Burmese Cele Hello

ဗိုက်ဆာလွန်းလို့ အတန်းထဲမှာ မူးလဲတဲ့အထိ ဖြစ်ခဲ့ပေမယ့် ဆေးခန်းပြဖို့ ပိုက်ဆံမရှိလို့ ငြင်းခဲ့တဲ့ ညီမလေး မနေခြည်ထွေး။ သူမရ...
03/07/2026

ဗိုက်ဆာလွန်းလို့ အတန်းထဲမှာ မူးလဲတဲ့အထိ ဖြစ်ခဲ့ပေမယ့် ဆေးခန်းပြဖို့ ပိုက်ဆံမရှိလို့ ငြင်းခဲ့တဲ့ ညီမလေး မနေခြည်ထွေး။ သူမရဲ့ ထမင်းချိုင့်ကို ဖွင့်ကြည့်တဲ့အခါ ဘာမှမပါတာကို တွေ့လိုက်ရတဲ့ ဆရာမရဲ့ ရင်နင့်စရာ ဖြစ်ရပ်က အားလုံးကို မျက်ရည်ကျစေခဲ့ပါတယ်။
ဒါပေမဲ့ ဆင်းရဲမှုဟာ သူမရဲ့ ပညာရေးကို အဟန့်အတား မဖြစ်စေခဲ့ပါဘူး။ အခက်အခဲတွေကို ဇွဲနဲ့ကျော်ဖြတ်ပြီး (၄) ဘာသာ ဂုဏ်ထူးရှင် ဖြစ်လာခဲ့တဲ့ ညီမလေးကို အားပေးစကား တစ်ခွန်းလောက် ချန်ခဲ့ပေးပါဦး။ ❤️👇
"ဆရာ့ဘာသာကို ဂုဏ်ထူးထွက်ရင်တော့ ဆရာ ၅ သောင်း ဆုချမယ်လို့ ကတိပေးထားတာ ရှိတယ်။ သူအောင်စာရင်း လာကြည့်ကြည့်ချင်း ဆရာပြောလိုက်ပါတယ် 'သမီးရေ ဆရာတော့ ဂုဏ်ယူတယ်၊ မင်းအတွက် ဆရာ ၅ သောင်း ဆုချမယ်' လို့။ မြန်မာစာ ဂုဏ်ထူးထွက်တယ်ဆိုတာ တကယ်ချီးကျူးပါတယ်။ မြန်မာစာ ဂုဏ်ထူးရဖို့ဆိုတာ တော်တော်မလွယ်ဘူး၊ အဆင့်ဆင့် စစ်ဆေးပြီးမှ ရတဲ့ ဂုဏ်ထူးပါ။
အခန်းထဲမှာ မူးလဲသွားတော့ ဆေးခန်းသွားမယ်ဆိုတော့ သူက ငြင်းတယ်၊ မလိုက်ချင်ဘူး။ နောက်မှ သိရတာက သူ့မှာ ပိုက်ဆံမရှိလို့ မလိုက်ချင်တာပါ။ ဆရာမက ပေးမယ်ဆိုပြီး ခေါ်သွားရတယ်။ သူ့ရဲ့ ထမင်းချိုင့်ကို ဖွင့်ကြည့်လိုက်တော့ ဘာဟင်းလဲဆိုတော့ 'စိမ်းစားငါးပိ' ပဲ ပါတာ။ အဲဒါကို မြင်တော့ ပြောတောင် မပြောထွက်ဘူး။ ကျွန်တော်ကတော့ သူ့ကို ပညာရေးတက္ကသိုလ်လောက်အထိ ဖြစ်စေချင်တယ်၊ အားလုံး ဝိုင်းဝန်းပေးစေချင်တယ်။
သူက ခပ်ငြိမ်ငြိမ်ပါပဲ၊ စိတ်ငြိမ်တယ်။ သူငယ်ချင်းတွေနဲ့လည်း သိပ်ပြီး ထွေထွေထူးထူး မရှိဘူး။ စားသောက်တဲ့အခါမှာလည်း သူတစ်ယောက်တည်းပဲ စားလေ့ရှိတယ်။ သင်္ချာမှာ အမှတ်နည်းနည်း လျော့နေတာကို ဆရာမက အချိန်ပိုလေး လေ့လာခိုင်းတော့ သူကြိုးစားတယ်။ ကျူရှင်တက်နိုင်တာ မတက်နိုင်တာ ပဓာနမကျဘူး၊ ကိုယ့်ရဲ့ ကြိုးစားမှုက ပဓာနကျတယ်ဆိုတာ သူက သက်သေပြခဲ့တာပါ။
ဒီလေးဘာသာ ဂုဏ်ထူးထွက်တော့ တစ်လောကလုံး ဝမ်းသာတာပေါ့။ အဲဒီနေ့က တစ်ညလုံး အိပ်တောင် မပျော်ဘူး။ ဆရာမကြီးက အမြဲပြောတယ်၊ ပိုက်ဆံရှိခြင်း မရှိခြင်းနဲ့ မဆိုင်ဘူး၊ ဆင်းရဲရဲ ချမ်းသာသာ အဓိက ပညာလိုချင်စိတ်ရှိဖို့ပဲ အရေးကြီးတာပါ။ မိမိကိုယ်တိုင် ကြိုးစားချင်စိတ်ရှိရင် ဒီလို အောင်မြင်သွားတယ်ဆိုတာ အားလုံး အတုယူဖို့ ပြောချင်ပါတယ်။"

