Maesot Thrift Store

Maesot Thrift Store Be fashionable! Save money!

AAT မှ Local CSOs များကို မိမိနီးစပ်ရာရပ်ကွက်များကို အောက်ပါအချက်များလိုက်လံမျှဝေ ကြေငြာပေးကြပါရန်မေတ္တာရပ်ခံထားပါတယ်ဗျ။...
19/10/2024

AAT မှ Local CSOs များကို မိမိနီးစပ်ရာရပ်ကွက်များကို အောက်ပါအချက်များလိုက်လံမျှဝေ ကြေငြာပေးကြပါရန်မေတ္တာရပ်ခံထားပါတယ်ဗျ။

လက်ရှိမှာ ဗျောက်၊ မီးရှူးမီးပန်းဖောက်ခြင်းကိစ္စနဲ့ပတ်သက်ပြီး ထိုင်း social meida များမှာ Myanmar community တွေကိုပစ်မှတ်ထားပြီး ပြောနေကြပါတယ်။ မလိုအပ်တဲ့ ပြသနာများမဖြစ်ပွါးရန်အတွက် အသိပညာမျှဝေပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်ဗျ။

**လွဲကထုံပွဲတော်ရက်များတွင် မီးရှူးမီးပန်းမျကစားခြင်းအတွက် ဆောင်ရန်ရှောင်ရန်အချက်များအား လိုက်နာဆောင်ရွက်ရန် တောင်းဆိုချက်**

လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ

လွဲကထုံပွဲတော်ကာလအတွင်း ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များနှင့် ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ရန်အတွက်ဗျောက်၊ မီးရှူးမီးပန်းများအသုံးပြုရာတွင် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၁။ **လုံခြုံသော နေရာများတွင်သာ မီးရှူးမီးပန်းများ ကစားရန်** - နေအိမ်များ၊ အဆောက်အအုံများနှင့် လူစည်ကားရာ နေရာများကို ရှောင်ကြဉ်ပါရန်။

၂။ **အကြီးစား မီးရှူးမီးပန်းများ အသုံးပြုခြင်းကို ရှောင်ကြဉ်ရန်** - အထူးသဖြင့် အများပြည်သူပိုင်နေရာများတွင် ဆူညံသံများနှင့် အန္တရာယ်ဖြစ်စေနိုင်သော မီးရှူးမီးပန်းများကို ရှောင်ကြဉ်ပါရန်။

၃။ **ည ၁၀:၀၀ နာရီနောက်ပိုင်းတွင် မီးရှူးမီးပန်းများ ကစားခြင်းကို ရှောင်ကြဉ်ရန်** - အခြားသူများ၏ အနားယူချိန်ကို လေးစားရန်။

၄။ **မီးပုံးများ လွှတ်တင်ရာတွင် သတိထားရန်** - အထူးသဖြင့် လေဆိပ်အနီးတဝိုက်တွင် လွှတ်တင်ခြင်းကို ရှောင်ကြဉ်ရန်၊ လေကြောင်းခရီးသွားလာမှုကို အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် ကြီးမားသော မတော်တဆမှုများ ဖြစ်ပွားနိုင်သည်။

၅။ **ကလေးများအား လူကြီးများ၏ ကြီးကြပ်မှုမရှိဘဲ မီးရှူးမီးပန်းများ ကစားခွင့်မပြုရန်** - အသုံးမပြုမီ မီးရှူးမီးပန်းများမှာ ကစားရန် လုံခြုံစိတ်ချရကြောင်း သေချာစွာ စစ်ဆေးရန်။

၆။ **မီးလောင်လွယ်သော ပစ္စည်းများအနီးတဝိုက်တွင် မီးရှူးမီးပန်းများ မဖွင့်ရန်** - ဥပမာ အမှိုက်ပုံများ သို့မဟုတ် ခြောက်သွေ့သော ပစ္စည်းများရှိရာ နေရာများ။

**မီးရှူးမီးပန်းများကြောင့် ဆူညံသံထွက်ပေါ်ခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေခြင်းအတွက် ပြစ်ဒဏ်များ**

ပြည်သူ့ကျန်းမာရေးဥပဒေ ၂၅၃၅ (၁၉၉၂) နှင့် ပြင်ဆင်ချက် ပုဒ်မ ၂၅၊ ပုဒ်မ ၂၈/၁၊ ပုဒ်မ ၇၄ အရ ကျူးလွန်သူသည် ထောင်ဒဏ် ၃ လထက်မပို သို့မဟုတ် ဒဏ်ငွေ ဘတ် ၂၅,၀၀၀ ထက်မပို သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခြင်းခံရမည်။ အနှောင့်အယှက်ဖြစ်စေမှုအတွက် တိုင်ကြားခံရနိုင်ခြေ မြင့်မားပါသည်။

ဤပွဲတော်ကာလအတွင်း လုံခြုံရေးကို ထိန်းသိမ်းရန် ပူးပေါင်းဆောင်ရွက်ပေးကြသော အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ လူတိုင်း ပျော်ရွှင်စွာနှင့် လုံခြုံစိတ်ချစွာ ဆင်နွှဲနိုင်ကြပါစေ။
အများပြည်သူများ လုံခြုံရေးရှေးရှု၍ ပွဲတော်ကာလအား ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် စည်းကမ်းများလိုက်နာဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

