Design Park Apparel

Design Park Apparel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Design Park Apparel, 8970 165th Avenue NE, Oak Park, MN.

05/19/2023
ရခိုင်သံဃနိကာယအသင်း(ရန်ကုန်တိုင်းဒေသကြီး)အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး(19-52023) 🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸မိုခါမုန်တိုင်းဒဏ်ကြောင့...
05/19/2023

ရခိုင်သံဃနိကာယအသင်း(ရန်ကုန်တိုင်းဒေသကြီး)
အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး
(19-52023)
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မိုခါမုန်တိုင်းဒဏ်ကြောင့် ဘုရားကျောင်းကန် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးခြင်းကိုခံစားနေကြရသော ရခိုင်ပြည်သူများအားထောက်ပံ့ ကူညီနိုင်ရန်
ရခိုင်သံဃနိကာယအသင်း (ရန်ကုန်တိုင်းဒေသကြီး)၏
ဦးဆောင်ဆရာတော်ကြီးများမှ ဗဟိုကော်မတီအစည်း
အဝေးကို ၁၉-၅-၂၀၂၃ နေ့တွင် ဓမ္မသုခပရိယတ္တိစာသင်တိုက် နတ်ချောင်းရပ်ကွက် တာ‌မွေမြို့နယ်တွင်
ကျင်းပကြပါသည်။

ဦးဆောင်ဗဟို‌ကော်မတီဝင်ဆရာတော်ကြီးများကိုယ်တိုင် အစည်းအဝေး၌ အလှူငွေထည့်ဝင်ကြပြီး

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်လိုက်ရခိုင်ဆရာတော် ကျောင်းတိုက်များမှအလှူငွေကောက်ခံ
ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်။

၂။ ၂၉-၃၀-၃၁ ရက်များအတွင်းအလှူငွေများကို စုံညီအောင်ကောက်ခံကြရန်။

၃။ 8-6-2023 နေ့တွင် ဗဟိုကော်မတီအစည်းအဝေး
(ဒုတိယအကြိမ်) ကျင်းပပြီး ညှိနှိုင်းဆောင်ရွက် လှူဒါန်းကြရန် ဆုံးဖြတ်တော်မူကြပါသည်။

အမျိုးဘာသာ သာသနာအရေးကို ရှေ့တန်းမှဦးဆောင်
လျက်ရှိသော ရခိုင်သံဃနိကာယအသင်း (ရန်ကုန်တိုင်းဒေသကြီး) ညီတော်နောင်တော် သံဃာတော်များနှင့်အတူ အများပြည်သူ စေတနာရှင် သဒ္ဓါရှင်များမှလည်း
မိုခါမုန်တိုင်းဒဏ်ကြောင့် ဒုက္ခပေါင်းစုံခံစားနေကြရသော ရခိုင်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း
ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်လှူဒါန်းရန်ဖုန်း= 09260452590

(ရခိုင်​စစ်​​ဘေးဒုက္ခသည်​များအတွက်​ သိန်း ၂၀၀ ​ကျော်​လှူဒါန်း)17.3.2019 ​နေ့ ရခိုင်​သံဃနိကာယအသင်း(ရန်​ကုန်​)ဗဟို​ကော်​မ...
03/17/2019

(ရခိုင်​စစ်​​ဘေးဒုက္ခသည်​များအတွက်​ သိန်း ၂၀၀ ​ကျော်​လှူဒါန်း)
17.3.2019 ​နေ့ ရခိုင်​သံဃနိကာယအသင်း(ရန်​ကုန်​)ဗဟို​ကော်​မတီအစည်းအ​ဝေး

ရခိုင်​သံဃနိကာယအသင်း၊ရန်​ကုန်​တိုင်း​ဒေသကြီးမှ
သံဃာ​တော်​များလှူဒါန်း​ငွေ သိန်း ၂၀၀ ​ကျော်​တို့အား
ဒုက္ခသည်​များထံ မြန်​မြန်​ဆန်​ဆန်​​ရောက်​ရှိ​ရေး တာဝန်​အသီးသီးအပ်​နှင်းကာ ဆုံးဖြတ်​​တော်​မူကြပါသည်​။

