American Karen Store

American Karen Store Hello for Everyone....
Welcome to Our Online American Karen Clothing Store. We are selling Karen Clo

Owner သည် Owner နေရာမှာပဲနေပါ။ ခေတ်စားလာတဲ့ Business System—————————————————မြန်မာနိုင်ငံမှာ အတော်များများလုပ်ငန်းတွေက f...
02/16/2023

Owner သည် Owner နေရာမှာပဲနေပါ။

ခေတ်စားလာတဲ့ Business System
—————————————————

မြန်မာနိုင်ငံမှာ အတော်များများလုပ်ငန်းတွေက family business level ကနေ corporate level ထိ မတက်နိုင်ကြတာများတယ်… ဘာလို့လဲဆိုတော့ system မရှိလို့ပါပဲ…

အဲ့တော့ ဒီလုပ်ငန်းမှာ ကိုယ်က အစောင့်ကြီးလိုပဲ… နေရာက မခွါနိုင် ၊ လုပ်ငန်းချဲ့ဖို့ဆိုတာဝေး ၊ လူခွဲမှ မရှိတာကိုး…

လုပ်ငန်းရှင်‌တွေက လုပ်ငန်းရှင်နဲ့ မတူဘူး… ဟိုနေရာလဲ ကိုယ်ပါမှ ၊ ဒီနေရာလဲ ကိုယ်ပါမှ ၊ တဖြေးဖြေး တောက်တိုမယ်ရနဲ့ တူလာတယ်…

အဲဒီတော့ System ဆိုတာဘာလဲ…? ပြန်မေးရပါလိမ့်မယ်. . .နားလည်လွယ်အောင်ပြောရရင် အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ပါ…

Organization system ကြီးတခု ပြီးပြည့်စုံစွာ တည်ဆောက်ဖို့ သင့်တော်တဲ့ Accounting system , HR system, Inventory system နဲ့ Operation system တို့လိုအပ်ပါတယ်…

အဲ့System တခုချင်းစီက အပြန်အလှန်ထိန်းကျောင်းထားတာမို့ တစ်စုံတစ်ယောက်က ဘယ်သူမှမသိအောင် မဟုတ်တာလုပ်ဖို့က မလွယ်ပါဘူး…

ဥပမာ တခုပြောရရင် ဘယ်လုပ်ငန်းမှာမဆို - Accountant , cashier(သို့) purchaser , management က တယောက်ထဲ လို့မရပါဘူး…

ဆိုကြပါစို့ စာရင်းသမားက management လုပ်လို့လဲမရသလို ၊ ငွေလဲမကိုင်ရပါဘူး… ( petty cash လို အသေးသုံးမျိူးတော့ ကိုင်လို့ရပါတယ်…) Manager လုပ်သူကလဲ ငွေကိုင်ခွင့်မရှိသလို စာရင်းလုပ်လို့လဲမရပါဘူး… ဒါကို Allocation of Power လို့ခေါ်ကြပါတယ်…

Power ဟာ တစုံတယောက်လက်ထဲမှာ အကုန်ရှိနေရင် လုပ်ငန်းဟာ အရမ်းအန္တရာယ်များပါတယ်… ဒါဟာ System ရဲ့ အခြေခံသဘောတရားပါပဲ… လုပ်ငန်းရဲ့ System တခုခြင်းစီမှာ Power တွေ ၊ Role တွေ ၊ Authority တွေ ခွဲထားရပါတယ်… အဲ့နောက်မှာ Responsibility က ကပ်ပါလာပါတယ်… ဒါကို Job design လို့ခေါ်ပါတယ်…

Job design တွေကတဆင့် KPIs(key performance indicators) တွေတည်ဆောက်ရပါတယ်… KPIs တွေကမှ Performance Appraisal System တွေ တည်ဆောက်ပါတယ်… အဲ့အခါမှာ Reward system ဆိုတာ တွဲပါလာပြန်ရော… ဒါက System ကိုမြင်သာအောင် အကြမ်းဖျင်းပြောတာပါ…

System တွေ ကောင်းသွားတဲ့အခါ လုပ်ငန်းရှင်က လုပ်ငန်းမှာ ငုတ်တုတ်ထိုင်ကြည့်နေစရာမလိုတော့ဘူး… System ကပဲ ဝန်ထမ်းတွေကို ထိန်းကျောင်းသွားတယ်… သူတို့အချင်းချင်း ထိန်းကျောင်းသွားကြတယ်… လုပ်ငန်းရှင်ရဲ့တာဝန်က ရောင်းအားတက်ဖို့ အဓိကပဲ… အဲ့ထက်ပို System ကောင်းသွားတဲ့အခါ စျေးကွက်ရှာဖွေခြင်းရဲ့ တစိတ်တပိုင်းကိုပါ System က support လုပ်ပေးနိုင်လာတယ်…

