Heart Diary Sharing the little moments my heart wants to remember 💚

သင့်ရှေ့ရောက်မှ ကလေးက “ဆိုးပြ” တာဟာ…သင် “ညံ့” လို့ မဟုတ်ပါဘူးကျောင်းမှာကျတော့ ဆရာမက “အရမ်းလိမ္မာတာပဲ” လို့ ပြောတယ်။ဘေးအိ...
23/01/2026

သင့်ရှေ့ရောက်မှ ကလေးက “ဆိုးပြ” တာဟာ…
သင် “ညံ့” လို့ မဟုတ်ပါဘူး

ကျောင်းမှာကျတော့ ဆရာမက “အရမ်းလိမ္မာတာပဲ” လို့ ပြောတယ်။
ဘေးအိမ်ကလည်း “ဒီကလေးလေးက အနေအေးလိုက်တာ” လို့ ပြောတယ်။

ဒါပေမဲ့ အိမ်ပြန်ရောက်ပြီး
သင့်မျက်နှာလည်း မြင်ရော…
ဂျီကျတယ်၊ ငိုတယ်၊ စိတ်ကောက်တယ်၊
ပစ္စည်းတွေ ပေါက်ခွဲတယ်။

ဒီလိုကြုံရတဲ့အခါ
မိဘတော်တော်များများက
“ငါကပဲ အလိုလိုက်လွန်းလို့လား၊
ငါကပဲ မဆုံးမတတ်လို့လား”
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြပါတယ်။

တကယ်တော့
ဒါဟာ သင် မဆုံးမတတ်လို့ မဟုတ်ပါဘူး။
သင့်ကလေးအတွက် သင်က
“လုံခြုံမှု အပေးနိုင်ဆုံး မိဘ” ဖြစ်နေလို့ပါ။

⸝

Parenting Tip: သင်ဟာ သူတို့ရဲ့ “Safe Place” ပါ

ကလေးတစ်ယောက်ဟာ
တခြားလူစိမ်းတွေရှေ့မှာ၊ ကျောင်းမှာ
သူ့စိတ်ခံစားချက်တွေကို မနည်းထိန်းချုပ်ထားရပါတယ်။

ကြောက်လို့ပဲဖြစ်ဖြစ်၊ ရှက်လို့ပဲဖြစ်ဖြစ်
သူတို့ရဲ့ ဒေါသနဲ့ ဝမ်းနည်းမှုတွေကို
မျိုသိပ်ထားရပါတယ်။

ဒါပေမဲ့ အိမ်ပြန်ရောက်လို့
သင့်ကို မြင်လိုက်ရတဲ့အခါ…

သူတို့ စိတ်ထဲမှာ
“ဒီလူကတော့ ငါဆိုးချင်သလောက် ဆိုးလည်း
ငါ့ကို ပစ်မသွားဘူး၊
ငါ့ကို ချစ်နေမှာပဲ”
ဆိုတဲ့ ယုံကြည်မှု အပြည့်ရှိနေပါတယ်။

ဒါကြောင့်
သူတို့ ထိန်းထားသမျှကို
သင့်ရှေ့မှာ “ပေါက်ကွဲ” လိုက်တာပါ။

⸝

ဒါဟာ ဂုဏ်ယူစရာပါ

သူတို့က သင့်ကို အနိုင်ကျင့်နေတာ မဟုတ်ပါဘူး။
သူတို့က သင့်ကို “ယုံကြည်” နေတာပါ။

လောကကြီးမှာ
သူတို့ရဲ့ “အဆိုးဆုံးပုံစံ” ကို
ပြရဲတဲ့အထိ ခိုင်မာတဲ့ မေတ္တာတရားကို
သင် တည်ဆောက်ထားနိုင်လို့ပါပဲ။

ဒါကြောင့် နောက်တစ်ခါ
သင့်ရှေ့မှာပဲ ရွေးပြီး ဂျီကျနေရင်
စိတ်မညစ်လိုက်ပါနဲ့။

“ဪ… ငါ့သား/သမီးအတွက်
ငါက စိတ်အချရဆုံး ‘ခိုလှုံရာ’ ဖြစ်နေပါလား”
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ပါ။

သင်ဟာ
သူတို့ရဲ့ စိတ်ခံစားမှုတွေကို လက်ခံပေးနိုင်တဲ့
တစ်ဦးတည်းသော “အိမ်” ဖြစ်ပါတယ်။

“သူတို့ သင့်ကို ယုံကြည်တာ…
သင် တော်လွန်းလို့ပါ။” ❤️

Credit to original uploader

လူကောင်းတွေမှာ ဘာလို့ မကောင်းတာတွေ ဖြစ်ရတာလဲကျွန်တော့်ဆီကို လူငယ်တွေ၊ မိတ်ဆွေတွေ မကြာခဏ လာမေးကြတဲ့၊ ရင်ဖွင့်ကြတဲ့ မေးခွန...
20/01/2026

