24/07/2023
မိရိုးဖလာ ကုန်စုံဆိုင် “စတင်ပြောင်းလဲကြရအောင်”
“ ပိုရောင်းရအောင်၊ လူပိုသိအောင်” ဆိုတာ ဆိုင်ရှင်တိုင်းရဲ့ ရည်မှန်းချက်ပါ။
(၁) ***များများမြင်ရလေ ပိုရောင်းရလေပါ***
ဆိုင်ပြင်ဘက်ကို ထွက်ကြည့်လိုက်ပါ၊ ဘယ်လိုမြင်နေရလဲ ?? ဘယ်နားကနေစမြင်ရလဲ ?? ဘာတွေမြင်ရလဲ???
ရောင်းအားတိုးတက်ဖို့ အရိုးရှင်းဆုံးက စရမှာ ၀ယ်သူတွေ ကိုယ့်ဆိုင် ကိုမြင်ဖို့ပါ။ (*စျေးထဲကဆိုင်၊ရပ်ကွက်ထဲကဆိုင် ၂မျိုးလုံးနဲ့ သက်ဆိုင်ပါတယ်*)
ဆိုင်ကိုကွယ်နေတာတွေ ၊ ဆိုင်နဲ့ မသက်ဆိုင်တာတွေ ဆိုင်ရှေ့မှာရှိနေတာတွေ ၊ ရောင်းအားသာတက်ချင်တာ ဆိုင်က လူ၀င်ဖို့တောင် ခက်နေတာတွေ ကို အကုန်ဝဲပလိုက်ပါ ။ ဆိုင်မြင်ကွင်းကမှောင်နေရင်လင်းအောင်လုပ်ပါ။
ဆိုင်ကို အဝေးကနေ ကစရှင်းရှင်းလင်းလင်းမြင်နေရပြီဆို ဆိုင်ထဲ၀င်ရအောင်ပါ ။
ဆိုင်ကြီးတော့ရှင်းနိုင်တာပေါ့ ၊ ဆိုင်သေးတော့ ပစ္စည်းတွေနဲ့ပဲပြည့်နေတာပေ့ါ ဆိုတဲ့ မိမိ ကိုယ့်ကိုယ်ဖြေသိမ့်မှုတွေကိုမေ့ပြီးပြောင်းလဲကြရအောင်ပါ။ ရောင်းကောင်းလေပစ္စည်းများလေဆိုတာကိုမမေ့ပါနဲ့ !!!
မိရိုးဖလာ ကုန်စုံဆိုင် တွေမှာ အဓိကအားနည်းချက် ကရောင်းကောင်းတာတွေကိုယ့် အနားမှာထားတယ်၊ ယူရလွယ်တာပေ့ါ ၊ ပစ္စည်းတိုင်းကို ထားချင်သလိုထားတာတွေပါ။
( ၂ ) ***“ပစ္စည်းများကို သူ့အမျိုးအစား အုပ်စု အလိုက်သီးသန့်စီထားပါ” ***
ဒါကသိပ်အရေးကြီးပါတယ် !!! ၀ယ်သူကိုလည်း ဘာ၀ယ်ချင်လည်း အမှတ်ရစေတယ်၊ ကြည့်လိုက်တာနဲ့ ၀ယ်ချင်စိတ်ကိုပိုတိုးစေပြီး ရောင်းအားတက်စေပါတယ်။
ဆိုင်ရှင်ကို လည်းကုမ္ပဏီကအရောင်းသမားလာရင် ဘာလိုနေပြီလည်း ၊ဘာတွေရှိသေးလည်း အမြန်သိစေပါတယ်
ဘာတွေ ပိုများနေလို့မြန်မြန်ရောင်းသင့်လည်း သိစေတယ်။ အမြဲကြုံနေရတဲ့ မရောင်းလိုက်ရပဲ ဒိတ်ကုန်သွားတာတွေ နည်းလာမှာပါ( Expire မထိအောင်ဘယ်လိုလုပ်မလဲနောက်ပို့စ်တွေမှာလာပါမယ်)
ဘယ်လိုပစ္စည်းစီရမလည်းမသိရင် ကိုယ့်အနီးအနားက G&G လို ဆိုင်မျိုးတွေက အကောင်းဆုံးဥပမာပါ။
***များများမြင်ရအောင်လုပ်မယ် ၊ ကုန်ပစ္စည်းတွေကို အုပ်စုလိုက်စီ ပြီး ပိုမြင်ရအောင်လုပ်မယ်***
၀ယ်သူမေးတာကို ရောင်းမယ်၊ မမြင်ရပဲ မေးမှထုပ်ပေးမယ် ဆိုတာတွေကို ဒီနေ့ကစပြီးပြောင်းလဲလိုက်ပါတော့
စျေး၀ယ်ကို များများပေးမြင်ပြီး ရောင်းအားကောင်းအောင် လုပ်ကြရအောင်ပါ။
စာတွေသင်သလို ဖတ်နေရတာထက် နေ့စဉ်ကြုံတွေ့နေရပြီး လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် အသိပညာများကိုသာပေးချင်တာပါ။
***အားလုံးတိုးတက်ရောင်းအားကောင်းဖို့အတွက် Share ပေးကြပါ***
Credit - Retail Professional