Anil shwgu My name is Anil

I work in Friendship custom suit store off Bangla rd, come and visit me to get the suit of your dreams!

We will have a greater time also
we can sell world wide]

24/03/2023

清-濤's short video with ♬ nhạc nền - 清-濤

24/03/2023

နင်အခု နေကောကောင်းရဲ့လား?😢💔 🇲🇲🇲🇲2021 🇲🇲 🇲🇲 #ရောက်ချင်ရာရောက်တော့😑 #ရောက်ချင်တဲ့...

24/03/2023

lin pyae's short video with ♬ original sound - lin pyae

04/12/2022

မေမေဟာ မိန်းကလေးဘဲ

ဒီနေ့ ဖေဖေနဲ့မေမေ ရန်ဖြစ်ကြပါတယ် ။
လူအတော်များများက ပြောကြတယ် ၊
ဖေဖေနဲ့မေမေ ရန်ဖြစ်တဲ့အခါ သနားစရာ
အကောင်းဆုံးက ကလေးတွေပါတဲ့ ။
အမှန်တော့ မဟုတ်ပါဘူး ။
သနားစရာအကောင်းဆုံးက
မမေပေါ.. ။

ဖေဖေက အပြင်သွားပြီး
အပေါင်းအသင်းတွေနဲ့ အချိန်သွားဖြုန်းတယ် ။

မေမေ တစ်ယောက်တည်းကသာလျှင်
တစ်ဖက်ကမျက်ရည်ကျရင်း တစ်ဖက်က
သားတို့သမီးတို့ကို ထမင်းဟင်း ချက်ကျွေး ၊
အဝတ်အစားလျှော်ပေး..
သန့်ရှင်းရေးလုပ်ပေးပါတယ် ။

မေမေဟာ Superman မဟုတ်ပါဘူး ။

လူတိုင်းမှာ ထွက်ပေါက်ရှိပေမယ့် မေမေ့မှာ
နောက်ဆုတ်စရာ လမ်းမရှိတာပါ ။
လောကမှာရှိတဲ့ မေမေတွေ အကုန်လုံး
လောကကြီးရဲ့ နွေးထွေးမှုကို ရရှိကြပါစေ ။
သူတို့ဟာလည်း
တစ်ချိန်က မင်းသမီးလေး တစ်ယောက်ပါပဲ ။

Superwoman
စိတ်သန်မာရတယ်
မျက်ရည်ခိုင်ရတယ်...
လွတ်ရာပြေးမရ
သွားချင်ရာ / လုပ်ချင်ရာလုပ်မရ
ပေးဆပ်မှုများစွာပေးနိုင်တာ မေမေပါ...

#နှလုံးသားအက္ခရာကမ္ဘာ
CRD
#လူငယ်များအတွက့်စာကြည့်တိုက့်

04/12/2022

မေတ္တာနဲ့ချည်တဲ့ကြိုး ပြတ်ရိုးထုံးစံရှိလို့လား?
______________________________
ဘဝကို အဖေနဲ့အမေ စခဲ့တာမို့
အချစ်ကဘဝ မဟုတ်ပေမဲ့ မိဘနှစ်ပါကတော့ ဘဝပဲ ။

သံသရာခရီးမှာ
ကိုယ်ချစ်ရတဲ့သူနဲ့ ပခုံးဖက်ပြီးလည်းရယ်ခွင့်ရချင်တယ်
ရင်ချင်းကပ်ပြီးလည်း ငိုခွင့်ရချင်တယ် ။

တချို့ကတိတွေ
သေတဲ့အထိကို တည်တတ်ကြတယ်ဆိုတာ
ဂရုစိုက်တာလေးကအစ အားကျစရာကောင်းနေတာမျိုး ။

ပျိုပျို အိုအို ဘဝတစ်သက်လုံးမှာ
လိုအပ်နေသူဟာ မင်းတစ်ယောက်ထဲသာ ဖြစ်ချင်တယ်
မေတ္တာနဲ့ချည်တဲ့ကြိုး ပြတ်ရိုးထုံးစံရှိလို့လား ...