လူကောင်းတွေမှာ ဘာလို့ မကောင်းတာတွေ ဖြစ်ရတာလဲ

ကျွန်တော့်ဆီကို လူငယ်တွေ၊ မိတ်ဆွေတွေ မကြာခဏ လာမေးကြတဲ့၊ ရင်ဖွင့်ကြတဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ ကျွန်တော်/ကျွန်မက ဘယ်သူ့အပေါ်မှ မကောင်းတဲ့စိတ် မမွေးဘူး။ အမြဲတမ်း ကူညီပေးတယ်၊ ဒါပေမဲ့ ဘာလို့ ကျွန်တော့်ကျမှ ဒီလိုကံဆိုးမှုတွေ၊ ဒီလို ဒုက္ခတွေ ကြုံရတာလဲ၊ လောကကြီးက မတရားဘူး ဆရာ" ဆိုတဲ့ စကားပါပဲ။

ဒီမေးခွန်းက တကယ်တော့ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုဖြစ်နိုင်သလို ကိုယ်က ကောင်းတာလုပ်ရင် ကောင်းတာပဲ ပြန်ရမယ်လို့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက သင်ထား ရတယ်လေ၊ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ တခါတလေ ကိုယ်က အဖြူထည် သက်သက်လုပ်နေပေမဲ့ အမဲစက်တွေ လာစင်တတ်ကြပါတယ်။

ဒီအခြေအနေကို ကျွန်တော့်အနေနဲ့ ရှုထောင့် (၃) ခုကနေ ရှင်းပြဖြစ်တယ်။

သဘာဝတရားမှာ မျက်နှာလိုက်ခြင်း မရှိပါဘူး။

ပထမဆုံး ကျွန်တော်တို့ လက်ခံထားရမယ့် အချက်ကတော့ "ဘဝဆိုတာ ဈေးဆိုင် မဟုတ်ဘူး" ဆိုတာ ပါပဲ၊ ဈေးဆိုင်မှာက ငွေပေးရင် ပစ္စည်းရမယ်။ ဒါပေမဲ့ ဘဝမှာကျတော့ "ငါက လူကောင်းမို့လို့ ငါ့ဆီကို မုန်တိုင်းမလာရဘူး" လို့ ပြောလို့မရပါဘူး။

မိုးရွာတဲ့အခါ သူတော်ကောင်းအိမ်ရော၊ လူဆိုးအိမ်ရော အတူတူပဲ မိုးမိကြမှာပါ၊ နေပူတဲ့အခါမှာလည်း အတူတူပဲ ပူကြမှာပါ၊ ဒါဟာ သဘာဝတရား (Nature) ရဲ့ သဘောပါပဲ၊ ကောင်းတာလုပ်ခြင်းက ကိုယ့်စိတ်ကို အေးချမ်းစေတဲ့ အကျိုးကိုပေးပေမဲ့၊ လောကဓံ တိုက်ခိုက်မှုတွေကိုတော့ အကာအကွယ် မပေးနိုင်ပါဘူး၊ ဒါကို နားလည်လိုက်ရင် "ငါ့ကျမှ ဘာလို့ဖြစ်ရတာလဲ" ဆိုတဲ့ ခံစားချက် သက်သာသွား ပါလိမ့်မယ်။

စိန်ဆိုတာ ဖိအားများမှသာ ဖြစ်လာတာပါ။

ဒါက ကျွန်တော် အမြဲပြောလေ့ရှိတဲ့ စကားပါ၊ ကျောက်မီးသွေးတုံးလေးတစ်တုံးဟာ မြေအောက်မှာ ဖိအားတွေ၊ အပူချိန်တွေနဲ့ နှစ်သန်းချီပြီး အဖိနှိပ်ခံရမှ တန်ဖိုးရှိတဲ့ စိန်တစ်လုံး ဖြစ်လာတာပါ။

လူကောင်းတွေမှာ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ကြုံလာရတယ်ဆိုတာ "ပြစ်ဒဏ်ခတ်ခံရတာ မဟုတ် ပါဘူး၊ စာမေးပွဲ စစ်ခံနေရတာပါ"။ ခက်ခဲတဲ့ အခြေအနေတွေက ကိုယ့်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု (Resilience) ကို တည်ဆောက်ပေးနေတာပါ၊ သံကို မာအောင်လုပ်ဖို့ မီးထဲအရင်ထည့်ရသလို၊ကိုယ့်ကို ပိုပြီး တောက်ပတဲ့ လူသားတစ်ယောက်ဖြစ်လာဖို့၊ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်လာဖို့ လောကကြီးက လေ့ကျင့်ပေးနေတာလို့ မြင်ကြည့်ပါ။