ဒါဆို မေးစရာက ရှိလာပြီ… System ရှိတာက ကောင်းကျိူးအဲ့လောက်များတာ ဘာလို့ လူတွေက Systemကို အကောင် အထည် မဖော်နိုင်ရတာလဲ… ???
မလွယ်လှလို့ပါ…

ဘာလို့ မလွယ်တာလဲဆို ပိုက်ဆံကုန်လို့ပါ…
၁။ system building လုပ်ပေးတဲ့ services တွေရှိပါတယ်… စျေးကလဲ မသေးပါဘူး… ဒေါ်လာထောင်ဂဏန်းက စယူပါတယ်… အဲ့ Service တွေ ဌားရုံနဲ့ ဇာတ်လမ်းက မပြီးပါဘူး…

သူတို့က System ကိုချပေးပြီးအချိန်တခုကြာရင် ထွက်သွားမှာပါ… အဲ့ System ကို ဆက် Run ဖို့ Professional တွေလိုပါတယ်… Management နေရာတွေကို ကိုင်ခိုင်းမဲ့သူက တကယ့် Qualified professional တွေဖြစ်ဖို့လိုပါတယ်…

၂။ အဲ့လိုတွေ Service မအပ်ချင်ဘူးဆိုရင် ၊ ဒါမှမဟုတ် ကိုယ့်လုပ်ငန်းက အပ်ရလောက်အောင် အရမ်းကြီးမနေဘူးဆိုရင် သက်ဆိုင်ရာ Professional တွေကို ခန့်ပြီး သူတို့နဲ့အတူ ကိုယ်တိုင် System ချလို့ရပါတယ်…

အဲ့မှာ အရေးကြီးတာက ၂ချက်ပါ…
- Owner ကိုယ်တိုင်က Accounting နဲ့ HR basic Knowledge ရှိနေရပါမယ်…
- ကိုယ့်ခန့်လိုက်တဲ့ manager တွေသည် တကယ့်ကျွမ်းကျင်တဲ့ Professional တွေ ဖြစ်နေဖို့လိုပါတယ်… professional ဆိုတဲ့စကားက အလကားသုံးတာမဟုတ်ပါဘူး…

Professional ဆိုတာ Professional Ethics ရှိပါတယ်… professional skill ရှိပါတယ်… system တခုကို အကောင်အထည်ဖော်တဲ့နေရာမှာ integrity က အသက်တမျှအရေးကြီးပါတယ်…

၃။ လုပ်ငန်းက အခုမှ စလုပ်မဲ့ လူငယ်တွေကို အကြံပေးချင်တာကတော့ ဘာမှမလုပ်ခင် Accounting Diploma တခုလောက်တော့ ရအောင်ယူပါ… ပိုက်ဆံများတတ်နိုင်ရင် HR Diploma ပါယူနိုင်ရင် ပိုကောင်းပါတယ်…

ဒီလိုပြောလို့ Marketing တို့ ၊ Management တို့က အရေးမကြီးဘူးလားဆိုတော့ ကြီးပါတယ်… ဘာနဲ့တူလဲဆိုတော့ ၆လသားကလေးကို မတ်တပ်ရပ်သင်ပေးမဲ့အစား လေးဘက်ထောက်သင်ပေးတာ ပိုသင့်တော်ပါတယ်… လေးဘက်ထောက်တာကျွမ်းသွားမှ မတ်တပ်ရပ်တာသင်ပေါ့…

အဲ့လိုပါပဲ လုပ်ရင်းကိုင်ရင်းနဲ့မှ Management တို့ ၊ Marketing တို့ ဆက်သင်ပေါ့… တချို့လူကြီးတွေ ပြောကြတဲ့စကားရှိပါတယ်… “ပညာကို ဆုံးခန်းတိုင်အောင် သင်ပြီးမှ အလုပ်လုပ်” ဆိုတာ တကယ်တော့မှားပါတယ်…

ပညာသင်ရင်းနဲ့ အလုပ်စမ်းလုပ်ကြည့်ဖို့လိုသလို အလုပ်လုပ်နေတဲ့တလျှောက်လဲ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေဖို့လိုပါတယ်…