(၅)ဘာသာဂုဏ်ထူးရှင် မောင်ရဲလင်းထွန်းကို ဆေးကျောင်းတက်ဖို့ထောက်ပံ့သွားမယ့်နန္ဒာလှိုင်တို့ဇနီးမောင်နှံ  အ.ထ.က ချောင်းဆုံမှ(...
03/07/2026

(၅)ဘာသာဂုဏ်ထူးရှင် မောင်ရဲလင်းထွန်းကို ဆေးကျောင်းတက်ဖို့ထောက်ပံ့သွားမယ့်နန္ဒာလှိုင်တို့ဇနီးမောင်နှံ

အ.ထ.က ချောင်းဆုံမှ(၅)ဘာသာဂုဏ်ထူးရှင်
မောင်ရဲလင်းထွန်း အဆင့်မြင့်ပညာ( ဆေးတက္ကသိုလ်)သင်ယူနိုင်ရေးအတွက် ပညာသင်ဆုရရန် ကိုဇေသီဟ နှင့် ကျွန်တော်ဆက်သွယ်အကူအညီတောင်းခံပေးခဲ့ပါတယ်။ကလေးရဲ့မိခင်နှင့် ကိုဇေသီဟရုံးအဖွဲ့ဖုန်းပြောဆိုမေးမြန်းကြပြီး အချက်အလက်များကို ပေးပို့ခဲ့ပါတယ်။
ယနေ့မနက်မှာ မောင်ရဲလင်းထွန်း ပညာသင်စရိတ်အတွက် ကိုဇေသီဟ+မနန္ဒာလှိုင်တို့မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အကြောင်းပြန်လာခဲ့ပါတယ်
Crd-Min Han Thar

02/07/2026

မြန်မာတစ်နိုင်ငံလုံး ပထမဆုရ ကျောင်းသူလေးအား KBZ Foundation မှ ငွေကျပ် သိန်း (၁,၀၀၀) ဂုဏ်ပြုပံ့ပိုး 🎉

၂၀၂၆ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သိပ္ပံဘာသာတွဲ) တွင် မြန်မာတစ်နိုင်ငံလုံး ပထမနေရာမှ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသူ မနီနီကျော် အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းလေးကို မျှဝေပါရစေ။ 👏

မနီနီကျော်၏ ရှေ့ဆက်လျှောက်လှမ်းမည့် ပညာရေးခရီးလမ်းနှင့် အနာဂတ်ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ခွန်အားတစ်ရပ်ဖြစ်စေရန်အတွက် KBZ Foundation မှ ငွေကျပ် သိန်း (၁,၀၀၀) ကို ဂုဏ်ပြုပံ့ပိုးပေးခဲ့ပါသည်။ 🎓✨