တခါတလေမှာ ကိုယ်အရမ်းလိုချင်တဲ့ အရာတစ်ခု မရလိုက်တာဟာ၊ ကိုယ်နဲ့ တကယ်တန်တဲ့ အရာတစ်ခုကို ရဖို့ လမ်းစ ဖြစ်နေတတ်ပါတယ်။

ကိုယ့်ရဲ့ တုံ့ပြန်ပုံကသာ အဓိကကျတာပါ။

မကောင်းတဲ့အရာတွေ ဖြစ်လာတာကို ကျွန်တော်တို့ တားဆီးလို့ မရပါဘူး၊ ဒါပေမဲ့ အဲဒီအရာအပေါ် "ဘယ်လို တုံ့ပြန်မလဲ" ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပါပဲ။

လူကောင်းတစ်ယောက်အနေနဲ့ ဆိုးရွားမှုတွေ ကြုံလာတဲ့အခါမှာ "ငါက လူကောင်းလုပ်နေပြီး ဘာလို့ ခံစားနေရတာလဲ" လို့ တွေးပြီး လူဆိုးဖြစ်သွားမလား၊ ဒါမှမဟုတ် "ဒီအခက်အခဲကနေ ငါဘာသင်ခန်းစာ ယူလို့ရမလဲ" လို့ တွေးပြီး ရှေ့ဆက်မလား။

တကယ့် သူတော်ကောင်းစစ်စစ်ဆိုတာ အခြေအနေကောင်းမှ ကောင်းတာ မဟုတ်သလို အခြေအနေ ဆိုးနေတဲ့ ကြားထဲက ကိုယ့်ရဲ့ မူလစိတ်ရင်းကောင်းကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင် သူတွေပါ။

လောကကြီးက ကိုယ့်ကို ရက်စက်နေတာ မဟုတ်ပါဘူး၊ ကိုယ်က သာမန်ထက် ပိုထူးကဲတဲ့ စိတ်ဓာတ်ခွန်အားတွေ ပိုင်ဆိုင်ထားလို့၊ ပိုပြီး ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်သူမို့လို့ စမ်းသပ်ခံနေရတာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မကောင်းတဲ့အရာတွေ ကြုံလာရတိုင်း စိတ်မပျက်ပါနဲ့၊ လူကောင်းဖြစ်ရတာ မောတယ်ဆိုပြီး လက်မလျှော့လိုက်ပါနဲ့၊ ကိုယ့်ရဲ့ ကောင်းမွန်ခြင်းက တခြားသူတွေအတွက် မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ ကိုယ်ပိုင် ငြိမ်းချမ်းမှုအတွက်ပါ။ မုန်တိုင်းပြီးရင် လေကောင်းလေသန့် ရသလို၊ ဒီအခက်အခဲတွေ ပြီးသွားတဲ့အခါ ပိုပြီး သန်စွမ်းရင့်ကျက်တဲ့ ကိုယ့်ကိုကိုယ် ပြန်တွေ့ရပါလိမ့်မယ်။



ဘဝတစ်သက်တာမှာ....ကလေးတစ်ယောက်ဟာ ကိုယ့်အနား ဘယ်လောက်ကြာကြာ ရှိနေနိုင်မလဲ။အသက် ၀ နှစ်ကနေ ၄ နှစ်အထိမှာကိုယ်ဟာ သူတို့ရဲ့ ကမ္...
09/01/2026

ဘဝတစ်သက်တာမှာ....
ကလေးတစ်ယောက်ဟာ ကိုယ့်အနား ဘယ်လောက်ကြာကြာ ရှိနေနိုင်မလဲ။

အသက် ၀ နှစ်ကနေ ၄ နှစ်အထိမှာ
ကိုယ်ဟာ သူတို့ရဲ့ ကမ္ဘာကြီးပါ။

အသက် ၄ နှစ်ကနေ ၁၃ နှစ်အထိမှာ
ကိုယ်ဟာ သူတို့ရဲ့ နေဝင်ဆည်းဆာနဲ့ ညပါ။

အသက် ၁၃ နှစ်ကနေ ၁၉ နှစ်အထိမှာ
ကိုယ်ဟာ သူတို့ရဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်ပါ။

အသက် ၁၉ နှစ်ကနေ ၂၂ နှစ်အထိမှာ
နွေရာသီနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက်ပဲ ကိုယ့်အနား သူတို့ရှိတော့တာပါ။

အသက် ၂၃ နှစ်ကျော်ရင်
အခါကြီး ရက်ကြီးလောက်ပဲ ကိုယ်နဲ့ သူတို့ အတူရှိတော့တယ်။

အသက် ၅၅ နှစ်ကျော်ရင်
ကိုယ်ဟာ သူတို့ရဲ့ အိပ်မက်ထဲမှာပဲ ရှိတော့တယ်။

ဒါဟာ ကလေးတွေ ကိုယ်တို့နဲ့အတူ ကုန်ဆုံးတဲ့ အချိန်ပေါ့။
မိဘအနား ကိုယ်တို့ရှိတဲ့ အချိန်လမ်းကြောင်းလည်း ဖြစ်တယ်။

