02/08/2025
ဘန်ကောက်က မြန်မာသံရုံးမှာ သံရုံးထောက်ခံစာ ဘယ်လိုယူမလဲ
ဒီနေ့မှာတော့ Cora က ထိုင်းနိုင်ငံကို အလည်လာပြီး အကြောင်းအမျိုးမျိုးကြောင့် မပြန်ဖြစ်သေးဘဲ ထိုင်းမှာဆက်နေချင်တယ်ဆိုရင် Visa သက်တန်းတိုးဖို့လိုပါတယ်။
ဗီဇာသက်တန်းတိုးဖို့အတွက် မြန်မာသံရုံးထောက်ခံစာယူဖို့ကလဲ မဖြစ်မနေလိုအပ်လာပါပြီ။
ကိုယ်ကအချိန်လဲရတယ်၊ အေးဂျင့်လဲမအပ်ချင်ဘူး၊ အတွေ့အကြုံရအောင် ကိုယ်တိုင် မြို့ထဲအလည်သွားရင်းနဲ့ ထောက်ခံစာသွားယူမယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတန်းတွေနဲ့ ဘယ်လိုသွားရမလဲဆိုတာ ပြောပြပေးပါမယ်ရှင်။
ထောက်ခံစာယူဖို့ လိုအပ်တဲ့စာရွက်စာတန်းတွေကတော့
🔸ဘဏ်ငွေသွင်းချလံ
🔸Passport Bio Page မိတ္တူ
🔸Visa Page မိတ္တူ
(Visa ကသက်တန်းကုန်ခါနီး ၇ ရက်အလို ဖြစ်ရပါမယ်/ visa သက်တန်း ၇ ရက်နဲ့အထက်ဆို ထောက်ခံစာထုတ်မပေးပါဘူးရှင့်)
ဘန်ကောက်မြို့ မြန်မာသံရုံး လိပ်စာကတော့
📍132 N Sathon Rd, Si Lom, Bang Rak, Bangkok
Saint Louis station နားမှာ ဖြစ်ပါတယ်
မြန်မသံသံရုံးရဲ့ Google map link
https://maps.app.goo.gl/TsWo4LZYntvTyN2C7?g_st=ipc
သံရုံးကိုရောက်တဲ့ Bus တွေကတော့ 17, 77, 116, 149, 167, 21E နံပါတ်တွေရောက်ပါတယ်
ရထားစီးရင်တော့ Silon လိုင်းကိုစီးပြီး Saint Louis (S4) station မှာဆင်းရပါမယ်
Saint Louis Station ကိုရောက်ရင် လမ်းဘယ်ဘက်အခြမ်းက Saint Louis Hospital အကျော်လေးမှာ Bangkok Bank မှာ ကိုယ်ရဲ့ passport ပြပြီး ဘတ် ၁၅၀ ကို မြန်မာသံရုံးအကောင့်ထဲငွေသွင်းပြီး ငွေသွင်းချလံယူရပါမယ်။
ပြီးရင် ဘဏ်ရဲ့မျက်စောင်းထိုးမှာ မြန်မာသံရုံးရှိပါတယ်။ လမ်းကူးပြီး မြန်မာသံရုံးဆိုင်းဘုတ်ဘေးက အပေါက်လေးကနေ တန်းစီပြီးဝင်သွားလိုက်ပါ။
အထဲရောက်ရောက်ခြင်း ပထမဆုံးတွေ့ရတဲ့ကောင်တာမှာ တုံကင်နံပါတ်ယူပြီး အလှည့်ကျရင် ကောင်တာနံပါတ် ၅ မှာ ဘဏ်ချလံနဲ့ မိတ္တူစာရွက်တွေပေးခဲ့လိုက်ပါ။ ပြန်ယူရမယ့် အချိန်ကိုပြောလိုက်ပါလိမ့်မယ်။ ကိုရာသွားတုန်းကတော့ ညနေ ၅ နာရီနောက်ပိုင်း ပြန်ချိန်းပါတယ်။
🔺 ၁၂ နာရီ မတိုင်ခင် စာရွက်တွေတင်ရပါမယ်ရှင် 🔻
ထောက်ခံစာပြန်ယူဖို့စောင့်ရင်း သံရုံးအနီးနားမှာ
🔹The Empire Tower
🔹King Power Mahanakon
🔹Lumphini ပန်းခြံ
🔹Icon Siam တို့ကိုအလည်သွားလို့ရပါတယ်။
ညနေကျ သံရုံးကိုပြန်လာ ဝင်ဝင်ခြင်းကောင်တာမှာ တုံကင်ယူပြီး အလှည့်ကျရင် ကောင်တာ ၅ မှာဘဲ passport စာအုပ်ပြပြီး ထောက်ခံစာပြန်ထုတ်ပေးပါလိမ့်မယ်။
ဒါဆိုရင် ထောက်ခံစာဘယ်လိုယူရမလဲ သိသွားပြီလို့ထင်ပါတယ်။
TikTok မှာလဲ video လေးနဲ့ရှင်းပြပေးထားပါတယ်။
အခု link ကနေ ဝင်ကြည့်လို့ရပါတယ်ရှင့် ❤️
https://vt.tiktok.com/ZSSyw8Ewh/
၁၄ရက်အလည် visa နဲ့လာပြီး ထိုင်း Immigration ရုံးမှာ တစ်လသက်တန်း ဘယ်လိုတိုးရမလဲဆိုတာ နောက် post မှာ ပြောပြပေးပါမယ်ရှင်။
အခု Cora ရဲ့ post လေးက အထောက်အကူဖြစ်တယ်ဆိုရင် like & share နဲ့ Cora ရဲ့ page လေးကို like လုပ်ခဲ့ပေးပါဦးနော်
# FYI