အခက်အခဲများနှင့် စိန်ခေါ်မှုများကြားမှ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးစားခဲ့သည့် သူမ၏ အောင်မြင်မှုသည် ကျောင်းသား၊ ကျောင်းသူ လူငယ်များအားလုံးအတွက် တကယ့်ကို အားကျအတုယူဖွယ် စံနမူနာကောင်းတစ်ခုပင် ဖြစ်ပါသည်။

💡 "ပညာရေးသည် ဘဝများကို ပြောင်းလဲပေးနိုင်သည့် အရေးပါသော အင်အားတစ်ရပ်ဖြစ်သည်" ဟူသော ယုံကြည်ချက်နှင့်အညီ KBZ Foundation မှ ယခုကဲ့သို့ အားဖြည့်ကူညီနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

သမီးငယ် မနီနီကျော် တစ်ယောက် ယခုထက်ပိုမိုသော အောင်မြင်မှုများ ဆက်လက်ရရှိပြီး၊ နိုင်ငံနှင့် လူမှုအသိုက်အဝန်းအတွက် အကျိုးပြုနိုင်သည့် သမီးကောင်းရတနာတစ်ဦး ဖြစ်လာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🌟

အားလုံးပဲ ထူးချွန်ကျောင်းသူလေး မနီနီကျော်အတွက် ဝမ်းမြောက်ဂုဏ်ပြုစကားလေးတွေ ဝေမျှပေးခဲ့ကြပါဦးနော်။ 👇💬

29/06/2026

ဒီသမီးလေးရဲ့အမည်က မနေခြည်ထွေးလို့ခေါ်တယ်။သမီးလေးက ဒီနှစ်G-12 စာမေးပွဲအောင်စာရင်းမှာ သီတာကုန်းပြင်ကျောင်းကနေ ဂုဏ်ထူး
(၄)ဘာသာနဲ့ အောင်မြင်ခဲ့သူပါ။

အောင်စာရင်းထွက်တဲ့ (28.6.2026)မနေ့က သီတာကုန်းပြင်စာစစ်ဌာနကအောင်မြင်တဲ့ကျောင်းသား(၁၉)ယောက်ထဲမှာ ဂုဏ်ထူး(၄)ဘာသာနဲ့အောင်မြင်သူ(၂)ယောက်ရှိတယ်။အဲဒီနှစ်ယောက်ထဲမှာ စဉ့်အိုးကွဲရွာက ကလေးမလေးကတော့မပြည့်မစုံနဲ့ကျောင်းတက်ခဲ့ရတာ။ကျူရှင်ဆိုတာ ဘာမှန်းတောင်မသိရှာခဲ့ရဘူး လို့ မိတ်ဆွေတချို့က ကျွန်တော့်ကိုဖုန်းဆက်အသိပေးလာတဲ့အတွက် ဒီနေ့(29.6.2026)မှာ သမီးလေးနေတဲ့ စဉ့်အိုးကွဲရွာလေးကို သွားဖြစ်ခဲ့ပါတယ်။

စဉ့်အိုးကွဲရွာလေးက ဧရာဝတီတိုင်း ရေကြည်မြို့နယ် သီတာကုန်းပြင်အနီး မိဿလင်အုပ်စုအပိုင်ထဲမှာရှိတဲ့ ရခိုင်ရိုးမတောင်ခြေက ရွာလေးတစ်ရွာပါ။
ကျွန်တော်တို့ စဉ့်အိုးကွဲရွာလေးကိုရောက်တော့ နံနက်(၉)နာရီပဲရှိသေးတယ်။ရွာသားအများစုက ရခိုင်ရိုးမကိုအမှီပြုပြီးဝါးခုတ် ထင်းခုတ် နှီးဖျာရက် မျှစ်ချိုးရင်းဘဝရပ်တည်‌နေရတဲ့ရွာ။ ယခုတော့ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက် ရိုးမပေါ်တက်ပြီး အလုပ်လုပ်ဖို့အဆင်မပြေတော့ဘူး။ ရွာဘေးပတ်လည်မှာ ရရာအလုပ်ကလေးတွေလုပ်ပြီးဘဝရပ်တည်နေရတာ။

