07/19/2023
မိဘ ပြည်သူထံ အသိပေး ကြေညာခြင်း
နွေဦးဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လုံခြုံလွတ်လပ်ပြီး အမှီအခိုကင်းသည့် ဒီဂျစ်တယ် ခေတ်သစ်ဘဏ် ဖြစ်ပါသည်။ လုံခြုံမှု အမြင့်မားဆုံး စနစ်ကို အခြေခံသည့် ဘလော့ချိန်းနည်းပညာ ဖြင့် တည်ဆောက်ထား၍ ပြည်သူ့ဓန ဘဏ္ဍာစည်းစိမ်များကို ယုံကြည်စိတ်ချစွာ စုဆောင်းစီမံနိုင်ရေးအတွက် အစဥ်မြဲ ကြိုးစားအားထုတ်သွားမည် ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁-၆-၂၀၂၃) ရက်စွဲဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် ကြားကာလ ဗဟိုဘဏ်မှ စည်းမျဥ်း ချမှတ် ခွင့်ပြုထားသော ဘဏ်လုပ်ငန်းနှင့် ငွေကြေး၀န်ဆောင်မှု တရား၀င်လိုင်စင် ရရှိထားပြီး ဖြစ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို မျှော်မှန်းကာ မိဘပြည်သူ တိုင်းရင်းသား အားလုံး၏ အကျိုးစီးပွားကို ရှေးရှု၍ ပြည်သူ့ဘဏ်စစ်စစ် အဖြစ် အခိုင်အမာရပ်တည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။
၁၈.၇.၂၀၂၃
နွေဦးဖွံ့ဖြိုးရေးဘဏ်
----------------------
Public Announcement
Spring Development Bank, as the first neo bank for Myanmar, is dedicated to providing the most innovative digital banking experience defined by true freedom. Our commitment is driven by the highest level of security offered by blockchain technology, ensuring the secure protection of our valued customers' trust, wealth, and financial assets.
Following the announcement on June 1st, 2023, regarding the establishment of the Interim Central Bank of Myanmar by the National Unity Government, we are pleased to announce that we have obtained our official banking and financial license.
It is with great honor that we declare our mission to become a trusted citizen bank, dedicated to the prosperity and stability of the people of Myanmar in this new era of banking, as we strive towards a future of federal democracy.
18.7.2023
Spring Development Bank
ကြားကာလဗဟိုဘဏ်၏ တရား၀င်အမိန့်ကြေငြာချက်
https://www.facebook.com/100094054736568/posts/127356973742793/?mibextid=cr9u03