(၅) နှစ်မြောက် ရခိုင်သံဃနိကာယအသင်း(ရန်ကုန်) ၏ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေး မှတ်တမ်းဓာတ်ပုံများ (မင်္ဂလသုခပါဠိတက္ကသိုလ်...
10/16/2018

(၅) နှစ်မြောက် ရခိုင်သံဃနိကာယအသင်း(ရန်ကုန်) ၏ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေး မှတ်တမ်းဓာတ်ပုံများ (မင်္ဂလသုခပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တာမွေ)
(16-10-2018) အင်္ဂါနေ့

ရန်​ကုန်​တိုင်း ရခိုင်​သံဃနိကာယအသင်းကိုယ်​စား တာ​မွေ ဓမ္မသုခဆရာ​တော်​၊ ​ရွှေ​ပေါက်​​တော ဆရာ​တော်​တို့မှ ​မောင်​​တောမြို့...
10/26/2017

ရန်​ကုန်​တိုင်း ရခိုင်​သံဃနိကာယအသင်းကိုယ်​စား တာ​မွေ ဓမ္မသုခဆရာ​တော်​၊ ​ရွှေ​ပေါက်​​တော ဆရာ​တော်​တို့မှ ​မောင်​​တောမြို့နယ်​တွင်​ အကြမ်းဖက်​ကုလားများနယ်​​မြေသိမ်းအစ္စလန်​ နိုင်​ငံတည်​​ထောင်​ရန်​တိုက်​ခိုက်​စီးနင်းရာတွင်​ ပြန်​လည်​ခုံရင်းအသက်​​ပေး ​သေဆုံးခဲ့ကြ​သောပြည်​သု့ရဲတပ်​ဖွဲ့သားတို့အားလည်း​ကောင်း တပ်​မ​တော်​သားတို့အား၎င်း အပြစ်​မဲ့ပြည်​သူတို့အား၎င်း၊ အိမ်​မီးရိုးခံရ​သောဒုက္ခသည်​တို့အား၎င်း မိမိ​ဒေသမှထွက်​​ပြေးမသွားဘဲ ခုခံတိုက်​ခိုက်​၍ ဒဏ်​ရာရ ငတ်​ပြတ်​ခံ​နေကြ​သော သူရဲ​ကောင်းတို့အား၎င်း ၂၅.၁၀.၂၀၁၇ ရက်​​နေ့က ​မောင်​​တော အလို​တော်​ပြည့်​​ကျောင်း၌ သင့်​​တော်​​သော​​ငွေသားများကို​ပေးအပ်​လှူဒါန်း​နေစဉ်
(ရန်​ကုန်​တိုင်း​ဒေသကြီး၊ ရခိုင်​သံဃနိကာယ အသင်း ကိုယ်​စား စုစု​ပေါင်း အလှူ​ငွေ သိန်း ၂၀၀ ကျပ်​ကို အကြမ်းဖက်​ခံ ဒုက္ခသည်​များအား လှူဒါန်းခဲ့ကြပါသည်​)

10/26/2017
ရခိုင်​သံဃနိကာယအသင်း(ရန်​ကုန်​တိုင်း​ဒေသကြီး )ဗဟိုအလုပ်​အမှု​ဆောင်​ ​ကော်​မတီအစည်း​ဝေးကို 16.10.2017 ​နေ့တွင်​ မင်္ဂလသုခ...
10/16/2017


ဗဟိုအလုပ်​အမှု​ဆောင်​ ​ကော်​မတီအစည်း​ဝေးကို
16.10.2017 ​နေ့တွင်​ မင်္ဂလသုခပါဠိတက္ကသိုလ်​​ကျောင်းတိုက်​၌ ကျင်းပ​တော်​မူကြပါသည်​။
ဘူးသီး​​တောင်​၊​မောင်​​တော အကြမ်းဖက်​ခံတိုင်းရင်းသား
ဒုက္ခသည်​များအား ​ထောက်​ပံ့လှူဒါန်းရန်​ အလှူ​ငွေ
သိန်း ၂၀၀ ကျပ်​ကို မကြာမီရက်​ပိုင်းတွင်​ သွား​ရောက်​လှူဒါန်းကြရန်​ ဆုံးဖြတ်​​တော်​မူကြပါသည်​။