31/10/2023

မတန်ရင် ​ငွေပြန်အမ်းမယ်🥰 သဲတို့

သတင်းကျွတ်လေးလပြည့်နေ့လေး 🌕 ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနစ်၊တနင်္ဂနွေနေ့ တွင်ကျရောက်ပါသော သီတင်းကျွတ်လပြည့် ဓမ္မစင်္ကြာအခ...
29/10/2023

သတင်းကျွတ်လေးလပြည့်နေ့လေး 🌕

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနစ်၊တနင်္ဂနွေနေ့ တွင်ကျရောက်ပါသော
သီတင်းကျွတ်လပြည့် ဓမ္မစင်္ကြာအခါတော်နေ့မှစ၍
ခုနစ်ရက်သားသမီး၊ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း
Maesot Thrift Store မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်။🙏🏼📿

“Budget Save ရင်း ကမ္ဘာမြေကိုကယ်တင်ဖို့ Maesot Thrift Store မှာစျေးဝယ်စို့။”

Contact : 09-90391047
ထိုင်းနိုင်ငံအနှံ့ပို့ဆောင်ပေးပြီး မဲဆောက်မြို့တွင်းဆိုရင် Cash On Deli Service ရှိပါတယ်ရှင့်။ 🛵🚚

Why should you buy from MTS? 21 ရာစု Fashion ခေတ်ရေစီးကြောင်းမှာ ကြီးမားတဲ့ကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်လာတဲ့ Thrifting Clothing...
25/10/2023

Why should you buy from MTS?

21 ရာစု Fashion ခေတ်ရေစီးကြောင်းမှာ ကြီးမားတဲ့ကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်လာတဲ့ Thrifting Clothing Culture နဲ့ရင်းနှိီးကျွမ်းဝင်မှုရှိရဲ့လား။ 🌊
ဟိုးးးအရင်ခေတ်တွေကလို Secondhand အထည်ဆိုတာနှာခေါင်းရှုံ့စရာ၊အဟောင်းအနွမ်းအဝတ်အစားတွေလို့​တွေးနေတုန်းဆိုရင်တော့ ခေတ်​နောက်ကျကျန်နေခဲ့ပါပြီနော်။👵🏻🧓🏻

ဒါပေမယ့် Thrift Clothes, Secondhand အထည်တိုင်းဟာ Quality ကောင်းတယ်လို့လည်းမဟုတ်ပါဘူး။အထည်အခြေအနေကိုအမှန်အတိုင်းပြောရောင်းတဲ့၊ယုံကြည်ရတဲ့ Thrift Store တွေမှာဝယ်ယူမှသာစိတ်ချရပါလိမ့်မယ်။ 👩🏻‍💼💈

အဲအတွက်တော့စိတ်မပူပါနဲ့။ MTS မှာဆိုရင် Condition အမှန်အတိုင်းပြောရောင်းပြီး အပြောနဲ့လက်တွေ့မညီခဲ့ရင် 100%ငွေပြန်အမ်းပေးတဲ့အထိအာမခံချက်ပေးနိုင်ပါတယ်။ 💯 ☑️
ဘာကြောင့် MTS မှာဝယ်ယူသင့်တာလဲဆိုတာဆက်ကြည့်လိုက်ကြရအောင်နော်။

🔸ဘေထုတ်တွေဟာ အနံ့အသက်မကောင်းဘူး။Allergic ဖြစ်ပြီးယားယံတတ်တယ်ဆိုတာကြားဖူးကြတယ်မလားရှင့်။ အဲဒီအတွက်နဲ့တော့ Secondhand အထည်ကိုအထင်မသေးလိုက်ပါနဲ့။👐🏻
MTS မှာရောင်းချပေးနေတဲ့အထည်တိုင်းဟာ သေချာပိုးသတ်လျှော်ဖွပ်မီးပူတိုက်ပြီးမှ Customer လက်ထဲရောက်တဲ့ထည့်ပေးတာဖြစ်တာကြောင့် ရောက်တာနဲ့ချက်ချင်းဝတ်ဆင်နိုင်တဲ့အထိသပ်ရပ်ပါတယ်။

🔸MTS ရဲ့ Thrift အထည်တွေဟာ Secondhand ဆိုတိုင်း ပေါချောင်ကောင်းတွေချည်းပဲမဟုတ်သလို၊ အဟောင်းအစုတ်တွေလည်းလုံးဝမရောင်းပါဘူးရှင့်။ 🙅🏻‍♀️Daily Wear ကနေ ထသွားထလာပွဲတက်အထိ ဝတ်ဆင်နိုင်တဲ့၊Tag မပါရုံတစ်မယ်ကြောင့် Secondhand လို့ခေါ်ခံရတဲ့
Good Quality ,Condition အသန့်အပြန့်တွေကိုသာဦးစားပေးရောင်းချပါတယ်။ ✅