ဒီအချိန်တွေက တဖြည်းဖြည်း ကျုံ့သွားပါလိမ့်မယ်။

ဒါကြောင့်....
မိဘတွေနဲ့အတူ ရှိနေချိန်လေးကို တန်ဖိုးထားပါ။

ကလေးတွေနဲ့ ကုန်ဆုံးတဲ့ အချိန်တိုင်းကို တန်ဖိုးထားပါ။

ချစ်ရသူအနား ရှိချိန်တိုင်းကို တန်ဖိုးထားပါ။

နောက်ဆုံးမှာတော့ မိဘနဲ့ ကလေးကြား ဆက်ဆံရေးဆိုတာ နေရာမှာတင် ကိုယ်ရပ်ပြီး သူတို့ရဲ့ နောက်ကျောအရိပ် တဖြည်းဖြည်း ပျောက်သွားတာကို ကြည့်နေတာပါပဲ။

ရင်ထဲမှာတော့ လွမ်းဆွတ် အောက်မေ့မှုတွေနဲ့ နှစ်တိုင်း သူတို့ရဲ့ အိမ်အပြန်ကို မျှော်လင့်တာပဲဖြစ်ပါတယ်။

💌

#နိုင်းနိုင်းစနေ

မရှိဘူး မရှိဘူး လို့ ညည်းပါများတော့တကယ်လည်း ရှိမလာတော့ဘူး။သတိထား ကြည့်ပါအမြဲညည်းနေတဲ့ သူတွေဟာသူတပါးတွေ ခက်ခဲတာထက်ပိုပြီး...
06/01/2026

မရှိဘူး မရှိဘူး လို့ ညည်းပါများတော့
တကယ်လည်း ရှိမလာတော့ဘူး။
သတိထား ကြည့်ပါ
အမြဲညည်းနေတဲ့ သူတွေဟာ
သူတပါးတွေ ခက်ခဲတာထက်
ပိုပြီးတော့ ခက်ခဲတတ်ပါတယ်။
တခဏတာ မရှိတာဟာ
တစ်ဘဝလုံးစာ မရှိတာ မဟုတ်ဘူး။
မရှိဘူး၊ မရှိဘူး လို့ ပြောပါများရင်
အဲဒါ လာဘ်တိတ်တတ်ပါတယ်။
စကားလုံးမှာ စွမ်းအင်တွေရှိသလို
ဘဝအပေါ် သက်ရောက်မှုလည်း ရှိတယ်
တကယ်ရှိတဲ့သူက ဘယ်တော့မှ
မပြောတဲ့ စကားတစ်ခွန်း ရှိတယ်
အဲ့ဒါကတော့
ဘယ်သောအခါမှ မရှိဘူးလို့ မပြောဘူး။
" မရှိဘူး..... မရှိဘူး "လို့ ပြောတာများရင်
ရှိလာမယ့်အရာတွေ ရှိမလာတော့ဘူး။
စကားနောက် တရားပါဆိုသလိုပဲ
ဒါကြောင့် ကိုယ့်ကိုယ်ကို သိရင် ပြင်ပါ
ပြောင်းလဲပါ။
ဘယ်သောအခါမှ မရှိဘူး မပြောပါနဲ့

03/01/2026

နွေရာသီရောက်တိုင်းမှာ မိဘနှစ်ပါးဟာ သူတို့သားကို သူ့အဖွားရဲ့အိမ်အထိ ကားနဲ့လိုက်ပို့လေ့ရှိကြတယ်။ ဒါပေမယ့် အသက်နည်းနည်းကြီးလာတဲ့ သားဖြစ်သူက နောက်ဆုံးမှာ မိဘတွေကို ကန့်ကွက်တယ်။

"သား ကလေးမဟုတ်တော့ဘူး... အမေတို့က ဘာဖြစ်လို့ သားကို ခုချိန်ထိ ကလေးလိုဆက်ဆံနေတာလဲ... သား အဲဒီကို ကိုယ့်ဖာသာသွားနိုင်ပါတယ်..."

အကြိမ်ပေါင်းများစွာ မပြီးနိုင်မစီးနိုင် ငြင်းကြခုန်ကြပြီးတဲ့နောက်မှာတော့ မိဘတွေက သားအတွက် စိတ်တွေအကြီးအကျယ်ပူကြပေမယ့် သဘောတူလိုက်ကြတယ်။

သွားမယ့်နေ့မှာ မိဘတွေဟာ သားဖြစ်သူကို လိုက်ပို့ရင်း ရထားစင်္ကြန်လမ်းပေါ်မှာ မှာစရာရှိတာတွေကို နောက်ဆုံးမှာကြတယ်။ သားဖြစ်သူက စိတ်ရှုပ်ရှုပ်နဲ့ သူတို့ကို လက်ရမ်းပြလိုက်တယ်။

"ရပြီ... သား အကုန်မှတ်မိတယ်... အမေတို့ သားကို အဲဒီအကြောင်းတွေ ပြောပြထားတာ အကြိမ်တစ်ရာမကတော့ဘူး..."

