ်း၍ အသိပေးကြေငြာခြင်း
16/03/2026

မြန်မာနိုင်ငံ
ဖိသ်ရာဟ်နှသ့်စပ်လျဉ်း၍ အသိပေးကြေငြာခြင်း

မလေးရှားမြို့အလိုက် ဖိသ်ရာဟ်
16/03/2026

မလေးရှား
မြို့အလိုက် ဖိသ်ရာဟ်

ကလိမာဟ်တော် (၇)ပုဒ်
03/03/2026

ကလိမာဟ်တော် (၇)ပုဒ်

Address

Kuala Lumpur

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00

Telephone

+60183582989

Website

Alerts

Be the first to know and let us send you an email when Bismillah. Malaysia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share