11/06/2025
BKK သွားရတာပျင်းနေပြီး Myanmar နဲ့နိးနိးနားနားလဲ visa လဲမလို စရိတ်လဲ သက်သာပြီး လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါး ခရီးထွက်ချင်တဲ့အတွက်Sabal သွားဖြစ်ခဲ့တဲ့ Vietnam က Phu Quoc ကျွန်း၄ ည အိပ် ၃ ရက် 🇻🇳 ခရီးစဉ်လေးပြန် sharing ထားပေးပါတယ်။
Italy အသေးစားလို့တောင်ပြောလို့ရတယ် ခြေချလိုက်တဲ့နေရာတိုင်း ဓါတ်ပုံရိုတ်ချင်စရာနေရာတေေွကြီးဘဲ။
Budget trip မဟုတ်ပေမဲ့ ခရီးစဉ်စဆုံး Sabal 14000 baths ဝန်းကျင်လောက်ဘဲကုန်ကျခဲ့ပါတယ်။(လက်ဆောင်တွေဝယ်တာမပါ)
bkk ကနေစသွားတာပါ။
ငွေကို Sabal bkk airport (အသေး)3 floor က money exchanger မှာလဲတာပါ။
bkk ကနေငွေလဲသွားပါ ဟိုရောက်မှ ငွေလဲရင် စျေးအရမ်းကြိးပါတယ်။
📍 DAY 1(airasia flight +kilo အပိုထပ်ဝယ်ပြီးသွားတာပါ)
✓13:30 PM Airportရောက်တယ်။ airport မှာဘဲ simcard ဝယ်ပါတယ်။ စျေးမကြီးဘူး(၂၀၀ ထင်တယ်)
Grab ခေါ်ပြီး ( grab ဘဲခေါ်ပါ။ အခြားကားတွေစျေးကြီးလို့ အခြားကားတွေခေါ်ရင်တောင် grab က ကားစျေးနဲ့ယှဉ်ပြီးစျေးစစ်ပြီးခေါ်ပါ) ကားတွေ အရမ်းကောင်းပြီး စျေးလဲသက်သာပါတယ်။
✓ Sunset town ကိုသွားပါတယ်။
✓ Sunset town နားက စားသောက်ဆိုင်မှာ အစာစားပြီး ဟောတည်သွားတာပါ။
ဟောတည်ကို Sabal Sea view 1 nite and city view 2 nite ယူထားပါတယ်။
Sea view ကနေ မီးပန်းကြည့်လို့ရပါတယ်။
ညတိုင်း၇:၃၀ မီးပန်းဖောက်ပါတယ်။ ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားကိုဖောက်တာ။
✓အခန်းကနေ fireworks ကြည့်ပါတယ်။
✓ Lotus hotel မှာတည်းပြီး အဲ့နားတစ်ဝိုက်ပတ်ပါတယ်။ဓါတ်ပုံရိုတ်ပါတယ်။
ကျွန်းမြို့တစ်ခုလုံးက တစ်နေရာ မကျန် ဓါတ်ပုံရိုတ်ချင်စရာနေရာတွေကြီးဘဲ။
📍 DAY 2
✓မနက်မိုးလင်း breakfast စားပြီးတာနဲ့ hotel က cycle ငှါးပြီး မြို့ပတ်ပါတယ်။ တစ်နေ့လုံးငှါးရင် ၃ သိန်းလို့ထင်တာဘဲ။ Sabal လဲနည်းနည်းမေ့နေပြီး။
ပြီးရင် Cable သွားစီးပါတယ်။
Asia မှာ အရှည်ဆုံးလို့ပြောတာဘဲ။
လှတာတော့ အရမ်းလှတယ်။
✔️Sunworld Hon Thom
✓ Aquatopia ရေဆော့တယ်။
ဆော့လို့ရ ပတ်လို့ရတာ အကုန်ဆော့ပြိး ပတ်ခဲ့တယ်။
အသားတွေလံ မဲပြာနှမ်းခဲ့တယ်🥹
✓Sunset town ပြန် ဟောတည်မှာ ရေမိုးချိူး အနားယူ
✓ကမ်းခြေ Khem မှာဓါတ်ပုံရိုတ် လမ်းလျောက်
✓ Kiss bridge မှာ လေညင်းခံ သီချင်းလေးနားထောင် ဓါတ်ပုံရိုတ်
📍 DAY 3
✓Vinwonder + safaris world
(ticket ကို trip.com ကဝယ်သွားတာပါ။)
ဘတ် ၁၀၀၀ ကျော် ၁၃၀၀ ဝန်းကျင်
Disney land အသေးစားလို့လဲပြောလို့ရတယ်။
အရမ်းလှတယ်။ နေလဲ အရမ်းပူတယ်။ ဓါတ်ပုံရိုတ်လို့ဝပြီးရင်
✓safari worlds ထဲဝင်တယ်။
aircon အေးအေးလေးထဲ ငါးလေး ရေအောက် တိတိလေးတွေရူ့စား
✓tickets မှာ free food ပါတော့ အဲ့မှာဘဲနေ့လည်စာစား
13:30AM ထင်တယ် ရေသူမ show ပွဲရှိတယ်
ရေသူမ show ပွဲကြည့်။
✓Grandworld သွား ပတ် လည် ။
လည်လို့ဝရင် ပလဲ ပြတိုက်သွား(ဘားမမရှိဘူး စိတ်မဝင်စားရင်မသွားလို့လဲရတယ်)
✓ အဲ့ကအပြန် phu quoc nite martket မှာ ညစာစား
အစားသောက်တွေလဲ စျေးပေါတယ်။
(အိမ်ပြန်လက်ဆောင်ဝယ်)
📍 DAY 4
✔️hotel နားက SANTO CAFE သွား မနက်စာစား
ဓါတ်ပုံရိုတ်
မြို့ပတ် ဓါတ်ပုံရိုတ်
✓airportပြန်
⭐️ကုန်ကျစရိတ် ၁၄၀၀၀ ဘတ် ဝန်းကျင်
📍
flight tickets 4000 နီးပါး+ kilo
📍hotel- first day 700 baths (1 nite)/2/3 days -700 baths (2 nite)
📍Vinwonder 1,300
📍simcard 200
🔺အစားသောက် +ကားဖိုး ၃၀၀၀
💥Grab နဲ့ဘဲသွားဖြစ်တာများတယ်။