အဖေဖြစ်သူက ခန္ဓာကိုယ်ကို သားဖြစ်သူဘက်ကိုင်းပြီး ခပ်တိုးတိုးလေးပြောတယ်။

"သား လမ်းမှာအထီးကျန်ဖြစ်ပြီး ကြောက်လာရင် ဒါကိုသတိရလိုက်... အဆင်ပြေသွားလိမ့်မယ်..."

သူက သားဖြစ်သူရဲ့အိပ်ကပ်ထဲကို စာရွက်ခေါက်ကလေးတစ်ခု အသာအယာထည့်ပေးလိုက်တယ်။

ဒီလိုနဲ့ပဲ ရထားထွက်လာခဲ့တယ်။

အစပိုင်းမှာ ချာတိတ်ကလေးဟာ ပြတင်းပေါက်ဘေးမှာထိုင်ပြီး လယ်ကွင်းတွေ သစ်ပင်တွေ တရိပ်ရိပ်နဲ့နောက်မှာကျန်ရစ်ခဲ့တာကိုကြည့်တယ်။ မြင်ကွင်းတွေက စိတ်လှုပ်ရှားစရာကောင်းတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ရထားတွဲထဲမှာ လူစိမ်းတွေပြည့်လာတယ်။ လူတစ်ယောက်က ကျယ်ကျယ်လောင်လောင်အော်ပြီး တစ်ခုခုကို ငြင်းလိုက်တယ်။ လူတစ်ယောက်က သူ့ကို ဝင်တိုက်သွားတယ်။ လက်မှတ်စစ်က သူ့ကို လက်မှတ်မြန်မြန်ထုတ်ပြဖို့ပြောတယ်။

စိတ်လှုပ်ရှားတာတွေ အငွေ့ပျံသွားပြီ။ စိုးရိမ်စိတ်တွေဝင်လာပြီ။ ချာတိတ်လေးရင်ဘတ်ထဲမှာ တင်းတင်းကြပ်ကြပ်ကြီးဖြစ်လာတယ်။ သူ့လက်တွေ တုန်လာတယ်။

အဲဒီမှာပဲ သူ့အဖေထည့်ပေးလိုက်တဲ့ စာရွက်ကလေးကို သူသတိရသွားတယ်။

စာရွက်ကို ဆွဲထုတ်ယူလိုက်တယ် တုန်ယင်နေတဲ့လက်ချောင်းတွေနဲ့ ထုတ်ယူလိုက်တယ်။ စာရွက်ခေါက်ကိုဖြန့်ပြီးဖတ်ကြည့်လိုက်တယ်။

"သား... နောက်တွဲထဲမှာ အဖေလိုက်လာတယ်..."

စာကိုဖတ်ပြီးတော့ ချာတိတ်ကလေး စိတ်အေးသွားတယ်။ အကြောက်တရားတွေလည်း အငွေ့ပျံသွားတယ်။ သူ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့် ပေါ်လာတယ်။

ဒါဟာ ဘဝရဲ့အလုပ်လုပ်ပုံပါပဲ???

ကျွန်တော်တို့ဟာ ကျွန်တော်တို့သားသမီးတွေ သူတို့ရဲ့ကိုယ်ပိုင်ခရီးလမ်းအတိုင်း သွားခွင့်ပေးရမှာပါပဲ။ သူတို့ကို လွတ်လပ်ခွင့်ပေးရမှာပဲ၊ သူတို့ရဲ့ခွန်အားကို ယုံကြည်ပေးကြရမှာပါပဲ။
ဒါပေမယ့် သူတို့နဲ့အနီးဆုံးရထားတွဲမှာ ကိုယ်ရှိနေဖို့ဟာလည်း အဲဒီလောက်နီးနီးအရေးကြီးပါတယ်။

သားသမီးတွေကို အကူအညီပေးလို့ရနိုင်တဲ့ အကွာအဝေးမှာနေပါ။
သူတို့ကို အနှောင့်အယှက်မဖြစ်နိုင်လောက်အောင် တိတ်တိတ်ဆိတ်ဆိတ်နေပါ။
သူတို့ဘာပဲဖြစ်ဖြစ် သူတို့တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သူတို့သိနေရုံလောက်အကွာအဝေးမှာ အမြဲရှိနေပေးပါ။

ကျွန်တော်တို့ တတ်နိုင်သမျှကာလပတ်လုံး သူတို့အနားမှာနေပေးပါ။
ကိုယ်ဟာ သူတို့အတွက် လုံခြုံတဲ့အရပ်တစ်ခုဖြစ်ပါစေ။
သူတို့အတွက်အနွေးဓာတ်ဖြစ်ပါစေ... ။

(Translated by )

Every summer, the parents used to drive their son to his grandmother’s house.
But as he got older, he finally protested:

“I’m not a little kid anymore. Why do you treat me like one? I can get there by myself.”