စဉ်အိုးကွဲရွာရဲ့ ဘေး အနီးဝန်းကျင်က ရွာသစ်ကြီးအုပ်စု၊သက္ကယ်ပြင်အုပ်စုရွာတွေဆိုရင် စစ်ဘေးနဲ့ဝေးရာကို အသီးသီးရှောင်နေကြရတာ(၁၅)လခန့်ရှိနေပြီ။
သမီးလေးနေခြည်ထွေးရဲ့အိမ်က စဉ့်အိုးကွဲရွာထဲမှာမရှိဘူး။
ရွာရဲ့အ‌နောက်ဖက်လယ်ကွင်းပြင်ရဲ့အဆုံးတောစပ်တောင်ကုန်းကလေးမှာနေရတာ။ စဉ့်အိုးကွဲရွာကနေ သမီးလေးရဲ့အိမ်ကိုရောက်ဖို့လယ်ကွင်းပြင်တွေ၊တောင်ကုန်းလေးတွေကို ဖြတ်ပြီး (၁၅)မိနစ်ခန့်လမ်းလျှောက်ရတယ်။

သမီးလေးနေခြည်ထွေးရဲ့အဖေနဲ့အ‌မေကဦးမြင့်အေးနဲ့ ဒေါ်ဝါဝါထွေး။ သားသမီး လေးယောက်မှာ မနေခြည်ထွေးက ဒုတိယသမီးလို့သိရတယ်။မိသားစုဘဝရပ်တည်မှုလုပ်ငန်းကိုမေးကြည့်တော့ အဖေဖြစ်သူ ဦးမြင့်အေးက
နွေအခါမှာ ကြက်အုပ်တဲ့ ခြင်းတောင်းလေးတွေရက်ပြီး အရပ်တကာကိုလှည့်ပြီး ရောင်းရတယ်။မိုးအခါမှာ ထင်းခုတ်၊ဝါးခုတ်တယ်။အမေက နှီးဖြာရက်တယ်လို့ဆိုတယ်။

သမီးလေးနေခြည်ထွေးက ကျောင်းတက်ရင်း အမေဖြစ်သူရဲ့နှီးဖြာရက်တဲ့အလုပ်ကို အားရင်အားသလိုကူ
ရက်ပေးရတယ်။ သမီးလေးနေခြည်ထွေးနှီးဖြာရက်နေတဲ့ပုံလေးကို ကျွန်တော်အမှတ်တမဲ့ ဓာတ်ပုံရိုက်ခဲ့သေးတယ်။ သီတာကုန်းပြင် အထက်တန်းကျောင်းမှာ ကျောင်းတက်ဖို့အတွက် သမီးလေးဟာ
အိမ်ကနေ တောလမ်းအတိုင်း စဉ့်အိုးကွဲရွာကို (၁၅)မိနစ်ခန့်လမ်းလျှောက် စဉ့်အိုးကွဲရွာကတဆင့် စက်ဘီးလေးနဲ့ ဆင်သေ၊ဒရယ်ခုန်ရွာတွေကို မိနစ်(၃၀)ခန့်ကျော်ဖြတ်ပြီးမှ သီတာကုန်းပြင်ကိုရောက်ပြီး နေ့စဉ်ကျောင်းတက်ရတာပါ။

မိုးရာသီမိုးကြီးရေလျှံချိန်ဆိုရင် အိမ်ကနေ စဉ့်အိုးကွဲရွာကိုသွားတဲ့လမ်းတ‌လျှောက် လေးငါးပေခန့်ရေတွေကြီးလာလို့ သမီးကျောင်းတက်မပျက်အောင် အဖေနဲ့အမေက လိုက်ပို့ရတယ်လို့ပြောတယ်။

