Htety Chaty

Htety Chaty "Skincare addict, makeup lover, and your new beauty bestie!"

📍Cat Socrates : Where cats meet aesthetics 🐈‍⬛️🐾🐈‍⬛️Review post​တွေမတင်ဘဲ အလည်လွန်​နေသူ ကျွန်မ🤭👗 dress from - LyLea ( lo...
11/05/2026

📍Cat Socrates : Where cats meet aesthetics 🐈‍⬛️🐾🐈‍⬛️
Review post​တွေမတင်ဘဲ အလည်လွန်​နေသူ ကျွန်မ🤭

👗 dress from - LyLea ( local clothing )

" 𝗦𝗸𝗶𝗻 𝗿𝗲𝘀𝗰𝘂𝗲 " cream ဆိုပြီးနာမည်ကြီးတဲ့𝗟𝗮 𝗥𝗼𝗰𝗵𝗲 𝗣𝗼𝘀𝗮𝘆 𝗖𝗶𝗰𝗮𝗽𝗹𝗮𝘀𝘁 𝗕𝗮𝘂𝗺𝗲 𝗕𝟱+သူက balm အမျိုးအစားဆို​တော့ texture ကcream နဲ...
11/05/2026

" 𝗦𝗸𝗶𝗻 𝗿𝗲𝘀𝗰𝘂𝗲 " cream ဆိုပြီးနာမည်ကြီးတဲ့
𝗟𝗮 𝗥𝗼𝗰𝗵𝗲 𝗣𝗼𝘀𝗮𝘆 𝗖𝗶𝗰𝗮𝗽𝗹𝗮𝘀𝘁 𝗕𝗮𝘂𝗺𝗲 𝗕𝟱+

သူက balm အမျိုးအစားဆို​တော့ texture က
cream နဲ့ oilment ကြား နည်းနည်းထူပြီးအဆီပါတယ် လိမ်းလိမ်းချင်း white cast ကျန်သလိုဖြစ်တယ် ​သေချာ​လေးစိမ့်ဝင်​အောင်​တော့လိမ်း​ပေးရတယ်
ညပိုင်းလိမ်းအိပ်တာပိုအဆင်​ပြေတယ်
Skin barrier ထိထားသူ​​တွေ
ဝက်ခြံ​ကြောင့်နီမြန်း​​ယောင်ရမ်းတာ​တွေ
အသားအရမ်း​ခြောက်တဲ့သူ​တွေအတွက်ဆို ​တော်​တော်အဆင်​ပြေတယ် ညလိမ်းပြီးအိပ်လိုက်ရင် မနက်ကျ အသားအရည်ကစိုစိုအိအိ​လေးဖြစ်​နေတဲ့အပြင် ဝက်ခြံ​ကြောင့်​ယောင်ရမ်းနေတာလည်း​တော်​တော်​လျော့တယ် အမာရွတ်လည်းပါးတာမြန်တယ်

ကိုယ်ဆို ပြီးခဲ့တဲ့လက နှဖူးမှာ blackhead​ တွေ ​တော်​တော်ဖြစ်သွားတာ အဲ့အချိန် ညပိုင်း skincare routine ကို ဘာမှမသုံး​တော့ဘဲ facial foam နဲ့ ဒီ cream ကို ၁လနီးပါးသုံးပြီးတဲ့အချိန် အကုန်ပြန်ပါးသွားတာ

Ingredients ​တွေအ​နေနဲ့
- 5 % Panthenol (Vitamin B5)
- Madecassoside
- Zinc + Copper + Manganese
- Tribioma complex အဓိကပါဝင်တယ်

ဘယ်လိုအသားအရည်​မှာသုံး​ပေးလို့ရလဲဆို
✅️ Dry / Combination skin
✅️ Sensitive skin
✅️ Compromised skin barrier
✅️ Retinol users
​တွေသုံး​ပေးလို့ရတယ်
Oily skin မှာဆိုရင် သူကအဆီများတယ်လို့ထင်ရလို့ သုံးချင်တယ်ဆိုရင် ညပိုင်းမှာ​တော့သုံး​ပေးလို့ရပါတယ်