ဆုတ်ကပ်ကာလမို့ အသက်တိုကုန်ကြပြီကွယ်
ဆုတောင်းတာတွေကအစ
မင်းလေးနဲ့သာ အတူတူပျိုပြီး အတူတူအိုခွင့်ရချင်ပါတယ် ။

04/12/2022

စာနာစိတ်ဆိုတာ .....
ငွေပေးဝယ်ရတာ မဟုတ်ဘူး
ဆိုပေမယ့်
လူတိုင်း မထားနိုင်ပါဘူး....။

စာနာစိတ်ရှိတဲ့ လူတွေက ...
တဖက်သားရဲ့ အားနည်းချက်ကို
ပျက်ရယ် မပြုတတ်သလို .....
ကူညီဖေးမဖို့ အတွက်ပဲ စဉ်းစားတယ်။

တစ်ပါးသူနေရာက ဝင်ရောက်
ခံစားပေးနိုင်တဲ့ ....မြင့်မြတ်သော
နှလုံးသားရှိတဲ့ လူတွေပါပဲ။

အဲ့ဒီစိတ် ရှိတဲ့ လူတွေနဲ့ .......
ရင်းနှီးခင်မင်ခွင့်ရတာကိုက
အဖိုးမဖြတ်နိုင်တဲ့ မင်္ဂလာ တစ်ပါးပါ။

ကိုယ်ချင်းစာတရား ထားနိုင်ဖို့ .......
အဆင့်အတန်း ငွေကြေးဂုဏ်ဒြပ်တွေ
ရှိဖို့ မလိုအပ်ပါဘူး.....။

အကောင်းမြင်တတ်တဲ့ ဦးနှောက်နဲ့ ...
စာနာတတ်တဲ့ နှလုံးသားရှိရင်
အဆင်ပြေပါပြီ......။

တချို့အရာတွေက .....
ကိုယ်တွေအတွက် ဘာမှ
မပင်ပန်းဘူး ဆိုပေမယ့်
ကိုယ့်ရဲ့လုပ်ရပ်တွေကြောင့် ....
တစ်စုံတစ်ဦးရဲ့ ရင်ထဲ ရောက်သွားမယ့်၊
ပျော်ရွှင်စေနိုင်မယ့်၊ ခံစားချက်ဟာ
ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရတဲ့
အတိတ်တွေကို ခမ်းနားထည်ဝါစေပါတယ်...။

လေးစားစွာဖြင့် ..
ပန်း ပျိုး လက် ( N.S.M )

နှလုံးသားအဟာရဖြစ်စေမည့်စာစုလေးများ

30/11/2022

ဆက်ရန် ဘယ်လောက်ကျန်သေးလဲ
ဒီခရီးက ဝေးသလား နီးမှာလား
သေချာတာတစ်ခုက ငါမပါတော့ဘူး ။

ငါမရှိလည်း အေးဆေးနေမှာပါလေ
အေးအေးဆေးဆေးရှိလောက်မှာပါ

ဒီလို တွေးပေးတဲ့ကောင်ကပဲ
ထပ်ပြီး လိုအပ်နေအုံးမလား ဆိုတဲ့ စိတ်နဲ့
သမင်လည်ပြန် ။

မာနတွေနဲ့ဖြစ်တည်ထားတဲ့ ငါက တစ်ခါတစ်ခါ
မပြတ်မသားနဲ့ သိပ်ရယ်စရာကောင်းတယ်။

ငါမပါပဲနဲ့လည်း ဆိုင်သလိုကြီးနဲ့ငါက
ပျော်ရွှင်စေဖို့ ဆုတွေတောင်းပေးမိနေတယ် ။

ငါမပါပဲနဲ့လဲ ငါကလေ
မင်းကမ်းတဲ့လက်မှာ အဆင်ပြေနေတော့
အင်တိုက်အားတိုက် ‌ကျေနပ်ရပြန်တယ် ။

တကယ်ပြောတာ ကျေနပ်ရပြန်တယ် ။

(ရွှေလယ်မြေ)