🔸အခြားဘယ် Thrift Store နဲ့မှမတူတဲ့ MTS ရဲ့ဝန်ဆောင်မှုနောက်တစ်ချက်က မိမိဝယ်ယူမယ့် Thrift Clothes နဲ့သက်ဆိုင်တဲ့ Fashion Idea တွေကို MTS Founderနဲ့ one by one တိုင်ပင်မေးမြန်းနိုင်ခြင်းဖြစ်ပါတယ်ရှင့်။👩🏻‍💻

Thrift Clothes လေးတွေကိုစိတ်ဝင်စားလို့ Try ကြည့်ချင်ပေမယ့် ဘယ်လိုလေးတွေဝတ်ရမလဲ၊ကိုယ့် Body Structure နဲ့ဘယ်လို Outfit ကလိုက်ဖက်ညီမလဲဆိုတာစဉ်းစားရခက်နေရင်လည်း Fashion Designer Diploma သင်တန်းသူဖြစ်တဲ့ MTS ရဲ့ Founder ဆီမှာ Thrift နဲ့ပတ်သက်သမျှကိုလာရောက်ဆွေးနွေးနိုင်ပါသေးတယ်။ 🤝🏻✅

ကဲ့…Quality သန့်ပြီး Design လှတဲ့ Outfits လန်းလန်းလေးတွေကိုအမြဲရှာဖွေရောင်းချပေးဖို့က MTS ရဲ့တာဝန်ဖြစ်ပြီး၊ရောင်းချသမျှအထည်လေးတွေကိုဝယ်ယူကာလှလှပပဝတ်ဆင်ဖို့ကတော့ Customer လေးတွေရဲ့တာဝန်ပါနော်။ 🫣

အားလုံးပဲ Personal Budget အရကော Environment အတွက်ပါကောင်းကျိုးများစွာရှိတဲ့ ဒီ Thrift Clothing Culture ကိုဝိုင်းဝန်းထိန်းသိမ်းကြပါစို့လားရှင့်။🌎🌱

ဒါကြောင့် Secondhand ထည်တွေကို အဟောင်းအစုတ်တွေကိုသဘောထားနေမိတဲ့ Mindset တွေပျောက်သွားဖို့MTS မှာစျေးဝယ်ကြည့်ဖို့အကြံပေးပါရစေ။

“Budget Save ရင်း ကမ္ဘာမြေကိုကယ်တင်ဖို့ Maesot Thrift Store မှာစျေးဝယ်စို့။”

Contact : 09-90391047
ထိုင်းနိုင်ငံအနှံ့ပို့ဆောင်ပေးပြီး မဲဆောက်မြို့တွင်းဆိုရင် Cash On Deli Service ရှိပါတယ်ရှင့်။ 🛵🚚

Benefits of Thrift ClothingSecondhand အထည်၊ဘေထည်ဆိုတာ အဟောင်းအစုတ်တွေဆိုတဲ့အတွေးကိုဖျောက်ပြီးကြည့်လိုက်ကြရအောင်။>>>Thrif...
21/10/2023

Benefits of Thrift Clothing

Secondhand အထည်၊ဘေထည်ဆိုတာ အဟောင်းအစုတ်တွေဆိုတဲ့အတွေးကိုဖျောက်ပြီးကြည့်လိုက်ကြရအောင်။>>>

Thrift ဆိုတဲ့စကားလုံးဟာ စွမ်းအင်အရင်းအမြစ်နဲ့ငွေကြေးကိုမလိုအပ်တဲ့နေရာမှာဖြုန်းခြင်းမရှိဘဲ စနစ်တကျသုံးစွဲခြင်းဆ်ိုတဲ့အဓိပ္ပာယ်ရပါတယ်။💸🔥

အကယ်၍သင်ဟာ အဝတ်အထည်အသစ်ဝယ်တာထက် used clothes တွေကိုရွေးချယ်ဆိုရင် ဒီအံ့မခန်းအကျိုးရလဒ်တွေကိုရရှိမှာပါ။ဘာတွေလဲဆိုတာကြည့်လိုက်ရအောင်နော်….

1.Thrift ထည်တွေဟာ အထည်အသစ်တွေထက် အဆပေါင်းများစွာစျေးသက်သာပါတယ်။💰
သေချာတွေးကြည့်ရင် အရေးကြီးတဲ့ပွဲတွေမှာဝတ်ဖို့မဟုတ်ပဲ Daily Outfit အနေနဲ့ဝတ်ဆင်ရာမှာလည်း အထည်အသစ်တွေချည်းသာဝယ်မယ်ဆိုရင် မလိုအပ်ပဲငွေဖြုန်းရာရောက်တယ်မဟုတ်လား။🙅🏻‍♀️

2.Secondhand Clothes တွေဟာပေးရတဲ့စျေးထက်သာလွန်တဲ့ Quality အထည်တွေကိုရရှိစေပါတယ်။💯
အများစုဟာ ရေလျှော်ဖူးပြီသားအထည်တွေဖြစ်တာကြောင့် ဝတ်တဲ့အခါမှာ သက်သောင့်သက်သာရှိစေပြီး၊အကြမ်းပတမ်းခံနိုင်ပါတယ်။🪢
ဒါကြောင့်ချုပ်ရိုးချုပ်သားမသေချာတဲ့စျေးပေါပေါအသစ်ထည်တွေဝယ်မယ့်အစား Quality ကောင်းကောင်းနဲ့စျေးသင့်တဲ့ Secondhand အထည်တွေကိုဝယ်ယူသင့်ပါတယ်ရှင့်။💁🏻‍♀️