တနိုင်ငံလုံးမှာ Franchise ဆိုင်ခွဲတွေ အများကြီးရှိတဲ့ Brand က Chairman က ပြောဖူးတဲ့စကားတခွန်းရှိပါတယ်… နဂိုရှိပြီးသား Brand ကို သူတို့ကုမ္ပဏီက Takeover လုပ်လိုက်တာပါ…

ဒီကုမ္ပဏီကို သူ Takeover ယူလိုက်တဲ့အချိန် ၈၀% သော ဝန်ထမ်းတွေ အလုပ်ထွက်သွားကြတယ်… သူက ဆက်ပြောပါတယ်… မလုပ်နိုင်တဲ့သူတွေ ထွက်သွားတဲ့အခါ သူတို့နေရာကို လုပ်နိုင်တဲ့သူတွေ ရောက်လာကြတယ်… လုပ်နိုင်သူတွေ ၊ လုပ်တတ်သူတွေ (Professional) တွေနဲ့ပဲ system ကိုဆက်ပြီး Implement လုပ်လို့ရတာပါ…

ဒီနေရာမှာ Budget ဘယ်လောက်သုံးနိုင်သည်ဖြစ်စေ အရေးကြီးတဲ့နောက်တချက်က owner’s mindset ပါ… အချို့ owners တွေက လုပ်ငန်းကိုတော့ system ချချင်တယ် but သူတို့ကိုယ်တိုင်ကိုက change ကိုကြောက်နေတယ်…

Organization မှာ လူတော်တွေကို သုံးဖို့ထက် သံယောဇဉ်တွယ်နေတဲ့လူရိုးတွေကိုပဲ စိတ်ချနေမိတယ်… နောက်တမျိူးက လုပ်ငန်းရှင်ကိုယ်တိုင်က professional မဆန်ဘူး… ဝန်ထမ်းကို အုပ်ချုပ်တဲ့အခါမှာလဲ professional behavior နဲ့မအုပ်ချုပ်ပဲ family business ပုံစံအုပ်ချုပ်နေတယ်…

အဲ့လိုလုပ်ငန်းမျိူးကတော့ ဘယ်လောက် budget သုံးပါစေ ဒုံရင်းက ဒုံရင်းပဲ ပြန်ဖြစ်သွားတတ်ပါတယ်… တချို့ owners တွေက သူတို့မရှိရင် မဖြစ်တာ ၊ အောက်ခြေသိမ်းလိုက်လုပ်နေတာကို ဂုဏ်ယူပြောဆိုကြတယ်…

အချိန်တခုအထိ လုပ်ငန်းက system မကျတာ လက်ခံနိုင်ဖွယ်ရာကျပေမဲ့ အချိန်အကြာကြီး system မရှိဘဲ လည်ပတ်နေတာဆိုရင်တော့ ပြသနာရှိနေပါပြီ…

လုပ်ငန်းရှင်ဟာ Organization ရဲ့ ဦးနှောက်နဲ့တူတာမို့ operation လုပ်ရမှာသည် ဝန်ထမ်းရဲ့တာဝန်ပါ… owners ရဲ့ အခန်းကဏ္ဏာသည် လုပ်ငန်းလည်ပတ်ဖို့မဟုတ်ပဲ လုပ်ငန်းတိုးတက်ဖို့ပဲ ပိုဖြစ်သင့်ပါတယ်… လုပ်ငန်းရှင်များ အထူးသတိပြုရန်ပါ…

OD practitioner တွေအတွက် System ချတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲရဲ့ ၅၀% က owners ကြောင့်ပါ… တချို့ owners တွေက လိုအပ်တဲ့နေရာတွေမှာ ပိုက်ဆံကို အကုန်အကျမခံချင်ဘူး… တချို့ owners တွေကျတော့လဲ သူတို့ကလွဲရင် ဘယ်သူ့ကိုမှ စိတ်မချဘူး…

တချို့ owners တွေကျတာ့ personal emotion တွေကို မထိန်းချုပ်နိုင်ဘူး… professional behavior နဲ့ မအုပ်ချုပ်နိုင်ဘူး… စသည်ဖြင့် အမျိူးမျိူးပါ… မိမိလုပ်ငန်းကို system တော့ချချင်ပါရဲ့ မိမိကိုယ်တိုင် system နဲ့ အံဝင်အောင် မကျင့်ကြံ မပြောင်းလဲနိုင်ရင် ပိုက်ဆံဘယ်လောက်အကုန်ခံခံ အလကားပါပဲ…

