03/07/2026
ဗိုက်ဆာလွန်းလို့ အတန်းထဲမှာ မူးလဲတဲ့အထိ ဖြစ်ခဲ့ပေမယ့် ဆေးခန်းပြဖို့ ပိုက်ဆံမရှိလို့ ငြင်းခဲ့တဲ့ ညီမလေး မနေခြည်ထွေး။ သူမရဲ့ ထမင်းချိုင့်ကို ဖွင့်ကြည့်တဲ့အခါ ဘာမှမပါတာကို တွေ့လိုက်ရတဲ့ ဆရာမရဲ့ ရင်နင့်စရာ ဖြစ်ရပ်က အားလုံးကို မျက်ရည်ကျစေခဲ့ပါတယ်။
ဒါပေမဲ့ ဆင်းရဲမှုဟာ သူမရဲ့ ပညာရေးကို အဟန့်အတား မဖြစ်စေခဲ့ပါဘူး။ အခက်အခဲတွေကို ဇွဲနဲ့ကျော်ဖြတ်ပြီး (၄) ဘာသာ ဂုဏ်ထူးရှင် ဖြစ်လာခဲ့တဲ့ ညီမလေးကို အားပေးစကား တစ်ခွန်းလောက် ချန်ခဲ့ပေးပါဦး။ ❤️👇
"ဆရာ့ဘာသာကို ဂုဏ်ထူးထွက်ရင်တော့ ဆရာ ၅ သောင်း ဆုချမယ်လို့ ကတိပေးထားတာ ရှိတယ်။ သူအောင်စာရင်း လာကြည့်ကြည့်ချင်း ဆရာပြောလိုက်ပါတယ် 'သမီးရေ ဆရာတော့ ဂုဏ်ယူတယ်၊ မင်းအတွက် ဆရာ ၅ သောင်း ဆုချမယ်' လို့။ မြန်မာစာ ဂုဏ်ထူးထွက်တယ်ဆိုတာ တကယ်ချီးကျူးပါတယ်။ မြန်မာစာ ဂုဏ်ထူးရဖို့ဆိုတာ တော်တော်မလွယ်ဘူး၊ အဆင့်ဆင့် စစ်ဆေးပြီးမှ ရတဲ့ ဂုဏ်ထူးပါ။
အခန်းထဲမှာ မူးလဲသွားတော့ ဆေးခန်းသွားမယ်ဆိုတော့ သူက ငြင်းတယ်၊ မလိုက်ချင်ဘူး။ နောက်မှ သိရတာက သူ့မှာ ပိုက်ဆံမရှိလို့ မလိုက်ချင်တာပါ။ ဆရာမက ပေးမယ်ဆိုပြီး ခေါ်သွားရတယ်။ သူ့ရဲ့ ထမင်းချိုင့်ကို ဖွင့်ကြည့်လိုက်တော့ ဘာဟင်းလဲဆိုတော့ 'စိမ်းစားငါးပိ' ပဲ ပါတာ။ အဲဒါကို မြင်တော့ ပြောတောင် မပြောထွက်ဘူး။ ကျွန်တော်ကတော့ သူ့ကို ပညာရေးတက္ကသိုလ်လောက်အထိ ဖြစ်စေချင်တယ်၊ အားလုံး ဝိုင်းဝန်းပေးစေချင်တယ်။
သူက ခပ်ငြိမ်ငြိမ်ပါပဲ၊ စိတ်ငြိမ်တယ်။ သူငယ်ချင်းတွေနဲ့လည်း သိပ်ပြီး ထွေထွေထူးထူး မရှိဘူး။ စားသောက်တဲ့အခါမှာလည်း သူတစ်ယောက်တည်းပဲ စားလေ့ရှိတယ်။ သင်္ချာမှာ အမှတ်နည်းနည်း လျော့နေတာကို ဆရာမက အချိန်ပိုလေး လေ့လာခိုင်းတော့ သူကြိုးစားတယ်။ ကျူရှင်တက်နိုင်တာ မတက်နိုင်တာ ပဓာနမကျဘူး၊ ကိုယ့်ရဲ့ ကြိုးစားမှုက ပဓာနကျတယ်ဆိုတာ သူက သက်သေပြခဲ့တာပါ။
ဒီလေးဘာသာ ဂုဏ်ထူးထွက်တော့ တစ်လောကလုံး ဝမ်းသာတာပေါ့။ အဲဒီနေ့က တစ်ညလုံး အိပ်တောင် မပျော်ဘူး။ ဆရာမကြီးက အမြဲပြောတယ်၊ ပိုက်ဆံရှိခြင်း မရှိခြင်းနဲ့ မဆိုင်ဘူး၊ ဆင်းရဲရဲ ချမ်းသာသာ အဓိက ပညာလိုချင်စိတ်ရှိဖို့ပဲ အရေးကြီးတာပါ။ မိမိကိုယ်တိုင် ကြိုးစားချင်စိတ်ရှိရင် ဒီလို အောင်မြင်သွားတယ်ဆိုတာ အားလုံး အတုယူဖို့ ပြောချင်ပါတယ်။"