09/08/2026
လူတစ်ယောက်ရဲ့ နှုတ်ထွက်စကားတွေက နားဝင်ချိုဖို့ လွယ်ကူပေမဲ့၊ သူ တကယ်လုပ်ပြတဲ့ လုပ်ရပ်တွေကတော့ ဘယ်တော့မှ မလိမ်ညာပါဘူး
နှုတ်ခမ်းဖျားက ထွက်တဲ့ ဂတိစကားတွေထက် ခြေလှမ်းတွေရဲ့ ဖြတ်သန်းမှုက ပိုပြီး လေးနက်ပါတယ်။
လမ်းဆိုတာ လျှောက်ဖန်များရင် ဖြစ်လာသလို၊ လူတစ်ယောက်ရဲ့ ဗီဇနဲ့ စရိုက်အမှန်ဆိုတာလည်း အချိန်နဲ့အမျှ သူရွေးချယ်တဲ့ လုပ်ရပ်တွေကနေပဲ ပေါ်လွင်လာတာပါ။
စကားလှလှလေးတွေနဲ့ ဖုံးကွယ်ထားတဲ့ စရိုက်တုတွေဟာ အမှန်တရားရှေ့မှာ ကြာကြာမခံပါဘူး။
ဒါကြောင့် ဘယ်သူ့ကိုမဆို အကဲခတ်ချင်ရင် သူပြောတဲ့ စကားလုံးတွေထဲမှာ မျောမသွားပါနဲ့။ သူ တကယ်လုပ်ခဲ့တဲ့၊ လုပ်နေဆဲဖြစ်တဲ့ လုပ်ရပ်တွေကိုပဲ မျက်တောင်မခတ်တမ်း စောင့်ကြည့်လိုက်ပါ။ လုပ်ရပ်ကသာ ထိုလူရဲ့ တန်ဖိုးအစစ်အမှန် ဖြစ်ပါတယ်။
စရိုက်ဆိုတာ ဘယ်သူကမှ ဆွဲထုတ်ပြစရာ မလိုဘူး။ သူ့အလိုလို သရုပ်မှန်ထွက်တယ်။
မျက်နှာချိုတိုင်း အပြုံးတွေ ဝေနေတိုင်း စိတ်ကောင်းနှလုံးကောင်း ရှိတာ မဟုတ်ဘူး။
လူတစ်ချို့က ဝမ်းတွင်းကောက်တွေ မစ္ဆိယစိတ်များတဲ့ အကုသိုလ် မျက်လုံးတွေနဲ့
တစ်ဖက်သားကို ဘယ်လို ကောက်ကျစ်ရမလဲ၊ အနိုင်ကျင့်ရမလဲ ချိုးနှိမ်ရမလဲ အခွင့်ရေးယူရမလဲဆိုတဲ့ အကျင့်ဆိုးတွေကို အပြုံးတွေနဲ့ ဖုံးကွယ်တတ်သေးတယ်။
လူရှေ့ကျ စေတနာရှင်ကြီးတွေလိုလို မဟာဂရုဏာရှင်ကြီးတွေလိုလိုနဲ့ သူတော်ကောင်းအရေခြုံတတ်ကြသေးတယ်။
ဒါပေမယ့် စရိုက်က စရိုက်ပဲလေ