၁၃၇၉ ခု သီတင်းကျွတ်​လဆန်း ၇ ရက်​ 27.9.2017 ​နေ့တွင်​ ရန်​ကုန်​တိုင်း​ဒေသကြီး ရခိုင်​သံဃနိကာယအသင်းကြီး၏ ၅နှစ်​​မြောက်...
09/30/2017

၁၃၇၉ ခု သီတင်းကျွတ်​လဆန်း ၇ ရက်​ 27.9.2017 ​နေ့တွင်​ ရန်​ကုန်​တိုင်း​ဒေသကြီး ရခိုင်​သံဃနိကာယအသင်းကြီး၏ ၅နှစ်​​မြောက်​ နှစ်​ပတ်​လည်​ မျက်​နှာစုံညီ အစည်းအ​ဝေးပွဲကြီးကို မင်္ဂလသုခပါဠိတက္ကသိုလ် ​ကျောင်းတိုက်​ မှာစည်​ကားသိုက်​မြိုက်​စွာ ကျင်းပခဲ့ပြီးဖြစ်​ပါတယ်​ဘုရား။ အခမ်းအနားကို န​မောတဿ သုံးကြိမ်​ရွတ်​ဆိုဖွင့်​လှစ်​ခဲ့ပြီး သဘာပတိဆရာ​တော်​ကြီးမှ သြ၀ါဒကထာ မြွက်​ကြား​ပေးပြီး​နောက်​ အသင်းဥက္ကဋ္ဌဆရာ​တော်​ကြီး ဘဒ္ဒန္တနန္ဒ၀ံသမှာ အမှာစကား​ပြောကြားခဲ့ပါတယ်​ဘုရား။ဆက်​လက်​ပြီး အသင်း၏ အကျိုး​တော်​​ဆောင်​ချုပ်​ဆရာ​တော်​ ဘဒ္ဒန္တသုဇာတ(ဓမ္မသုခ)မှ နှစ်​ပတ်​လည်​ အစီရင်​ခံစာကို တင်​ပြခဲ့ပြီး ဘဏ္ဍာ​ရေးမှူးဆရာ​တော်​ ဘဒ္ဒန္တသုဇာတ(​အောင်​ဆန်း​တောရ) အသင်း၏ ဘဏ္ဍာ​ရေး အ​ခြေအ​နေများကို ရှင်းလင်းတင်​ပြခဲ့ပါတယ်​ဘုရား။၎င်း​နောက်​တွင်​ အထူးဧည့်​သည်​​တော်​အဖြစ်​ တက်​​ရောက်​လာ​သော သမိုင်းပညာရှင်​ ပါ​မောက္ခ ​ဒေါက်​တာ​အေးချမ်းမှ ရခိုင်​ပြည်​နယ်​ ဘူးသီး​တောင်​ ​မောင်​​တော​ဒေသ လက်​ရှိဖြစ်​ပျက်​​နေ​သော ကျူး​ကျော်​ အစွန်း​ရောက်​ အကြမ်းဖက်​ ဘင်္ဂါလီမွတ်​ဆလင်​ များနှင့်​ ပတ်​သက်​၍ ရှင်းလင်းတင်​ပြကာ မိမိတို့ရခိုင်တစ်​မျိုးသားလုံး အစီအစဉ်​ ကျကျလှုပ်​ရှားကြဖို့လို​ကြောင်း ​လျှောက်​ထား ရှင်းလင်းတင်​ပြသွားပါတယ်​ဘုရား။ ပြီး​နောက်​ ကြွ​ရောက်​လာကြ​သော ဆရာ​တော်​သံဃာ​တော်​များ၏ သိလိုသညိများကို အသင်း၏ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့မှ ရှင်းလင်း​ဖြေကြား​ပေးခဲ့ပြီး အလို​တော်​ပြည့်​ဓမ္မာစရိယတက္ကသိုလ်​ နာယကချုပ်​ဆရာ​တော်​ ဘဒ္ဒန္တသုစိတ္တာဘိဝံသမှ ​အကြမ်းဖက်​ခံ ဒုက္ခသည်​များအတွက်​ အလှူ​ငွေများ​စေတနာ​ပေါက်​ နိုးကြားထည့်​ဝင်​လှူဒါန်းကြရန်​ နှိုး​ဆော်​​ပေးခဲ့ပါတယ်​ဘုရား။ အဲဒီ့​နောက်​မှာ ​မှော်​ဘီ မဟာဝိဟာရ ဆရာ​တော် ဘဒ္ဒန္တ၀ိဇ္ဇာနန္ဒမှ အသင်း၏ ထုတ်​ပြန်​​ကြေညာချက်​ကို ဖတ်​ကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်​ရွတ်​ဆို၍ ​အောင်​မြင်​စွာကျင်းပပြီးဆုံးခဲ့ပါသည်​ ဘုရား။