25/11/2022

မိသားစုတစ်ခုမှာ
အကြီးမို့ အငယ်မို့
ပိုပင်ပန်းရတယ် မဟုတ်ဘူး
မိသားစု စိတ်ဓာတ်ရှိသူကသာ
ပိုပြီး ပင်ပန်းရတာပါ

#သျှင်ယွန်း
ှာshinyoonလို့ရိုက်ရှာပြီးစာတွေဖတ်လို့ရပြီ

25/11/2022

လူတိုင်းကို
သံသယနဲ့ မကြည့်ပါနဲ့
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ

လူတိုင်းကို
အပြစ်ရှာပြီး မကြည့်ပါနဲ့
ကိုယ်ချင်းစာ တရားနဲ့ ကြည့်ပါ

လူတိုင်းကို
အနိုင်ယူ လိုစိတ်နဲ့ မကြည့်ပါနဲ့
မျှတခြင်း တရားနဲ့ ကြည့်ပါ

လူတိုင်းကို
မနာလိုမှုတွေနဲ့ မကြည့်ပါနဲ့
ဝမ်းမြောက် အတုယူခြင်းတွေနဲ့ ကြည့်ပါ

လူတိုင်းကို
အမုန်းတရား တွေနဲ့ မကြည့်ပါနဲ့
အပြုံးတရားတွေနဲ့ ကြည့်ပါ

လူတိုင်းကို
ရလိုမှုတွေနဲ့ မကြည့်ပါနဲ့
စွန့်လွှတ်ခြင်း . . .တွေနဲ့ ကြည့်ပါ

ဒါ့ကြောင့်မို့
မျက်လုံးဟာ နှစ်ဖက်ပါပါ တယ်

မျှမျှ တတ ကြည့်ပါ
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ

မိမိကြည့်လိုက်တဲ့ အကြည့်တစ်ချက်က

အမြဲတမ်းဆေးဖက်ဝင်နေ
ပါလိမ့်မယ် . . .

#ပန်းပျိုးလက်
နှလုံးသားအဟာရဖြစ်စေမည့်စာစုလေးများ

25/11/2022

ဟန်ဆောင်ကောင်းမှ
လူလေးစားခံနေရတဲ့ ခေတ်မှာ
အရှိကိုအရှိအတိုင်းနေတတ်တဲ့
သင်ဟာ အရာမဝင်တဲ့သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

အပြောကောင်းမှ
လူအထင်ကြီးခံနေရတဲ့ ခေတ်မှာ
အမှန်ကိုအမှန်အတိုင်းပြောတတ်တဲ့
သင်ဟာ လူ့ကန့်လန့်တစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ပေးနိုင် ကမ်းနိုင်မှ
မျက်နှာကောင်းရနေတဲ့ခေတ်မှာ
ဝမရွိဘဲ ဝိမလုပ်တတ်တဲ့
သင်ဟာ အပယ်ခံတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ကပ္ဖား ရပ်ဖားလုပ်မှ
နေရာကောင်းရနေတဲ့ ခေတ်မှာ
ကိုယ့်လမ်းကိုယ်ဖောက်ဖို့ကြိုးစားနေတဲ့
သင်ဟာ လူရယ်ချင်စရာ
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

သူတစ်ပါးကိုနင်းခွနိုင်မှ
အထက်ကိုရောက်နိုင်တဲ့ခေတ်မှာ
ကိုယ့်ထက်နိမ့်ကျသူတွေကို
တတ်နိုင်သလောက်တွဲယူချင်နေတဲ့
သင်ဟာ လူနုံလူအတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

သူတစ်ပါးကို တွန်းတိုက်ပြီးမှ
အောင်မြင်နိုင်တဲ့ခေတ်မှာ
လိပ်ပြာသန့်သန့်နဲ့အသက်ရှင်နေထိုင်
နိုင်အောင်ကြိုးစားနေတဲ့သင်ဟာ
လူတွေနဲ့အံမဝင်သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ဒါပေမယ့်...
လူရာမဝင်လို့လည်း
အားငယ်မနေပါနဲ့။