3.မိမိဝတ်နေကျမဟုတ်တဲ့ Style အသစ်တစ်မျိုးစပြောင်းမယ်ဆိုရင်လည်း Thrift ထည်တွေကအကောင်းဆုံးရွေးချယ်မှုပါ။✔️
မဝတ်ဖြစ်လို့ချောင်သိပ်ထားရရင်တောင် စျေးကြီးပေးဝယ်ထားရတာမဟုတ်တဲ့အတွက်စိတ်သောကရောက်နေစရာမလိုတော့ဘူးပေါ့နော်။🤭

4.DIY Clothes တွေပြန်ပြောင်းချုပ်ဖို့အဆင်ပြေပါတယ်။🧶
ဥပမာSizeကြီးကြိီးတစ်ထည်ဝယ်ပြီး ကလေးအဝတ်အစားပြန်ချုပ်တာမျိုး၊ကိုယ်ပိုင်ခပ်လန်းလန်း outfit ပြန်ထွင်တာမျိုးလုပ်မယ်စိတ်ကူးရင်တော့ Secondhand Clothes တွေကိုဝယ်စမ်းကြည့်ပါ။

7.အများနဲ့မတူတဲ့ unique fashion vibe ကိုရချင်ရင် Thrift ထည်ကိုရွေးပါ။🥇
Thrift Store တွေမှာ Secondhand ဟာတစ်ထည်ဆိုမှတစ်ထည်ဘဲလာတဲ့အတွက် ကိုယ်ပိုင်သီးသန့် Style လိုချင်ရင် Thrift ထည်တွေနဲ့ဖန်တီးလို့ရပါတယ်။✨

6..Secondhand အထည်ဝတ်ဆင်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကိုကူညီရာရောက်ပါတယ်။ 🌳♻️
Quality ကောင်းတဲ့ Secondhand တွေကိုသာဝတ်ဆင်ကြမယ်ဆိုရင် အထည်သစ်ထုတ်လှုပ်နှုန်းလျော့ချရာမှာတစ်ဖက်တစ်လမ်းကပါဝင်လ်ိုက်ခြင်းပါပဲ။အထည်သစ်ထုတ်နှုန်းလျော့နိုင်လေ လေထုညစ်ညစ်းမှု၊မလိုအပ်ပဲစွမ်းအင်ဆုံးရှုံးမှုကိုတားနိုင်လေပဲပေါ့။

7.ပစ္စည်းမှန်စျေးမှန်တဲ့ Secondhand ထည်ရဖို့ဆိုရင်တော့ စိတ်ချရတဲ့ Secondhand ဆိုင်မှာရွေးဝယ်ဖို့လိုအပ်ပါတယ်။🛒

မလိုအပ်ဘဲလိုချင်ရုံသပ်သပ်နဲ့အဝတ်အစားသစ်တွေဆက်တိုက်မဝယ်ပဲ Secondhand အထည်တွေကိုလည်း နောက်တစ်ကြိမ်ပြန်လည်အသုံးချရင်း စွမ်းအင်အရင်းအမြစ်တွေကိုချွေတာကြရအောင်ပါနော်။ ♻️🌎

Oldest Fashion ကနေ lasted trends အထိအားလုံးကို Phone Screen ပေါ်ကရှာလိုက်ရုံနဲ့ မိမိလိုချင်တဲ့ပုံစံကို အချိန်ခနလေးအတွင်းရဖို့ဆိုရင်တော့ Maesot Thrift Store မှာလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်။🤳🏻

“Budget Save ရင်း ကမ္ဘာမြေကိုကယ်တင်ဖို့ Maesot Thrift Store မှာစျေးဝယ်စို့။”

Contact : 09-90391047
ထိုင်းနိုင်ငံအနှံ့ပို့ဆောင်ပေးပြီး မဲဆောက်မြို့တွင်းဆိုရင် Cash On Deli Service ရှိပါတယ်ရှင့်။ 🛵🚚

Colorway that give you Slim shape body.Gym သွားစရာမလို၊အစားရှောင်စရာမလိုပဲ သေးသွယ်သွယ် Slim Body Look လေးရမယ်ဆိုစိတ်ဝင်စ...
15/10/2023

Colorway that give you Slim shape body.