ကျွန်တော်တို့ဒေသ စစ်ဘေးကြောင့် မတည်မငြိမ်စဖြစ်တဲ့ မနှစ်က ၂၀၂၅၊ ၃လပိုင်းအချိန်မှစပြီး သမီးလေးနေခြည်ထွေးရဲ့ အိမ်နောက်ဖက်အနီးက တောင်တွေမှာတိုက်ပွဲတွေဖြစ်ခဲ့တယ်။ လက်နက်ကြီးသံ လက်နက်ကလေးသံတွေကိုလည်း မကြားချင်တဲ့အဆုံးနီးနီးကပ်ကပ်ကြားခဲ့ရတယ်။အစပိုင်းကြောက်လွန်းလို့ အိမ်နောက်ဖက်က မီးသွေးဖိုကျင်းထဲ မိသားစုအကုန်ဝင်ပြီး ငြိမ်နေရတယ်။ တိုက်ပွဲဖြစ်တဲ့ညတွေဆိုရင် စာမဖတ်ဖြစ်ဘူး။မိုးလင်းမှ အမြန်ဖတ်ရတယ်လို့ သမီးလေးထံကသိရတယ်။လက်နက်ကြီးကျည်တချို့တောင် သမီးလေးနေတဲ့အိမ်ရဲ့အနီးက လယ်ကွင်းထဲကိုကျဘူးတယ်လို့ ရွာသားတချို့ထံကကြားရတယ်။

သမီးလေးက G12 ရောက်တဲ့အထိ ဖယောင်းတိုင်မီးလေးတဲ့စာဖတ်ခဲ့ရတယ်။ "ဖယောင်းတိုင်ဝယ်စရာပိုက်ဆံမရှိလို့ သူ့သမီးလေး တစ်ည စာမဖတ်ခဲ့ရဘူး"လို့ အမေဒေါ်ဝါဝါထွေးက ငိုကြွေးရင်း ဝမ်းနည်းစွာပြောပြရှာတယ်။
G12စာမေးပွဲဖြေပြီးချိန်ထိ သမီးလေးဟာ
ကျောင်းဝတ်စုံ အင်္ကျီလေး(၃)ထည် လုံချည်လေး (၂)ထည်နဲ့တက်ခဲ့ရတာလို့သိရတယ်။

မိဘတွေက တစ်နေ့လုပ်တစ်နေ့စားတွေမို့ သမီးပညာရေးအတွက်အချိန်ပြည့်ဂရုမစိုက်နိုင်ဘူး။ ကျောင်းသွားဖို့ထမင်းချိုင့်ကို သမီးလေးက သူ့တိုင်သူချက်ယူသွားရတာအများဆုံး ထည့်ဖြစ်တဲ့ဟင်းတွေက
"လဖက်သုတ်နဲ့ အိမ်ရှေ့လယ်ကွင်းထဲက ကစွန်းညွန့်
ကြော်ပေါ့ဗျာ" လို့ အဖေဦးမြင့်အေးက သူ့သမီးကို
မေးထိုးပြပြီး ရယ်ရယ်မောမောပြောပြတယ်။

"မပြည့်မစုံနဲ့ကျောင်းတက်ရသူမို့ ကျောင်းမုန့်ဖိုးဆိုတာတစ်ခါမှမရခဲ့ဘူး ကျူရှင်တို့ ဂိုက်တို့ဆိုတာ သမီးရဲ့ကျောင်းသားဘဝမှာ ဘာမှန်းတောင်မသိခဲ့ရဘူး။ ကိုယ့်ဘဝက သူများတွေဘဝထက်အရမ်းနိမ့်ကျတဲ့အတွက် ကိုယ့်ဘဝကိုအောင်မြင်အောင်နေမယ် လုပ်မယ်ဆိုတဲ့စိတ်နဲ့စာကိုပဲအာရုံစိုက်ပြီးကြိုးစားခဲ့တာ"လို့ သမီးလေးကပြောတယ်။
ယခု G12ကို မြန်မာစာအပါအဝင်ဂုဏ်ထူး(၄)ဘာသာနဲ့ နှစ်ချင်းပေါက်အောင်မြင်သွားပြီ။စဉ့်အိုးကွဲရွာလေးရဲ့သမိုင်းမှာလည်း ဒီလိုအောင်မြင်မှုတစ်ကြိမ်တစ်ခါမှမရှိခဲ့ဘူး။သမီးမှာ ရှေ့ဆက်လျှောက်လှမ်းဖို့အတွက် ရည်မှန်းထားတဲ့စိတ်ကူးအိပ်မက်တွေရှိသေးလားလို့ မေးတော့