ဖယ်ကျဉ်ခံနေရလို့လည်း
သိမ်ငယ်မနေပါနဲ့။

အလှောင်အပြောင်ခံနေရလို့လည်း
ဒေါသထွက်မနေပါနဲ့။

ကဲ့ရဲ့ခံနေရလို့လည်း
စိတ်ဓာတ်ကျမနေနဲ့။

မထီမဲ့မြင်အပြုခံနေရလို့လည်း
ဝမ်းနည်းမနေပါနဲ့။

မသမာသူတွေရဲ့ စည်းအပြင်ဘက်ကို
ရောက်နေလို့လည်း ပူပန်မနေပါနဲ့။

သင် ငယ်ငယ်တုန်းက
အရမ်းကြိုက်နှစ်သက်ခဲ့ကြတဲ့
စင်ဒရဲလားပုံပြင်လေးကိုမှတ်မိဦးမယ်
ထင်ပါတယ်။

စိတ်ထားယုတ်မာတဲ့မိထွေးနဲ့
ညီအစ်မတွေကြားမှာ ဝိုင်းဝန်း
လက်ညိုး အထိုးခံပြီးကြီးပြင်းလာရတဲ့
စင်ဒရဲလားလေးဟာနောင်တစ်ချိန်မှာတော့
ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းခဲ့ရပါတယ်။

ဒါက ပုံပြင်ထဲမှာပဲလေ
အပြင်လောကမှာတော့
ဒီလောက် ကံမကောင်းနိုင်ဘူးလို့
စောဒကမတက်လိုက်ပါနဲ့။

သင့်ကံကြမ္မာဆိုတာ
သင့်လက်ထဲမှာရှိတဲ့ သင်ပိုင်ဆိုင်တဲ့
အဖိုးတန်ရတနာတစ်ခုပါ။

သင်ကောင်းရင် သင့်ကံလည်း
ကောင်းနေမှာဖြစ်သလို
သင်ဆိုးရင်တော့ သင့်ကံလည်း
ဆိုးနေပါလိမ့်မယ်။

လက်ရှိအခြေအနေမှာ
မအောင်မြင်ခြင်း၊ဆုံးရှုံးခြင်း၊
အနှိမ်ခံရခြင်းတွေအတွက်
စိတ်ပျက်နေစရာမလိုပါဘူး။

ဘယ်သူ့ကိုမှ၊လဘယ်အရာကိုမှ
အပြစ်တင်နေဖို့လည်းမလိုပါဘူး။

"သူကောင်းဖို့မလိုပါ။
ကိုယ်ကောင်းဖို့သာလိုပါတယ်"
ဆိုတဲ့စကားလေးအတိုင်းပါပဲ။

သင်ကသူတစ်ပါးအပေါ်
ကောင်းနေပါလျှက်နဲ့
တစ်ဖက်သားကသင့်အပေါ်
မကောင်းတာတွေနဲ့ကြုံရတဲ့အခါ
ဒီစကားလေးကိုသတိရလိုက်ပါ။

သူ မကောင်းတာက
သူ့ရဲ့တာဝန်ပါ။
သင် ကောင်းဖို့ကတော့
သင့်ရဲ့တာဝန်ပဲပေါ့။

သူ မကောင်းလို့သင်လည်းတုံ့ပြန်ပြီး
မကောင်းတာတွေပြန်လုပ်မယ်ဆိုရင်
သင်လည်းသူနဲ့အဆင့်တူ၊
မကောင်းတဲ့လူဖြစ်သွားမှာပါပဲ။

အရေးကြီးဆုံးကတော့
လောကမှာကိုယ့်တာဝန်
ကိုယ်ကျေပွန်အောင်
ထမ်းဆောင်တတ်ဖို့လိုပါတယ်။

လောကမှာ တာဝန်ကျေပွန်တဲ့
သူဟာ သေတာတောင်မှ
နောင်တနဲ့မသေရတတ်ပါဘူး။




✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ
👇✔︎👇✔︎👇✔︎🅿🅰🅶🅴

ที่อยู่

Phuket
8080

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Anil shwguผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์