Gym သွားစရာမလို၊အစားရှောင်စရာမလိုပဲ သေးသွယ်သွယ် Slim Body Look လေးရမယ်ဆိုစိတ်ဝင်စားကြလား။🤔💬

“သင်မလှတာမဟုတ်ပါဘူး၊မပြင်ဆင်တတ်သေးတာပါ”ဆိုတဲဲ့စကား ကြားဖူးကြတယ်မလားရှင့်။ပြင်တတ်ဆင်တတ်၊ဝတ်စားတတ်မယ်ဆိုရင် စတိုင်မိမိ၊စမတ်ကျကျလှနေမှာအမှန်ပါနော်။☑️

ဝတ်စားဆင်ယင်ရာမှာလည်း Color အတွဲအစပ်၊အလင်းအမှောင်ပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့သွင်ပြင်ဟာသိသိသာသာပြောင်းလဲသွားနိုင်ပါတယ်။⚫️🟤⚪️

ဥပမာ အနက်၊ခရမ်း၊အညို၊နက်ပြာတွေလိုမျိုး မှောင်တဲ့ဖက်သွားတဲ့ Color Fashion တွေကိုဝတ်ဆင်တဲ့အခါ ရှိရင်းစွဲ Body Weight ထက်သေးသွယ်သယောင်ထင်ရစေပါတယ်ရှင့်။🦋

အနက်ရောင်လိုမျိုးအရောင်ရင့်ဝတ်ဆင်ထားတဲ့အချိန်မှာ သက်သောင့်သက်သာရှိတဲ့ခံစားချက်မျိုးရစေပါတယ်တဲ့။ ☃️
အနက်ရောင်ဟာအပြစ်အနာအဆာတွေကိုဖုံးပေးနိုင်သလို အလွယ်တကူစွန်းထင်းပေကျံ့မှာလည်းစိတ်ပူစရာမလိုဘူးပေါ့နော်။🫣

အဲတာကြောင့် Slim Body Look လေးရပြီး Confidence ရှိရှိသွားလာလှုပ်ရှားဖို့ ပိန်သွယ်ကြော့ရှင်းစေတဲ့အနက်ရောင်အဝတ်အစားတွေများများလိုပါလိမ့်မယ်ရှင့်။⚫️

✅နောက်တစ်ချက်က Monotone လို့ခေါ်တဲ့Outfit တစ်စုံလုံး အရောင်အသွေးခပ်ဆင်ဆင်Color တွေဟာလည်း ပိန်သွယ်သယောင်ထင်ရစေပါတယ်။
ကိုယ်ရဲ့ Daily Outfit ကိုခေါင်းအစခြေအဆုံး အရောင်တစ်မျိုးထဲ(သို့မဟုတ်)အနီးစပ်ဆုံးအရောင်တူပဲဝတ်မယ်ဆိုရင် ရှိရင်းစွဲအရပ်ထက်ပိုရှည်ပြီးပိုသေးသွယ်သွားစေပါတယ်ရှင့်။☑️

အဲတာကြောင့်ကိုယ်ကအနည်းငယ်ပြည့်လို့ ရုတ်တရက် Weight ချဖို့မလွယ်တဲ့အချိန်၊ပွဲတက်စရာတွေရှိချိန်မှာ ပုံမှန် Body Weight ထက်နည်းတယ်လို့ထင်ရစေချင်ရင်
အနက်ရောင်၊ အညိုရောင်၊ခရမ်းရောင်၊နက်ပြာရောင်၊နီညိုရောင်စတဲ့ မှောင်တဲ့ Color မျိုးကိုရွေးချယ်ဝတ်ဆင်ပါနော်။

သတိထားရမှာက အဖြူရောင်၊ကာကီရောင်စတဲ့ Color နုနုတွေက ပိုပြီးပြည့်သလိုထင်ရစေတဲ့အတွက် အဲဒီလိုလင်းတဲ့ဖက်သွားတဲ့ Color တွေကိုသိပ်မရွေးပါနဲ့လို့အကြံပြုချင်ပါတယ်။ 🙅🏻‍♀️

Black Clothes တွေ Design စုံလိုချင်တယ်ဆိုတဲ့သူတွေအတွက် အကောင်းဆုံးအချက်ကတော့ အနက်ရောင်ဟာ Thrift ထဲမှာတွေ့ရအများဆုံးအရောင်ပါပဲရှင့်။ 🤩

Black Clothes ကိုမှGood Quality, Fair Price အထည်တွေရချင်ရင် MTS ကိုသတိရလိုက်ပါနော်။💁🏻‍♀️

အသက်သာဆုံးစျေးနှုန်းနဲ့ အသန့်ပြန်ဆုံးအထည်တွေကိုသာရောင်းချပေးနေတာဖြစ်လို့ စိတ်ချယုံကြည်စွာဝယ်ယူန်ုင်ကြောင်းပါရှင့်။☑️

“Budget Save ရင်း ကမ္ဘာမြေကိုကယ်တင်ဖို့ Maesot Thrift Store မှာစျေးဝယ်စို့။”

Contact : 09-90391047
ထိုင်းနိုင်ငံအနှံ့ပို့ဆောင်ပေးပြီး မဲဆောက်မြို့တွင်း Cash On Deli Service ရှိပါတယ်ရှင့်။ 🛵🚚

Online မှာအထည်ဝယ်တဲ့အခါ 🔸ပုံထဲကအရောင်နဲ့အပြင်ကအရောင်မတူတဲ့ပြဿနာ 🔸size မှန်းဝယ်ရတာဖြစ်လို့ ဆိုဒ်မတော်တဲ့ကိစ္စ🔸ကိုယ်တိုင်အ...
12/10/2023