သမီးလေးက ...
"ကလေးတွေကို ပညာသင်ပေးတဲ့ကျောင်းဆရာမဘဝနဲ့ ဝတ္ထု၊ဆောင်းပါးတွေရေးပြီး စာရေးဆရာမကြီးဖြစ်ချင်တယ်" လို့မဆိုင်းမတွဖြေချိန်မှာတော့ ကျွန်တော့်မှာ မျက်လုံးပင်ပြူးရလေတော့သည်။
ဒါနဲ့ သမီးအကြိုက်ဆုံးစာရေးဆရာတွေက ဘယ်သူတွေတုန်းလို့ထပ်မေးတော့...

"ဆရာကြီးလယ်တွင်းသားစောချစ်၊ဆရာမဂျူး၊ဆရာမပုညခင် "လို့ဖြေတယ်။ အဲအချိန်မှာပဲ သူ့အမေက အိမ်နောက်ဖက်အခန်းထဲဝင်သွားပြီး ဗလာစာအုပ်တစ်အုပ်ကိုယူပြီး လာပေးတယ်။စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်မိချိန်မှာတော့ ကျွန်တော့်မှာ ကြက်သီးတွေပင်ထမိပါသည်။
စာအုပ်ထဲမှာ "မာနမြစ်ကမ်းပါးပေါ်က အချစ်ဌက်" လို့အမည်ပေးပြီး ဗလာစာရွက် (၁၈)မျက်နှာတိုင်တိုင်ရှိတဲ့ သမီးလေးရဲ့ ကိုယ်တိုင်ရေးဝတ္ထုရှည်တစ်ပုဒ်။ဇာတ်သိမ်းခန်းက မပြီးသေးဘူး နောက်ထပ် (၆)မျက်နှာလောက်ထပ်ရေးရဦးမယ်လို့ပြောတယ်။ဇာတ်ကောင်တွေရဲ့အမည်ပေးကိုလည်း ကြည့်ပါဦး "ဂုဏ်ရှိန်ခ၊အလင်္ကာ၊ကာရန်မိုး၊တော်ဝင်နွယ်၊မဟာချို၊မြင်းမိုရ်ယံ တဲ့။ကျွန်တော်ကြက်သီးထတာ လွန်သလားဗျာ။

ဒါနဲ့ပြန်ခါနီး သမီးဖတ်ချင်တဲ့စာအုပ်ရှိရင်
ပြောပါလို့ ကျွန်တော်ကမေးတော့ "ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့အကြောင်းရေးထားတဲ့စာအုပ်တွေရရင် ဖတ်ချင်တယ်"လို့ဖြေတယ်။
လက်ရှိအချိန်မှာတော့ သမီးလေးတို့မိသားစုဟာ နယ်မြေအခြေအနေကြောင့်အိမ်လေးကိုခဏစွန့်ခွာပြီး စဉ့်အိုးကွဲရွာထဲက မိသားစုအိမ်တစ်အိမ်မှာ ခဏလာပြီးနေနေရတယ်။