ဘယ်အဆင့်မှာသုံးရမလဲဆိုရင်...
Moisture လိမ်းပြီး last skincare stepမှာသုံးလို့ရတယ် (or) toner + serum ပြီးရင် moisturiser ​နေရာမှာ သူ့ကိုအစားထိုးလိမ်းလည်းရတယ်
ညဘက်ကို သူ့တမျိုးထဲလိမ်း​ပေးချင်လည်းရတယ်
​နောက်ပြီး တမျက်နှာလုံးမလိမ်းဘဲဝက်ခြံထွက်တဲ့​နေရာ​လေး​တွေမှာ တို့​ပေးလို့လည်းရပါတယ်
လိမ်းရမယ့် ပမာဏက pea-sized amount ​လောက်ဆိုလုံ​လောက်ပါတယ်

ကိုယ့်အတွက်​တော့ ဒီ b5+ ​ baume လေးက 10 out of 10 ပါ ✨️

"Imitation is the sincerest form of flattery" လို့ပြောကြပေမဲ့ ဒီတိုင်း လွှတ်ထားရင် နောက်ပိုင်းမှာ facebook ရဲ့ Content o...
13/04/2026

"Imitation is the sincerest form of flattery" လို့ပြောကြပေမဲ့ ဒီတိုင်း လွှတ်ထားရင် နောက်ပိုင်းမှာ facebook ရဲ့ Content ownership claim တာနဲ့ ပတ်သက်ပြီး မလိုအပ်တာတွေ ရှိလာမှာဆိုးလို့ အောက်က Khin Zar Win Pyae ဆိုတဲ့ account လေးကို ထက်ကို ကူပြီး report ထုပေးကြပါဦးနော်။ Facebook က မနေ့ထဲက notify လုပ်လာလို့ပါ။ ထက် page က content တွေကို admin လဲမရှိသလို၊ ကိုယ်တိုင် တယောက်ထဲ အစအဆုံး လုပ်တာဖြစ်တဲ့အတွက် ခုလို content sharing သဘောမျိုးမဟုတ်ပဲ အတုဟန်ဆောင်ပြီး တိုက်ရိုက်ကူးတင်တာမျိုးကတော့ မကောင်းဘူးထင်ပါတယ်။ လက်ရှိမှာ ထက်သုံးနေတာ အခု post ကိုတင်တဲ့ ဒီpage တခုပဲ ရှိပါတယ်။ https://www.facebook.com/share/14ZkvE9Rx9Y/

11/04/2026

သင်္ကြန်နဲ့အဆင်ပြေမယ့် DAZZLE ME ရဲ့ Shimmer Fix Setting Spray ✨️✨️✨️
ဒီရက်ပိုင်းတော့ ရိုက်ပြီးသားအဟောင်းလေးတွေဘဲတင်မယ်နော်😁

lost in blue at the Singapore Oceanarium 💙😇🐋
10/04/2026

lost in blue at the Singapore Oceanarium 💙😇🐋

ထက်ခရီးလေးထွက်နေလို့ reply လေးတွေ post လေးတွေနောက်ကျပါမယ်နော်။ ပုံကတော့ မေ့သွားမှာဆိုးလို့ irl Snap လေးထည့်ပေးထားတာ❤️
09/04/2026

ထက်ခရီးလေးထွက်နေလို့ reply လေးတွေ post လေးတွေနောက်ကျပါမယ်နော်။ ပုံကတော့ မေ့သွားမှာဆိုးလို့ irl Snap လေးထည့်ပေးထားတာ❤️

01/04/2026

💜 ONE THING Peptide Retinal Mist 💜
မျက်နှာအသားအရည်စိုစိုတင်းတင်းရင်းရင်းလေးဖြစ်နေစေဖို့...

21/03/2026

နောက်ရက်တင်ပေးမယ့် lookလေး 🖤🖤🖤

[ 🎁 Giveaway EGF serum cream တစ်ဘူးမဲဖောက်ပေးမယ်နော် like&comment ကြိုက်ရာမန့်ပါရှင့် 🎁 ]Skincare Step တွေကိုအများကြီးမသ...
20/03/2026

[ 🎁 Giveaway EGF serum cream တစ်ဘူးမဲဖောက်ပေးမယ်နော် like&comment ကြိုက်ရာမန့်ပါရှင့် 🎁 ]

Skincare Step တွေကိုအများကြီးမသုံးချင်ဘူး....
Serum + moisturizer ကိုတစ်မျိုးထဲသုံးရုံနဲ့ရမယ်ဆို...
𝗞𝗼𝗿𝗲𝗮 𝗦𝗸𝗶𝗻𝗰𝗮𝗿𝗲 𝗕𝗿𝗮𝗻𝗱ထဲက ⬇️⬇️⬇️