Online မှာအထည်ဝယ်တဲ့အခါ
🔸ပုံထဲကအရောင်နဲ့အပြင်ကအရောင်မတူတဲ့ပြဿနာ
🔸size မှန်းဝယ်ရတာဖြစ်လို့ ဆိုဒ်မတော်တဲ့ကိစ္စ
🔸ကိုယ်တိုင်အနာအဆာစစ်မရလို့ မကောင်းမကန်းတွေထည့်ပေးလိုက်လေမလားပူနေရတဲ့ဒုက္ခ
စတာတွေကြောင့် တစ်ခါဝယ်ဖို့အရေးခေါင်းခဲနေရလား။🙍🏻‍♀️

Maesot Thrift Store(MTS) မှာသာစျေးဝယ်မယ်ဆိုရင် အဲဒီပြဿနာတွေကိုခေါင်းထဲထည့်နေစရာတောင်မလိုပါဘူး။🙅🏻‍♀️

MTS ရဲ့ရည်ရွယ်ချက်ဟာ စျေးရောင်းရဖို့တစ်ခုထဲကို Target ထားတာမဟုတ်ဘဲ၊
MTS ကိုယုံကြည်လို့အားပေးကြတဲ့ Customer လေးတွေရဲ့စိတ်ထဲမှာ “ပေးရတဲ့စျေးနဲ့တန်တယ်၊စျေးဝယ်ရတာအဆင်ပြေတယ်” ဆိုတဲ့ခံစားချက်မျိုးရစေဖို့ဥိီးစားပေးပါတယ်။💁🏻‍♀️

“ရောင်းရရင်ပြီးရော ငါ့လက်ကလွှတ်ပြွတ်”ဆိုတဲ့စိတ်မျိုးလုံးဝမရှိတဲ့အတွက် Thrift Clothes နဲ့ပတ်သက်လာရင် MTS ကိုအပြည့်အဝယုံကြည်ထားလိုက်လို့ရပါတယ်ရှင့်။ ☑️

ဘာကြောင့်ဒီလောက်တောင်ယုံကြည်လို့ရလဲဆိုရင်…..
MTS ရဲ့ Founder ကိုယ်တိုင်ကိုက Thrifting ရဲ့သဘောသဘာဝကို ထဲထဲဝင်ဝင်သိနားလည်ပြီး Thrifting လုပ်ရတာကိုချစ်မြတ်နိုးတဲ့ Thrifting Person ဖြစ်တာကြောင့် Thrift Business ကို ပစ်စလက်ခတ်လုပ်မယ့်လူမျိုးလုံးဝမဟုတ်တာကြောင့်ပါ။ ✅

အထည်ရဲ့Condition၊အရောင်အနေအထားတွေမှာ အရှိကိုအရှိအတိုင်းသေချာစွာပြောပြပြီး Customer လက််ခံမှဝယ်သူလက်ထဲအရောက်ပို့ပေးတာဟာ MTS ရဲ့စေ့စပ်သေချာမှုတစ်ခုပါ။

“ဝင်ငွေနည်းပါးတဲ့ကျောင်းသူလေးတွေ၊အိမ်ရှင်မမေမေတွေအနေနဲ့ Good Condition, Fair Price အထည်တွေဝတ်ဆင်ပြီး Fashion ကျကျနေနိုင်ဖို့ “ ဆိုတဲ့အဓိကရည်ရွယ်ချက်ဟာလည်း MTS ရဲ့စေတနာပါပဲရှင့်။🙆🏻‍♀️

အပြောနဲ့လက်တွေ့မညီခဲ့ရင် 💯 ငွေပြန်အမ်းပေးတဲ့အထိအာမခံချက်ပေးနိုင်တာကတော့ Secondhand Clothing လောကမှာ ရှားမှရှားတဲ့ MTS ရဲ့ဝန်ဆောင်မှုပါပဲနော်။

စျေးနှုန်းလည်းသင့်ရမယ်၊အရည်အသွေးလည်းကောင်းရမယ်ဆိုတဲ့ Secondhand အထည်ကိုရှာဖွေနေတယ်ဆိုရင် Maesot Thrift Store ကိုသာသတိရလိုက်ပါ။ 🤗

Lady လေးတွေအားလုံး Fashion ကျကျနေနိုင်ဖို့အမြဲရည်ရွယ်လျှက်….✨

“Budget Save ရင်း ကမ္ဘာမြေကိုကယ်တင်ဖို့ Maesot Thrift Store မှာစျေးဝယ်စို့။”

Contact : 09-90391047
ထိုင်းနိုင်ငံအနှံ့ပို့ဆောင်ပေးပြီး မဲဆောက်မြို့တွင်းဆိုရင် Cash On Deli Service ရှိပါတယ်ရှင့်။ 🛵🚚

သင်မသိသေးတဲ့ Secondhand Clothing တွေရဲ့အံ့ဩစရာလျို့ဝှက်ချက်များ။🕵🏻Thrift Shirt တစ်ထည်ဝယ်ရုံနဲ့ ကမ္ဘာ့ရေချိုဂါလံရာချီကိုခ...
02/10/2023