After several long conversations—and plenty of worry—the parents agreed.

They stood together on the train platform, offering last-minute advice. The boy waved them off, clearly annoyed.

“I get it already. You’ve said this a hundred times.”

His father leaned down and spoke quietly:

“If you ever feel scared or lonely, remember this—this will help.”

He slipped a small folded note into his son’s pocket.

The train pulled away.

At first, the boy sat by the window, watching fields and trees rush past. It felt exciting. But soon the car filled with strangers. Someone argued loudly. Someone bumped into him. The conductor snapped at him about his ticket.

The excitement faded. Anxiety crept in. His chest tightened. His hands clenched.

Then he remembered the note.

With shaking fingers, he pulled it out, unfolded it, and read:

“Son, I’m in the next car.”

Just like that, his heart relaxed. The fear dissolved. A quiet smile spread across his face.

And that’s how life works.

We have to let our children take their own journeys. We have to give them freedom—and trust in their strength.
But it matters just as much to stay “in the next car.”

Close enough to help.
Quiet enough not to interfere.
Present enough that they know: whatever happens, they’re not alone.

Stay nearby while we can.
Be their safe place.
Be their warmth. ❤️

ပြေးမနေခဲ့တောင်မှ အရင်လို လဲကျနေတဲ့ပုံစံတော့ မရှိတော့တာအမှန် ရယ်ရယ်မောမောရှိပြီး ပေါ့ပေါ့ပါးပါးရှင်သန်လာနိုင်တဲ့ ကိုယ့်က...
02/01/2026

ပြေးမနေခဲ့တောင်မှ
အရင်လို လဲကျနေတဲ့ပုံစံတော့ မရှိတော့တာအမှန်

ရယ်ရယ်မောမောရှိပြီး ပေါ့ပေါ့ပါးပါးရှင်သန်လာနိုင်တဲ့ ကိုယ့်ကိုကိုယ်ပြန်မြင်ရတာကလည်း ကံကောင်းမှုတစ်ခုပါပဲ။

Background တို့ supporting တို့ဆိုတာ လက်တွေ့ဘဝရဲ့ cheat code တွေပဲ သူတို့က ကျနော်တို့ရှေ့မှာ ရောက်ဖို့အမြဲ လွယ်ကူနေမှာပါ...
26/12/2025

Background တို့ supporting တို့ဆိုတာ လက်တွေ့ဘဝရဲ့ cheat code တွေပဲ သူတို့က ကျနော်တို့ရှေ့မှာ ရောက်ဖို့အမြဲ လွယ်ကူနေမှာပါ

သာမာန်လူတစ်ယောက် အိမ်တလုံးပိုင်ဖို့ လေးငါးခြောက်နှစ်လောက်ရုန်းကန်မှ ရတဲ့အချိန် ဆိုင်လေးတခုဖွင့်ဖို့ အရင်းနှီးကို နှစ်တွေကြာမှ စုနိုင်တဲ့အချိန် support ပေးမယ့်သူတွေ ရှိတဲ့လူတွေကျ နေ့ချင်းညချင်း သာသာယာယာ ရသွားတာမျိုး

သူငယ်ချင်းတယောက်ရှိတယ် လူကတော့ လူတော်ပဲ ဒါမဲ့ ဘာမှ မလုပ်ဘူး ကျနော်တို့ တလ နှစ်သိန်းလောက်ရကတည်းက ခုချိန်ထိ သူ ဘာမှ မလုပ်ဘူး ဟိုစပ်စပ်ဒီစပ်စပ်နဲ့ အေးအေးဆေးဆေးပဲ သိပ်မကြာခင်ကမှ Liquorဆိုင် နဲ့ ရေဆေးစီလိုက်ဆိုင်ကြီး တွဲဖွင့်လိုက်တယ် သူလည်း သူ့အခက်ခဲနဲ့သူတော့ရှိမှာပဲ ကျနော်တို့ အဲ့အနေထားရောက်ဖို့ ဘယ်လောက်ကြိုးစားရမှန်းမသိသေးဘူး တချိန်ကျရင် ကိုယ်တိုင်background ဖြစ်ခွင့်ရချင်တယ်