ယနေ့ ၂၇.၉.၂၀၁၇ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး  ရခိုင်သံဃနိကာယ အသင်းကြီး ၅ နှစ်မြောက်နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးပွဲကြ...
09/27/2017

ယနေ့ ၂၇.၉.၂၀၁၇ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်သံဃနိကာယ အသင်းကြီး ၅ နှစ်မြောက်နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးပွဲကြီးကို မင်္ဂလသုခပါဠိတက္ကသိုလ် ကျောင်းတိုက်တွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း အသိပေး ကြော်ငြာအပ်ပါသည်
အစည်းအဝေးပွဲသို့ အထူးဧည့်သည်တော်အဖြစ် သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းမှလည်း ဆိုက်ဆိုက်မြိုက်မြိုက် တက်ရောက်လာခဲ့ပါတယ်...

ယနေ့ ၂၇.၉.၂၀၁၇နေ့တွင် ရန်ကုန်တိုင်းဒေသကြီး  ရခိုင်သံဃနိကာယ အသင်းကြီး ၅ နှစ်မြောက်နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးပွဲကြီ...
09/27/2017

ယနေ့ ၂၇.၉.၂၀၁၇နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်သံဃနိကာယ အသင်းကြီး ၅ နှစ်မြောက်နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးပွဲကြီးကို မင်္ဂလသုခပါဠိတက္ကသိုလ် ကျောင်းတိုက်တွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း အသိပေး ကြော်ငြာအပ်ပါသည်
အစည်းအဝေးပွဲသို့ အထူးဧည့်သည်တော်အဖြစ် သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းမှလည်း ဆိုက်ဆိုက်မြိုက်မြိုက် တက်ရောက်လာခဲ့ပါတယ်...

ရန်​ကုန်​တိုင်း​ဒေသကြီး ရခိုင်​သံဃနိကာယအသင်းကြီး ဗဟိုအလုပ်​အမှု​ဆောင်​ ​ကော်​မတီအစည်းအ​ဝေးကို ယ​နေ့ ၁၉.၉.၂၀၁၇ ခုနှစ်​ ...
09/19/2017