ကျွန်တော်တို့သီတာကုန်းပြင်ဒေသရဲ့အစွန်အဖျား အိမ်ခြေ(၅ဝ)ခန့်သာရှိတဲ့ရွာလေးကနေ မပြည့်မစုံဘဝနဲ့
သီတာကုန်းပြင်ကို ခြေလျင်တစ်လှည့် စက်ဘီးတစ်လှည့်နဲ့ အမြှောက်သံ၊လက်နက်ကလေးသံ၊ယမ်း‌ငွေ့တွေကြားဝယ် ဒရုန်းတွေနေ့စဉ်ပျံဝဲနေတဲ့ကြားက နေ့စဉ်ကျောင်းတက်ခဲ့ပြီး ကျူရှင်မရှိ၊အဝတ်အစားပြည့်ပြည့်စုံစုံမရှိခဲ့ပါပဲ G12စာမေးပွဲကို မြန်မာစာအပါအဝင်ဂုဏ်ထူး(၄)
ဘာသာနဲ့အောင်မြင်ခဲ့တဲ့သမီးလေးနေခြည်ထွေးရဲ့ကြိုးစားမှုနဲ့ဘဝအောင်မြင်မှုကတော့ သီတာကုန်းပြင်ရဲ့ပညာရေးသမိုင်းမှာ မှတ်တမ်းတင်ရတော့မည်ဖြစ်ပါသည်။

ရှေ့ဆက်လက်လျှောက်လှမ်းရမည့်သမီးလေးရဲ့ဘဝရည်မှန်းချက်များ အကောင်အထည်ပေါ်လာဖို့အတွက်ကတော့ တာဝန်သိကျ‌သော အနယ်နယ်အရပ်ရပ်ကို ရောက်ရှိနေကြတဲ့သီတာကုန်းပြင်ကျောင်းသားဟောင်းများ၊သီတာကုန်းပြင်သားတို့ရဲ့ တာဝန်ပင်ဖြစ်သည်ဟု
ထင်မြင်မိပါသည်။
ကျွန်တော့်ကို သမီးလေးရဲ့အိမ်ကိုရောက်အောင် လိုက်ပါပို့ဆောင်ပေးကြသောကိုဖိုးအောင်၊ကိုကျော်ရင်နှင့်ဒေါ်နွယ်နီတို့ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

သမီးလေးနေခြည်ထွေးရဲ့ ပညာရေးအောင်မြင်မှုကို ချီး‌‌
မြှောက်ဂုဏ်ပြုလိုပါက....

ကိုဖိုးအောင် 09451238228
(မိဿလင်ရွာ)
ဒေါ်မိုးမိုး 09690773451
ဒရယ်ခုန်ရွာ
ကိုမျိုးမင်းထွန်း 09789598015
ရန်ကုန်
ကိုခင်ဇော် 09422498474
လက်ပံပင်ရွာ
တို့ကိုဆက်သွယ်နိုင်ပါတယ်။

ခင်ဇော်(သီတာကုန်းပြင်)
29.6.2026

28/06/2026

လှိုင်သာယာမြို့နယ်ရဲ့ ပထမဦးဆုံး The Whole Burma First ရ ထူးချွန်ကျောင်းသူလေး မနီနီကျော်

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဝိပ္ပံဘာသာတွဲ)မှ မြန်မာတစ်နိုင်ငံလုံး ပထမရရှိတဲ့ လှိုင်သာယာမြို့နယ်မှ မနီနီကျော်...
မနီနီကျော်ဟာ ဝိပ္ပံဘာသာတွဲမှ (၅)ဘာသာဂုဏ်ထူးနဲ့ ရမှတ်ပေါင်း(၅၃၀)ရရှိခဲ့တာဖြစ်ပါတယ်

27/06/2026

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ ရမှတ်ပေါင်း (၅၆၂)မှတ်နဲ့ တစ်နိုင်ငံလုံး ပထမ (The Whole Burma First) ရရှိသွားတဲ့ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှ မသီရိစိုး...

12/04/2026

၂၀၂၆မန္တလေးသင်္ကြန်ဖွင့်ပွဲrehearsal day

10/04/2026

မေတဲ့ အပြင်မှာ တကယ်အကြည်ဓာတ်ကလေးနော်❤🤩

10/04/2026

#မြို့ရွှေမန်းသားဖိုးချစ်ကတဲ့ဇာတ်အလှသဘင်

12/02/2026

စိုင်းစိုင်းအသံတုလုပ်ပြီး တော်ဂေါ်လီဆိုသွားတာ မိုက်တယ်

ที่อยู่

Suan Luang Suanluang
Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burmese Celeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์