နောက်တခုက မိသားစုစိတ်ဓာတ်ရှိတဲ့သူတော်တော်များများက ထင်တာထက် ရှေ့ရောက်တာနောက်ကျတယ် ဘာလို့ဆို ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာထက် မိသားစုကိုပဲ ပြန်တွေးနေရတာနဲ့ လုပ်သင့်တာလည်း မလုပ်ရဲ မလုပ်နိုင်နဲ့ ဖြစ်ကုန်ရော ဝန်ပိုပါတဲ့ မိသားစုဆိုရင်ပိုဆိုး ၊ဝန်ပိုဆိုတာ အရက်သမားတို့၊$ပြဿနာပဲ ထိုင်ရှာနေတဲ့လူတို့၊ လောင်ကစားသမားတို့ပေါ့ တမျိုးမျိုးပါလာတာနဲ့ မိသားစုပေါ်သိတတ်တဲ့လူက ဘယ်လောက်ရုန်းရုန်း မတိုးတက်တော့ဘူး စိတ်ကဆင်းရဲရသေး
၊လင်းခါးရဲ့ ရေသေအိုင်ထဲက သူငယ်ချင်းမျိုးတွေ ကိုယ်တိုင်အများကြီးကြုံဖူးတယ် ဒါကြောင့် တချို့တွေက ဘယ်သူဘာပြောပြော ကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်ကြတာ

ကြိုးစားရင် ဘာမဆိုဖြစ်တယ် ဘာမဆိုရတယ် မင်းတို့က မကြိုးစားပဲ အကြောင်းပြချက်တွေပဲ ပေးနေကြတာလို့ တချို့ကပြောကြလိမ့်မယ်

အတောင် နှစ်ဖက်ရဲ့ လေးလံမှု့ကို မိုးမိထားတဲ့ မိုးမိနေတဲ့ ဌက်တွေက အသိဆုံးပါပဲ

အရင်ကဆို ခပ်ချေချေနေရတာတွေသဘောကျခဲ့ဖူးပါတယ်။ အဲ့လိုနေနိုင်အောင်လည်းမှားယွင်းတွေးတောခဲ့ဖူးတယ်။ ဒါမယ့် အခုအသက်၃၀ စွန်းလာချ...
18/12/2025

အရင်ကဆို ခပ်ချေချေနေရတာတွေ
သဘောကျခဲ့ဖူးပါတယ်။ အဲ့လိုနေနိုင်အောင်လည်း
မှားယွင်းတွေးတောခဲ့ဖူးတယ်။ ဒါမယ့် အခု
အသက်၃၀ စွန်းလာချိိန် တဖြည်းဖြည်းသိလာတာက အဲ့ဒါ ရှက်စရာကြီးဆိုတာပဲ။

ချေတယ် မောက်မာတယ် သူများကိုဟောက်တယ်ဆိုတာ ဉာဏ်ရည်နိမ့်တဲ့သူတွေမှ လုပ်တာ။ ဘာလို့ဆ်ို ဉာဏ်ရည်မြင့်လာတဲ့သူတွေနဲ့ တရားနှလုံးသွင်းထားသူတွေက ကိုယ့်တန်ဖိုးကိုယ်သိထားပေမယ့် မမော်ကြွားတော့ဘူး။
ဒါကြီးက ဘာမှမဟုတ်ပါလားလို့ သိလာတဲ့အခါ
လူတိုင်းကို လူလို့ပဲ မြင်ပြီး respect ထားတတ်လာတယ်။
ကိုယ့်ကိုကိုယ် နှိမ့်ချပြောဆိုတယ် ယဉ်ကျေးပျူငှါတယ်။

ကိုယ်ခင်မင်သမျှတွေထဲ ထိပ်ဆုံးကအောင်မြင်ကျော်ကြားတဲ့ မိတ်ဆွေတွေအကုန်လုံးက ချေတယ်ဆိုတာမရှိဘူး။
စကားပြောရင်တောင် ဟုတ်ကဲ့၊ ကျွန်တော်က ၊ ကျွန်မက ဒါမျိုးလေးတွေပဲ ပြောဆိုတယ်။ သူတပါးကို လေးစားတတ်ကြတယ်။ ဒါကိုပဲ အတုယူ လိုက်နာချင်တော့တယ်။

လူတစ်ယောက်ရဲ့ ဉာဏ်ရည်ကို သူလူတွေအပေါ်
ဘယ်လိုဆက်ဆံသလဲနဲ့ တိုင်းတာလို့ ရပါတယ်။

ငါ့ကိုဘာမှတ်နေလဲ၊ ငါလိုအဆင့်က၊ ငါလိုဟာက
စတာတွေနဲ့ မော်ကြွားနေတဲ့လူဟာ ဉာဏ်ရည်နိမ့်ကျလို့ ဖြစ်လာတဲ့ စိတ်တွေ။

လူတဖက်သားကို ယဉ်ကျေးစွာ ပြောဆိုပြီး နှိမ့်ချဆက်ဆံတာက အဆင့်အတန်းနိမ့်လို့မဟုတ်ပဲ ဉာဏ်ရည် မြင့်မားနေလို့ပါ 🍀