ရန်​ကုန်​တိုင်း​ဒေသကြီး ရခိုင်​သံဃနိကာယအသင်းကြီး ဗဟိုအလုပ်​အမှု​ဆောင်​ ​ကော်​မတီအစည်းအ​ဝေးကို ယ​နေ့ ၁၉.၉.၂၀၁၇ ခုနှစ်​ အင်္ဂါ​နေ့ ​မွန်းလွဲ ၂း၀၀ နာရီ အချိန်​မှာ မင်္ဂလသုခပါဠိတက္ကသိုလ်​​ကျောင်းတိုက်​ ​ကျောက်​​မြောင်း တာ​မွေတွင်​ ကျင်းပပြီးစီးခဲ့ပါသည်​ဘုရား။ အစည်းအ​ဝေးပွဲသို့ ဘဒ္ဒန္တ နန္ဒ၀ံသ (ဥက္ကဋ္ဌ)၊ တွဲဖက်ဥက္ကဋ္ဌဆရာ​တော် ဘဒ္ဒန္တ ဥာဏဓဇ (​ရွှေ​ပေါက်​​တော) ​၊အတွင်း​ရေးမှူးချုပ်​ဆရာ​တော်​ ဘဒ္ဒန္တ သုဇာတ (ဓမ္မသုခ)၊ တွဲဖက်​အတွင်း​ရေးမှူးဆရာ​တော်​ ဘဒ္ဒန္တ မာဃိန္ဒ (သုခိတာရာမ)၊ ​ဘဏ္ဍာ​ရေးမှူးဆရာ​တော်​ ဘဒ္ဒန္တ သုဇာတ (​အောင်​ဆန်း​တောရ)၊ တွဲဖက်​ဘဏ္ဍာ​ရေးမှူးဆရာ​တော်​ ဘဒ္ဒန္တ ​ဇောတိက (​ဇေတ၀န်​​အောင်​စံ)၊ သတင်းနှင့်​ပြန်​ကြား​ရေးဆရာ​တော်​များ​ဖြစ်​​ကြ​သော ​ဒေါက်​တာအာဒိစ္စ၀ံသ (​အောင်​​မြေဗိမာန်​)နှင့်​ ​ဒေါက်​တာပဏ္ဍိတ (​အောင်​သ​ပြေ)တို့အပြင်​ ဗဟိုအလုပ်​အမှု​ဆောင်​ ဆရာ​တော်​များဖြစ်​ကြ​သော ဘဒ္ဒန္တ ၀ီရိယ (​ဇေယျာမဏ္ဍိုင်​)၊ ဘဒ္ဒန္တ ပညာ​ဇောတ (မဟာသဒ္ဓမ္မ​ဇောတိကာရာမ)၊ ဘဒ္ဒန္တ ​ရေ၀တ (ရတနာသိဒ္ဓိ)၊ ဘဒ္ဒန္တ ပုညဓဇ (ဓမ္မသီတဂူ)၊ဘဒ္ဒန္တ ၀ိဇ္ဇာနန္ဒ (မဟာဝိဟာရ) စသည်​ ဆရာ​တော်​သံဃာ​တော်​ အရှင်​သူမြတ်​များ တက်​​ရောက်​ခဲ့ကြပါသည်​ဘုရား။ အစည်းအ​ဝေးအတွင်းသ​ဘောတူညီချက်​များကို သီးခြား ထုတ်​ပြန်​​ကြေညာ သွားမည်​ ဖြစ်​ပါသည်​ဘုရား။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ပါဘုရား။

ရန်​ကုန်​တိုင်း​ဒေသကြီး ရခိုင်​သံဃနိကာယအသင်း နှစ်​ပတ်​လည်​ စုံညီအစည်းအ​ဝေးပွဲကြီးကို ၁၃၇၉ ခု သီတင်းကျွတ်​လဆန်း ၇ ရက...
09/19/2017

ရန်​ကုန်​တိုင်း​ဒေသကြီး ရခိုင်​သံဃနိကာယအသင်း နှစ်​ပတ်​လည်​ စုံညီအစည်းအ​ဝေးပွဲကြီးကို ၁၃၇၉ ခု သီတင်းကျွတ်​လဆန်း ၇ ရက်​ (၂၇.၉.၂၀၁၇) ဗုဒ္ဓဟူး​နေ့ တွင်​ မင်္ဂလသုခပါဠိတက္ကသိုလ်​​ကျောင်းတိုက်​ ​အောင်​မင်္ဂလာလမ်း ​ကျောက်​​မြောင်း တာ​မွေမြို့နယ်​၌ စည်​ကားသိုက်​မြိုက်​စွာ ကျင်းပပြုလုပ်​သွားမည်​ ဖြစ်​ပါသည်​။ အသင်းဝင်​ဆရာ​တော်​သံဃာ​တော်​များအားလုံး မပျက်​မကွက်​ ကြွ​ရောက်​​ပေး​တော်​မူကြပါရန်​ ​လေးစားစွာဖြင့်​ ပင့်​ဖိတ်​ ​လျှောက်​ထားအပ်​ပါသည်​ ဘုရား။

Address

8970 165th Avenue NE
Oak Park, MN
56357

Telephone

09260452590

Website

Alerts

Be the first to know and let us send you an email when Design Park Apparel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share