သင်မသိသေးတဲ့ Secondhand Clothing တွေရဲ့အံ့ဩစရာလျို့ဝှက်ချက်များ။🕵🏻

Thrift Shirt တစ်ထည်ဝယ်ရုံနဲ့ ကမ္ဘာ့ရေချိုဂါလံရာချီကိုချွေတာထိန်းသိမ်းရာရောက်တယ်ဆိုတာကောသိပြီးကြပြီးလား။😲

Thrifting Clothing ဝယ်ယူခြင်းဟာ ငွေချွေတာရာရောက်သလို ကမ္ဘာဂြိုလ်ကိုတစ်နည်းတစ်ဖုံကယ်တင်လိုက်ခြင်းပါပဲ။ ✅

ဘာကြောင့်လဲဆိုတာဆက်ကြည့်လိုက်ရအောင်နော်။ >>>

UN ရဲ့အဆိုအရ ကမ္ဘာကြိီးညစ်ညမ်းလာမှုမှာဒုတိယမြောက်တာဝန်အရှိဆုံးလုပ်ငန်းက အဝတ်အထည်ထုတ်လုပ်မှုလုပ်ငန်းပဲဖြစ်ပါတယ်တဲ့။

အထည်အလိပ်ပြုလုပ်ရာမှာအသုံးပြုတဲ့ကုန်ကြမ်းတွေဟာ ဓာတုပစ္စည်းတွေဖြစ်ပြီး၊အဲဒီကထွက်လာတဲ့ Chemical ဓာတ်ငွေ့တွေဟာလေထုညစ်ညမ်းမှုကိုအလွန်အမင်းဆိုးရွားစွာစေပါတယ်။💨

ဒါ့အပြင်အသုံးပြုပြီးသားဓာတုပစ္စည်းတွေကို ရေထုထဲစွန့်ပစ်လိုက်တဲ့အခါမှာ အဲဒီရေစီးဆင်းရာဒေသတစ်လျှောက်ကသက်ရှိတွေရဲ့ဖြစ်တည်မှုကိုထိခိုက်ပျက်စီးစေပြန်ပါတယ်။ 🌊

ဒါကြောင့် New Clothing တွေဝယ်တာထက် Thrift Clothing တွေကိုဝယ်ယူခြင်းက အထည်အသစ်ထုတ်လုပ်မှုကိုလျော့ချစေနိုင်မှာဖြစ်လို့ လေထု၊ရေထုကိုပြန်လည်သန့်စင်ရန်အနားပေးရာရောက်ပါတယ်။ ❄️

နောက်တစ်ချက်ကစွန့်ပစ်အမှိုက်ပုံတွေမှာနှစ်မြှုပ်နေတဲ့အဝတ်အစားဟောင်းတွေဟာ ဆွေးမြေ့ပျက်စီးဖို့အင်မတန်ခက်တဲ့အတွက် မြေဆီလွှာပိတ်ဆို့မှုအန္တရာယ်လည်းကျရောက်စေပါသေးတယ်။ 🏔

လေ့လာတွေ့ရှိချက်အရ T shirt အသစ်တစ်ထည် ကုန်ချောအဆင့်ရောက်လာဖို့ ရေချို 400 ဂါလံကိုအသုံးပြုရပါတယ်တဲ့။

ဒါကရေအရင်းအမြစ်တစ်ခုတည်းပဲရှိပါသေးတယ်နော်။အသုံးပြုလိုက်ရတဲ့အခြားစွမ်းအင်တွေကိုပါတွေးကြည့်လိုက်မယ်ဆိုရင် အဝတ်အထည်ထုတ်လုပ်မှုကြောင့် သုံးလိုက်ရတဲ့စွမ်းအင်ပမာဏဟာဘယ်လောက်တောင်များကြောင်း အားလုံးမှန်းကြည့်လို့ရမှာပါ။ 🤦🏻‍♀️

ဒါကြောင့်သုံးလိုက်ရတဲ့ကြီးမားတဲ့စွမ်းအင်အရင်းအမြစ်တွေအားလုံးက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကိုများစွာသွားသက်ရောက်နေတဲ့အတွက်
မလိုအပ်ပဲအဝတ်အစားသစ်ဝယ်ယူခြင်းထက် Secondhand Clothing တွေကိုရွေးချယ်ဝယ်ယူဖို့ ပိုမိုတိုက်တွန်းလှုံ့ဆော်လာကြပါတယ်။💁🏻‍♀️🚨

H&M , Zara စတဲ့ Clothing Brand တွေဟာလည်း နောက်ပိုင်းထုတ်လုပ်တဲ့အထည်တွေမှာ Eco Friendly ဖြစ်ဖို့၊အဝတ်အစားရေရှည်တည်တံ့ခိုင်ဖို့၊ထပ်ခါထပ်ခါပြန်လည်အသုံးပြုနိုင်ဖို့ဆိုတဲ့ 3R’s Method ကိုကျင့်သုံးလာနေကြပါပြီ။♻️

ဒီအချက်တွေကြောင့် Thrifting လုပ်ခြင်းဟာ Reduce,Reuse,Recycle ဆိုတဲ့ 3R’s Rule မှာအဓိကကဏ္ဍကပါဝင်ကူညီခြင်းပဲဖြစ်ပါတယ်ရှင့်။☑️