𝗠𝗰𝗡𝗮𝗹𝗹𝘆 ရဲ့ 𝗦𝗲𝗿𝘂𝗺 𝗖𝗿𝗲𝗮𝗺 တွေရှိပါမယ်
[ တစ်လသုံးထားတဲ့ reviewလေးပါ ]

Serum Cream ဆိုတာက Serum ကိုမှ အစိုဓါတ် hydration ပါတခါတည်းပါပြီးသားကိုပြောချင်တာပါ

Serum cream သုံးရုံနဲ့ moisturizer stepပါတခါတည်းလိမ်းပြီးသားဖြစ်သွားတာပေါ့နော်

Textureက နည်းနည်းထူတယ် အဲ့အတွက်အစိုဓါတ်လည်းလုံလုံလောက်လောက်ရတယ် အနံ့ကတော့ ဆေးနံ့လိုနည်းနည်းရတယ်

ကိုယ့်အသားအရည်ပေါ်မူတည်ပြီး
1. Collagen
2. Hyaluronic
3. EGF
4. Retinol
5. Arbutin
ဆိုပြီး ၅မျိုး ရွေးချယ်စရာရှိတယ်

🩷 Collagen က အသက်လတ်ပိုင်းတွေအတွက်ပိုသင့်တော်တယ် ခန္ဓာကိုယ်က Collagen ထုတ်နှုန်းလည်းလျော့နည်းလာတာကြောင့် မျက်နှာတင်းရင်းပြီး အသားအရည်ကြည်ဖို့အတွက်ဆို Collagen cream သုံးပေးလို့ရတယ်

💙 Hyaluronic ကတော့ မျက်နှာက အစိုဓါတ်အပြည့်အဝလိုတယ် အသားအရည်ကခြောက်သွေ့တယ်ဆို သူ့ကိုသုံးပေးလို့ရတယ် Hyaluronate က ကိုယ်အကြိုက်ဆုံးတခုထဲမှာပါတယ် ညလိမ်းအိပ်လိုက်ရင် မနက်ကျမျက်နှာလေးက စိုစိုအိအိလေးပိုဖြစ်နေစေတယ်

💛 EGF က သူ့အရှည်ကောက်က ( Epidermal Growth Factor )
Protein တမျိုးဖြစ်တဲ့ EGF က collagen ထုတ်နှုန်းကို boostလုပ်ပေးပြီး skin cells အသစ်ထွက်အောင်လည်း ကူညီပေးတယ် Anti-aging အတွက်ရယ် skin repair ရယ် အသားအရည်ကြမ်းတမ်းတာအတွက် သုံးချင်ရင် သူ့ကိုရွေးလို့ရတယ်

🤎 Retinol serum cream က fine lines / winkles/dark spots / pigmentation အတွက်သုံးပေးလို့ရတယ်
တခုရှိတာက retinolကနည်းနည်းပြင်းတဲ့အတွက် စစချင်းသုံးရင် ယားယံတာမျိုး skin peeling ဖြစ်တာမျိုးကြုံနိုင်ပါတယ်
❌️ Retinol နဲ့တွဲမသုံးသင့်တာတွေက
(Benzoyl Peroxide, Vitamin-C, Lactic Acid, AHA BHA တွေဖြစ်တဲ့ Glycolic Acid, Salicylic Acid ) ဒါတွေနဲ့တွဲသုံးလို့မရပါဘူး ❌️

💚 Arbutin ရဲ့လုပ်ဆောင်ချက်က မျက်နှာမှာ အမဲစက်၊အမာရွတ်တွေများနေတယ် မျက်နှာအသားအရည်ကမညီဘဲကွက်နေတာမျိုးဆို Arbutinသုံးလို့ရတယ် အမဲစက်ပါးပြီးမျက်နှာ skintoneလေးညီလာစေတယ်

အသေးစိတ်သိချင်တာလေးကို McNally Myanmar pageလေးမှာမေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

18/03/2026

McNally Myanmar ရဲ့ serum cream လေးတွေအကြောင်း 💙💙💙

17/03/2026

💦💦💦 သင်္ကြန်မှာရေစိုလည်းမိတ်ကပ်သားကြာရှည်ခံပြီး foundation မကွက်သွားစေမယ့် ✨️Soft Glow Waterproof Makeup Look Tutorial ✨️

Address

Yangon

Telephone

+959782638501

Website

Alerts

Be the first to know and let us send you an email when Htety Chaty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share