System ချဖို့ OD practitioner တယောက်ပေးရဲ့အချိန်ရဲ့ ၃ပုံ၁ပုံလောက်က owner ကို ဖျောင်းဖျနေရပါတယ်… ဒါကဘာကိုပြလဲဆိုရင် မြန်မာနိုင်ငံမှာ System ဆိုတဲ့ စကားလုံးကို ပိုက်ဆံရှိတဲ့လူတန်းစားအလွှာတွေသည်ပင်လျှင် မကျွမ်းဝင်နေတာကို ပြပါတယ်…

နောက်တခု အထင်မှားနေတာ တချက်က system တခါချထားပြီးတာနဲ့ fraud ကို ၁၀၀% မကာကွယ်နိုင်ပါဘူး… လုပ်ငန်းလိုအပ်ချက်အရ system ကို monitoring လုပ်ပြီး modification လုပ်နေဖို့လိုပါတယ်…

Fraud ကို ၁၀၀% မကာကွယ်နိုင်ပင်မဲ့ Percentage တခုအထိတော့ ကာကွယ်ပေးနိုင်တဲ့အပြင် system ရှိတဲ့လုပ်ငန်းတခုသည် အပြန်အလှန်ထိန်းကျောင်းတဲ့စနစ်ရှိနေလို့ fraud ရှိရင် ပြန်ကို သိပါတယ်…

လုပ်ငန်းသည် system နဲ့ လည်ပတ်လာတဲ့အခါ owners သည် operation ထဲမှာ နစ်မြှုပ်မနေဘဲ လုပ်ငန်းတိုးတက်ရာ တိုးတက်ကြောင်းအတွက် အာရုံစိုက်နိုင်ပါတယ်… ဒါက system ရှိခြင်းရဲ့အားသာချက်တွေပါ…

Credit...
#မူရင်းရေးသားသူအားလေးစားစွာဖြင့်

AKS လို့ မပေးရခင်ထဲက ကရင်ဝတ်စုံကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ပေးတဲ့ အကိုကျေးဇူးအများကြီးတင်ပါတယ် အမှတ်တရလေးရှိစေချင်လို့ ပု...
10/11/2022

AKS လို့ မပေးရခင်ထဲက

ကရင်ဝတ်စုံကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ပေးတဲ့ အကို

ကျေးဇူးအများကြီးတင်ပါတယ်

အမှတ်တရလေးရှိစေချင်လို့ ပုံလေးတွေကို ယူသုံးထားတယ်နော်

ကိုယ်တိုင်ဝတ်  ကိုယ်တိုင်ရောင်း
10/11/2022

ကိုယ်တိုင်ဝတ် ကိုယ်တိုင်ရောင်း

အမျိုးသမီး သင်တိုင်းမျိုးစုံအမျိုးသား ခေါင်းစွပ် or ရင်ခွဲ အတို / အရှည် ကလေးဝတ်အို ပြောမပြတက်အောင် အမယ်စုံလှ ပါသော် ယားတ...
10/11/2022

အမျိုးသမီး သင်တိုင်းမျိုးစုံ
အမျိုးသား ခေါင်းစွပ် or ရင်ခွဲ အတို / အရှည်
ကလေးဝတ်
အို ပြောမပြတက်အောင် အမယ်စုံလှ ပါသော်

ယားတို့ရဲ့ AKS လေးက ကြိုဆိုပါတယ်ရှင့်

USA New York ကနေ ဖြန့်ချီနေတာမို့

အခြား state မှ အားပေးချင်ရင်
Message ကနေ့ ဆက်သွယ်လို့ရပါတယ်နော်

ဒါပလု ဖဒို

ဒေါက်သံကို ကြောက်ပြန်လို့ ...အုပ်စိုးရန်ချေမှုန်းသတဲ့...အလှည့်ကျမနွဲ့ကြေးဟုတ်...နောက်မလည့်အဆုံးထိတိုက်မယ့်ပွဲ...American...
07/25/2022

ဒေါက်သံကို
ကြောက်ပြန်လို့ ...
အုပ်စိုးရန်
ချေမှုန်းသတဲ့...

အလှည့်ကျ
မနွဲ့ကြေးဟုတ်...
နောက်မလည့်
အဆုံးထိတိုက်မယ့်ပွဲ...

American Karen Store
Jul-25-22



#ကြောက်ခေတ်ကိုမှောက်ပစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#အာဏာရှင်စနစ်မုချကျဆုံးစေရမည်

Address

Brooklyn
Brooklyn, NY
11204

Alerts

Be the first to know and let us send you an email when American Karen Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share