ကိုယ်နည်းနည်းလေးကောင်းတာနဲ့ကိုယ့်အမှားအားလုံးကို ခွင့်လွှတ်ပေးတတ်တဲ့လူတချို့ရှိတယ်။ဒီလူတွေကို ကိုယ်သေချာတန်ဖိုးထားရမယ်။ဘ...
16/12/2025

ကိုယ်နည်းနည်းလေးကောင်းတာနဲ့
ကိုယ့်အမှားအားလုံးကို ခွင့်လွှတ်ပေးတတ်တဲ့
လူတချို့ရှိတယ်။
ဒီလူတွေကို ကိုယ်သေချာတန်ဖိုးထားရမယ်။

ဘာလို့လဲဆိုတော့ ဒီလောကမှာ အမှားလေးတစ်ခု ကိုယ်လုပ်မိလိုက်တာနဲ့ ကိုယ့်ကောင်းကွက်အားလုံးကို မေ့ပစ်လိုက်တတ်ကြတဲ့လူတွေက ပိုများနေလို့ပါ။

😇
16/12/2025

😇

“သနားတာကိုတော့ လူတိုင်းသနားတတ်ကြပါတယ်…ဒါပေမယ့် မုဒိတာ ကိုတော့ လူတိုင်း မပွါးနိုင်ကြပါဘူး”သနားခြင်းက လူသားတိုင်းရဲ့ နှလုံ...
14/12/2025

“သနားတာကိုတော့ လူတိုင်းသနားတတ်ကြပါတယ်…
ဒါပေမယ့် မုဒိတာ ကိုတော့ လူတိုင်း မပွါးနိုင်ကြပါဘူး”

သနားခြင်းက လူသားတိုင်းရဲ့ နှလုံးသားထဲမှာ
သဘာဝလို ပါရှိလာတတ်တဲ့ ခံစားမှုအရာတစ်ခုပါ

နာကျင်နေသူကို မြင်ရင် သနားတတ်ကြသလို
ကျရှုံးနေသူကိုတွေ့ရင် ကူညီလိုစိတ်
ဒုက္ခရောက်နေသူကို တွေ့ရင် လက်ပေးကူညီချင်တဲ့ စိတ်လည်း နှလုံးသားထဲက အလိုလိုထွက်ပေါ်လာတတ်ပါတယ်
ဒါဟာ လူသားဖြစ်ရခြင်းရဲ့ အလှတရားတခုပါ….

ဒါပေမယ့်
မုဒိတာ ဆိုတာက သနားခြင်းထက် ပိုမိုနက်ရှိုင်းတဲ့ စိတ်အခြေအနေတစ်ခုပါ..
တစ်ယောက်ယောက် အောင်မြင်လာတဲ့အချိန်
အပြစ်ပြောစရာ မရှာဘဲ မနာလိုဘဲ ဝမ်းမြောက်ပေးနိုင်တာဟာ
သာမန်စိတ်ရင်းတစ်ခု မဟုတ်ပါဘူး…

ကိုယ့်ဘက်မှာ မပြည့်မီသေးတဲ့ အရာတွေရှိနေစဉ်မှာတောင်
သူ့ဘဝအောင်မြင်မှုကို ကိုယ့်အောင်မြင်မှုလိုပဲ ဝမ်းမြောက်ပေးနိုင်ဖို့ဆိုတာ စိတ်ကြီးမြတ်မှုတစ်ခုပါ

မုဒိတာ ဆိုတာ အခြားသူရဲ့ မျက်ရည်ကိုသာမက
အခြားသူရဲ့ အပြုံးကိုပါနှလုံးသားနဲ့ လက်ခံပေးနိုင်တဲ့ စိတ်ပါ

သနားခြင်းက သဘာဝဖြစ်ပေမယ့်
မုဒိတာကတော့ စိတ်လေ့ကျင့်မှုနဲ့
အမြဲမွေးမြူဖို့ လိုအပ်တဲ့ အရည်အချင်းတစ်ခုပါ

ဒါကြောင့်…
သနားတတ်တဲ့ လူဖြစ်တာနဲ့ မရပ်လိုက်ပါနဲ့
ဝမ်းမြောက်ပေးတတ်တဲ့ လူဖြစ်လာနိုင်ဖို့ပါ ကြိုးစားပါ

သနားခြင်းနဲ့ မုဒိတာ
နှစ်ခုလုံး လူ့ဘဝအတွက် လိုအပ်ပေမယ့်
တကယ့် မြင့်မြတ်မှုကို ဆောင်ထားတာက
မုဒိတာဆိုတဲ့ စိတ်ပဲဖြစ်ပါတယ် …..



#စာတို

ที่อยู่

Jomtien Pattaya
Pattaya

เบอร์โทรศัพท์

+959798100161

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Heart Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์