အကျဉ်းချုံးပြန်ပြောရမယ်ဆိုရင် Thrifting ဟာလေထု၊ရေထု၊မြေထုအားလုံးအတွက်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုပေးနိုင်ရုံသာမကပဲ ကမ္ဘာမြေနဲ့အနာဂတ်လူ့ဘောင်လောကကိုကူညီကယ်တင်တဲ့ယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပါတယ်။ 🙇🏻‍♀️

အကယ်၍သင်ဟာ စိမ်းစိုလတ်ဆတ်ပြီးနေချင်စဖွယ်ကောင်းတဲ့ကမ္ဘာဂြိုလ်ကြီးကို အနာဂတ်မျိုးဆက်သစ်လေးတွေရဲ့လက်ထဲထည့်ပေးခဲ့ချင်တယ်ဆိုတဲ့ ဆန္ဒကောင်းရှိမယ်ဆိုရင်တော့ Secondhand Clothing ဝယ်ယူခြင်းအကျင့်ကောင်းကို လိုက်နာကျင့်သုံးဖို့လိုပါမယ်ရှင့်။ ☑️

Thrifting Culture မှာလိုက်ပါစီးမြောဖို့ အရည်အသွေးကောင်းပြီး ရှားပါးတဲ့ Thrift Clothes လေးတွေကိုရှာဖွေနေတယ်ဆိုရင်လည်း Maesot Thrift Store ဟာ “Thrifting ဆိုတာဒီလိုပါလား”ဆိုတဲ့စိတ်ကျေနပ်မှုမျိုးပေးစွမ်းမယ့်ဆိုင်တစ်ဆိုင်ဖြစ်လို့ တစ်ခေါက်လောက်တော့ အားပေးဖို့ဖိတ်ခေါ်ပါရစေနော်။

27/09/2023

မင်မင်တို့​ MTS Page ​လေး အ​ကောင်းဆုံး​တွေနဲ့ ပြန်လာခဲ့ပါမယ်🥰

ထိုင်းနိုင်ငံတခုလုံးက Fashionista လေးတွေအတွက် ရောင်းပေးချင်လို့ မင်မင်တို့ စီစဥ်နေပါပြီရှင်Love you all nor💛💚💙
10/02/2023

ထိုင်းနိုင်ငံတခုလုံးက Fashionista လေးတွေအတွက် ရောင်းပေးချင်လို့ မင်မင်တို့ စီစဥ်နေပါပြီရှင်

Love you all nor💛💚💙

ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ရန် ကနဦးအဆိုပြုချက် အောင်မြင်  ဗန်ကောက်၊ ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၃စုန်ကရန်(...
26/01/2023

ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ရန် ကနဦးအဆိုပြုချက် အောင်မြင်
ဗန်ကောက်၊ ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၃
စုန်ကရန်(Songkran)လို့ လူသိများတဲ့ ထိုင်းရေသဘင်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ဖို့အတွက် ကနဦးအဆိုပြုချက်ကို ယူနက်စကို (UNSECO) က လက်ခံလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။
ထိုင်းရေသဘင်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage - ICH) အဖြစ် စားရင်းသွင်းဖို့အတွက် Songkran in Thailand, traditional Thai New Year festival နာမည်နဲ့ အဆိုပြုခဲ့တာဖြစ်ပြီး ICH ဟာ ကမ္ဘာ့အမွေအနှစ်မဟုတ်ပေမဲ့ ကမ္ဘာ့အမွေအနှစ် (World Heritage site) နဲ့ ထပ်တူဂုဏ်သိက္ခာကြီးမားတယ်လို့ ဖော်ပြကြပါတယ်။
Khon အပါအဝင် Thai Massage နဲ့ ထိုင်းတောင်ပိုင်းက နိုရာအက တို့ကို ယူနက်စကိုမှာ ရိုးရာယဉ်ကျေး မှုအမွေအနှစ်အဖြစ်အသိအမှတ်ပြုခံထားရပြီဖြစ်တဲ့အတွက် ထိုင်းရေသဘင်ပွဲတော်ဟာ ထိုင်းနိုင်ငံရဲ့ လေးခုမြောက် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာနိုင်ခြေ များပါတယ်။
ဒါ့အပြင် မွေထိုင်း၊ ထိုင်းဆေးခြောက်၊ ထိုင်းဟင်းလျာ၊ သရက်ကောက်ညင်းအုန်းနို့ဆမ်း (Mango Sticky Rice)၊ Phi Ta Khon စတဲ့ ထိုင်းရိုးရာယဉ်ကျေးမှုတွေကို ICH စာရင်းတင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်းကနေ ၂၀၀၃ ခုနှစ်မှာ ခွဲထွက်ခဲ့တဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိုင်းနိုင်ငံ အနေနဲ့ ၂၀၁၆ ခုနှစ်မှာ အဖွဲ့ဝင်ခဲ့တယ်လို့ သိရပါတယ်။
Photo : Thai News
ပလာတူး

ที่อยู่

Parasatwithi
Mae Sot
63110

เบอร์โทรศัพท์

+66822617918

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Maesot Thrift Storeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์